Literary knowledge စာပေဗဟုသုတ

Literary knowledge စာပေဗဟုသုတ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Literary knowledge စာပေဗဟုသုတ, Education, Pinlaung.

ရင့်ကျက်သင့်ပါပြီ---------//-------ဆရာကြီးအောင်သင်းရဲ့ စကားလေးလူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိုင်...
26/01/2024

ရင့်ကျက်သင့်ပါပြီ
---------//-------
ဆရာကြီးအောင်သင်းရဲ့ စကားလေး

လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိုင်ဘူး။ ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး။

တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ။ ကျနော်အကြိုက်ဆုံးကတော့ ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး။

"ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ"တဲ့

ဆရာပြောမှ ရှင်းသွားတယ်

ရည်းစားထားစဆို တစ်ယောက်နဲ့တစ်ယောက် သဝန်တိုကြတယ် ဟိုဟာမဝတ်နဲ့ ဒီလိုမဝတ်နဲ့ ချုပ်ချယ်ကြတယ်။ ကြီးလာတော့ သူ့ရဲ့ လွတ်လပ်ခွင့်ဆိုတာကို နားလည်ပေးနိုင်လာကြတယ်။ ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ သိတယ် မိဘကိုပူဆာတယ် မိဘနဲ့ ပြသနာတွေ ဖြစ်တယ်။ ကြီးလာတော့ ဒါတွေနည်းသွားတယ်
ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ။

အလုပ်မှာလည်း ဒီလိုပဲ
မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ဘူး။ ငါ ဒီလောက်လုပ်ပေးရက်နဲ့ ငါ ဒီလောက်အဆင်ပြေပြေ နေရက်နဲ့ သူတို့က ဘယ်လိုလို့ တွေးတတ်ကြတယ်။ ကိုယ့်အောက်ကလူတွေအပေါ် မညှာမတာ မာန်မဲတတ်တယ်။

ကိုယ့်အထက်လူကြီးတွေကိုလည်း ဒါတွေ ဒါတွေ မလုပ်ပေးရကောင်းလား ဆုံးဖြတ်တာကလည်း နှေးလိုက်တာ မပြတ်သားလိုက်တာ ပျော့လိုက်တာ စသဖြင့် အပြစ်တင်မိတတ်တယ်။

အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့်
ပြောင်းလဲလာတာတွေ အများကြီးရှိတယ်ဆို ဒါ ကိုယ် ရင့်ကျက်လာတာပဲပေါ့။ အဲ့လိုမဟုတ်ဘဲ အရင်ကလည်း ဒီစိတ် ခုလည်း ဒီစိတ်ဆိုရင်တော့ အချိန်တွေသာကုန်သွားတယ် ရင့်ကျက်မလာဘူးပဲ ပြောရမှာပါပဲ။

ကိုယ်ချင်းစာတယ်ဆိုတာ EQ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲ ဖြစ်တယ်။ ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက် အရေးကြီးကြောင်း တော်တော်လေး ပြောလာကြပြီ။ ဒါကြောင့် ကိုယ် ဘယ်လောက်ရင့်ကျက်သလဲ တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက် ကိုယ်ချင်းစာတတ်သလဲ ကိုယ်ဘယ်လောက် တခြားလူဖက်က လှည့်တွေးပေးနိုင်သလဲဆိုတာက မယုံမရှိပါနဲ့။ တချိန်မှာ ကိုယ့်အနာဂတ်အတွက် အရေးပါလာပါလိမ့်မယ်။

"ဒါဆို သင် ရင့်ကျက်လာပြီ"
*******************

ငယ်ငယ်တုန်း ကတော့
ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် လို့
ယုံကြည် ခဲ့ ဖူးပါတယ်
လက်တွေ့ ဘဝ မှာတော့
ဘာတွေကို ကြိုးစား ရမယ်၊
ဘာတွေကို လျစ်လျူရှု တတ်ရမယ်
ဆိုတာ သဘောပေါက် သွားခဲ့ပြီ
ဒါဆို သင် ရင့်ကျက်လာပြီ။

