华羽亭汉语课堂 《Hua Yu Ting》Chinese Language Class

  • Home
  • Myanmar
  • Pyay
  • 华羽亭汉语课堂 《Hua Yu Ting》Chinese Language Class

华羽亭汉语课堂 《Hua Yu Ting》Chinese Language Class အလွတ်ကျက်မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးလေ့လာရင်း စိတ်ဝင်တစားသင်ယူကြစို့။
携手共进 轻松学习 奋发图强 天天向上!

အားလုံးပဲနှစ်သစ်ကူးမှာ အတန်းအသစ်နဲ့ကြိုဆိုပါရစေရှင်။《Chinese Class for Kids》Mar 03 စပါမည်။သားငယ်သမီးငယ်များအတွက်နွေရာသီသ...
18/02/2026

အားလုံးပဲနှစ်သစ်ကူးမှာ အတန်းအသစ်နဲ့ကြိုဆိုပါရစေရှင်။

《Chinese Class for Kids》Mar 03 စပါမည်။

သားငယ်သမီးငယ်များအတွက်နွေရာသီသုံးလတရုတ်စာသင်တန်း
🕊️《Hua Yu Ting》🕊️Chinese Language Class For Kids

【汉语拼音+基础汉字】

တရုတ်ဘာသာစကားကို ငယ်စဉ်မှစတင်ထိတွေ့စေလိုသောသမီးငယ်သားငယ်များအတွက် ကလေးသီးသန့်သင်တန်းဖြစ်ပါသည်။
အသက် ၆ နှစ်အရွယ်မှစတင်၍လက်ခံသင်ကြားပေးပါသည်။

📘 တရုတ်စာဗျည်းသရ၊
📕တရုတ်စာလုံးအသံထွက်(Pinyin)၊
📒ကိန်းဂဏန်းများ၊
📙လွယ်ကူသောတရုတ်စာလုံးရေးသားနည်းများ၊
📗အခြေခံစကားပြောခြင်းများပါဝင်ပါမည်။
ထို့အပြင်
🎶ကလေးများအကြိုက်တရုတ်သီချင်းများ၊
🎮ဘာသာစကားနှင့်သက်ဆိုင်သောဂိမ်းကစားနည်းများလည်းထည့်သွင်းထားသောကြောင့် ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးတက်ရောက်နိုင်ပါတယ်နော်။

☆ သင်တန်းစဉ် 学童班(XT-4)☆
🔔သင်တန်းကာလ။ ၃ လ
📆သင်တန်းစတင်မည့်ရက်။ 2026 Mar 03
⌚️သင်တန်းချိန်။ Tue Wed Thur (09:15→10:45am) (အချိန်အပြောင်းအလဲအနည်းငယ်ရှိနိုင်ပါသည်)
⚖️သင်တန်းကြေး။ 280,000/-(သုံးလပြတ်+ဖတ်စာအုပ်ဖိုးအပါ)
လိုအပ်မည့်စာအုပ်။ ရိုးရိုးဗလာစာအုပ်(၁)အုပ်နှင့် 12x16 ကွက်ပါတရုတ်အကွက်စာအုပ်(၁)အုပ်
📽️သင်ကြားမည့်ပုံစံ။ PPT presentation
🏫သင်တန်းနေရာ။ ဦးဝင်းရွှေဆီဆိုင်၊တရုတ်တန်းလမ်း၊ပြည်မြို့။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက Chat Box သို့၎င်း၊ Ph.no or Viber 09-761550885 သို့၎င်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အားလုံးပဲမြင်းနှစ်မှာအရှိန်အဟုန်ကြီးမားနိုင်ကြပါစေ။

🕊️《华羽亭》汉语课堂🕊️




2️⃣0️⃣2️⃣6️⃣ Happy New Horse Year~马🐴年到,祝愿大家:【财富】 "马" 不停蹄,【好运】 "马" 上就来,【事业】 "马" 到功成,【学业】 快 "马" 加鞭,【健康】龙 "马" 精神,唯独不能“马马虎虎”...
17/02/2026

2️⃣0️⃣2️⃣6️⃣ Happy New Horse Year~
马🐴年到,祝愿大家:
【财富】 "马" 不停蹄,
【好运】 "马" 上就来,
【事业】 "马" 到功成,
【学业】 快 "马" 加鞭,
【健康】龙 "马" 精神,
唯独不能“马马虎虎”哦~

