New Day Language Academy

New Day Language Academy We mainly offer general and academic English for a brighter Arakan future. We will also provide other languages training programmes.

11/05/2026
11/05/2026

For G - 10 students (Myanmar)

01/04/2026

ပညာရေးကို ပြုပြင်ပြောင်းလဲလိုက်လျှင်

“ပညာရေး၏ပန်းတိုင်သည် စိတ်ကိုတွေးခေါ်တတ်အောင် လေ့ကျင့်ပေးခြင်းဖြစ်သည်။ အမိန့်နာခံတတ်ရန် မဟုတ်”

(အိုင်စတိုင်း)

ပညာရေး၏ စစ်မှန်သော ရည်ရွယ်ချက်သည် အချက်အလက်များကို ဦးနှောက်ထဲသို့ အတင်းသွတ်သွင်းရန် မဟုတ်ပါ။

ကျွန်တော်တို့ကလေးများကို ဝေဖန်ပိုင်းခြားနိုင်စေရန် (Critical Thinking) နှင့် မေးခွန်းထုတ်တတ်စေရန် ဖြစ်သည်။

အကြောင်းအရာတစ်ခုကို “မှန်သလား၊ မှားသလား” ပြန်လည်မေးခွန်းမထုတ်တတ်ဘဲ၊ ပြောသမျှယုံပြီး အားလုံးကို လက်ခံစေခြင်းမှာ စစ်မှန်သောပညာရေးမဟုတ်ပါ။

ကလေးများကို ပြဿနာဖြေရှင်းတတ်စေသည့် (Problem Solving) သဘောတရားတွေကို လေ့ကျင့်သင်ကြား ပေးရမည်။ ပုံသေနည်းများကို အလွတ်ကျက်ခိုင်းခြင်းထက် အခြေအနေသစ်တစ်ခုတွင် ကိုယ်ပိုင်ဉာဏ်နှင့် မည်ကဲ့သို့ တုံ့ပြန်မည်ဆိုခြင်းကို လေ့ကျင့်သင်ကြား ပေးရမည်။

စနစ်ဆိုးပညာရေးများတွင် ကလေးများကို ပုံစံသွင်းရန်အတွက် အသုံးချလေ့ရှိကြသည်။

“ငါပြောသလိုလုပ်”

“ငါသင်တာအမှန်” ဟူ၍ သင်ကြားခဲ့ကြသည်။

ကျောင်းသားတစ်ယောက်သည် ဆရာပြောတာနှင့် စာအုပ်ထဲတွင် ပါသည့် အကြောင်းအရာများကို “အမှန်” ဟု သတ်မှတ်ကာ မျက်စိမှိတ်ယုံကြည်‌နေမည်ဆိုလျှင် ထိုကျောင်းသားများသည် စက်ရုပ်တစ်ရုပ်နှင့်ဘာများ ခြားနားတော့မည်နည်း။ အုပ်ချုပ်သူတွေအတွက် အမိန့်နာခံတတ်သော သူတစ်ဦး ဖြစ်ကောင်းဖြစ်လာနိုင်သော် လည်း တိုင်းပြည်အတွက်မူ တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် လူသားရင်းမြစ်များ ဆုံးရှုံးရပေသည်။

ကျွန်တော်တို့နိုင်ငံတွင် စာတော်ခြင်းဆိုသည်မှာ အလွတ်ကျက်နိုင်ခြင်းနှင့် ဆရာပြောသမျှ သဘောကျ နားထောင်နိုင်ခြင်းဟူ၍ အဓိပ္ပာယ်ဖွင့်ကြသည်ကများသည်။ မေးခွန်းထုတ်တတ်သည့် ကလေးများကို လူဆိုး ဟူ၍ သတ်မှတ်ပြီး၊ ငြိမ်ငြိမ်လေး ထိုင်နားထောင်တတ်သော ကလေးကို လိမ္မာသည်ဟု ယူဆကာ ချီးကျူး တတ်ခြင်းကလည်း မှားနေသည်ဟု ဆိုရမည်။ အမိန့်နာခံတတ်သည့် ပညာရေးစနစ်သည် အမှားကြီး မှားနေ သည်ဟု အိုင်စတိုင်းက ထောက်ပြလိုက်ခြင်းဖြစ်သည်။

