Pyay Nursing and Midwifery Training School Students' Union

  • Home
  • Myanmar
  • Pyay
  • Pyay Nursing and Midwifery Training School Students' Union

Pyay Nursing and Midwifery Training School Students' Union Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyay Nursing and Midwifery Training School Students' Union, Education, Pyay.

03/12/2025

မေးခွန်း : ဘယ်သူတွေ တက်ရောက်ခွင့်ရှိပါသလဲ
အဖြေ : CDM Nursing Students, CDM midwife students, CDM midwife များ တက်ရောက်ဖို့ ဆန္ဒရှိရင် တက်ရောက်လို့ရပါတယ်။ ကျမတို့ ဆရာများကို ကျောင်းသားသမဂ္ဂအစုအဖွဲ့များက Formal Education ကို ဆောင်ရွက်ပေးဖို့ တောင်းဆိုလာတာကြောင့် Diploma in Nursing and Midwifery program တစ်ခုတည်းကိုသာ ဆောင်ရွက်ပေးခဲ့တာပါ။
တက်ရောက်ဆဲ ကျောင်းသားတိုင်း မိမိကျောင်းအလိုက် ကိုယ်စားလှယ်သူငယ်ချင်းများမှတဆင့် ဆက်သွယ်ချိတ်ဆက် စာရင်းသွင်းပြီး တက်ရောက်လေ့လာဖြေဆိုလို့ရပါတယ်။

အမေး : ကျောင်းသားတွေကို ဘယ်လိုလက်ခံဆောင်ရွက်ပေးပါသလဲ
အဖြေ : CDM Nursing Students များအတွက် မိမိတက်ရောက်ဆဲအတန်းမှ စ၍ စာရင်းသွင်းပြီး တက်ရောက်နိုင်ပါတယ်။ စာရက်းသွင်းလာသူများကို သက်ဆိုင်ရာကျောင်းသားများက အတည်ပြုပြီး တင်ပြပေးမှသာ ကျောင်းသားလက်ခံဖို့ ဆက်လက်ဆောင်ရွက်ပေးနိုင်ပါသည်။ တက်ရောက်ဆဲကျောင်းသားမဟုတ်ဘဲ လာရောက်ဆက်သွယ်တာ၊ အချက်အလက်တောင်းယူတာများ ရှိခဲ့ပြီး ပါဝင်ဆောင်ရွက်နေသော ဆရာများ၏ လုံခြုံရေး ထိခိုက်စေတာမျိုး ရှိခဲ့တာကြောင့်ပါ
မေးခွန်း : CDM midwife students တွေကိုရော ဘယ်လိုတက်ခွင့်ပေးတာလဲ
အဖြေ : Diploma in Midwife Program ကိုတော့ ကျမတို့ ဖွင့်ပေးနိုင်ခြင်းမရှိပါ။ ဒါပေမယ့် Diploma in Nursing and Midwifery program ကို တက်ရောက်ဖို့ဆန္ဒရှိတယ်ဆိုရင် တက်ရောက်ခွင့်ပေးပါတယ်။ လေ့လာထားသော စာများ၊ လက်တွေ့များ နစ်နာမှုမရှိစေရန် မိမိလေ့လာထားပြီးဖြစ်ပါက အရည်အချင်းစစ်စာမေးပွဲများ တန်းဖြေနိုင်ဖို့ စီစဉ်ပေးထားပါတယ်

အမေး : CDM midwife များအတွက်ကရော ဝင်ခွင့်ဖြေရသေးတာလား
အဖြေ : မဖြေရပါ၊ CDM လုပ်ခဲ့သည်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမတို့ လုပ်ပေးနိုင်တာကို လုပ်ပေးတာပါ၊ မိမိလေ့လာထားပြီးသား စာ၊ လက်တွေ့တို့ကို တန်းဖြေနိုင်ဖို့ ဆောင်ရွက်ပေးထားတာဖြစ်လို့ မိမိလေ့လာဖြေဆိုနိုင်သလောက် အတန်းတက်သွားမှာပါ။