🕊️《华羽亭》汉语课堂🕊️



大家元旦快乐!愿您新的一年开怀大笑,潇洒自由!အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ခံစားချက်အသစ်များဖြင့် ဖြတ်သန်းပျော်ရွှင်နိုင်ကြပါစေရှင့်။202...
01/01/2026

大家元旦快乐!愿您新的一年开怀大笑,潇洒自由!
အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ခံစားချက်အသစ်များဖြင့် ဖြတ်သန်းပျော်ရွှင်နိုင်ကြပါစေရှင့်။

2026 ကို ပထမဆုံး New Class လေးနဲ့ ကြိုဆိုပါရစေရှင်။

华羽亭汉语初级二《Chinese Four Skills Level-2》 2026 Jan 13 စပါမည်။

🕊️《华羽亭-Hua Yu Ting 》🕊️တရုတ်ဘာသာစကားသင်တန်း

👩‍🏫Hua Yu Ting Chinese Four Skills Level-1 တက်ရောက်ပြီးသူများ၊ Huawen or Hanyu Book-1,2 သင်ယူပြီးသူများ၊ အခြေခံတရုတ်စာလုံး ၂၅၀ ခန့်တတ်မြောက်ပြီးသူများ တက်ရာက်နိုင်ပါသည်။

📖နေ့စဉ်သုံးနှင့်ခေတ်သုံးဝေါဟာရများ၊
🈷️တရုတ်စာလုံးအသတ်စဉ်နှင့်ထပ်ဆင့်ဆိုလိုရင်းများ၊
🈴သဒ္ဒါပိုင်းနှင့်ဝါကျဖွဲ့စည်းတည်ဆောက်ပုံ၊
🔎ဆင်တူစာလုံးများ၏ကွာခြားချက်များ၊
✍️ဘာသာပြန်နှင့်ကိုယ်ပိုင်စာပိုဒ်ပြန်ရေးပုံ၊
🗣️နေ့စဉ်သုံးစကားပြောများ၊
🪭တရုတ်ရှေးကဗျာများပါဝင်ပါမည်။
ထို့အပြင်
📹တရုတ်ဇာတ်လမ်းတိုများ၊
🧑🏻‍🌾တရုတ်Variety Showsများ၊
🎙️တရုတ်သီချင်းများနှင့်
🎮ဘာသာစကားနှင့်သက်ဆိုင်သောဂိမ်းကစားနည်းများလည်းအတူတကွပျော်ပျော်ပါးပါးပါဝင်ကြည့်ရှုကစားရမည်ဖြစ်ပါသည်။

☆ သင်တန်းစဉ်။ (HYT-B2/1) 华羽亭汉语初级二(一班)
🔔သင်တန်းကာလ။ ၄ လခန့်
📆သင်တန်းစတင်မည့်ရက်။ 2026 Jan 13
⏳သင်တန်းချိန်။ Tue to Fri (06:30→08:00am)
📽သင်ကြားမည့်ပုံစံ။ PPT Presentation
⚖️သင်တန်းကြေး။ 470,000/- (Courseအပြတ်)
🏫သင်တန်းနေရာ။ ဦးဝင်းရွှေ(ဆီဆိုင်)၊တရုတ်တန်းလမ်း၊ပြည်မြို့။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက Viber (ဦးစားပေးစုံစမ်းရန်) or Ph.no 09-761550885 သို့၎င်း၊ chat box သို့၎င်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

图源:右下↘️

🕊️《华羽亭》汉语课堂🕊️



စာသင်ရန်အခန်းထဲဝင်လာချိန်တွင် ကျွန်မကို ကလေးများကြိုဆိုကြပုံ~━Σ(゚Д゚|||)━ (つД`)🕊️《华羽亭》汉语课堂🕊️
08/12/2025

စာသင်ရန်အခန်းထဲဝင်လာချိန်တွင် ကျွန်မကို ကလေးများကြိုဆိုကြပုံ~

━Σ(゚Д゚|||)━ (つД`)

🕊️《华羽亭》汉语课堂🕊️



"Course Summary for Hua Yu Ting Chinese Language Basic Level-1 (Four Skills)"🕊️《华羽亭》汉语课堂🕊️
22/11/2025

"Course Summary for Hua Yu Ting Chinese Language Basic Level-1 (Four Skills)"

🕊️《华羽亭》汉语课堂🕊️



(^-^)/嗨~ 1111 H@ppy S!ngle D@y!! ヾ(´〇`)ノ♪♪♪pSingle life is a romance of freedom.1️⃣1️⃣1️⃣1️⃣ ယနေ့ ၁၁ လ ၁၁ ရက် Single မျာ...
11/11/2025

(^-^)/嗨~ 1111 H@ppy S!ngle D@y!! ヾ(´〇`)ノ♪♪♪p

Single life is a romance of freedom.

