D-Tan Computer Training Center

D-Tan Computer Training Center

Share

Slicing Zero, Juicing Up Skills

Photos from D-Tan Computer Training Center's post 17/02/2024

📣 တစ်ရက်စာ (၂၄) နာရီဆိုတဲ့ အချိန်ကို သင့်ကလေးအတွက် ရင်းနှီးမြှုပ်နှံလိုက်ပါ။ 📣

ကွန်ပြူတာအသုံးပြုသူတိုင်း သိထားတတ်ထားသင့်တဲ့ အကြောင်းအရာတွေကို အချိန် (၂၄) နာရီနဲ့ အခြေခံကျကျလေ့လာသင်ယူရမယ့် ⚡ 𝐌𝐚𝐬𝐭𝐞𝐫𝐢𝐧𝐠 𝐭𝐡𝐞 𝐁𝐚𝐬𝐢𝐜: 𝐁𝐚𝐬𝐢𝐜 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 ⚡ အတွက် စတင်စာရင်းသွင်းနိုင်ပါပြီ။

___________________________________
(၂၄) နာရီက အချိန်လောက်ပါ့မလား။ ⁉️

အချိန်လောက်ပါတယ်။ ကျောင်းသုံး၊ ရုံးသုံးအတွက် အဓိကအသုံးလိုတဲ့ အကြောင်းအရာပိုင်းတွေကို အခြေခံပြီး သေသေချာချာ ကိုယ်တိုင်သင်ရိုးဆွဲထားတဲ့ 𝐂𝐨𝐮𝐫𝐬𝐞 တစ်ခု ဖြစ်ပါတယ်။ 𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫 တွေအတွက် ရည်ရွယ်ထားတဲ့ 𝐂𝐨𝐮𝐫𝐬𝐞 ဖြစ်တဲ့အတွက် လေ့လာရတာ မငြီးငွေ့အောင်လည်း စီစဉ်ပေးထားပါတယ်။

___________________________________
အခြေခံဆိုတော့ ဘာတွေသင်ရမလဲ။ ⁉️

Basic Level မှာ သင်ခန်းစုစုစုပေါင်း (၁၀) ခုပါမယ်။

⚡ ကွန်ပြူတာပိုင်းဆိုင်ရာ Software နဲ့ Hardware အခြေခံ
⚡ Windows 10 အသုံးပြုပုံ
⚡ Settings အကြောင်းအရာများ
⚡ ကွန်ပြူတာပြဿနာများအား ကိုယ်တိုင်ပြဿနာရှာ ဖြေရှင်းနည်း
⚡ အင်တာနက် အသုံးပြုခြင်း
⚡ Cloud Based Microsoft 365 အသုံးပြုခြင်း
⚡ Digital Skill ပိုင်းမှာ မသိထားလို့မဖြစ်တဲ့ Google Suit အသုံးပြုခြင်း
⚡ အင်္ဂလိပ်စာနဲ့ မြန်မာစာလက်ကွက်တွေကို လေ့ကျင့်သင်ကြားရမှာ ဖြစ်ပါတယ်။

Cloud Based Microsoft 365 ဆိုတာကတော့ ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးပြုတတ်ထားသင့်တဲ့

✔️ စာစီစာရိုက်ဖို့ Words
✔️ စာရင်းအင်းတွေအတွက် Excels
✔️ Presentation အတွက် Powerpoints

တွေသင်ကြားပေးမှာပါ။

ဒီလိုအကြောင်းအရာတွေအပြင် သင်တန်းပြီးဆုံးတာနဲ့ 𝐁𝐨𝐧𝐮𝐬 𝐋𝐞𝐬𝐬𝐨𝐧𝐬 အဖြစ် အင်တာနက်အသုံးပြုပြီး သင်တန်းတွေတက်ရောက်ဖို့ သိထားရမယ့် Zoom, Google Meet နဲ့ Google Classroom အသုံးပြုပုံတွေကိုလည်း သင်ကြားပေးသွားဦးမှာ ဖြစ်ပါတယ်။ Batch တစ်ခုလုံးက စာလိုက်နိုင်ရင် လိုက်နိုင်သလောက် ကွန်ပြူတာအသုံးပြုသူတိုင်း သိထားသင့်တဲ့ အကြောင်းအရာ၊ Software တွေသင်ပေးဖို့ အဆင်သင့်ပဲနော်။