အရွုံး ဆိုတာ
နာကျင် စရာ မဟုတ်သလို၊
အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ
အရှုံးတွေနဲ့ မကြာခဏ ဆိုသလို
ရင်းနှီး လာရ ပေမယ့် အရှုံးသမားဆိုတဲ့
တံဆိပ်ကပ် မခံရအောင်
သင်ခန်းစာတွေ ယူတတ်လာခဲ့ပြီ
ဒါဆို သင် ရင့်ကျက်လာပါပြီ။

ဟိုးတုန်းက
သင်ယူတယ် ဆိုတာ
ဂုဏ်ယူနိုင်ဖို့ ဆိုတဲ့ ဦးတည်ချက်ပဲ ရှိခဲ့ပါ တယ်
နောက်ပိုင်းမှာတော့ သင်ယူတယ် ဆိုတာ
အသုံးချဖို့
မျှဝေဖို့
စတဲ့ အတွေးအခေါ်
အကြောင်းအရင်းတွေနဲ့
သင်ယူ လာတယ်။
ဒါဆို သင် ရင့်ကျက်လာပြီ။

၀မြးနညြး နေပေမယ့် ပြုံးနေမိတယ်
ရင်ထဲ ဝမ်းသာပေမယ့်
တည်ငြိမ်အောင် နေနေ ပါ တယ်
ဒါဆို သင် ရင့်ကျက်လာပြီ။

လူဆိုတာ
အကောင်းနဲ့အဆိုး ရောနေတဲ့
သူတွေ မှန်း သိလာရတယ်
ဒါပေမယ့်
ကောင်းတဲ့အချက်တွေကိုပဲ
မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို
လျစ်လျူ ရှု တတ်လာ ပါမယ်
ဒါဆို သင် ရင့်ကျက်လာပြီ။

အစပိုင်းမှာ
လူတွေ သတ်မှတ် ထားတဲ့
အောင်မြင်မှုကို ရှာတယ်
နောက်ပိုင်း မှာတော့
ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့
အောင်မြင်မှုကိုပဲ ရှာတော့တယ်
ဒါဆို ရင့်ကျက်လာပြီ။

ဘယ်အချိန်မှာ ပြောရမယ်၊
ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊
သင်ကောင်းကောင်း သိလာပြီ
ဒါဆို သင် ရင့်ကျက်လာပြီ။

လူတွေရဲ့ စကားကို
ဂရု မစိုက်တတ်ဘူး
ဒါပေမယ့်
ကိုယ့်ရဲ့ သိက္ခာ တရားကိုတော့
ဂရုစိုက် တတ်လာပြီ
ဒါဆို ရင့်ကျက်လာပြီ။

အဆိုးတွေ နဲ့ ကြုံရတိုင်း
ဝမ်းမနည်း တတ်တော့ဘူး
ဒါတွေဟာ အခိုက်အတန့်ပဲ ဆိုတာ
သိ သွားပြီ
ဒါဆို သင် ရင့်ကျက်လာပြီ။

ဘဝမှာ မတော်တဆအောင်မြင်တယ်ဆိုတာ လုံးဝမရှိပါဘူး။  အောင်မြင်ဖို့ နည်းလမ်းတွေကတော့ အတိအကျ မရှိပါဘူး။ ဒါပေမယ့် ဒီအရာတွေကို လု...
09/11/2023

ဘဝမှာ မတော်တဆအောင်မြင်တယ်ဆိုတာ လုံးဝမရှိပါဘူး။

အောင်မြင်ဖို့ နည်းလမ်းတွေကတော့ အတိအကျ မရှိပါဘူး။ ဒါပေမယ့် ဒီအရာတွေကို လုပ်ကြည့်ပါ။ အောင်မြင်မှုရရှိဖို့ အကူအညီဖြစ်ပါလိမ့်မယ်

- ကြီးကြီးမားမား တွေးခေါ်ပါ

- မိမိချစ်တဲ့အလုပ်ကို လုပ်ပါ၊ မိမိလုပ်တဲ့ အလုပ်ကိုချစ်ပါ

- ကျရှုံးမှာ မကြောက်ပါနဲ့

- အချိန်မဆွဲပါနဲ့

- လုပ်စရာရှိရင် ချက်ချင်းလုပ်ပါ

- ပေါင်းသင်းဆက်ဆံရေး ကောင်းပါစေ

- စိတ်ကူးစိတ်သန်းကောင်းပါ

- ဘာဘဲလုပ်လုပ် မိမိဘက်က ၁၀၀% စိတ်အားထက်သန်မှု၊ ၁၀၀%ကြိုးစားအားထုတ်မှုရှိနေဖို့ လိုအပ်ပါတယ်။

ဘဝကို အရှုံးမပေးနဲ့........( အရမ်းကောင်းလို့ လူငယ်တွေအစအဆုံး ဖတ်ကြည့်စေချင်တယ် )*********************************လောကကြီ...
03/11/2023

ဘဝကို အရှုံးမပေးနဲ့........

