24/09/2023
#အလုပ်ခေါ်စာ
Future Generation Private School
#ကိုယ်ပိုင်အလယ်တန်းကျောင်း မာ
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်ကပင် စတင်လို့ အောက်ပါရာထူးနီရာတိမာ ခန့်အပ်တာဝန်ထမ်းဆောင်ပြီးကေ ပူးပေါင်းဆောင်ရွက်လာဖို့အတွက် ဆရာဆရာမတိကို ဖိတ်ခေါ်ပါရေ။
၁။ English Teacher - ၂ ဦး (ကျား/မ)
၂။ ဘာသာရပ်ပြ ဆရာဆရာမ - ၅ ဦး (ကျား/မ)
၃။ ကွန်ပျူတာစာရေး - ၁ ဦး (ကျား/မ)
ပညာအရည်အချင်းနန့် လိုအပ်ချက်တိ
၁။ English Teacher နီရာအတွက် လျှောက်ထားဖို့ ဆရာဆရာမတိစွာ
(က) တက္ကသိုလ်တခုခုက ဘွဲ့ရဖြစ်ရပါဖို့။
(ခ) အင်္ဂလိပ်ဘာသာစကားကို ရွီးဖတ်ပြောနာ (Four Skills) ပိုင်နိုင်ရပါဖို့။
(ဂ) ၂၁ ရာစု သင်ကြားရေးနည်းစနစ်တိကို နားလည်ကျွမ်းကျင်ပိုင်နိုင်ရပါဖို့။
၂။ ဘာသာရပ်ပြ ဆရာဆရာ နီရာတိအတွက် လျှောက်ထားဖို့ဆရာဆရာမတိစွာ
(က) တက္ကသိုလ်တခုခုက ဘွဲ့ရဖြစ်ရပါဖို့။
(ခ) မူလတန်းနန့် အလယ်တန်းဘာသာရပ်တိထဲက အနည်းဆုံး ဘာသာရပ်နှစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ပြနိုင်ရပါဖို့။
(ဂ) ၂၁ ရာစုသင်ကြားနည်းစနစ်တိအတိုင်း ပိုင်နိုင်စွာ သင်ပြပီးနိုင်ရပါဖို့။
၃။ ကွန်ပျူတာစာရေး ရာထူးနီရာအတွက် လျှောက်ထားဖို့လူတိစွာ
(က) Microsoft (Word, Excel, Powerpoint), Adobe Page Maker တိကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ရပါဖို့။
(ခ) Photoshop နန့် Video Editing ကို အခြေခံတတ်သိနားလည်သူဖြစ်ရပါဖို့။
၄။ သင်ကြားရေးရာထူးလျှောက်ထားရေ ဆရာဆရာမတိစွာ
(က) Green Card ရပြီးသားလူကို ဦးစားပီးခန့်ထားပါဖို့။
(ခ) MA, MSc ဘွဲ့ရတိကို ဦးစားပီးခန့်ထားပါဖို့။
(ဂ) ကျောင်းက ပို့ချစေလွှတ်တေ သင်တန်းတိကို တက်ရောက်နိုင်စွမ်းဟိသူ ဖြစ်ရပါဖို့။
(ဃ) ကျောင်းမာ အမြဲတမ်းဝန်ထမ်းအဖြစ် အချိန်ပြည့်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရပါဖို့။
(င) ကျောင်းနန့် သုံးနှစ်စာချုပ် ချုပ်ဆိုနိုင်သူဖြစ်ရပါဖို့။
အကျိုးခံစားခွင့်
၁။ ရာထူးနီရာအားလုံးအတွက် အရည်အချင်းနန့် သင်ကြားလုပ်ဆောင်နိုင်စွမ်းပေါ် မူတည်ပြီးကေ ထိုက်တန်သောလစာငွေကို ညှိနှိုင်းချီးမြှင့်ပီးပါဖို့။
၂။ နှစ်စဉ်ထပ်ဆောင်းချီးမြှင့်ငွေ Bonus ကို ခံစားခွင့်ရရှိပါဖို့။
၃။ စာချုပ်သက်တမ်းပြည့်ပါက သင့်တော်သော ချီးမြှင့်ငွေကို ခံစားခွင့်ဟိပြီးကေ လစာတိုးမြှင့်ပီးပါဖို့။
လျှောက်လွှာတင်သွင်းရဖို့ နောက်ဆုံးနိ
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နိ။
လျှောက်လွှာရယူတင်သွင်းရန်
Future Generation
ကိုယ်ပိုင်အလယ်တန်းကျောင်း
ပြည်ထောင်စုလမ်း၊ စံပြရပ်ကွက်၊ ပုဏ္ဏားကျွန်းမြို့။
ဖုန်း ၀၉၄၂၁၇၁၄၈၈၄၊ ၀၉၄၂၁၇၃၆၈၄၀၊
၀၉၂၅၃၇၁၆၆၃၁၊ ၀၉၂၅၃၀၇၇၂၂၄။