High School Khauk Sin

High School Khauk Sin နေ့ရက်တိုင်းကတော့ ကောင်းမနေဘူးပေါ့..
ဒါပေမယ့်....
နေ့ရက်တိုင်းမှာ ကောင်းတာတစ်ခုခုတော့
ရှိနေတတ်တယ်..

- ပြုံးပြတိုင်း မနောလှတယ်မထင်လိုက်နဲ့ အတွင်းပုပ်နေတဲ့နှလုံးသားကို အပေါ်ယံအပြုံးနဲ့ အလှဆင်ထားသူတွေရှိတယ်။ - စကားချိုတိုင်...
28/05/2021

- ပြုံးပြတိုင်း မနောလှတယ်မထင်လိုက်နဲ့
အတွင်းပုပ်နေတဲ့နှလုံးသားကို
အပေါ်ယံအပြုံးနဲ့ အလှဆင်ထားသူတွေရှိတယ်။

- စကားချိုတိုင်း သဘောကောင်းတယ်မထင်နဲ့
ခါးသက်သက်စိတ်ဓာတ်ကို သကာလောင်းလို့
ဟန်ဆောင်ကောင်းနေသူတွေရှိတယ်။

- အပြောကောင်းတိုင်း မယုံမိစေနဲ့
လိမ်ညာမယ့်သူတွေက ယုံရလောက်အောင်ကို
အပြောကောင်းသူတွေဖြစ်တယ်။

- စိတ်ချရတယ်ထင်ပြီး လျှို့ဝှက်ချက်တွေကို
ရင်မဖွင့်မိစေနဲ့
နှစ်သိမ့်စကားရဲ့နောက်ကွယ်မှာ
တသင်းဖွဖို့ သယ်ဆောင်သွားတတ်သူတွေရှိတယ် ။
ဗူး အပေါက်တစ်ရာ လိုက်ပိတ်ဖို့ အလွယ်လေးပါ.... ။

- သူချီးမွမ်းတိုင်း မုဒိတာပွားတယ်မထင်နဲ့
ရင်ထဲကမပါတဲ့ စကားလုံးတွေနဲ့
မြှောက်ပင့်ပေးလို့၊အတွင်းကြိတ်ပြီး
မနာလိုဖြစ်တတ်သူတွေရှိတယ်။

- အပေါင်းအသင်းများတိုင်း
မိတ်ဆွေစစ်လို့မထင်လိုက်နဲ့ အဆင်ပြေစဉ်
ကူချင်သူများပေမယ့်၊
ဒုက္ခကြုံချိန် ထူ မ မယ့်သူရှားသွားနိုင်တယ်။

- လူကောင်းတစ်ယောက်ဖြစ်ရုံနဲ့
ရိုးသားတယ်လို့ စိတ်မချလိုက်နဲ့
စစ်မှန်တဲ့ရိုးသားမှုဆိုတာ အခွင့်ကောင်းတွေက
စမ်းသပ်လိုက်မှပေါ်လာတတ်တယ်။

- ပညာတတ်တိုင်း ပညာရှိတယ် မထင်လိုက်နဲ့
မှားမှန်ခွဲခြား ဝေဖန်ပိုင်းဖြတ်နိုင်စွမ်းအားနည်းလို့
ဘွဲ့ရပြီးပညာတတ်မဆန် သူတွေရှိတယ်။

-သတိထားပါ
သစ်ပင် ကောက်တာ မြင်ရပေမယ့် …
လူ ကောက်တာကိုမမြင်နိုင်ဘူး
- မြစ်တွေ ၊ ချောင်းတွေထက်
လူတွေက ပိုကွေ့ကောက်တတ်တယ် ဆိုတာ မမေ့ပါနဲ့ ။

- အပေါ်ယံ ချိုမြိန်မှုတွေက
ကြာကြာဝါးမှခါးမှန်းသိလာသလို
လူတစ်ယောက်ရဲ့စိတ်ဓာတ် ၊
လူတစ်ယောက်ရဲ့ စိတ်ရင်း အမှန်ကို
ကြာကြာပေါင်းကြည့်မှသာ …
အကြောင်းသိ လာပါလိမ့်မယ်။

.