( အရမ်းကောင်းလို့ လူငယ်တွေအစအဆုံး ဖတ်ကြည့်စေချင်တယ် )
*********************************
လောကကြီးမှာ ရည်ရွယ်ချက်အတွက်
ပန်းတိုင်ကို ရောက်အောင်
လျှောက်နေသေးသ၍ သင်မှန်တယ်...။

လေတိုက်တိုင်း လွင့်နေရအောင်
သစ်ရွက်ခြောက်မှ မဟုတ်တာ....။

အမုန်းခံရတိုင်းသာ ဝမ်းနည်းရရင်
ကိုယ့်မျက်ရည်နဲ့ကိုယ်တောင်
ကမ်းမမြင် လမ်းမမြင်
လွင့်မျောနေလောက်ပြီ.....။

ချောက်တိုင်း ကြောက်ရရင်လည်း
ဒီကမ္ဘာမှာ နေစရာ နေရာတောင်
ရှိမှာမဟုတ်တော့သလို
ကြောက်တိုင်း ပြေးရရင်လည်း
ကမ္ဘာ့အပြင်ဘက်တောင်
ရောက်နေလောက်ရောပေါ့.....။

ပုံသေနည်း မရှိတဲ့ဘဝ
သမိုင်းစာမျက်နှာပေါ်မှာ
အမှားပေါင်း သောင်းခြောက်ထောင်
အဖျက်ရာတွေ ဗလပွနဲ့ ဘယ်သူမှ
ဒဏ်ရာနဲ့တော့ မကင်းဘူး....။

ဒီလိုပဲ... မှားသွားလိုက်
ပြန်ပြင်လိုက်၊ လဲကျလိုက်
ပြန်ထလိုက်နဲ့ပဲ ပန်းတိုင်ကို
လှမ်းကိုင်ကြတာပဲလေ....။

အမေက လမ်းလျှောက်တတ်အောင်
သင်ပေးခဲ့တယ်။
လောကကြီးက နေတတ်အောင်
သင်ပေးလိမ့်မယ်။
ဘယ်လိုနေမလဲဆိုတာတော့ စဉ်းစား....။

ငယ်ငယ်က အကြိမ်ကြိမ်
လဲကျခဲ့တာတောင် ပြန်ထပြီး
ဒီနေ့အထိရောက်အောင်
လျှောက်နိုင်ခဲ့သေးရင်
အမှားတွေကို ပြင်၊ လိုအပ်ချက်ကို ဖြည့်...။

နောက်နေ့တွေအတွက်....
ဆက်သာလျှောက် လမ်းမပျောက်စေနဲ့
ပန်းတိုင်က ရောက်ကို ရောက်တယ်

မင်း ကံ ကောင်းနေဖို့ မလိုဘူး...
မင်း ကောင်းနေဖို့ပဲ့ လိုတာပါ...
ကံကောင်းနေခြင်းက မင်းကို မကောင်းစေပါဘူး... ဒါပေမဲ့...
မင်းကောင်းနေခြင်းက
မင်းကံကိုပါ ကောင်းစေပါတယ်..

- ဘာလို့လဲ ဆိုတော့...
ကံဘယ်လောက်ကောင်းကောင်း
မင်းမှာ ကြိုးစားချင်စိတ် အလုပ်လုပ်ချင်တဲ့စိတ် မရှိရင်
ကံဆိုတဲ့အရာကြီးက မင်းဘဝရဲ့...
စားဝတ်နေရေးကို တာဝန်ယူမှာ မဟုတ်ပါဘူးလေ...

- အေး...ဒါပေမဲ့...
ကံဘယ်လောက်ပဲ ဆိုးနေပါစေ...
မင်းမှာ ကြိုးစားချင်စိတ် အလုပ်လုပ်ချင်တဲ့ စိတ်
ရှိနေသေးရင်တော့...

