Union of No.1 Basic Education Students,Pyay

Union of No.1 Basic Education Students,Pyay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Union of No.1 Basic Education Students,Pyay, Education, Pyay.

ခွပ်ဒေါင်းအလံတော်အောက်တွင် ကျောင်းသားထုကြီးစည်းစည်းလုံးလုံးဖြင့်တိုက်ပွဲဝင်ကြလော့7.9.2021(Union of no.1 Basic Education ...
07/09/2021

ခွပ်ဒေါင်းအလံတော်အောက်တွင် ကျောင်းသားထုကြီးစည်းစည်းလုံးလုံးဖြင့်တိုက်ပွဲဝင်ကြလော့

7.9.2021(Union of no.1 Basic Education Students,Pyay)

22/08/2021
"ငါးလပြည့်လွမ်းဆွတ်အောက်မေ့ခြင်း""အာဇာနည်မျိုး သေရိုးမရှိ"____________________ ဂျုလိုင်လ ၁၃ ရက် "ဖုန်းမော်နေ့" လူထုသပိတ်...
13/08/2021

"ငါးလပြည့်လွမ်းဆွတ်အောက်မေ့ခြင်း"
"အာဇာနည်မျိုး သေရိုးမရှိ"
____________________
ဂျုလိုင်လ ၁၃ ရက်

"ဖုန်းမော်နေ့" လူထုသပိတ်တိုက်ပွဲတွင် ပြည်သူများအားကာကွယ်ရင်းနေရာမှာပင်အကြမ်းဖက်စစ်အုပ်စု၏ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသော ပြည်မြို့၏ သူရဲကောင်းနှစ်ဉီး ကိုထက်မြတ်အောင် ခေါ် ကိုအရှည်ကြီးနှင့် ကိုဖြိုးဝေယံကျော် တို့သည် ယနေ့တွင် ငါးလပြည့် ခဲ့ပြီ​ဖြစ်သည်။ ယနေ့ အချိန်အခါကို မိမိတို့ ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ လွှမ်းဆွတ်တမ်းတ ကတိပေးအောက်မေ့ဂုဏ်ပြုပေးအပ်ပါသည်။ ကျဆုံးသွားသောအာဇာနည်၂ဉီးနှင့်တကွ ပြည်သူ့ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးခဲ့ရသော အာဇာနည်တစ်ဉီးခြင်းဆီတိုင်းကိုမိမိတို့အနေဖြင့် အမြဲလွမ်းဆွတ်တမ်းတအောက်မေ့ရပြီး ပြည်သူ့ဒီမိုကရေစီမရ မခြင်းအဆုံးထိ တော်လှန်တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်း ဂတိပြုဂုဏ်ပြုပေးအပ်ပါသည်။

#အာဇာနည်တို့ရဲ့သွေးခင်းသောလမ်းကိုဆက်လျှောက်ကြ
#အထက၁ပြည်အခြေခံပညာကျောင်းသားများသမဂ္ဂ
#ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
#ဗ.က.သ များအဖွဲ့ချုပ်

11/08/2021

အမှတ် (၁)အခြေခံပညာကျောင်းသားကိုယ်စားပြုကော်မတီနှင့် အမှတ် (၄)အခြေခံပညာကျောင်းသားကိုယ်စားပြုကော်မတီ နှစ်ခုအား အခြေခံပညာကျောင်းသားများသမဂ္ဂ အဖြစ်အဆင့်မြှင့်တင်ကြောင်းကြေညာခြင်း

ယနေ့ (၁၀.၈.၂၀၂၁) တွင် ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် အမှတ်(၁)အခြေခံပညာကျောင်းသားကိုယ်စားပြုကော်မတီနှင့်အမှတ်(၄) အခြေခံပညာကျောင်းသားကိုယ်စားပြုကော််မတီတို့အား အမှတ်(၁)အခြေခံပညာကျောင်းသားများသမဂ္ဂ [အ.ထ.က(၁)ပြည် အ.က.သ] နှင့် အမှတ်(၄)အခြေခံပညာကျောင်းသားများသမဂ္ဂ [အ.ထ.က(၄)ပြည်အ.က.သ] အဖြစ်အဆင့်တိုးမြှင့်ကြောင်းကြေညာအပ်ပါသည်။
ထိုကြောင့် ယနေ့မှစ၍ အမှတ်(၁)အခြေခံပညာကျောင်းသားကိုယ်စားပြုကော်မတီ နှင့် အမှတ် (၄) အခြေခံပညာကျောင်းသားကိုယ်စားပြုကော်မတီတို့အား [အ.ထ.က(၁)ပြည် အ.က.သ] နှင့် အမှတ်(၄)အခြေခံပညာကျောင်းသားများသမဂ္ဂ [အ.ထ.က(၄)ပြည်အ.က.သ]ဟုပြောင်းလဲခေါ်ဝေါ်ကြပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

https://www.facebook.com/Union-of-No1-Basic-Education-StudentsPyay-105927851696433/

https://www.facebook.com/No-4-Basic-Education-High-School-Student-Representation-Committee-103147898732475/

