23/12/2022
Unit 10
Food Safety (အစားအစာဘေးကင်းလုံခြုံမှု)
All living things need food.
သက်ရှိတွေအားလုံးဟာ အစာလိုအပ်ပါတယ်။
Plants need food; animals need food; and human beings also need food.
အပင်တွေဟာ အစာလိုအပ်ပါတယ်၊ တိရစ္ဆာန်တွေဟာ အစာလိုအပ်ပါတယ်၊ ပြီးတော့ လူသားတွေဟာလည်း အစာလိုအပ်ပါတယ်။
But: What is food?
ဒါပေမယ့် အစာဆိုတာဘာလဲ။
What do we need food for what?
ကျွန်တော်တို့ ဘာအတွက် အစာစားဖို့ လိုအပ်တာလဲ။
What kind of food is good for us?
ဘယ်လိုအစာတွေက ကျွန်တော်တို့အတွက် သင့်တော်တာလဲ။
What kind of food is not good for us?
ဘယ်လိုအစာတွေက ကျွန်တော်တို့အတွက် မသင့်တော်ဘူးလဲ။
What is food safety?
အစားအစာ ဘေးကင်းလုံခြုံမှုဆိုတာဘာလဲ။
Read on to find the answers to those vital questions.
အဲဒီများပြားလှတဲ့ မေးခွန်းတွေအတွက် အဖြေရှာဖို့ ဆက်ပြီးတော့ ဖတ်ကြည့်ပါ။
What is food?
အစာဆိုတာဘာလဲ။
Food is something we eat or drink.
အစားအစာဆိုတာ ကျွန်တော်တို့ စားတဲ့ သောက်တဲ့အရာ ဖြစ်ပါတယ်။
Rice is food.
ထမင်းဆိုတာ အစာပါ။
Bread is food.
ပေါင်မုန့်ဆိုတာ အစာပါ။
Butter, cheese, vegetables, beef, mutton, fish, fruits are all food.
ထောပတ်၊ ဒိန်ခဲ၊ ဟင်းသီးဟင်းရွက်တွေ၊ အမဲသား၊ သိုးသား၊ ငါး၊ အသီးတွေ အားလုံးဟာလည်း အစာပါ။
In fact, water too is food.
တကယ်တော့ ရေဆိုတာလည်း အစာပါပဲ။
What do we need food for?
ကျွန်တော်တို့ ဘာအတွက် အစာစားဖို့ လိုအပ်တာလဲ။
We need food mainly for health, energy and growth.
ကျွန်တော်တို့ဟာ အဓိကအားဖြင့် ကျန်းမာရေး၊ စွမ်းအင်နဲ့ ကြီးထွားဖွံ့ဖြိုးမှုတို့အတွက် အစာစားကြပါတယ်။
Our body needs a daily supply of starch, sugar, proteins, fats, vitamins and minerals.
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ကစီဓာတ်၊ သကြားဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ ဗစ်တာမင်(အာဟာရဓာတ်)နဲ့ သတ္တုဓာတ်တွေကို နေ့စဉ်ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။
All these can be found in the food we eat.
ဒါတွေအားလုံးကို ကျွန်တော်တို့စားတဲ့အစာတွေမှာ ရနိုင်ပါတယ်။
Rice, wheat, potatoes, eggs, chicken, beef, mutton, fish, vegetables and fruits contain one or more of those.
ထမင်း၊ ဂျုံ၊ အာလူးတွေ၊ ဥအမျိုးမျိုး၊ အမဲသား၊ သိုးသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေမှာ အဲဒီဓာတ်တွေ တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ပါဝင်ပါတယ်။
Sometimes, however, we eat or drink something, not for our health, but just for the pleasure of enjoying the taste of something such as ice cream, cake, peanuts, or popcorn.
ဒါပေမယ့် တစ်ခါတစ်လေ ကျွန်တော်တို့ဟာ ကျန်းမာရေးအတွက်မဟုတ်ဘဲ ရေခဲမုန့်၊ ကိတ်မုန့်၊ မြေပဲ ဒါမှမဟုတ် ပြောင်းဖူးပေါက်ပေါက်လိုမျိုး အစာတစ်ခုရဲ့ အရသာကို သုံးဆောင်ခံစားဖို့လည်း စားကြသောက်ကြပါသေးတယ်။
The more active we are, the more food we need.
ကျွန်တော်တို့ ပိုပြီးလှုပ်ရှားလေလေ၊ အစာပိုပြီးလိုအပ်လေပါပဲ။
What kind of food is good for us?
ဘယ်လိုအစာတွေက ကျွန်တော်တို့အတွက် သင့်တော်တာလဲ။
Fresh fruits and vegetables are good for us because they contain vitamins and minerals.
သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေလို့ ကျွန်တော်တို့အတွက် သင့်တော်ပါတယ်။
Eggs, milk, cheese, fish, chicken, beef, and mutton are good for us because they contain proteins.