- မင်းဘဝရဲ့ စားဝတ်နေရေးကို
မင်းရဲ့ ကြိုးစားမှုတွေ မင်းရဲ့ လုပ်အားတွေက
တာဝန်ယူသွားလိမ့်မယ်...

- ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့
ကံကို မယုံပါနဲ့ လို့တော့ မပြောလိုပါဘူး...

- ဒါပေမဲ့...
လူငယ်တစ်ယောက်အနေနဲ့ ပြောချင်တာတစ်ခုက...
ကံဆိုတဲ့ မမြင်ရတဲ့ အရာထက်
မင်းဆိုတဲ့ မြင်နေရတဲ့ မင်းကိုယ်မင်း
ပိုပြီးယုံကြည်ပါလို့ ပြောချင်ပါတယ်...

- ကံကောင်းခြင်း ကံဆိုးခြင်းဆိုတာ...
မင်းအပေါ်မှာပဲ့ မူတည်ပါတယ်...
ရိုးရိုးလေးပါပဲ....

- မင်းကောင်းနေရင် မင်း ကံကောင်းလိမ့်မယ်...
မင်းဆိုးနေရင်တော့ မင်းကံဆိုးလိမ့်မယ်...
"ကျွန်တော် ဘာပဲလုပ်လုပ် အမြဲကံဆိုးနေတယ်လို့
ငြီးငြူမနေပါနဲ့...."

- မင်းပြောတဲ့ ကံဆိုးလို့ဆိုတဲ့ အလုပ်တွေကို
ဘယ်နှစ်ကြိမ်ကြိုးစားပြီး လုပ်ဖူးလဲ?????
တစ်ကြိမ်လုပ်ပြီး ကံဆိုးတယ်လို့ ထိုင်အော်မနေပါနဲ့...
အဲဒါ ကံဆိုးတာ မဟုတ်တော့ဘူး...
မင်းပျင်းတာ မင်းညံ့တာ ဖြစ်သွားပြီ...

- ဘာပဲ့လုပ်လုပ် ကံကိုပဲ့ အပြစ်ပုံချမနေနဲ့...
မင်းကိုယ်မင်းလဲ အပြစ်တင်ကြည့်ပါအုံး...
အဲဒါတွေ ဖြစ်နေတာ ကံကြောင့်မဟုတ်ဘူး...
အဲဒါတွေ ဖြစ်နေတာ မင်းကြောင့်ဆိုတာ မမေ့နဲ့...
လူငယ်တွေ မြဲမြဲမှတ်ထားပါ...

- မင်းတို့ အရမ်းယုံကြည်နေပါတယ် ဆိုတဲ့...
ကံကောင်းမှုကြီးက ဘယ်တော့မှ မင်းတို့ဆီကို
အပြုံးလေးနဲ့ လာမှာ မဟုတ်ဘူး...

- မနက်ဖြန်တိုင်းမှာ ကံကောင်းခြင်းတွေ ရှိတယ်...
"ဒါဆိုရင် အဲဒီကံကောင်းခြင်းတွေကို ကျွန်တော်တို့ ဘာလို့မရလဲ..."
မင်းတို့ ဘာလို့ မရလဲ သိလား?????

- "မင်းတို့ရဲ့ မနက်ဖြန်အတွက် မင်းတို့ ဒီနေ့ အသုံးမကျလို့ မရတာကွ..."
အနာဂတ် မနက်ဖြန်တိုင်းရဲ့
ကံကောင်းခြင်းတွေ လိုချင်ရင်...

- ပစ္စုပ္ပန် နေ့ရက်တိုင်းကို
အကောင်းဆုံး ကြိုးစားဖို့ လိုတယ်ဆိုတာ...
ဘယ်တော့မှ မမေ့ပါနဲ့....
မင်းလိုချင်တဲ့ ကံကောင်းခြင်းကို...
မင်းကလွဲပြီး ဘယ်သူမှ မယူပေးနိုင်ဘူးနော်...

- လူငယ်တွေပြန်လည် မျှဝေပေး

- မင်းတို့ ကြိုးစားမှုရဲ့ နောက်ကွယ်မှာ...
မင်းတို့ရဲ့ ကံကောင်းခြင်း တွေ ရှိနေလို့ပဲ့...
ကံကောင်းချင်ရင်...

