30/03/2025
UCSPyay Interim University Council
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from UCSPyay Interim University Council, College & University, Pyay.
30/03/2025
13/12/2024
Covid-19 နှင့် စစ်အာဏာသိမ်းမှုကြောင့် သင်တန်းရပ်တန့်နေခဲ့ရသော
ကျောင်းသား/သူများ ကျောင်းအပ်နှံခြင်းနှင့် အီးမေးလ်ပြန်လည်ပေးပို့ခြင်း ဆိုင်ရာ ကြေငြာချက်
*************************************************************************
(၁) Google Form မှတဆင့် လျှောက်ထားပြီး အထောက်အထား မပြည့်စုံခဲ့ကြောင်း Email ရရှိသူများ
(၂) (၂၇-၁၁-၂၀၂၄) ရက်နေ့နောက်ဆုံး Google Form ဖြည့်ရန် နောက်ကျခဲ့သူများ
အမှတ်စဉ် (၁) နှင့် (၂) သည် အထောက်အထားအပြည့်အစုံဖြင့် Google Form တွင် ပြန်လည်ဖြည့်စွက်လျှောက်ထားရမည်။
(၂၇-၁၁-၂၀၂၄) ရက်နေ့ မတိုင်မီ လျှောက်ထားသူများထဲမှ အချိုသော သူများ၏အထောက်အထားများကို စိစစ်နေဆဲဖြစ်သည့်အတွက် စိစစ်ပြီးပါက(၂၁ - ၁၂ - ၂၀၂၄) ရက်နေ့ နောက်ဆုံးထား၍ email ဖြင့် ပြန်လည် အကြောင်းကြားပါမည်။
အဆိုပါနေ့ထိတိုင်အောင် အကြောင်းပြန်ကြားသည့် email မရရှိသူတိုသည် မိမိတို ဖြည့်စွက်ခဲ့သည့် email မှားယွင်းနေသည့်အတွက် ၄င်းနေ့နောက်ပိုင်းမှစ၍ Google Form မှတဆင့် အချက်အလက်မှန်ကန်ပြည့်စုံစွာ ဖြည့်စွက်၍ ပြန်လည်လျှောက်ထားရမည်။
website: https://nucs-edu.org
Email - [email protected]
Telegram - https://t.me/ucs_iboe
24/11/2024
20/10/2021
09/07/2021
ကွန်ပျူတာတက္ကသိုလ်(ပြည်)
ကြားကာလယာယီတက္ကသိုလ်ကောင်စီ နှင့် ကြားကာလယာယီတက္ကသိုလ်ကောင်စီများအား အသိအမှတ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ကြေညာခြင်း
09/07/2021
အမိန့်ကြေညာချက်အမှတ် (၁/၂၀၂၁)
ကြားကာလယာယီတက္ကသိုလ်ကောင်စီ ဖွဲ့စည်းကြောင်း ကြေညာခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၉)ရက်
၁။ ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ ကြားကာလအတွင်း အုပ်ချူပ်ရေးနှင့် ပညာရေးကိစ္စအဝဝကို ဖက်ဆစ်စစ်တပ်လက်ပါးစေ အဓမ္မဝါဒီတို့၏အုပ်စိုးမှုအား လုံးဝအသိအမှတ်မပြုသည်ဖြစ်၍ "ကွန်ပျူတာတက္ကသိုလ်(ပြည်) ကြားကာလယာယီတက္ကသိုလ်ကောင်စီ"ကို အောက်ပါကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းလိုက်သည်။
(က)ဆရာ၊ ဝန်ထမ်း ကိုယ်စားလှယ်
(ခ)ကျောင်းသားကိုယ်စားလှယ်
(ဂ)ကျောင်းသားဟောင်းကိုယ်စားလှယ်
၂။ ကြားကာလယာယီတက္ကသိုလ်ကောင်စီသည် အောက်ပါမူဝါဒများအား အခြေခံသည်။
(က) ကွန်ပျူတာတက္ကသိုလ်(ပြည်)မှ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားထုအားလုံးကို ကိုယ်စားပြုသည်။
(ခ) စစ်အာဏာရှင်စနစ်တော်လှန်ရေးကာလအတွင်း ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ စီမံအုပ်ချုပ်မှုဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည်။
(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်အဖြစ် ကြေညာသော ပဋိညာဉ်ကို ရေးဆွဲပြဌာန်းမည်။
၃။ ကြားကာလယာယီတက္ကသိုလ်ကောင်စီသည် အောက်ပါရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းသည်။