___________________________________
သင်ကြားမှုပုံစံ 👩‍🏫

သင်ကြားမှုပုံစံကို သင်တန်းတစ်ချိန်မှာ 𝟏:𝟑 ဆရာတစ်ယောက် 🚨 ကျောင်းသား (၃) ယောက်အထိ 🚨 အရေအတွက်ကန့်သတ်လက်ခံပြီး အနီးကပ် သင်ကြားပေးသွားမှာပါ။

___________________________________
သင်တန်းအချိန် ⏰

ကွန်ပြူတာအခြေခံသင်တန်းကို မတ်လ ၄ ရက် တနင်္လာနေ့မှာ စတင်မှာ ဖြစ်ပါတယ်။ သင်တန်းချိန် တစ်ချိန်ကို ၁ နာရီခွဲနဲ့ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနဲ့ သောကြာ (၄) ရက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

မနက်ပိုင်းနဲ့ ညနေပိုင်း အတန်းခွဲထားတဲ့အတွက် ကိုယ်အဆင်ပြေတဲ့အချိန်ကို ရွေးချယ်စာရင်းပေးနိုင်ပါတယ်။

___________________________________
သင်တန်းကြေး 💸

သင်တန်းအစအဆုံး 💸 ၉၉,၀၀၀ ကျပ် 💸 နဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ သင်တန်းကြေးကိုလည်း 🌟 (၂) ကြိမ် 🌟 အထိ ခွဲသွင်းနိုင်အောင် စီစဉ်ပေးထားပါတယ်။

သင်တန်းတစ်ချိန်မှာမှ 🚨 ကျောင်းသား (၃) ယောက်🚨 ပဲလက်ခံမှာ ဖြစ်တဲ့အတွက် နောက်မကျသွားခင် အခုပဲစာရင်းပေးထားလိုက်တော့နော်။

___________________________________
သင်တန်းနဲ့ပက်သက်ပြီး အသေးစိတ်ထပ်မံ မေးမြန်းစုံစမ်းရန် -

👉 Phone - 09792171581
👉 Mail - [email protected]
👉 Address - ဆ/၅၊ ရွှေဥမင်ဘုရားလမ်း၊ ဆင်းခေါင်းရပ်ကွက်၊ ဂုဏ်ရောင်ရေခဲစက်၊ ပင်းတယမြို့။

#ကွန်ပြူတာအခြေခံ

08/02/2024

🖲️ အခုမှကွန်ပြူတာစသင်ကြတဲ့သူတွေအနေနဲ့ ကြွက်ကိုင်ရင် လက်ကထိန်းလို့မရတာ၊ အသားမကျသေးတာမျိုးက ဖြစ်နေကျပါ။

ဒါလည်း ဘာမှစိတ်ပူစရာမလိုပါဘူး။ ကွန်ပြူတာသုံးတာများရင် ကြွက်သုံးရတာ အသားကျသွားမှာပါ။

ဒါပေမယ့် အသားမကျသေးတဲ့အချိန်မျိုးမှာ Fun Game လေးတွေနဲ့ အချိန်ဖြုန်းကြည့်ကြရင်မကောင်းဘူးလား။ 🎮🎮

🖲️ အပျင်းလဲပြေ ဂိမ်းလဲဆော့ရအောင် Moise Practice လုပ်လို့ကောင်းတဲ့ ဂိမ်းလေးတွေ Video လေးနဲ့ပြောပြပေးမယ်နော်။