အိုင်စတိုင်းပြောသည့် ပညာရေးသည်

(၁) ကိုယ်ပိုင်ဦးနှောက်နှင့် ဆုံးဖြတ်နိုင်ရမည်

(၂) အမှားအမှန် ပိုင်းခြားဝေဖန်နိုင်ရမည်

(၃) မတရားသည့် အမိန့်မှန်သမျှ ငြင်းဆန်နိုင်ရမည်

ပညာရေးစနစ်တစ်ခုသည် ကလေးတွေကို စာမေးပွဲအောင်မြင်စေရန် သင်ကြားပေးနေပြီး၊ တွေးခေါ်တတ်ရန် မသင်ကြားပေးလျှင် ထိုအရာသည် ပညာရေးမဟုတ်၊ ဦးနှောက်ဆေးခြင်းသာဖြစ်သည်။

အိုင်စတိုင်းက ပညာရေးဆိုသည်မှာ ကျောင်းတွင်သင်ခဲ့သမျှတွေကို မေ့သွားပြီးနောက် ကျန်ခဲ့သည့်အရာကို ခေါ်ကြောင်း ပြောကြားချက်ကိုလည်း မှတ်သားဖူးပါသည်။ ထိုကျန်ခဲ့သည့်အရာဆိုသည်မှာ “တွေးခေါ်နိုင်စွမ်း” ကို ဆိုလိုခြင်းဖြစ်သည်။

လက်ရှိပညာရေးစနစ်များတွင် “အမှတ်” သည် ကလေးတစ်ယောက်၏ လူမှုရေးအဆင့်အတန်းကို သတ်မှတ် ပေးနေသလို ဖြစ်နေသည်။

အမှတ်များလျှင် ဆေးကျောင်း၊ အင်ဂျင်နီယာကျောင်း တက်ခွင့်ရှိမည်

အမှတ်များလျှင် မိဘဆရာ ဂုဏ်ယူမည်၊ ပတ်ဝန်းကျင်က ချီးကျူးမည်ဆိုသည့် ပုံသေနည်းထဲတွင် ရောက်နေ သည်။ ထို့ကြောင့်လည်း ကလေးက စာကိုနားလည်ရန်ထက်၊ အမှတ်ရရေးကို အာရုံစိုက်လာကြသည်။ ဆရာတွေကလည်း အမှတ်ပေးရလွယ်ကူစေရန် “စာအုပ်ထဲကအတိုင်းပြန်ရေး အမှတ်ပေး” စနစ်တွေကို ကျင့်သုံးနေကြဆဲဖြစ်ကြောင်း တွေ့ရသည်။

ကျွန်တော်တို့ အလွတ်ကျက် အမှတ်ပေးစနစ်ကိုဖယ်ရှားနိုင်ရေးအတွက် ဘာတွေကို လုပ်ဆောင်ပေးရမည် နည်း။ အလွတ်ကျက်စနစ်နေရာတွင် ဘာစနစ်နှင့် အစားထိုးမည်နည်း။

(၁) စာအုပ်ကြည့်ပြီး စာမေးပွဲဖြေဆိုသည့်စနစ် (Open-book Exams) ကို အကောင်အထည်ဖော်သင့်သည်။ ထိုအခါတွင် အချက်အလက်တွေကို အလွတ်ကျက်စရာမလိုတော့ဘဲ ရလာသည့် အချက်အလက်များကို မည်သို့ လက်တွေ့ အသုံးချတတ်သနည်း ဆိုသည့် (Application) ကိုသာ စစ်ဆေးရတော့မည် ဖြစ်သည်။

(၂) စာမေးပွဲစနစ်တစ်ခုတည်းနှင့် ဆုံးဖြတ်မည့်အစား တစ်နှစ်ပတ်လုံး ကျောင်းသား၏ လုပ်ဆောင်ခဲ့သော လက်တွေ့လုပ်ငန်းဆောင်တာများ၊ သုတေသနလုပ်ငန်းများအပေါ်တွင် အမှတ်ပေးခြင်း (Project-based Learning) ကို လုပ်ဆောင်နိုင်သည်။

(၃) ဘာလဲ (What?) ဟူ၍ မေးမည့်အစား ဘယ်လိုလဲ (How?) နှင့် အဘယ်ကြောင့်နည်း (Why?) ဆိုသည့် ဝေဖန်ဆန်းစစ်နိုင်သည့် မေးခွန်းများကို ပြောင်းလဲမေးရန်လိုသည်။