- ပျင်းရိခြင်း နဲ့ သက်သာခြင်းကို ဝေးဝေးက ရှောင်ပါ...
လူငယ်တွေ တိုးတက်စေဖို့ ရည်ရွယ်လျက်...

မူရင်းရေးသားသူအားလေးစားစွာဖြင့်
Credit ပေးပါသည်ဗ

မေတ္တာ ဖြင့်
L K စာပေဗဟုသုတ

😥😥
01/11/2023

😥😥

အချစ်တေ မေတ္တာတွေဆိုတာ 😍😍😍ငွေရှိဖို့လည်းမလိုဘူး ပကာသနတေလည်း မလိုဘူး #ဘယ်လောက်ပင်ပန်းနေပါစေအနားရှိရင်လုံလောက်ပီဆိုတာမျိုး...
20/07/2023

အချစ်တေ မေတ္တာတွေဆိုတာ 😍😍😍

ငွေရှိဖို့လည်းမလိုဘူး

ပကာသနတေလည်း မလိုဘူး

#ဘယ်လောက်ပင်ပန်းနေပါစေအနားရှိရင်လုံလောက်ပီဆိုတာမျိုးလေး

မင်းဟာ အမြင့်မှာနေရင် လေတိုက်ခံရမယ်အနိမ့်မှာနေရင် လှံစိုက်ခံရမယ် ။အလယ်မှာနေရင် မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်မယ်ဘေးထွက...
14/04/2023

မင်းဟာ အမြင့်မှာနေရင်
လေတိုက်ခံရမယ်
အနိမ့်မှာနေရင် လှံစိုက်ခံရမယ် ။

အလယ်မှာနေရင်
မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်မယ်
ဘေးထွက်နေရင်
မကောင်းပြောကြလိမ့်မယ် ။

မင်းကမနေနိုင်လို့လုပ်ပေးတော့
အရူးထနေတာလို့ပြောကြမယ် ။

မင်းဘာမှမလုပ်ပဲနေတော့
မင်းကို ငပျင်းလို့ပြောကြလိမ့်မယ် ။

ဒီမှာ
မင်းကို မင်းရဲ့ပတ်ဝန်းကျင်က
ချီးမွန်းတဲ့စကားထက်
မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့
မင်းရဲ့ မှားကွက်ကို
စောင့်နေကြတယ် ။

မင်းအောင်မြင်နေတဲ့အချိန်
မင်းကိုကပ်ဖားပြီး
မင်းကျရှုံးတဲ့အချိန်
မင်းကိုနှာခေါင်းရှုံ့ကြလိမ့်မယ် ။

မျက်နှာဖုံးစွပ်တွေများတဲ့
လောကကြီးထဲမှာ
မိတ်ဆွေကောင်း
အင်မတန်ရှားပါးတယ် ။

မင်းမှန်တယ်ထင်ရင်
တကယ်လည်းမှန်နေရင်
ပတ်ဝန်းကျင်ကို
မင်းသိပ်ပြီးဂရုမစိုက်နဲ့ ။

မင်းစားနေတဲ့ထမင်းလုပ်အတွက်
မင်းကိုယ်တိုင်
ကိုယ့်ဒူးကိုယ်ချွန်နေတာမို့
မင်းမှာ အဲ့လောက်တော့
မာန ရှိသင့်တယ် ။

အထီးကျန်နေရလို့လည်း
စိတ်မပျက်နဲ့
မှားယွင်းနေတဲ့ လူတွေနဲ့
ဆုံစည်းနေရတာထက်
တစ်ယောက်တည်းနေရတာက
ပိုကောင်းပါတယ် ။

ရုန်းကန်လှုပ်ရှားရအကောင်းဆုံး
အရွယ်မှာဇိမ်ခံသက်သာတဲ့လမ်းကို
မင်းမရွေးပါနဲ့ ။

တစ်သက်လုံး
ရေလိုက်ငါးလိုက်နေသွားဖို့က
လွယ်ကူပေမယ့်
ထိုးဖောက်ထွက်ဖို့ကျ
မင်းအတွက်ခက်ခဲသွားလိမ့်မယ် ။

Mahatma Gandhi ရဲ့
အဆို အမိန့်တစ်ခုရှိတယ်

The future depends on
what you do today "