အမေး : ကျောင်းတက်ဖို့ ထောက်ခံစာ လိုပါသလား
အဖြေ : ထောက်ခံစာ မတောင်းပါ။ ယခုကာလ ပြည်တွင်းမည်သည့်နေရာတွင်မဆို မလုံခြုံနိုင်ပါ။ လျှောက်ထားသူ၊ ထောက်ခံပေးသူများ၏ အချက်အလက်များ ပေါက်ကြားခဲ့လျှင် အန္တာရယ်ဖြစ်မှာစိုးလို့ပါ။

12/07/2025

Group 6, Batch 5 (BRT5 04, BRT5 51, BRT5 53) Our group is conducting research titled " A Study on the Frontline Field Performance of Graduated Nurses from the Interim Council of Myanmar Nursing and Midwifery Training Schools". We will be collecting data using the Google Form link below. You can answ...

အကြမ်းဖက်စစ်တပ် ကျရှုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်ကြ
12/05/2025

အကြမ်းဖက်စစ်တပ် ကျရှုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်ကြ

၂၀၂၅ ခုနှစ်၊ မေလ (၁၂) ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊
အိုးထိမ်းတွင်း ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာမ (၂) ဦး၊ ကလေးသူငယ် (၂၂) ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၄၀) ဦးကျော်ရှိကြောင်း သတင်းများအရ သိရှိရသည်။လူမမယ်နူးညံ့နုနယ်လှတဲ့ အပြစ်မဲ့ကလေးသူငယ်များရဲ့အနာဂတ်အိပ်မက်များမှာ အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်များကြောင့်မတရားရိုက်ချိုးဖျက်ဆီးခြင်းကို အချိန်ကာလ ကြာမြင့်စွာ ခေတ်အဆက်ဆက် ခါးစည်း ခံစားနေရပါသည်။
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် နစ်နာဆုံးရှုံးခဲ့ရတဲ့ ကျောင်းသူကျောင်းသားများ၊ ဆရာမများအတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်း ကြေကွဲရပါသည်။
မိမိတို့ မြန်မာနိုင်ငံသူနာပြု၊ သားဖွားသင်တန်းကျောင်းများ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် အနေဖြင့် မြန်မာနိုင်ငံတွင် စစ်သုံးစစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းသည်အထိ ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။

12/05/2025

၂၀၂၁ ခုနှစ်ကတည်းက ကြားကာလပညာရေးအစီအစဉ်အကောင်အထည်ဖော်နိုင်ဖို့ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိနေတဲ့ သူနာပြုသင်တန်းကျောင်းများ၊ သားဖွားသင်တန်းကျောင်းများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများ၊ နှီးနွှယ်ကျောင်းများ‌ အားလုံး ပေါင်းစည်းပြီး "မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများ ယာယီကောင်စီ" ကို ဖွဲ့စည်းပြီး ပုံမှန်သင်ကြားရေးကို စတင်ဆောင်ရွက်ခဲ့ကြပါတယ်

၂၀၂၂ ခုနှစ်မှာ နောက်ဆုံးစာမေးပွဲ ဖြေရန်သာကျန်သော တတိယနှစ်အတန်းကို ပညာရပ်ဆိုင်ရာ တတ်မြောက်မှု အာမခံချက်ပေးနိုင်ရန် ကျောင်းအသီးသီးမှ သင်ကြားရေး၊ စီမံအုပ်ချုပ်ရေး ဆောင်ရွက်ခဲ့ကြသော ဆရာများ ဆွေးနွေးတိုင်ပင်ကာ လိုအပ်သော ပြန်လည်ဆွေးနွေးပေးမှုများ၊ အကဲဖြတ်စစ်ဆေးမှုများကို စတင်ဆောင်ရွက်ခဲ့ကြပါတယ်။
တစ်ချိန်တည်းမှာပင် ဒုတိယနှစ် ပထမနှစ်အတန်းများကိုလည်း ပညာဆက်လက်သင်ယူလိုသော ကျောင်းသား၊ကျောင်းသူများအတွက် အတန်းတင်ပေးနိုင်ဖို့ ဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။