#ပြည်မြို့နယ်အခြေခံပညာကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်)
#အလုပ်အမှူဆောင်အဖွဲ့

မဟာမိတ်ညီနောင်များဖြစ်ကြသောအ.ထ.က(၁)ဝမ်းတွင်းအခြေခံပညာကျောင်းသားများသမဂ္ဂနှင့်အ.ထ.က(၁)ပြည်ကျောင်းသားများကိုယ်စားပြုကော်မတ...
08/08/2021

မဟာမိတ်ညီနောင်များဖြစ်ကြသောအ.ထ.က(၁)ဝမ်းတွင်းအခြေခံပညာကျောင်းသားများသမဂ္ဂနှင့်အ.ထ.က(၁)ပြည်ကျောင်းသားများကိုယ်စားပြုကော်မတီတို့သည်ယနေ့ကျရောက်သော၈၈လူထုအရေးတော်ပုံ(၃၃)နှစ်ပြည့်အထိမ်းအမှတ်အခမ်းနားအားပူးတွဲကျင်းပခဲ့ပါသည်။
#ရှစ်ဆယ့်ရှစ်ကသွေးကြွေးဟောင်းနှစ်ဆယ့်တစ်မှာအပြိးတောင်း

“၈၈”ကသွေးကြွေးဟောင်း “၂၁”မှာအပြီးတောင်း ✊ရှစ်လေးလုံး(၈၈၈၈)လူထုအရေးတော်ပုံ(၃၃)နှစ်ပြည့်✊   #ပြည်မြို့နယ်အခြေခံပညာကျောင်းသ...
08/08/2021

“၈၈”ကသွေးကြွေးဟောင်း “၂၁”မှာအပြီးတောင်း ✊
ရှစ်လေးလုံး(၈၈၈၈)လူထုအရေးတော်ပုံ(၃၃)နှစ်ပြည့်✊


#ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
#ဗကသများအဖွဲ့ချုပ်

“၈၈ က သွေးကြွေးဟောင်း ၂၁ မှာအပြီးတောင်း" လှုပ်ရှားမှု🔥▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ယခုကျရောက်မယ့် ၈.၈.၂၀၂၁ ရက်နေ့တွင် ရှစ်လေးလုံး (၈...
06/08/2021

“၈၈ က သွေးကြွေးဟောင်း ၂၁ မှာအပြီးတောင်း" လှုပ်ရှားမှု🔥
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ယခုကျရောက်မယ့် ၈.၈.၂၀၂၁ ရက်နေ့တွင် ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီး (၃၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ်

၁။ လက်ရှစ်ချောင်း သပိတ် (8 Fingers Strike)

ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ တော်လှန်စိတ်ကို နှလုံးသွင်းလျက် ပုံပါအတိုင်း လက်ရှစ်ချောင်းထောင် ဓာတ်ပုံရိုက်၍လူမှုကွန်ယက်စာမျက်နှာများတွင် ကမ်ပိန်းလုပ်ခြင်း။

၂။ အနီရောင် လှုပ်ရှားမှု (Red Campaign)🔴

၈.၈.၂၀၂၁ တွင် ရှစ်လေးလုံးစိတ်ဓာတ်ဖြစ်သော ရဲဝံ့ခိုင်မာခြင်းကိုကိုယ်စားပြုသည့် အနီရောင်အင်္ကျီ အဝတ်အစား၊ အသုံးအဆောင်များ ဝတ်ဆင်ခြင်း၊ ဆေးနီသပိတ်များ ဖော်ဆောင်ခြင်း။

-----
၈၈ က သွေးကြွေးဟောင်းကို၂၁ မှာ အပြီးတောင်းကြပါစို့




#၈၈ကသွေးကြွေးဟောင်း_၂၁မှာအပြီးတောင်း
#အရေးတော်ပုံ_အောင်ရမည်

https://www.facebook.com/110381921146636/posts/192522772932550/

အ.ထ.က (၁) ပြည် ကျောင်းသားကိုယ်စားပြုကော်မတီ နှင့် အ.ထ.က (၁) ဝမ်းတွင်း အခြေခံပညာကျောင်းသားများသမဂ္ဂ နှစ်ခုမဟာမိတ်ညီနောင်ဖ...
05/08/2021

အ.ထ.က (၁) ပြည် ကျောင်းသားကိုယ်စားပြုကော်မတီ နှင့် အ.ထ.က (၁) ဝမ်းတွင်း အခြေခံပညာကျောင်းသားများသမဂ္ဂ နှစ်ခုမဟာမိတ်ညီနောင်ဖွဲ့စည်းကြောင်းကြေညာခြင်း
#အထက၁ပြည်ကျောင်းသားကိုယ်စားပြုကော်မတီ
#အထက၁ဝမ်းတွင်းအခြေခံပညာကျောင်းသားများသမဂ္ဂ
#ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ

"ကပ်လည်းကျော် တပ်လည်းဆော်PDF နဲ့ CDMer တွေကိုထောက်ပံ့ဆို့နော်"အားနာစွာဖြင့်အလှူခံပါရစေ။ပြည်သူများအနေနှင့်ယခုအခြေအနေတွင်အ...
02/08/2021