ဥအမျိုးမျိုး၊ နို့၊ ဒိန်ခဲ၊ ငါး၊ ကြက်သား၊ အမဲသားနဲ့ သိုးသားတွေမှာ အသားဓာတ်တွေ ပါဝင်နေလို့ ကျွန်တော်တို့အတွက် သင့်တော်ပါတယ်။
Rice, bread, and potatoes give us carbohydrate for the starch and sugar we need for our daily activities.
ထမင်း၊ ပေါင်မုန့်နဲ့ အာလူးတွေဟာ နေ့စဉ်လှုပ်ရှားမှုတွေအတွက် ကျွန်တော်တို့ လိုအပ်တဲ့ ကစီဓာတ်နဲ့ သကြားဓာတ်တွေအတွက် ကာဗွန်ဟိုက်ဒရိတ်ကို ပေးပါတယ်။
One thing we need to be careful about is that we should never eat more than we need.
ကျွန်တော်တို့ သတိထားသင့်တဲ့တစ်ချက်ကတော့ ကျွန်တော်တို့ လိုအပ်တာထက်ပိုပြီးတော့ ဘယ်တော့မှ မစားသင့်တာပါပဲ။
After all, too much of anything is not good.
ပြီးတော့ ဘယ်အရာဖြစ်ဖြစ် များလွန်းသွားရင် မကောင်းပါဘူး။
All doctors advise us to have a “balanced diet”.
ဆရာဝန်တွေက ကျွန်တော်တို့ကို အချိုးကျညီမျှတဲ့အစာစားဖို့ အကြံပေးပါတယ်။
A “balanced diet” is “a combination of the correct types and amounts of food”.
အချိုးကျညီမျှတဲ့အစာဆိုတာကတော့ မှန်ကန်သင့်တော်တဲ့ အစာအမျိုးအစားတွေနဲ့ ပမာဏတို့ကို အချိုးကျရောစပ်ထားတာ ဖြစ်ပါတယ်။
If we have a balanced diet, we will get the right amount of vitamins and minerals for each day.
ညီမျှတဲ့အစာကိုသာ စားမယ်ဆိုရင် တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ကျွန်တော်တို့ ရပါလိမ့်မယ်။
What kind of food is not good for us?
ဘယ်လိုအစာတွေက ကျွန်တော်တို့အတွက် မသင့်တော်ဘူးလဲ။
Any fruit or vegetable that is not fresh is not good for us.
မလတ်ဆတ်တဲ့ သစ်သီးတိုင်း အသီးအရွက်တိုင်းက ကျွန်တော်တို့အတွက် မသင့်တော်ပါဘူး။
Any fish or meat that is not fresh is not good for us.
မလတ်ဆတ်တဲ့ အသား ငါးတွေကလည်း ကျွန်တော်တို့အတွက် မသင့်တော်ပါဘူး။
Any vegetable or meat that is not well-cooked is not good for us.
မကျက်တကျက် အသီးအရွက် ဒါမှမဟုတ် အသားတွေကလည်း ကျွန်တော်တို့အတွက် မသင့်တော်ပါဘူး။
Too much of one kind is not good for us.
တစ်မျိုးတည်းကို အများကြီးစားနေရင်လည်း ကျွန်တော်တို့အတွက် မကောင်းပါဘူး။
Generally speaking, any food that makes us sick is not good for us.
ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် ကျွန်တော်တို့ကို နာမကျန်းဖြစ်စေတဲ့ အစာမှန်သမျှ ကျွန်တော်တို့အတွက် မသင့်တော်ပါဘူး။
For example, certain mushrooms and certain types of seafood can make us sick, that is , they make us vomit after eating them, and in certain cases, can make us break out in rash.
ဥပမာ တစ်ချို့ မှိုတွေနဲ့ ပင်လယ်စာတွေဟာ ကျွန်တော်တို့ကို နာမကျန်းဖြစ်စေပါတယ်၊ ပြောရမယ်ဆိုရင် သူတို့ဟာ ကျွန်တော်တို့ကို အော့အန်စေပြီး တစ်ချို့အခြေအနေတွေမှာ အဖုအပိန့်တွေထွက်လာစေနိုင်ပါတယ်။
That is commonly known as food allergy.
ဒါကို အစာဓာတ်မတည့်တာလို့ သိကြပါတယ်။
In some cases, a wrong combination of food can cause food poisoning and even death.
တစ်ချို့ကိစ္စတွေမှာဆိုရင် အစာတွေမှားပြီးတွဲစားခြင်းဟာ အစာအဆိပ်သင့်စေပြီး သေတောင်သေစေနိုင်ပါတယ်။
Moreover, many preserved foods such as canned beef, canned sardines, tuna, sausages are not advisable.
ဒါ့အပြင် အမဲသေတ္တာ၊ ငါးသေတ္တာ၊ တူနာငါး၊ ကြက်ဥချောင်းလိုမျိုး အသင့်စားအစားအစာ အများစုဟာ စားသုံးဖို့ အကြံကောင်းမဟုတ်ပါဘူး။
So are artificially flavoured fruit juices.
သဘာဝအရသာမဟုတ်တဲ့ အသီးဖျော်ရည်တွေဟာလည်း မကောင်းလှပါဘူး။
All those canned fish or meat and flavoured fruit juices contain additives and colourants, which are chemicals that can be harmful to our health.