အလွတ်ကျက်စနစ်ကို ပြောင်းလဲလိုက်လျှင် ဆရာများသည် အမှတ်ပေးစက် မဟုတ်တော့ဘဲ “လမ်းပြသူ” “ဦးဆောင်သူ” တွေဖြစ်လာမည်။

ဆရာတွေကိုယ်တိုင်ကို ဦးစွာပြုပြင်ပြောင်းလဲရမည်။ ဆရာတွေကိုယ်တိုင်က တွေးခေါ်နိုင်စွမ်းရှိသူတွေ ဖြစ်မှ အမှတ်ပေးနိုင်မည်။ ကလေးတွေသည် စာအုပ်ထဲကအတိုင်း ပြန်မရေးလာသည့်အတွက် တစ်ဦးချင်း၏ ကိုယ်ပိုင်အတွေးတွေကို အကဲဖြတ်နိုင်စွမ်းရှိသူတွေ ဖြစ်ရန်လိုလာသည်။

အလွတ်ကျက်ပြန်ရေး စာမေးပွဲစနစ်ကို ဖယ်ရှားလိုက်ပြီး ကျွန်တော်အထက်ကပြောသည့် နည်းသုံးနည်းနှင့် စစ်ဆေးတိုင်းတာလျှင် ကျူရှင်စနစ်ပြိုလဲသွားမည်။ အများစုကတော့ ကြိုက်ချင်မှ ကြိုက်မည်။ စာမေးပွဲတွင် စာကျက်စရာ မလိုဘူးဆိုသည့်အသိကြောင့် “မေးခွန်းဟောကိန်းထုတ်” ကျူရှင်ပညာရေးစနစ်လည်း ပျောက်ကွယ်သွားပေလိမ့်မည်။

ကလေးတွေမှာ အမှတ်အတွက် ပြိုင်ဆိုင်နေစရာမလိုသဖြင့် စိတ်ဖိစီးမှုတွေလျှော့နည်းလာပြီး မိမိ ဝါသနာ ပါသည်တို့ကို လွတ်လပ်စွာ လေ့လာလုပ်ကိုင်နိုင်တော့မည်။

အရေးအကြီးဆုံးမှာ အမိန့်နာခံတတ်သည့် အလုပ်သမားတွေအစား ပြဿနာကို ကိုယ်တိုင်ဖြေရှင်းနိုင်သည့် ခေါင်းဆောင်တွေ ပေါ်ထွက်လာမည်။

တင်ညွန့်

၁.၄.၂၀၂၆

ပန်းဆယ်မျိုး
27/12/2023

ပန်းဆယ်မျိုး

ရှားရှားပါးပါး ကြိယာထောက်စကားစု-၁၀၀ စုစည်းမှု ကော်ပီ Credit -
20/09/2023

ရှားရှားပါးပါး ကြိယာထောက်စကားစု-၁၀၀ စုစည်းမှု

ကော်ပီ Credit -

 #အသုံးများသောရုံးသုံးလုပ်ငန်းသုံးအခေါ်အဝေါ်များ....1. Goal - (ပန်းတိုင်။)2. Vision - (ရေရှည် ရည်ရွယ်ချက်။)3. Mission - ...
18/09/2023

#အသုံးများသောရုံးသုံးလုပ်ငန်းသုံးအခေါ်အဝေါ်များ....