(က) အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တွင် ဖက်ဒရယ်ပညာရေးစနစ်ဖော်ဆောင်နိုင်ရန်။
(ခ)ဖက်ဒရယ်ပညာရေးစနစ်နှင့်အညီ တက္ကသိုလ်များကိုယ်ပိုင်အုပ်ချုပ်ခွင့် (University Autonomy) ကို အပြည့်အဝကျင့်သုံးနိုင်ရန်။
(ဂ)လူထုတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော တရားမဝင် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့အစား တက္ကသိုလ်၏ စီမံအုပ်ချုပ်ရေးတာဝန်များကို လုပ်ဆောင်နိုင်ရန်။
၄။တော်လှန်ရေးကြားကာလအတွင်း ကွန်ပျူတာတက္ကသိုလ်(ပြည်)နှင့်သက်ဆိုင်သော စီမံခန့်ခွဲပိုင်ခွင့် အပြည့်ရှိသော တက္ကသိုလ်ကောင်စီအဖြစ် ရပ်တည်ဆောင်ရွက်သွားမည်။
၅။တက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီသည် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးက ချမှတ်သော လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များအပေါ် လေးစားအသိအမှတ်ပြုကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။
၆။တော်လှန်ရေးကာလအလွန် မျှော်မှန်းထားသော အနာဂတ်တက္ကသိုလ်ဖွဲ့စည်းပုံအတွက် ပညာရေး လွတ်လပ်ခွင့်နှင့်ပြည့်စုံသော ပဋိညာဉ်ကိုရေးဆွဲသွားမည်။
(တော်လှန်ရေးကာလအပြီးတွင် ကွန်ပျူတာတက္ကသိုလ်ပြည် ကျောင်းလုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ပြဋ္ဌာန်းမည်။)
၇။တက္ကသိုလ်ပဋိညာဉ်ရေးဆွဲရေးနှင့် ကြားကာလလုပ်ငန်းစဉ်ဖော်ဆောင်ရေးတို့အတွက် ဆောင်ရွက်ရာတွင် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများထံသို့ အသိပေးပြီး ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမည်။
၈။တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားလျက်ရှိသော ဆရာဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးရန်နှင့် တော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံဖိနှိပ်ခံရခြင်းကြောင့် နစ်နာခဲ့သည်များအတွက် တရားမျှတမှုရရှိရေး ဆောင်ရွက်သွားမည်။
၉။ဖက်ဆစ်အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများကို ဖော်ထုတ်မှတ်တမ်းတင် အရေးယူရန်နှင့် အကြမ်းဖက် အပေါင်းအပါတစ်စုကြောင့် တက္ကသိုလ်ပရဝုဏ်အတွင်းရှိ ပျက်စီးယိုယွင်းမှုများကို ဖော်ထုတ်မှတ်တမ်းတင် သွားမည်။
၁၀။ပညာသင်ကြားမှု ကြာရှည်ရပ်ဆိုင်းနေရခြင်းအတွက် ဖြည့်ဆည်းဆောင်ရွက်နိုင်မည့် ပညာရေးဆိုင်ရာ အစီအစဉ်များ ဆွေးနွေးအကောင်အထည်ဖော်မည်။
၁၁။ ကြားကာလလုပ်ငန်းတာဝန်များ လုပ်ဆောင်ရန်နှင့် ချိတ်ဆက်ညှိနှိုင်းဆွေးနွေးမှုများအတွက် လိုအပ်သော ကော်မတီအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည်။
ကြားကာလ ယာယီတက္ကသိုလ်ကောင်စီ
ကွန်ပျူတာတက္ကသိုလ်(ပြည်)
စာအမှတ်၊ ကပတ(ပြည်)/ကစ(ကြေညာ)/၂၀၂၁(၁)
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၉)ရက်
ဖြန့်ဝေခြင်း
ပညာရေးဝန်ကြီးဌာန၊ ကြာကာလအမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
သက်ဆိုင်ရာပုဂ္ဂိုလ်များ
ရုံးလက်ခံ
Click here to claim your Sponsored Listing.
Location
Category
Contact the school
Website
Address
Pyay