ကြေညာချက် အမှတ် ( ၁၃/၂၀၂၁ )မတ်လ (၁၄)ရက်၊ ၂၀၂၁ခုနှစ်။အကြမ်းဖက်မှုကျူးလွန်ခံရလျှင် ပြည်သူများအနေဖြင့် ဥပဒေနှင့်အညီ မိမိကို...
14/03/2021

ကြေညာချက် အမှတ် ( ၁၃/၂၀၂၁ )
မတ်လ (၁၄)ရက်၊ ၂၀၂၁ခုနှစ်။

အကြမ်းဖက်မှုကျူးလွန်ခံရလျှင် ပြည်သူများအနေဖြင့် ဥပဒေနှင့်အညီ မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိကြောင်း အသိပေးထုတ်ပြန်ခြင်း။
================
အကြမ်းဖက်အုပ်စုဖြစ်သည့် တရားမဝင် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ ၏ လက်ပါးစေ အဖျက်အမှောင့်ပြုသူများကို အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသော ပြည်သူများ၊ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) တွင် ပါဝင်ဆောင်ရွက်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအပေါ် အကြမ်း ဖက်သတ်ဖြတ်မှုများ၊ နေအိမ်များအတွင်း အဓမ္မဝင်ရောက် လုယက်ဖျက်စီးမှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်။ သို့ဖြစ်၍ ပြည်သူတို့၏ မွေးရာပါ လူသားအခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ပိုင်ခွင့်၊ လွတ်လပ်လုံခြုံစွာ ရှင်သန်ရပ်တည်ပိုင်ခွင့်တို့ကို ကာကွယ်နိုင်ရန်အတွက်လည်းကောင်း၊ ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်များကို ဥပဒေနှင့်အညီ ကာကွယ်ခုခံပိုင်ခွင့် ပေးအပ်ရန်အတွက်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် ဤကြေညာချက်ကို ထုတ်ပြန်လိုက်သည်။

၁။ ယနေ့ နိုင်ငံတော် ကို ကိုယ်စားပြုသူများမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ခေတ္တ ဒုတိယသမ္မတ မန်းဝင်းခိုင်သန်းတို့ ဦးဆောင်သော ပြည်သူ့အစိုးရနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီတို့ ဖြစ်သည်။

၂။ တရားမဝင်အာဏာသိမ်းစစ်ကောင်စီအား အကြမ်းဖက်အုပ်စု အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတ်မှတ်ကြေညာပြီး ဖြစ်သည်။

၃။ ပြည်သူများ၏ အသက်ရှင်သန်ပိုင်ခွင့်နှင့် လွတ်လပ်လုံခြုံစွာ ရှင်သန်ရပ်တည်ခွင့်ကို ထိပါးနှောက်ယှက်ခြင်း၊ အကြမ်းဖက် ခြင်းပြုသော အကြမ်းဖက်အုပ်စု၏သစ္စာခံ လက်နက်ကိုင်အဖွဲ့များ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံ့ဝန်ထမ်း၊ ပြည်သူဝန်ထမ်းအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်သည်။

၄။ တရားမဝင် အာဏာသိမ်း စစ်ကောင်စီကဖြစ်စေ၊ ၎င်း၏ အဆင့်ဆင့်တာဝန်ပေးအပ်ချက်အရ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်း မဟုတ်တော့သည့် လက်နက်ကိုင် အဖွဲ့အစည်းများကဖြစ်စေ၊ ၎င်းတို့၏ လက်ပါးစေ သို့မဟုတ် ၎င်းတို့အကျိုး လိုလားသူများ ကဖြစ်စေ ပြည်သူများအား အကြမ်းဖက်မှု တစ်စုံတစ်ရာ ကျူးလွန်လျှင် တည်ဆဲပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) အခန်း(၄) ကာကွယ်ခုခံပိုင်ခွင့်ဆိုင်ရာ ပြဌာန်းချက်များအရ ပြည်သူများအနေဖြင့် မိမိအတွက် သို့မဟုတ် အခြားသူအတွက် ဥပဒေနှင့် အညီ ကာကွယ်ခုခံပိုင်ခွင့် အပြည့်အဝရှိသည်။ ထို့ပြင် မွေးရာပါလူသားအခွင့်အရေးအရ မိမိတို့၏ အသက်ရှင်သန်ခွင့်ကို ကာကွယ်ရမည်ဖြစ်သည်။

၅။ ပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်စေ၊ ရပ်ကွက် ကျေးရွာ အစုအဖွဲ့ အလိုက်ဖြစ်စေ၊ နေရာဒေသအလိုက် မြို့နယ်အလိုက်ဖြစ်စေ မည်သူ မဆို ဥပဒေနှင့်အညီ ကာကွယ်ခုခံပိုင်ခွင့်အရ တုန့်ပြန်ဆောင်ရွက်မှု မှန်သမျှသည် ပြစ်မှုမမြောက် ကြောင်း အသိပေးကြေညာ အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

14/03/2021

အာဏာသိမ်းစစ်တပ်က ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ ရပ်တံ့ရေး နိုင်ငံခြားက ဝင်ရောက် စွက်ဖက်ဖို့ တောင်းဆိုထားတဲ့ ....