1. Goal - (ပန်းတိုင်။)
2. Vision - (ရေရှည် ရည်ရွယ်ချက်။)
3. Mission - (ရေလတ် ရည်ရွယ်ချက်။)...
4. Objective - (ရည်ရွယ်ချက်။)
5. Project - (စီမံကိန်း။)
6. Organization - (အဖွဲ့အစည်း။)
7. Management - (စီမံခန့်ခွဲမှု။)
8. Leadership - (ခေါင်းဆောင်မှုအရည်အချင်း။)
9. Method - (နည်းစနစ်ကျ နည်းလမ်း။)
10. Strategy - (နည်းဗျူဟာ။)
11. Policy - (မူဝါဒ။)
12. Structure - (ဖွဲ့စည်းတည်ဆောက်ပုံ။)
13. Work-place - (လုပ်ငန်းခွင်။)
14. Responsibility - (တာ၀န်ယူဆောင်ရွက်မှု။)
15. Accountability - (တာ၀န်ခံမှု၊ တာ၀န်ရှိမှု။)
16. Authority - (အာဏာရှိမှု။)
17. Mutual-Respect - (နှစ်ဦးနှစ်ဖက် အပြန်အလှန်လေးစားမှု။)
18. Inspiring - (စိတ်ဓာတ်တက်ကြွ ဆောင်ရွက်ခြင်း။)
19. Negotiation - (ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခြင်း။)
20. Corporation - (တစည်းတလုံးတည်းဆောင်ရွက်ခြင်း။)
21. Representative - (ကိုယ်စားလှယ်။)
22. Empowering - (လုပ်ပိုင်ခွင့် အာဏာပေးအပ်ခြင်း။)
23. Reinforcement - (လိုအပ်သည့် အကူအညီပေးမှု။)
25. Affirmation - (အခိုင်အမာပြောဆိုခြင်း။)
26. Schedule - (အစီအစဉ်တကျ ဆောင်ရွက်မှုအစီအစဉ်။)
27. Planning - (အစီအစဉ်ရေးဆွဲခြင်း။)
29. Motivation - (စိတ်ဓာတ်တွန်းအားပေးခြင်း။)
30. Activity - (လုပ်ဆောင်မှု။)
31. Coordination - (လုပ်ငန်းညှိနှိုင်း၊ ပူးတွဲလုပ်ဆောင်ခြင်း။)
32. Controlling - (ထိန်းသိမ်း၊ ကွပ်ကဲဆောင်ရွက်ခြင်း။)
33. Delegation - (လုပ်ငန်းတာ၀န် ခွဲဝြေခင်း၊ ကိုယ်စားလှယ်ပေးခြင်း။)
34. Communication - (ပြန်ကြားဆက်သွယ်ဆောင်ရွက်ခြင်း။)
35. Information Sharing - (အသင်းအချက်အလက် မျှဝြေခင်း။)
36. Memorandum - (သတိရစေရန်ရေးထားချက်၊ မှတ်တမ်း။)
37. Team-Working - (အဖွဲ့လိုက် ပူးပေါင်းပါ၀င်ဆောင်ရွက်ခြင်း။)
38. Time-Management - (အချိန်နှင့် လျှော်ညီစီမံခန့်ခွဲမှု။)
39. Job-Description (JD) - (လုပ်ငန်းဆောင်ရွက်မှု တာ၀န်၊ ၀တ်တရားမြား။)
40. Initiation - (အစပျိုးလုပ်ဆောင်ခြင်း။)
41. Establishing - (အကောင်အထည်ဖော်ခြင်း။)
42. Monitoring - (စောင့်ကြည့် အကဲဖြတ်လုပ်ဆောင်ခြင်း။)
43. Evaluation - (ဆန်းစစ်အကဲဖြတ်ဆောင်ရွက်ခြင်း။)
44. Sustainability - (ရေရှည် တည်တံ့ခိုင်မြဲခြင်း။)
45. Accomplishment - (လုပ်ငန်းပြည့်စုံပြီးမြောက်ခြင်း။)
46. Innovation - (ဆန်းသစ်တီထွင်ခြင်း။)
47. Performance - (ပြုမူဆောင်ရွက်ခြင်း။)
48. Appraisal - (သုံးသပ်အကဲဖြတ်မှု။)
49. Safe & Security - (လုံခြုံစိတ်ချမှု။)
50. Role & Responsibility- (တာ၀န်၊ ၀တ်တရားမြား။)

- မူရင်းရေးသားသူ

20/08/2023

Listen & Practice

Grammar (၂၃) မျိုးကို ကဗျာရွတ်ပြီး လေ့လာကြမယ်********************************(1)When = by the timeBy the time နဲ့ when က...
21/07/2023

Grammar (၂၃) မျိုးကို ကဗျာရွတ်ပြီး လေ့လာကြမယ်
********************************

(1)
When = by the time
By the time နဲ့ when ကိုကွယ်၊ ပြန်လှန်ပြောင်းရေးမယ်၊ ကျန်တာတွေကိုပြန်ကူးရေး၊ ကော်မာ , ထည့်လို့ပေး။

(2)
When = Ving
When ဝါကျကိုရှာလို့ကွယ်၊ Subject အထိဖယ်ပေးထား Verb ကို V1ပြောင်း ing နဲ့ပေါင်း၊ ကျန်တာတွေကိုပြန်ကူးရေး၊ ကော်မာထည့်လို့ပေး၊ Pronoun ကို Noun ပြောင်းလို့၊ ကျန်တာပြန်ကူးစို့၊ တစ်ခါတစ်ရံ When အစား and, as, because များမေးထားတယ်လို့ သတိထား When-Vingမခက်သား၊ ရေးစို့လွယ်လွယ်လား။