၂၀၂၃ ခုနှစ် တွင် ပထမအကြိမ် ကျောင်းသား (၄၀၂) ယောက်ကို အောင်လက်မှတ် ပေးအပ်ချီးမြှင့်နိုင်ခဲ့ပါတယ်
၂၀၂၄ ခုနှစ်တွင် ဒုတိယအကြိမ် ကျောင်းသား အယောက် (၁၀၀) ကို အောင်လက်မှတ်ချီးမြှင့်နိုင်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်တွင် တတိယအကြိမ် ကျောင်းသား (၃၈) ယောက်ကို အောင်လက်မှတ်ချီးမြှင့်နိုင်ခဲ့ပါတယ်။

သင်ကြားရေးဆက်လက်လုပ်ဆောင်နိုင်ရန် အခက်အခဲမျိုးစုံကြားမှ မဆုတ်မနစ်အားမလျှော့ဘဲ နည်းလမ်းမျိုးစုံသုံးကာ ပါဝင်ဆောင်ရွက်ပေးသေား
ကျောင်းသားကျောင်းသူ၊ ဆရာ၊ဆရာမများကို ကျေးဇူးတင်စွာဖြင့် ဂုဏ်ပြုအပ်ပါသည်။

11/05/2025

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရင်း ကျဆုံးသွားလေသော ဆေးတပ်သား စိုးမိုးနိုင်အား ၂နှစ်ပြည့် လွမ်းဆွတ် သတိရခြင်း
-------------------------------------------------------------
မေလ (၁၁)ရက်၊၂၀၂၃ ခုနှစ်။
ရဲဘော်စိုးမိုးနိုင်သည်ပခုက္ကူသူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားတစ်ဦးဖြစ်ပါသည်။
သူသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခံရပြီးနောက် CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး နောက်ပိုင်း တော်လှန်ရေးအဖွဲ့များနှင့်လည်း စစ်အာဏာရှင်ကိုဆန့်ကျင်သော တိုက်ပွဲများတွင် ဝင်ရောက်ခဲ့သည်။ သူသည် သူနာပြု ဆေးတပ်သားတစ်ဦးအနေနှင့် စစ်အာဏာရှင်ကို ရွတ်ရွတ်ချွံချွံ တော်လှန်ပါဝင်ခဲ့သူ တစ်ဉီးဖြစ်သည်။ လူထုအပေါ် ချစ်ခြင်းမေတ္တာအပြည့်ဖြင့် တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့သည်။
သူ၏ မျှော်လင့်ချက်များ၊ အိပ်မက်များ၊ ပြည်သူအပေါ် ချစ်ခြင်းတရားများနှင့် ပြည့်နှက်နေခဲ့သည်။ စိုးမိုးနိုင်၏ သတ္တိ၊ မျှော်လင့်ချက်နှင့် ခွန်အားများကို ကျွန်ုပ်တို့က ဆက်လက်ထိန်းသိမ်းပြီး တိုင်းပြည်အတွက် ထပ်မံကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်။

03/04/2025

National Student Nurses' Association (NSNA) သည် သူနာပြု ကျောင်းသားများအား ထောက်ပံ့ပေးခြင်းနှင့် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားသည့် ပရဟိတ အဖွဲ့အစည်း တစ်ခုဖြစ်သည်။