"ကပ်လည်းကျော် တပ်လည်းဆော်
PDF နဲ့ CDMer တွေကိုထောက်ပံ့ဆို့နော်"

အားနာစွာဖြင့်အလှူခံပါရစေ။
ပြည်သူများအနေနှင့်ယခုအခြေအနေတွင်အကျပ်အတည်းများနှင့်ရင်ဆိုင်နေရမည်ဆိုသည်ကို နားလည်ပါသည်။ ”အိတ်ပေါက်နှင့်ဖားကောက် " မဖြစ်စေရန် မိမိတို့၏အသက်ကို ပဓာန မထား တောထဲတွင်ဆင်းရဲ ဒုက်ခ များစွာခံယူပြီး အာဏာသိမ်း ဖက်စစ် စစ်တပ်ကို မိုးထဲလေထဲတွင် မိသားစုနှင့်ခွဲခွာ၍ နိုင်ငံအတွက်ပြည်သူအတွက် ဘဝများအသက်များရင်းထားကြရသော PDF တို့သည် ယခုတွင် စားဝတ်နေရေးအကြပ်အတည်းများ ကျန်းမာရေးအခက်များနှင့်ရင်ဆိုင်နေကြရပါသည်။

ထို့အပြင် မိမိတို့အနေဖြင့် CDM သူရဲကောင်းများအားလည်းကူညီထောက်ပံ့ရန်အခက်အခဲများရှိလျက်ရှိပါသည်။
ကျွန်တော်တို့သမဂ္ဂအနေနဲ့ ပြည်မြို့နယ်တွင်း CDMမှာပူးပေါင်းပါဝင်ခဲ့တဲ့အခြေခံပညာရေးဝန်ထမ်းဦးရေ ၅၀ကျော်ကိုထောက်ပံ့ပေးခဲ့ ပြီး လက်ရှိကာလ သမဂ္ဂအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ
အခက်အခဲများဖြစ်ပေါ်နေရပြီး မည်သည့် CDM support teamများနှင့်လည်း ချိတ်ဆက်၍မရခဲ့ပါ။cdm support teamများရဲ့အကူအညီများလည်းများစွာလိုအပ်လျှက်ရှိပါတယ်။
သမဂ္ဂ အနေဖြင့် CDMပြုလုပ်၍ စားဝတ်နေရေးခက်ခဲသော အခြေခံပညာဦးစီးဌာနလက်အောက်ရှိ ပြည်သူ့ဝန်ထမ်းကောင်းဆရာမဆရာမများနှင့်အမှုထမ်း၊အရာထမ်းဝန်ထမ်းများအတွက် အလျဉ်းသင့်သလို ထောက်ပံ့လှူ ဒါန်းခဲ့သည်မှာ မတ်လနှောင်းပိုင်းမှစ၍ ယခုလက်ရှိအထိပင်ဖြစ်ပါတယ်။လက်ရှိထောက်ပံ့လှူ ဒါန်းငွေအများစုသည် ပြည်သူလူထုထံမှနှောင်ကြိုးမဲ့ကောက်ခံရရှိသောအလှူ သဒ္ဒါကြေးများ အပြင်လက်ရှိပညာသင်ကြားနေသော ကျောင်းသား/သူများမှ စေတနာအနည်းအများမဆို (ပမာဏ ကန့်သတ်ခြင်းမရှိပဲ) လှူဒါန်းပေးကြခြင်းဖြင့်လည်ပတ်နေရပါတယ်။

ထိုသူတို့အတွက် ကျွန်တော်တို့ပြည်သူလူထု၏ထောက်ပံ့မှုများလိုအပ်နေပါသည်။ CDM သူရဲကောင်းများ PDF လူငယ်များကို ထောက်ပံ့ကူညီခြင်းများပြုလုပ်ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။ ထို့ကြောင့် စစ်အာဏာရှင် ကိုလက်နက်ကိုင်တော်လှန်နေကြသော PDF လူငယ်များအား အလှူငွေထည့်ရင်း တစ်ဖက်တစ်လှမ်းမှ ကူညီပေးကြရန် မေတ္တာရပ်ခံလိုပါသည်။

အမှန်တစ်ကယ်ဆက်သွယ်လှူ ဒါန်းလိုပါက page cb၌ mobile banking accများလာရောက်မေးမြန်းနိုင်ပါသည်။

Wave acc 09966241743
09774422768
Kpay acc 0996624173
09774422768

(လှုဒါန်းပြီးပါက အောက်ပါLinkမှ
page cb သို့သွားရောက်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ နည်းသည်များသည်မဟုတ် ပါဝင်လှူဒါန်းပေးကြပါ။)

https://m.facebook.com/story.php?story_fbid=189894639862030&id=110381921146636

#ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
#အထက၁ပြည်ကျောင်းသားကိုယ်စားပြုကော်မတီ
#သတင်းနှင့်ပြန်ကြားရေး

Address

Pyay

Website

Alerts

Be the first to know and let us send you an email when Union of No.1 Basic Education Students,Pyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category