(3)
It is / was who / that
V1ကြိယာတွေ့သောအခါ It is နဲ့စပါ၊ V2ကြိယာတွေ့ရင်တော့ It was ရေးလိုက်ပေါ့။ လူပုဂ္ဂိုလ်များတွေ့သောအခါ who နဲ့ဆက်လိုက်ပါ၊ လူမဟုတ်ဘဲတွေ့ခဲ့လို့ that ဟုရေးကြစို့၊ ကျန်စကားလုံးများပြန်ရေးပေး၊ ရေးစို့လွယ်လွယ်လေး။

(4)
Double Negative Pattern
There is / was no that / who not
V1ကြိယာပေးရင်ကွယ်၊ there is no စမယ်၊ V2ကြိယာပေးထားတော့ there was no ပေါ့။ မေးခွန်းထဲမှာ every ပါ၊ သူ့ကိုဖယ်လိုက်ကွာ၊ All the တွေ့လည်းဖြုတ်ထားကွဲ့ ပြန်မထည့်ရဘူးကွဲ့။ Sub ဖြစ်တဲ့နာမ်ပုဒ်ဟာ တစ်ခုကိန်းဖြစ်ရမှာ၊ who, that, where တို့သင့်ရာရွေး၊ နာမ်နောက်ကပ်လို့ပေး၊ ပေးထား Verb ကိုအကူခေါ် do, does, did လေးနော် not ထည့်ပေးကာရေးလို့ပေး ကျန်တာပြန်ကူးရေး။

(5)
Noun in Apposition
ဂုဏ်ရည်ပြကိုရွေးလို့ကွယ် Verb to be ထိဖယ်၊ ကျန်တဲ့နာမ်ကို မူတည်လို့ ဆိုင်ရာနာမ်နောက်ပို့၊ နာမ်တွေကြားမှာ ကော်မာခြား ရှေ့နောက်ချိန်ဆ သတိထား။

(6)
Neither nor
မတူတာနှစ်ခုတွေ့ရင်ကွယ်၊ neither nor ဆက်မယ်၊ တူတာကိုတော့တစ်ခုထည့် စကားဆက်ဖြုတ်ခဲ့။ အဓိကကျတာကြိယာ no, not ဖြုတ်လိုက်ပါ။ ကတ္တား၊ ကြိယာ သေချာကြည့် ကိန်းကာလကိုညှိ။

(7)
Both and
မတူတာနှစ်ခု တွေ့သောအခါ both and နဲ့ဆက်ပါ။ တူတာကိုတော့ တစ်ခုထည့် စကားဆက်ဖြုတ်ထားခဲ့။ ကတ္တား၊ ကြိယာ သေချာကြည့်၊ ကိန်းကာလကိုညှိ။

(8)
Not only but also
မတူတာနှစ်ခုတွေ့သောအခါ not only but also ဆက်လိုက်ပါ။ တူတာကိုတော့တစ်ခုထည့် စကားဆက်ဖြုတ်ထားခဲ့၊ but also နောက်က subject ကြည့် ကိန်းကာလကိုညှိ၊ neither nor သာတွေ့ခဲ့က အငြင်းကြိယာပြုလုပ်ကြ။

(9)
Although In spite of
Although နေရာ In spite လာ subject တူသလားကွာ၊ တူသော subject တစ်ခုဖျက် Although ဝါကျဆက်၊ Although ဆက်မှ Verb ကိုကွယ် V4ပြင်ရေးမယ်၊ နောက်ဝါကျကိုပြန်ကူးရေး ကော်မာထည့်လို့ပေး။

(10)
In spite of Although
In spite နေရာ Although လာနောက်ကျ subject ရှေ့ပို့ပါ၊ ing ကိုမူရင်းပြောင်း ကော်မာထည့်လို့ပေါင်း၊ ရှေ့ပို့ subject အကဲဖြတ် နောက်ဝါကျမှာ နာမ်စားကပ်။

(11)
Too to > Not enough to
Too ကိုဖယ်လို့ not ထည့်ကာ Adjective (adverb) ကိုရှာ၊ ပြောင်းပြန်စကားလုံးပြန်၍သုံး သူ့နောက် enough ထည့်လိုက်ဦး။ V2 ကြိယာတွေ့ရင်ကွယ် did ကူခေါ်၍ သုံးရမယ်၊ စာကြောင်းကြည့်ကာသေချာရေး not enough to လွယ်လွယ်လေး။