NSNA ၏ ရည်မှန်းချက်မှာ လိုင်စင်ရ သူနာပြု ဆရာမ/ဆရာ ဖြစ်လာရန် ပြင်ဆင်နေသော ကျောင်းသားများအား လမ်းညွှန်ပေးခြင်းနှင့် သူတို့၏ ပညာရပ်အတွက် တာဝန်ယူမှုရှိပြီး တာဝန်သိသော ခေါင်းဆောင်များ ဖြစ်လာစေရန် စံနှုန်းများ၊ ကျင့်ဝတ်များနှင့် ကျွမ်းကျင်မှုများကို ပေးအပ်ခြင်း ဖြစ်သည်။ ၎င်းသည် သူနာပြု သင်တန်းများ (အသင်းအဖွဲ့၊ ဘွဲ့ကြို၊ ဒီပလိုမာနှင့် ဘွဲ့လွန်) တွင် ပါဝင်သော ကျောင်းသားများအတွက် သင်ကြားရေး အရင်းအမြစ်များနှင့် အခွင့်အလမ်းများကို ပေးအပ်သည်။

NSNA တွင် အမေရိကန်ပြည်ထောင်စု ပြည်နယ် ၅၀၊ District of Columbia, Guam, Puerto Rico, the US Virgin Islands များတွင် အဖွဲ့ဝင် ၅၀,၀၀၀ ကျော် ရှိသည်။

NSNA သည် သူနာပြု ကျောင်းသားများ၏ ပညာရပ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးခြင်းနှင့် သူတို့၏ ပညာရပ် လုပ်ငန်းတွင် အောင်မြင်မှုရရှိစေရန် ပြင်ဆင်ပေးခြင်းတွင် အဓိက ကျသော အခန်းကဏ္ဍမှ ပါဝင်သည်။

လုပ်ဆောင်ချက်တွေကိုတော့ ဆက်ရှာဖတ်လိုက်တော့နော် သူတို့ဘာတွေလုပ်နေလဲ ဘယ်လောက်ထိလုပ်နိုင်နေလဲ လေ့လာပြီး ကိုယ့်သွားချင်တဲ့ပန်းတိုင်ထိ လမ်းဖောက်ကြရအောင်နော်။



ငလျင်နှင့်နောက်ဆက်တွဲ လှုပ်ခတ်မှုများကြောင့် ထိခိုက်ခံစားရသော ပြည်သူများအတွက်လိုအပ်လျှက်ရှိနေသည့် ငလျင်ဘေးသင့်ဒေသများအတွ...
01/04/2025

ငလျင်နှင့်နောက်ဆက်တွဲ လှုပ်ခတ်မှုများကြောင့် ထိခိုက်ခံစားရသော ပြည်သူများအတွက်လိုအပ်လျှက်ရှိနေသည့် ငလျင်ဘေးသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုအရေးပေါ်အကူအညီများအထောက်အပံ့များကို ပါဝင်ကူညီနှိုင်ရန်အတွက် သက်ဆိုင်ရာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း အသီးသီးမှ ကျောင်းသားကျောင်းသူများ ၏မျှဝေ ကူညီမှုဖြင့် ပါဝင်နိုင်ခဲ့သည် အလှူငွေ ၄၀၀၀၀၀၀ ( စာဖြင့် - လေးဆယ်သိန်း) ကျပ်တိတိကို
မန္တလေး ၊ စစ်ကိုင်း ၊အင်းလေးဒေသများသို့ အသီးသီး ခွဲဝေ ကူညီ ထောက်ပံံ့ခဲ့ပါသည် ။ ရှေ့ဆက် လည်း ကူညီဆောင်ရွက်နိုင်ရန် ကြိုးစားလျှက်ရှိပါသည်။