အဲဒီငါးသေတ္တာတွေ ဒါမှမဟုတ် အသားသေတ္တာတွေနဲ့ အနံ့အရသာထည့်ထားတဲ့ အသီးဖျော်ရည်တွေမှာ ကျန်းမာရေးထိခိုက်စေနိုင်တဲ့ တာရှည်ခံပစ္စည်းတွေနဲ့ ဆိုးဆေးတွေလို ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။
Furthermore, many farmers today use chemical fertilizers and pesticides for good reasons, but in most cases, such fertilizers and pesticides are overused.
ဒါ့အပြင် ဒီနေ့ခေတ် လယ်သမားတွေဟာ ဓာတုမြေဩဇာတွေနဲ့ ပိုးသတ်ဆေးတွေကို ကောင်းဖို့ရန် သုံးကြပေမယ့် ဖြစ်စဉ်အများစုမှာတော့ ဓာတုမြေဩဇာတွေနဲ့ ပိုးသတ်ဆေးတွေကို အလွန်အကျွံ အသုံးပြုကြပါတယ်။
As a result, the vegetables and fruits we eat can contain traces of fertilizers and pesticides.
အကျိုးဆက်အနေနဲ့ ကျွန်တော်တို့ စားသုံးတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေမှာ ဓာတုမြေဩဇာတွေနဲ့ ပိုးသတ်ဆေး အကြွင်းအကျန်တွေ ပါဝင်နေပါတယ်။
All these are harmful to health.
အဲဒါတွေအားလုံးဟာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။
What is food safety?
အစားအစာ ဘေးကင်းလုံခြုံမှုဆိုတာဘာလဲ။
“Food safety” means “food that is safe to eat; food that will not be harmful to our health”.
အစားအစာ ဘေးကင်းလုံခြုံမှုဆိုတာကတော့ စားသုံးရန် စိတ်ချရတဲ့အစာ၊ ကျွန်တော်တို့ ကျန်းမာရေးကို မထိခိုက်စေတဲ့ အစာ ဖြစ်ပါတယ်။
This means that food, right from its production to our dining table must be hygienically handled.
ဆိုလိုတာကတော့ ထုတ်လုပ်တဲ့နေရာကစပြီး ကျွန်တော်တို့ ထမင်းဝိုင်းရောက်လာသည်အထိ အစားအစာကို ကျန်းမာရေးနဲ့ ညီညွတ်စွာ ရောင်းဝယ်ထိတွေ့ရပါမယ်။
This means that the vegetables and fruits we buy should not only be fresh but also free of traces of fertilizers and pesticides.
ဆိုလိုတာကတော့ ကျွန်တော်တို့ဝယ်ယူစားသုံးတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေဟာ လတ်ဆတ်ရုံသာမက ဓာတုမြေဩဇာတွေနဲ့ ပိုးသတ်ဆေးတွေရဲ့ အကြွင်းအကျန်တွေလည်း ကင်းစင်ရပါမယ်။
Similarly, the meat we buy should never be from diseased animals.
အလားတူစွာပဲ ကျွန်တော်တို့ ဝယ်ယူတဲ့ အသားဟာလည်း ရောဂါကူးစက်နေတဲ့ တိရစ္ဆာန်တွေကရတာ မဖြစ်ရပါဘူး။
Canned meat, fish, fruit, and vegetables, as well as flavoured fruit juices should contain as little additives and colourants as possible.
စည်သွပ်အသားတွေ၊ ငါးတွေ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အနံ့အရသာထည့်ထားတဲ့ အသီးဖျော်ရည်တွေဟာ တာရှည်ခံပစ္စည်းတွေနဲ့ ဆိုးဆေးတွေ နည်းနိုင်သမျှနည်းပြီး ပါဝင်သင့်ပါတယ်။
Many countries have a department known as “Food and Drug Administration” (FDA).
နိုင်ငံတော်တော်များများမှာ အစားအစာနဲ့ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဌာနလို့ သိကြတဲ့ ဌာနတစ်ခု ရှိပါတယ်။
The department is responsible for the safety of food and drug in the country.
အဲဒီဌာနဟာ နိုင်ငံအတွင်း အစားအစာနဲ့ ဆေးဝါးတွေ လုံခြုံရေးအတွက် တာဝန်ယူပေးပါတယ်။
Nevertheless, we ourselves must do our best to look after our own safety by having only fresh fruit and vegetables, only well-cooked meat or fish, and a balanced diet.
ဒါပေမယ့် ကျွန်တော်တို့ကိုယ်တိုင်ကလည်း ကျွန်တော်တို့ရဲ့ အစားအစာဘေးကင်းလုံခြုံရေးကို စောင့်ရှောက်ထိန်းသိမ်းဖို့အတွက် လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ၊ ကျက်အောင်ချက်ထားတဲ့ အသားငါးတွေနဲ့ ညီမျှတဲ့ အစားအသောက်ကိုသာ စားခြင်းဖြင့် အကောင်းဆုံး ထိန်းသိမ်းရပါမယ်။
ယူတီကေ အင်္ဂလိပ်စာသင်တန်း
ပြည်မြို့