(12)
Not enough to > too to
Not ကိုဖယ်လို့ too ထည့်ကာ Adjective (adverb) ကိုရှာ၊ ပြောင်းပြန်စကားလုံးပြောင်း၍သုံး enough ဖြုတ်လိုက်ဦး၊ did ကူသုံးလို့တွေ့ရင်ကွယ် V2 လို့ပြင်မယ်၊ စာကြောင်းကြည့်ကာသေချာရေး too to မခက်သေး။

(13)
Too to > so that
Subject တူသောဝါကျမှာ too ကို so ပြောင်းပါ၊ adjective နောက်မှာ that ထည့်ပေး to ကိုဖြုတ်၍ရေး၊ ထို to နေရာအစားမှာ Subject ပြန်ထည့်ပါ၊ subject နောက်ကကြိယာများ အငြင်းပုံစံထား။
Subject မတူဝါကျမှာ too ကို so ပြောင်းပါ၊ Adjective နောက်တွင် that ထည့်လို့ကျန်တာပြန်ကူးစို့၊ Object အား Subject ထား၊ အငြင်းကြိယာရေးစို့လား၊ V1ရှေ့က to ဖြုတ်ပေး Object သင့်ရာနောက်ဆုံးရေး။

(14)
If > Unless
If ရဲ့နေရာ Unless လာပုံသေမှတ်ထားပါ၊ ကြိယာကိုသေချာကြည့် ကြောင်းကျိုးညီအောင်ညှိ။ If clause Verb ဟာ P (အဟုတ်ဝါကျ) ဖြစ်လျှင် Main clause Verb ကိုပြောင်းပြန်ပြင်။ If clause Verb ဟာ N (အငြင်းဝါကျ) ဖြစ်က အဲဒီ Verb ကို P ပြင်ကြ။
P = positive (အဟုတ်ဝါကျ)
N = negative (အငြင်းဝါကျ)
Nm : If တစ်လုံးတည်း unless ပဲ နောက်ဝါကျကပြောင်းပြန်ပဲ။ If not ဆိုတော့ unless ပေါ့နောက်ဝါကျက ဒီအတိုင်းပေါ့။

(15)
Unless > If
Unless နေရာ If လာ အကူကြိယာခေါ်လိုက်ပါ၊ not ထည့်ပေးရမှာ၊ ကျန်တာတွေပြန်ကူးရေး ကော်မာထည့်လို့ပေး။

(16)
Parallel Structure
The + D2 + S + V , the + D2 + S + V +
If, because စကားဆက်များ ဖြုတ်လိုက်တော့ The + D2 နဲ့ စရေးပေါ့။ ထိုသို့ D2 ရေးပြီးခါ Subject Verb ကပ်လိုက်ပါ။ ကော်မာထည့်ကာ နောက်စာကြောင်း ရှေ့ပုံစံအတိုင်း လိုက်၍ပြောင်း။
The more ရေးလိုက်ကြ၊ အငြင်းဝါကျဖြစ်သောအခါ not ဖြုတ် the less ရေးရမှာ၊ subject နာမ်ပုဒ်ဖြစ်နေက be ကို ဖြုတ်လိုက်ကြ၊ subject နာမ်စားဖြစ်ရင်ကွယ် be ကို ထည့်ရမယ်၊ adj (adv) ပါပြီး အငြင်းဖြစ်က the less adj/adv ပြောင်းလိုက်ကြ။

(17)
Relative Pronoun
Subject ဟာ လူဖြစ်လာ၊ Who နဲ့ ဆက်လိုက်ပါ။ Objective ဟာ လူဖြစ်တော့ Whom နဲ့ ဆက်လိုက်ပေါ့။ ပိုင်ဆိုင်မှုကိုဖော်ပြလို၊ Whose နဲ့ဆက်ပါဆို။ Subject, Object လူမဟုတ်၊ which, that ဆက်လိုက်စို့။ အရာ၀တ္ထု ဖော်ပြပေး what နဲ့ ဆက်လို့ရေး။