ငလျင် လှုပ်ခတ်မှုနှင့် နောက်ဆက်တွဲပြသာနာများကြောင့် ထိခိုက်ခံစားရသော ပြည်သူများအတွက်လိုအပ်လျှက်ရှိနေသည့် ငလျင်ဘေးသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုအရေးပေါ်အကူအညီများအထောက်အပံ့များကို ပါဝင်ကူညီနှိုင်ရန်အတွက် သက်ဆိုင်ရာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း အသီးသီးမှ ကျောင်းသားကျောင်းသူများ ၏မျှဝေ ကူညီမှုဖြင့် ပါဝင်နိုင်ခဲ့သည့် အလှူငွေ ၄၀၀၀၀၀၀ ( စာဖြင့် - လေးဆယ်သိန်း) ကျပ်တိတိကို မန္တလေး ၊ စစ်ကိုင်း ၊အင်းလေး၊ ပျော်ဘွယ် ၊ စသည့် ဒေသများ အပြင် အခြား‌ အကူညီထောက်ပံ့လိုအပ်လျှက်ရှိသည့် ဒေသ အသီးသီး သို့ ခွဲဝေ ကူညီ ထောက်ပံံ့ခဲ့ပါသည် ။ ဆက်လက်၍ ကူညီဆောင်ရွက်နိုင်သွားနိုင်ရန် ကြိုးစားလျှက်ရှိပါသည်။




ပြည်သူပြည်သားများအားလုံးအန္တရာယ်ကပ်ဆိုးမှ အမြန်ဆုံးကျော်လွှားနိုင်ကြပါစေ #ငါတို့မှာငါတို့ရှိတယ်
31/03/2025

ပြည်သူပြည်သားများအားလုံးအန္တရာယ်ကပ်ဆိုးမှ အမြန်ဆုံးကျော်လွှားနိုင်ကြပါစေ

#ငါတို့မှာငါတို့ရှိတယ်

27/03/2025

(၄) နှစ်ပြည့်လွမ်းခြင်း

ယနေ့ (၂၇/၃/၂၀၂၅)ရက်နေ့သည် မုံရွာသူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ သူနာပြုနှင့်သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ဒုတိယနှစ်တွင် ပညာသင်ယူနေဆဲဖြစ်သော မသဥ္ဇာဟိန်းသည် မုံရွာမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် လူထုတော်လှန်ရေးတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီဘက်မှ ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုကြောင့် ကြွေလွင့်ခဲ့ရသည့်မှာ လေးနှစ်ပြည့်ခဲ့ပြီဖြစ်သည်၊၊ကျောင်းသူ မသဥ္ဇာဟိန်း ကျဆုံးခဲ့ရခြင်း အတွက် မိသားစုနှင့် ထပ်တူ များစွာဝမ်းနည်း ကြေကွဲခဲ့ရသည်မှာလည်း ယနေ့ထိတိုင် ဖြစ်ပါသည်။

သူနာပြုဆရာမလေးတစ်ဦးဖြစ်သော မသဥ္ဇာဟိန်းသည် လူနာများအတွက်သာမက ပြည်သူတစ်ရပ်လုံးနှင့် သူနာပြုလောကတစ်ခုလုံးအတွက်ပါ အလင်းရောင်ပေးဆောင်ခဲ့သော သူနာပြုအာဇာနည်မီးအိမ်ရှင်တစ်ဦး ဖြစ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အနေဖြင့် လွန်စွာဝမ်းနည်းရပါကြောင်းနှင့် " ကျောင်းသူ မသဥ္ဇာဟိန်း" ကို အမှန်တရားဘက်မှ ရဲရဲဝံ့ဝံ့ရပ်တည်ရင်း ပြည်သူလူထုရဲ့ကျန်းမာရေးကို ကူညီစောင့်ရှောက်ရင်း မြင့်မြတ်စွာ ကြွေလွင့်ခဲ့ရတဲ့မီးအိမ်ရှင်လေးအဖြစ် အမြဲထာဝရ အောက်မေ့လျက် သူနာပြုအာဇာနည်တစ်ဦးအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ကျွန်ုပ်တို့ သူနာပြု-သားဖွားရပ်ဝန်းအတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုကြီးတစ်ခုလည်းဖြစ်သည် ။ ထိုမီးအိမ်လေးကတော့ ပြန်မထွန်းလင်းနိုင်တော့ပေမဲ့ အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့
မီးအိမ်ရှင်ဆရာမလေးအတွက်ကျွန်ုပ်တို့ အမြဲဂုဏ်ယူရင်း ယခုချိန်ထိ မြေပြင်မှာကော ရရာနေရာ ကဏ္ဍပေါင်းစုံမှာ ဆက်လက်တိုက်ပွဲဝင်ရင်း ပြည်သူလူထုကျန်းမာရေးကို ကူညီစောင့်ရှောက်နိုင်ဖို့ ပညာတွေ ဆက်သင်ရင်း အားတင်းရင်းပိုကြိုးစားဆောင်ရွက်သွားမယ်လို့ ဂတိပြုပါသည် ။