မင်းရဲ့အနာဂါတ်ဟာ
မင်းဒီနေ့လုပ်ရပ်အပေါ်မှာပဲ
မူတည်ပါတယ် " တဲ့

ပြဿနာတိုင်းကို
အပြုံးလေးနဲ့ဖြေရှင်းလိုက်
ပြုံးနေခြင်းက
မင်းအတွက်အားသာချက်ပဲ
ဒါပေမယ့်
မဲ့ပြုံးတော့မဖြစ်စေနဲ့ပေါ့ ။

မင်းပတ်ဝန်းကျင်က
လူတွေကြောင့် စိတ်မညစ်နဲ့

လူတိုင်းက ကိုယ်နဲ့
ထပ်တူမကျနိုင်ဘူးဆိုတာ
မင်းမမေ့နဲ့

မင်းရင့်ကျက်လာတာနဲ့အမျှ
မင်းပတ်ဝန်းကျင်က
မင်းကိုမုန်းနေတဲ့သူတွေကို
မင်း ဥပေက္ခာပြုသွားနိုင်မှာပါ.....

စိတ်ဓာတ်ခွန်အားဖြစ်စေသော သုတရသစာပေများ

ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်     ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ဟာ      ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။     ရည်မှန်းချက် မရှိတဲ့သူဟာ သမ...
13/02/2023

ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်

ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ဟာ
ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
ရည်မှန်းချက် မရှိတဲ့သူဟာ သမုဒ္ဒရာထဲ
စန်းတဝါးဝါး လမ်းပျောက်နေပြီး

သံလိုက်အိမ်မြှောင် မပါတဲ့
လှေငယ်လေး တစ်စီးလို
ဘယ်အချိန် မုန်တိုင်းတွေရဲ့
ဒဏ်ခံရမည်လည်းမသိ
ဘယ်ကိုဦးတည်မှန်းမသိ
ဘယ်အချိန် ရောက်မှန်းမသိ
ဦးတည်ချက်မဲ့တဲ့
လှေကလေးလိုပါပဲ။

သင်ကြောက်နေရင် မစွန့်စားရဲရင်
တစ်နေ့လုပ်တစ်နေ့စား
ဘဝနဲ့ပဲပျော်နေတော့မှာလား၊
လဲကျတာ ရှက်စရာမဟုတ်ဘူးမိတ်ဆွေ
လဲကျပြီး ပြန်မထမှ ရှက်စရာပါ။
အတတ်ပညာ အသိပညာ
ဗဟုသုတ များများရှာပါ။

လူတိုင်းလူတိုင်းမှာ မတူညီတဲ့ အရည်အချင်း
တွေရှိကြပါတယ် ကိုယ့်အရည်အချင်းတွေကို
အသုံးချတတ်ပါစေ။
ငွေကြေးစီမံခန့်ခွဲမှုကိုလည်း
စနစ်တကျသုံးတတ်ပါစေ။

ကျွန်တော်တို့တွေဟာ အိပ်မက် ဦးတည်ချက်
ပန်းတိုင် မရှိရင် လမ်းလျှောက်ရင်း
လမ်းပျောက်နေတဲ့ လူနဲ့တူပါတယ်။
လောကဓံရဲ့ ရိုက်ချက် သောကမုန်တိုင်းတွေ
အခက်အခဲတွေ ပြဿနာတွေ
မနာလိုဝန်တိုမှု့တွေ ကြားမှာနေရပေမဲ့
အိပ်မက် ပန်းတိုင်တွေ
မပျောက်ဆုံးအောင် စာပေအလင်းတွေ၊
စာပေရဲ့ခွန်အား ဗဟုသုတလေးတွေနဲ့
ဘဝတွေယိမ်းယိုင်မပျက်စီး သွားအောင်
နည်းကောင်း လမ်းကောင်းတွေနဲ့
ဘဝကို ပဲ့ကိုင် နိုင်ပါစေ။

ပတ်ဝန်းကျင်ဘေးစကား တွေကြောင့်
ကိုယ့်ဘဝအောင်မြင်တိုးတက်လမ်းကို
အပျက်စီးမခံလိုက်ပါနဲ့။