(18)
Article (A-An-The) သုံးနည်း
ရေတွက်ရတဲ့ နာမ်ရှေ့မှာ A ကိုသုံးကြပါ၊ (အ) အသံပါတဲ့ နာမ်ရှေ့တော့ An ကို သုံးကြပေါ့။ မြစ်၊ ပင်လယ်နဲ့ သမုဒ္ဒရာ၊ ကျွန်းစု တောင်တွေပါ၊ သတင်းစာ၊ ဟိုတယ်၊ နိုင်ငံများ၊ ရုပ်ရှင်၊ ဇာတ်ရုံ မှတ်ကာထား။ လောကကြီးမှာ တစ်ခုတည်းပါ နေ၊ လ၊ မြေကြီး၊ ကောင်းကင်ပြာ၊ အားလုံးရှေ့မှာ The ကိုသုံး မှတ်ကြအလွယ်ဆုံး။

(19)
V-1 ပုံစံ ရေးနည်း
V-1 ပုံစံရေးနည်းကွာ၊ အားလုံးသိအောင် ပြောပြမှာ၊ Subject နောက်မှာ V-1 ကပ် ရိုးရိုးဝါကျမှတ်။ Subject ပြီးတော့ do, does လာ not လေး ကပ်လိုက်ပါ၊ ကပ်ပြီး V-1 တပ်၊ အငြင်းဝါကျမှတ်။ Do, Does လေးနဲ့ Subject မှာ V-1 လေးလည်း လိုက်ရမှာ။ နောက်ဆုံးမှာ (?) တပ်၊ မေးခွန်းဝါကျမှတ်။

(20)
W.H မေးခွန်းပုံစံ ပြောင်းနည်း
ဘာမေးတာလည်း အရင်ကြည့်ပါ၊ W.H question စရေးမှာ၊ Helping ပါရင် ရှေ့ပို့ရ ကျန်တာကူးလိုက်ကြ။ Who နဲ့ Which နဲ့ သုံးရင်ကွာ နောက်က Noun ကပ်ပါ၊ Helping မပါရင် ခေါ်မှာပေါ့ V-to-do ကိုတော့။ Does ကိုရှေ့ကသုံးတဲ့အခါ Verb က (s) ကို ဖြုတ်ရမှာ၊ did ကိုသာသုံးရင်တော့ V1 ပြောင်းမှာပေါ့။

(21)
Preposition အသုံးပြုနည်း
နာရီရှေ့မှာ at သုံးပါ၊ မွန်းတည့်၊ အရုဏ်၊ ညလည်းပါ၊ နေ့တွေရှေ့မှာ on သုံးတော့၊ နှစ်၊ လ အမည် in နဲ့ပေါ့။ စတင်တဲ့အချိန် form သုံးမှာ ထွက်ခွာအရပ်လည်းပါ၊ ကြာတဲ့အချိန် for သုံးတော့၊ နိုင်ငံ၊ မြို့ရွာ in နဲ့ပေါ့။ အရပ်ဌာနရှေ့နားမှာ at ကို သုံးလိုက်ပါ၊ စီးလို့ရတဲ့ယာဉ်တွေတော့ by နဲ့တွဲမှာပေါ့။

(22)
V-ing ပုံစံ ရေးနည်း
Subject ပြီးတော့ am, is, are ၊ ing လေး တွဲလိုက်ပါ၊ ရေးပါ မှတ်ပါ ပုံစံများ ing တဲ့လား။ Subject ပြီးတော့ am, is, are ၊ not လည်း လိုက်ခဲ့ပါ၊ ing ကို ရေးပါလား၊ အငြင်းဝါကျများ။ Is နဲ့ Are ကို ရှေ့မှာတည် Subject-ing နောက်ဆုံးမှာ (?) ထား အမေးဝါကျများ။

(23)
V-2 ပုံစံရေးနည်း
Subject-V 2 တွဲရေးမည်၊ ရိုးရိုးဝါကျဖြစ်ပါသည်၊ Subject-did not-V1 တော့ အငြင်းဝါကျဖြစ်မှာပေါ့။ Did ကို ရှေ့ကရေးရမည် Subject-V1 လိုက်ပါသည်၊ (?) ကို နောက်ဆုံးတော့ V2 မေးခွန်း ဖြစ်မှာပေါ့။

Credit -

https://m.facebook.com/story.php?story_fbid=740489601418322&id=100063718673855&mibextid=Nif5oz
21/07/2023

https://m.facebook.com/story.php?story_fbid=740489601418322&id=100063718673855&mibextid=Nif5oz