မန်းလေး ညသပိတ်
12/03/2021

မန်းလေး ညသပိတ်

11/03/2021

"UN" က-"ရှုံ့ချတယ်"ဆိုတဲ့ "စာတစ်စောင်"ထွက် ဖို့ကို-

-"တရုတ်"ကပယ်ချလိုက်၊
-"ရုရှား"ကပယ်ချလိုက်နဲ့။
ကူညီတာ အသာထား -ရှုံ့ချဖို့ကို (၁)လခွဲလောက်ကြာတယ်။

"UN ရဲ့အကူအညီ"ယူရတာလည်း-
"ဝူခုန်းတို့အုပ်စု""ကျမ်းစာ"သွားပင့်သလို ဖြစ်နေပြီ။

"ဝူခုန်း"တစ်ယောက်ထဲတန်ခိုးနဲ့ သွားယူလိုက်ရင်-
"ရွှီးရွှမ်း"ဆို တစ်ရက် ထဲနဲ့ယူလာ။

ပြီးပြီ။

"ဆရာတော်" နဲ့ "တစ်အုပ်တစ်မကြီး"ခေါပြီးသွားကြတော့-
(၁) ရက် ခရီးကို (၁၄) နှစ် ကြာသွားတယ်။

-ဆရာတော့် ကို ဖမ်းသွားလိုက်၊
ဆရာတော် ကို ပြန် ကယ် လိုက်။

-"ပါကျဲ" ကိုဖမ်းသွားလိုက်၊
လိုက်ကယ်လိုက်နဲ့-

ရှေ့ကိုမရောက်ဘူး။

08/03/2021

Mrtvလေသံဖြင့် 😆

မိမိရေးတင်သော postတိုင်းသည်

မည်သူတစ်ဦးတစ်ယောက်ကိုမှ
မရည်ရွယ်ပါ🙅🙅

ဖုန်းကို မိုးပေါ်ထောင်ထားပြီး
ရေးလိုက်ခြင်းသာဖြစ်ပြီး 😌😌

တစ်စုံတစ်ယောက်ကိုထိမှန်ပါက

လူကြီးမင်းသည် ရည်ရွယ်ချက်ရှိရှိ
ဝင်တိုက်ခြင်းသာဖြစ်သည် 😇😇

ထို့ကြောင့်
ဥပဒေနဲ့အညီ

မညီလျှင်လည်း ဂရုမစိုက်ပဲ
ဆက်ပြီးရေးတင်သွားမည်
ဆိုတဲ့အကြောင်းကို

ကြိုပြီးအသိပေးအပ်ပါတယ်😇😇

08/03/2021

[အင်တာနက်ပိတ်ချိန်]

အချိန် လျှော့လိုက်ပါတယ်။ ပုံမှန် ည သန်းခေါင်ကျော် ၁ နာရီကနေ မနက် ၉ နာရီထိ ပိတ်တာကနေ - ခု ည သန်းခေါင်ကျော် ၁ နာရီကနေ မနက် ၆:၃၀ ထိပဲ ပိတ်တော့မယ်ဆိုပြီး ပြောင်းလိုက်တာပါ။

08/03/2021

UN မှာဘယ်လိုဆုံးဖြတ်ချက်ပဲချချ သက်ဆိုင်ရာ လူဦးရေရဲ့3.5% အနည်းဆုံးထောက်ခံဖို့လိုပါတယ်။ လို့ကြားသိရပါတယ်။ အနည်းဆုံး 1.9Mလိုပါတယ်။ အခု1.6Mကျော်ပဲရှိပါသေးတယ်။



အားလုံးအမြန်တင်ကြပါ။

ယနေ့ ပင်လည်ဘူးမြို့နယ် မြေတိုင်းရုံးမှထပ်တိုး (၁)ဦး CDM ပါဝင်ဦးနိုင်ထက်လင်း(မြေတိုင်း - ၅) အုန်းပြင်ရွာအရေးတော်ပုံမုချ...
08/03/2021

ယနေ့ ပင်လည်ဘူးမြို့နယ် မြေတိုင်းရုံးမှ
ထပ်တိုး (၁)ဦး CDM ပါဝင်

ဦးနိုင်ထက်လင်း(မြေတိုင်း - ၅) အုန်းပြင်ရွာ

အရေးတော်ပုံမုချအောင်ရမည်
၈၊ ၃၊ ၂၀၂၁

08/03/2021
07/03/2021

၆ဦးအဖွဲ့ရေ
ဆန္ဒဖော်ထုတ်ကြတော့
သင်တို့ကို
မနှစ်နာစေခဲ့ဘူး

ပင်လည်ဘူးသားတွေ
နစ်နာမှုရှိခဲ့လျှင်
သင်တို့မှာတာဝန်ရှိပါတယ်

Address

Pinlebu

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when High School Khauk Sin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category