1️⃣1️⃣1️⃣1️⃣ ယနေ့ ၁၁ လ ၁၁ ရက် Single များနေ့မှာ Classical သီချင်းတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ပါတယ်။ လွတ်လပ်ပြီး အချုပ်အနှောင်မရှိတဲ့ဘဝကို ပျော်ရွှင်ခံစားနိုင်ကြပါစေ…🤗

今天是属于单身美女帅哥们的节日哦!光棍快乐!

一首《单身情歌》献给每一个认真生活的自己。

Utube Link: https://youtu.be/PK48xH2pNwA?si=MBNgTwv98sHXjZV3

🕊️《华羽亭》汉语课堂🕊️






图源:↘️

※ Learning Chinese Word ※“抑鬱症 yì yù zhèng” (繁體-Traditional Chinese)Depression စိတ်ကျရောဂါ鬱(yù) Total 29 strokesရှေးစာလုံ...
31/10/2025

※ Learning Chinese Word ※

“抑鬱症 yì yù zhèng” (繁體-Traditional Chinese)

Depression စိတ်ကျရောဂါ

鬱(yù) Total 29 strokes

ရှေးစာလုံးသဏ္ဌာန်အရဆိုရင် လူတစ်ယောက်ကနောက်တစ်ယောက်ကို အနိုင်ကျင့်နေတဲ့ပုံစံကိုသရုပ်ဖော်ထားတာဖြစ်တဲ့အတွက် 鬱 သည် ဖိနှိပ်ခံရခြင်း၊ စိတ်ပိုင်းဆိုင်ရာလေးလံထိုင်းမှိုင်းခြင်း၊ စိတ်ဓာတ်ကျခြင်းကို ရည်ညွှန်းပါတယ်။

🕊️《华羽亭》汉语课堂🕊️





圖源:右下

下个里程碑~ 华文五册!The next stage 🔜 Hua Wen Book-5🕊️《华羽亭》汉语课堂🕊️
21/10/2025

下个里程碑~ 华文五册!
The next stage 🔜 Hua Wen Book-5
🕊️《华羽亭》汉语课堂🕊️



嗨(^o^)/学习时间啦!Study Time~Days of the Week တရုတ်စာအခေါ်အဝေါ်များ။ရက်သတ္တပတ်(နေ့စွဲ) ကိုတရုတ်စာမှာအမျိုးမျိုးသုံးနှုန်းကြပါ...
15/10/2025

嗨(^o^)/学习时间啦!Study Time~

Days of the Week တရုတ်စာအခေါ်အဝေါ်များ။

ရက်သတ္တပတ်(နေ့စွဲ) ကိုတရုတ်စာမှာအမျိုးမျိုးသုံးနှုန်းကြပါတယ်။
星期xīng qī, 周zhōu, 礼拜 lǐ bài စသည်ဖြင့်ဖော်ပြကြပြီး အဓိပ္ပာယ်အတူတူပဲဖြစ်ပါတယ်။

ကိန်းဂဏန်းအစဥ်လိုက်ဖြင့် တနင်္လာနေ့→နေ့-၁၊ အင်္ဂါနေ့ →နေ့-၂၊ ဗုဒ္ဓဟူးနေ့ →နေ့-၃ စသည်ဖြင့်‌သုံးနှုန်းကြတယ်။

※※ သတိပြုရန်တစ်ချက်ကတော့ တနင်္ဂနွေနေ့ကို နေ့-၇ ဟုမသုံးဘဲ 星期天(xīng qī tiān),周日(zhōu rì),礼拜天(lǐ bài tiān) ဟုရေးကြတယ်။

ယှဉ်တွဲလေ့လာနိုင်ဖို့ ကိုရီးယားဘာသာနဲ့ ဂျပန်ဘာသာများရဲ့ နေ့စွဲအခေါ်အဝေါ်များလည်း တွဲဖက်တင်ပြထားပါတယ်။