သင်ဟာ ပညာရပ်နယ်ပယ်တစ်ခုခုမှာ ထူးချွန်ထက်မြတ်ပြီး တက္ကသိုလ်မှာ ဆက်လက်ပညာသင်ယူနိုင်ဖို့အတွက် ငွေကြေးဆိုင်ရာအခက်အခဲတွေကို ကြုံတွေ့နေရတဲ့ ကျောင်းသူ၊ ကျောင်းသားတစ်ယောက်ဖြစ်ပါသလား။ ဒါဆိုရင် ဖောင်တော်ဦးအပြည်ပြည်ဆိုင်ရာတက္ကသိုလ် (PIU) ၏ Presidential Scholarship အစီအစဥ်က တဆင့် သင့်ရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်လိုက်ပါ။

PIU ၏ Founder & President ဆရာတော် ဘဒ္ဒန္တနာယက က ပေးအပ်ချီးမြှင့်တဲ့ ဒီပညာသင်ဆုအစီအစဥ်ဟာ ထူးချွန်သောပညာရေးအောင်မြင်မှုများ၊ ခေါင်းဆောင်မှုစွမ်းရည်နှင့် ရပ်ရွာလူထုအကျိုးပြုနိုင်မှုရှိသော နယ်ပယ်အသီးသီးမှ ထူးချွန်ထက်မြတ်ပြီး ငွေရေးကြေးရေးအခက်အခဲရှိသည့် ကျောင်းသူ၊ ကျောင်းသားများအား ကူညီပံ့ပိုးပေးရန်ရည်ရွယ်သည့် ဂုဏ်သိက္ခာကြီးမားသော ပညာရပ်ဆိုင်ရာ အစပျိုးမှုတစ်ခုဖြစ်ပါတယ်။ ပညာသင်ဆုအစီအစဥ်အကြောင်း အသေးစိတ်သိရှိရန် - https://bit.ly/piuacademic-psp

ဒီပညာသင်ဆုအစီအစဥ်ဟာ ထူးချွန်သော ကျောင်းသူ၊ ကျောင်းသားများအတွက် ၎င်းတို့၏ ပညာရေးအိပ်မက်များကို အကောင်အထည်ဖော်ဆောင်ရန်၊ ခေါင်းဆောင်မှုစွမ်းရည်များမြှင့်တင်ရန်နှင့် ရပ်ရွာလူထုအတွက် အဓိပ္ပါယ်ရှိသော ပံ့ပိုးကူညီမှုများပြုလုပ်နိုင်ရန် ထူးခြားသော အခွင့်အလမ်းတစ်ရပ်ဖြစ်ပြီး စိတ်ဝင်စားတဲ့ ကျောင်းသူ၊ ကျောင်းသားများအားလုံး လျှောက်ထားပါဝင်နိုင်ကြပါတယ်။ ပညာသင်ဆုလျှောက်ထားနိုင်တဲ့ နောက်ဆုံးရက်ကတော့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ မြန်မာစံတော်ချိန် ည (၁၁:၅၉) နာရီထိ ဖြစ်တာကြောင့် ယခုပဲ အောက်ပါလင့်ခ်က တဆင့် လျှောက်ထားလိုက်ပါ။

ပညာသင်ဆုလျှောက်ထားရန် - https://bit.ly/piu_psp

Are you a student who excels in any academic field and is facing financial difficulties to continue studying at the university? Make your dreams come true through the Presidential Scholarship Program of Phaung Daw Oo International University - PIU.

The Presidential Scholarship Program generously offered by Ven. U Nayaka, Founder and President of Phaung Daw Oo International University – PIU, is a prestigious academic initiative designed to support exceptionally talented-but-financially-struggled students from various backgrounds who demonstrate outstanding academic achievements, leadership potential, and a commitment to community service. Learn more about the scholarship - https://bit.ly/piuacademic-psp

PIU's Presidential Scholarship Program is open to all students, and represents a unique opportunity for talented individuals to pursue their academic dreams, develop their leadership potential, and make a meaningful contribution to society. As the deadline to apply for this scholarship is at 11:59 p.m. Myanmar time on July 31, 2023, APPLY NOW through the link below!

Apply here - https://bit.ly/piu_psp

13/07/2023

လိုင်းသုံးယင်းစာသင်မေ

Address

Ponnagyun
G24P+CWX,

Telephone

+959259033227

Website

Alerts

Be the first to know and let us send you an email when New Day Language Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to New Day Language Academy:

Shortcuts

Share