အောင်မြင်နေတဲ့ ခေါင်းဆောင်ကောင်းတွေက
အမြဲတမ်း နည်းကောင်း
လမ်းကောင်းတွေ ပြပေးကြတယ်။
အားပေးကြတယ်
ပြစ်တင်ပြောဆိုခြင်းတွေမလုပ်ကြပါဘူး။

အောင်မြင်မှုလမ်းကို လျှောက်သူတိုင်းက
အပြစ်မပြောဘူး အပြစ်ပြောနေတဲ့သူတွေက
တကယ်လက်တွေ့ မလုပ်ကြတဲ့သူတွေပါပဲ။
မရှိတာထက် မသိတာကပိုဆိုးတယ်ဆိုသလိုပေါ့။

လူတိုင်းလူတိုင်းက
စိတ်ဓာတ်ကျတဲ့ အချိန်တော့ရှိတယ်
စိတ်ဓာတ်ကျရင် ပြန်ကောက်တင်ပါ၊
စိတ်ဆင်းရဲတော့မဖြစ်စေပါနဲ့၊

အောင်မြင်မှုလမ်းကို လျှောက်နေတဲ့သူဟာ
ရိုးသားခြင်း၊အကောင်းမြင်ပေးခြင်း၊
စိတ်ထားကိုဖြူစင်အောင်ထားခြင်း၊
မလျှော့သောဇွဲ၊လုံ့လ ၊ဝီရိယရှိခြင်း ၊
အဆိုး၊ အကောင်း ကုသိုလ်၊
အကုသိုလ် ကိုသိပြီး ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့
ကြိုးစားမှု ရှိဖို့တော့လိုပါတယ်။

အချို့တွေကပြောကြတယ်။
ကြိုးစားရင်လည်းသေမှာပဲ၊
မကြိုးစားရင်လည်းသေမှာပဲ၊
လူ့ဘဝရတာ တိုတိုလေး ပျော်ပျော်ပဲနေမယ်။
မှန်တာတော့ မှန်ပါတယ်။
ဒါပေမယ့် မကောင်းမှုတွေ ပျော်ရွှင်ဖို့ မကြိုးစားပါနဲ့။

ကောင်းမှုတရားတွေနဲ့သာလျှင်
ကြိုးစားပြီးတော့ ဘဝမှာ နာမည်ကောင်း၊
အလုပ်ကောင်း ၊အကျင့်စာရိတ္တကောင်း၊
ကိုယ်ကျင့်သီလကောင်း အစရှိတဲ့
ကောင်းသောတရား
တွေနဲ့ပဲ ပျော်အောင်နေလိုက်ပါ။

မကြိုးစားပဲ ဘဝမှာ မလိုအပ်တဲ့
လောင်းကစား အပျော်အပါး
အသောက်အစား ဒါန၊ ကိုယ်ကျင့်သီလ၊
တွေပျက်ပြီး ဘဝနိဂုန်းချုပ်သွားရင်
လူဖြစ်ရှုံးပါလိမ့်မယ်။

ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ပဲ့ကိုင်ပြီး
ဘဝအောင်မြင် ချမ်းသာဖို့အတွက်
အိပ်မက် ဦးတည်ချက် ပန်းတိုင်တွေကို
နည်းမှန်လမ်းမှန်နဲ့ လျှောက်လှမ်းပြီး
ဘဝကိုတည့်မတ်အောင် ပဲ့ကိုင်ရှင်များ
ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

__________________________________

👌👌👌
09/01/2023

👌👌👌

အဆင်မပြေမှုတွေ....ကျရှုံးမှုတွေဖြစ်နေခဲ့တဲ့အချိန်တွေတုန်းကသင့်အနားမှာအမြဲရပ်တည်ပေးခဲ့တဲ့သူတွေကိုဘယ်တော့မှမမေ့ပါနဲ့။သူတို...
31/12/2022

အဆင်မပြေမှုတွေ....ကျရှုံးမှုတွေ

ဖြစ်နေခဲ့တဲ့အချိန်တွေတုန်းက

သင့်အနားမှာအမြဲရပ်တည်ပေးခဲ့တဲ့သူတွေကို

ဘယ်တော့မှမမေ့ပါနဲ့။သူတို့ကိုတန်ဖိုးထားပါ။
👌💪💪

Address

Pinlaung

Website

Alerts

Be the first to know and let us send you an email when Literary knowledge စာပေဗဟုသုတ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category