ကိုရီးယားနဲ့ဂျပန်ဘာသာရဲ့ နေ့စွဲများကတော့ နေလနဲ့ဓာတ်ကြီးငါးပါးကို အခြေပြုမှီငြမ်းထားပြီး
လ(月)၊ မီး(火)၊ ရေ(水)၊ သစ်ပင်(木)၊ ရွှေ(သတ္တု)(金)၊ မြေ(土)၊ နေ(日) အစဥ်လိုက် တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ ရည်ညွှန်းပါတယ်။ အသံထွက်များလည်း အလွန်နီးစပ်သောကြောင့် မှတ်သားရလွယ်ကူမယ်ဟု ယူဆပါတယ်နော်။

🕊️《华羽亭》汉语课堂🕊️



2025.10.06🌕点灯明节🕯️与中秋佳节🥮 照灯祈福,月满长空。愿你我岁岁平安,愿这世间安宁长乐~သီတင်းကျွတ်လပြည့်အခါသမယနဲ့လမုန့်ပွဲတော်နေ့လေးမှာလရောင်ခြည်နဲ့မီးရောင်...
06/10/2025

2025.10.06

🌕点灯明节🕯️与中秋佳节🥮

照灯祈福,月满长空。愿你我岁岁平安,愿这世间安宁长乐~

သီတင်းကျွတ်လပြည့်အခါသမယနဲ့လမုန့်ပွဲတော်နေ့လေးမှာ

လရောင်ခြည်နဲ့မီးရောင်ခြည်အောက်မှာ အေးချမ်းသာယာကြပါစေ။

ဘေးအန္တရာယ်အသွယ်သွယ်မှ လွတ်မြောက်ချမ်းသာနိုင်ကြပါစေ။

ပျော်ရွှင်ချမ်းမြေ့မှုအပေါင်းနှင့် ဝိုင်းစက်ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။

🕊️《华羽亭》汉语课堂🕊️


#中秋節



图源:人工智能,右下

Lao Shi အမှတ်ခြစ်နေ…..Lao Shi 电脑(Computer) သုံးလို့ရလား။emmmm……ရတယ်။ တရုတ်စာလုံးပဲရေးရမယ်နော်။ မဟုတ်တာတွေ လျှောက်မလုပ်နဲ...
01/10/2025

Lao Shi အမှတ်ခြစ်နေ…..

Lao Shi 电脑(Computer) သုံးလို့ရလား။
emmmm……ရတယ်။ တရုတ်စာလုံးပဲရေးရမယ်နော်။ မဟုတ်တာတွေ လျှောက်မလုပ်နဲ့။
好的 老师 嘻嘻😁。(ဟုတ်ကဲ့ Lao Shi ခိခိ)
ပုံ(၁)ထွက်လာ……🙄

ဟယ်….အဓိပ္ပာယ်ရှိတဲ့စာတွေရေးလေ။ အသီးတွေ၊အကောင်လေးတွေသင်ထားတယ်မလား၊ အဲဒါတွေရေးလေ၊ လျှောက်မရိုက်နဲ့။
好的 老师🤩。(ဟုတ်ကဲ့ Lao Shi)
(တိရစ္ဆာန်နာမည်တွေရိုက်ထည့်၊ Keyboard Typing က Auto Emoji တွေပြောင်းသွားတော့ တခွိခွိနဲ့သဘောအကျကြီးကျ၊ တစ်ကောင်ပြီးတစ်ကောင်ရိုက်ထည့်၊ ပုံ(၂) ထွက်လာ….)😱

နောက်တော့လည်း စာသင်ရင်း သူတို့သဘောကျမယ့်ပုံတွေ ကိုယ်တိုင်ပဲရိုက်ထည့်ပြီးသင်ပေးရ။ ပုံ(၃)…🫠

စကားနားထောင်လားဆိုတော့ ထောင်တယ်၊ ခွင့်ပြုတဲ့ဘောင်အတွင်းမှာပဲ လုပ်ချင်တာကိုရအောင်လုပ်တတ်သော၊လက်ရောခြေရောမြှောက်ရသော ကျွန်မရဲ့စွာစိစိန်များ…

我的嫡长萌宝们,真拿你们没办法 鹤鹤~

🕊️《华羽亭》汉语课堂🕊️



Address

Pyay

Telephone

+959761550885

Website

Alerts

Be the first to know and let us send you an email when 华羽亭汉语课堂 《Hua Yu Ting》Chinese Language Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to 华羽亭汉语课堂 《Hua Yu Ting》Chinese Language Class:

Shortcuts

Share