ကျွန်ုပ်တို့ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးနှင့် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးတို့တွင် မိမိတို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရင်း မိမိတို့ကျရာအခန်းကဏ္ဍ အသီးသီးကနေ ပါဝင်ရင်း အမှန်တရားဘက်မှ ရဲရဲဝံ့ဝံံ့ရပ်တည်ကာ ယခုကြုံတွေ့နေရသော အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများကို မိမိတို့အနေဖြင့် ပြည်သူတစ်ရပ်လုံးနှင့်အတူ လက်တွဲရင်ဆိုင်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ကတိသစ္စာပြုပါသည်။

ကျွန်ုပ်တို့ ရင်ထဲ အမြဲ‌ရှင်သန်တောက်ပနေတဲ့ မီးအိမ်ရှင်

မြင့်မြတ်အေးချမ်းတဲ့ ဘဝအသစ်မှာ ဆက်ထွန်းလင်းနိုင်ပါစေ။



25/03/2025
09/03/2025

(၃) နှစ်ပြည့် လွမ်းခြင်း

(၉.၃.၂၀၂၂) နံနက် (၂) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဆောင်ဒူလာ‌ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းအကူဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဲဘော်အဲလစ္စဘတ် ကျဆုံးခဲ့ရပါတယ်။ ပဲခူး သားဖွားသင်တန်းကျောင်းက ကျမတို့ရဲ့ သားဖွားကျောင်းသူလေးပေါ့။ အာဏာရှင်ကိုတော်လှန်ရင်း ကျဆုံးခဲ့တဲ့ သမီးလေးကို အမြဲဂုဏ်ယူရင်း ခုချိန်ထိ တော်လှန်နေဆဲပါ သမီးရေ
ကျမတို့ စိတ်ရော ကိုယ်ရော ပင်ပန်းနေပေမယ့် သမီးလေးသာ ရှိနေသေးရင် ပြည်သူလူထုကျန်းမာရေးကို ကူညီနိုင်ဖို့ ပညာတွေ သင်ချင်နေမှာ ဆိုတဲ့စိတ်နဲ့ ကြားကာလသင်ကြားရေးအတွက် အားတင်းထားဆဲပါပဲ သမီးလေးရေ

ကျမတို့ရင်ထဲမှာ အမြဲရှင်သန်တောက်ပနေဆဲပါပဲနော်

သမီးလေး ငြိမ်းအေးစွာ အနားယူနိုင်ပါစေ ဆုတောင်းရင်း မပြီးပြတ်သေးတဲ့ တော်လှန်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ် သမီးလေးရေ


03/03/2025

မြန်မာနိုင်ငံမှာ သူနာပြု ပညာရေးဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် သမိုင်းမှတ်တမ်း ရှာရသိပ်မတွေ့ရပေမယ့် ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်းမှာ ပညာရေးနဲ့ လေ့ကျင့်မှု တိုးတက်မှုတွေ သိသိသာသာ ရှိခဲ့ပါတယ်။

၁၉၄၈ ခုနှစ် မတိုင်ခင်မှာ မြန်မာနိုင်ငံမှာ သူနာပြု ပညာရေးဟာ အခြေခံ လေ့ကျင့်မှု နည်းပါးပြီး ပရော်ဖက်ရှင်နယ် သူနာပြု ပညာရေး အဆင့်အတန်း နိမ့်ကျခဲ့ပါတယ်။

လွတ်လပ်ရေး ရပြီးတဲ့နောက်မှာ ဒေါ်ခင်ကြည်က သူနာပြုနဲ့ သားဖွားများ၏ လေ့ကျင့်သင်ကြားမှု၊ ပြည်သူလူထုအ‌ကြား တာဝန်ချထားမှုတို့ အပါအဝင် လူမှုရေးကိစ္စရပ်တွေကိုပါ တာဝန်ယူခဲ့ပါတယ်။

၁၉၄၈ ခုနှစ်မှာ နိုင်ငံတော်အဆင့် စာမေးပွဲတွေ စတင် ကျင်းပခဲ့ပြီး ပရော်ဖက်ရှင်နယ်သူနာပြုများအဖြစ် စာရင်းသွင်း လိုင်စင်ထုတ်ပေးခြင်း လုပ်ဆောင်မှုများ ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။

သူနာပြု ပညာရေးဟာ အစပိုင်းမှာ ဆေးရုံ အခြေခံ သင်ကြားမှုပေါ် အခြေခံပြီး သင်ရိုးညွှန်းတမ်း အတိုင်း သင်ကြားခဲ့ပါတယ်။ (Hospital based training)

ပြည်သူ့ကျန်းမာရေးသူနာပြုစုမှုကို ၁၉၅၄ ခုနှစ်မှာ စတင်ခဲ့ပေမယ့် သူနာပြုတွေ အများကြီး စိတ်ဝင်စားမှု အားနည်းခဲ့ပါတယ်။

၁၉၇၇ ခုနှစ်မှာ သူနာပြု ပညာရေး သင်တန်း အမျိုးမျိုးရဲ့ သင်ရိုးညွှန်းတမ်းတွေကို နိုင်ငံတော် ကျန်းမာရေး အစီအစဉ်နဲ့ ကိုက်ညီအောင် ပြန်လည် သုံးသပ်ပြီး ပြင်ဆင်ခဲ့ပါတယ်။ (ဒေသအလိုက် သူနာပြုနှင့်သားဖွားကျောင်းများတွင် မိမိကျောင်းရှိရာဒေသ၏ ပြည်သူလူထုကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ဖြည့်စွက်သင်ကြားခြင်း၊ နှစ်စဉ် ပြနည်လည်ဆန်းစစ်ခြင်းများ လုပ်ဆောင်ကြပါတယ်။ ထိုမှတ်တမ်းမှတ်ရာများကိုတော့ အွန်လိုင်းတွင်ရှာမရခဲ့ပါ)

ရန်ကုန် သူနာပြု တက္ကသိုလ်ဟာ ၁၉၈၆ ခုနှစ်မှာ သူနာပြု လေ့ကျင့်ရေး ဌာနအဖြစ် စတင် တည်ထောင်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ တက္ကသိုလ် အဆင့်ကို တိုးမြှင့်ခဲ့ပါတယ်။ ( ၅ နှစ် အချိန်ယူခဲ့ရသည်ကို တွေ့ရပါတယ်) သူနာပြုတက္ကသိုလ် ရန်ကုန်တွင် ဒီပလိုမာသူနာပြုများအတွက် ဘွဲ့ဒီဂရီအစီအစဉ် (Bridge program) ၁၉၉၁ မှာစတင်ခဲ့ပါတယ် (၁၉၉၁ မှာ တက်ရောက်ခဲ့ပြီး ရန်ကုန်သူနာပြုတက္ကသိုလ်မှာ ဌာနမှူးအနေနဲ့ဆောင်ရွက်ခဲ့တဲ့ မာမီတစ်ယောက်၏ ဆွေမျိုးပြောကြားချက်အရပါရှင့်)

၁၉၉၄ ခုနှစ်မှာ ရန်ကုန် သူနာပြု တက္ကသိုလ်ဟာ နိုင်ငံတွင်း ဆေးပညာ လေ့ကျင့်ရေး ဌာန ပထမဆုံးအဖြစ် နှစ်လေးနှစ် ပြည့် BNSc ဘွဲ့ သင်ကြားရေးအစီအစဉ်ကို အထက်တန်းအောင်ကျောင်းသားများအတွက် စတင် ဖွင့်လှစ်ခဲ့ပါတယ်။ (တက္ကသိုလ်အဖြစ် အဆင့်မြှင့်ပြီး လေးနှစ်အချိန်ယူခဲ့ရတာကို တွေ့ရပါတယ်)

သူနာပြုတက္ကသိုလ်ရန်ကုန်မှာ ဘွဲ့လွန်သူနာပြုပညာရေးအစီအစဉ် (General master) ကို ဘယ်ချိန်ကစတယ်ဆိုတာရယ် ရှာမတွေ့နေလို့ သိတဲ့သူရှိရင် အများသူငါသိနိုင်ရန် လုံခြုံရေးအဆင်ပြေပါက မန့်ပေးဖို့နှင့် လုံခြုံရေးအဆင်မပြေပါက page messenger မှ လာပြောပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်

မန္တလေးမှာ သူနာပြုပညာရေးကို ၁၉၅၈ မှာ စခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ သူနာပြုတက္ကသိုလ် မန္တလေးအဖြစ် အဆင့်မြှင့်နိုင်ခဲ့ပါတယ် (၁၀ နှစ်အချိန်ယူခဲ့ရတာကို တွေ့ရပါတယ်) ၁၉၉၈ မှာ သူနာပြု ဘွဲ့ပညာရေးအစီအစဉ်ကို အထက်တန်းအောင်ကျောင်းသားများအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်၊ ၂၀၀၂ ခုနှစ်တွင် ဒီပလိုမာသူနာပြုများအတွက် ဘွဲ့ဒီဂရီအစီအစဉ် (Bridge program) ကိုစတင်ခဲ့ပြီး ၂၀၀၄ တွင် သူနာပြုဘွဲလွန်ပညာရေးအစီအစဉ်ကို စတင်ခဲ့ပါတယ်

အထူးပြုဘွဲ့လွန်ပညာရေးအစီအစဉ်များ (Speciality master) ကို သူနာပြုတက္ကသိုလ် ရန်ကုန်နှင့် မန္တလေးတွင် ၂၀၁၄ တွင် ဝင်ခွင့်စာမေးကျင်းပပြီး ၂၀၁၅ တွင် စတင်ခဲ့ပါတယ် သူနာပြုတက္ကသိုလ် မန္တလေးတွင် PhD Nursing program ကို ၂၀၁၄ တွင် စတင်နိုင်ခဲ့ပါသည် (ကိုယ်တွေ့ကြုံခဲ့သော ဆရာများ ပြောကြားချက်ပါ)

ကျမ်းကိုး
https://imsear.searo.who.int/items/69749b62-f713-45f0-88a3-4018084736bc

https://imsear.searo.who.int/bitstreams/ce095936-e9ff-46f2-94c0-c3c37eb431e5/download

https://www.irrawaddy.com/news/burma/myanmars-mother-nursing.html

https://en.wikipedia.org/wiki/University_of_Nursing,_Yangon

https://medium.com/-thesabaitimes.com/the-plight-of-nurses-in-myanmar-navigating-career-challenges-and-gender-inequality-in-a-time-of-64d53ae6210a

https://www.uonmdy.edu.mm/uonmdy/university/history-of-university

မှတ်ချက် ။ လေ့လာဖတ်မိသမျှကို အကျဉ်းချုပ်ပြီး အတတ်နိုင်ဆုံး ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ လိုအပ်ပါက အများသူငါသိရှိနိုင်ရန် comment ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။





Address

Pyay

Website

Alerts

Be the first to know and let us send you an email when Pyay Nursing and Midwifery Training School Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category