ဂိမ်းလင့်လေးတွေလဲ Comment မှာချထားပေးပါ့မယ်။

07/02/2024

စာမေးပွဲကြီးလည်း ရောက်တော့မယ်ဆိုတော့ အခုထိကျက်လို့မရသေးတဲ့စာတွေကို မြန်မြန်မှတ်မိအောင် ဘယ်လိုလုပ်ကြမလဲ။ 😭

Classroom Note တွေမှတ်တဲ့အချိန် ခေါင်းထဲတစ်ခါထဲစွဲနေအောင် ဘယ်လိုမှတ်ကြမလဲ။ 😭

⚡ 𝐂𝐨𝐫𝐧𝐞𝐥𝐥 𝐍𝐨𝐭𝐞𝐭𝐚𝐤𝐢𝐧𝐠 𝐌𝐞𝐭𝐡𝐨𝐝 ဆိုတာကတော့ System ကျကျ၊ Organize ဖြစ်ဖြစ်နဲ့ Note တွေမှတ်သားတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ⚡

--------------------------------------

Cornell အကြောင်းမပြောခင် Notetaking တွေအကြောင်း အရင်ပြောရအောင်။ Notetaking ဆိုတာ လူတိုင်းနီးပါးလုပ်ဖူးကြတဲ့ အရာတစ်ခုပါပဲ။ ဘယ်လိုပုံစံတွေလုပ်ကြတယ်။ ဘယ်လောက်ထိမှတ်မိကြတယ်ဆိုတာပဲ ကွာသွားကြတာပါ။ Notetaking နည်းလမ်းတွေဟာ

လိုရင်းကိုပြန်ဆက်ရရင် 𝗖𝗼𝗿𝗻𝗲𝗹𝗹 𝗠𝗲𝘁𝗵𝗼𝗱 မှာ အဓိကအနေနဲ့ 𝗖𝗼𝗹𝘂𝗺𝗻 (၂) ခု၊ 𝗥𝗼𝘄 (၁) ခုဆိုပြီး အပိုင်း (၃) ပိုင်းပါဝင်ပါတယ်။

✍️ 𝐍𝐨𝐭𝐞
✍️ 𝐂𝐮𝐞/𝐊𝐞𝐲𝐰𝐨𝐫𝐝𝐬
✍️ 𝐒𝐮𝐦𝐦𝐚𝐫𝐲

ပုံမှာပြထားတဲ့အတိုင်း အပေါ်မှာပါတဲ့ အကွက်လေးတွေက ခေါင်းစဉ်ရေးတာတွေဆိုတော့ အဓိကလို့မသတ်မှတ်တော့ဘူးနော်။ Note တွေကို စနစ်တကျနဲ့ မှတ်မိအောင်မှတ်ဖို့က အဓိကဆိုတော့ Note, Cue, Summary ဒါတွေကိုပဲ အဓိကထားပြီးကြည့်ရအောင်။

(၁) 𝐍𝐨𝐭𝐞 ကတော့ရှင်းတယ်။ Main Note တွေချရေးမယ်။ Key Thoughts တွေ၊ Fact တွေချရေးမယ်။ ဒီနေရာက စာသင်နေတဲ့အချိန်၊ Meeting ချိန်တွေမှာ တန်းမှတ်သားရမယ့်နေရာလေး ဖြစ်ပါတယ်။ ✍️

(၂) 𝐂𝐮𝐞/𝐊𝐞𝐲𝐰𝐨𝐫𝐝𝐬 နေရာလေးမှာတော့ ဒီ Note ရဲ့ အကြောင်းအရာကဘာလဲ။ သူ့ကိုခြုံငုံလိုက်ရင် ဘာလဲဆိုတဲ့ လိုရင်းတိုရှင်း အချက်အလက်လေးတွေနဲ့ မှတ်လို့ရပါတယ်။ ဒါကတော့ Lecture, Meeting တွေပြီးသွားတဲ့အချိန်မှာမှ လုပ်ရမယ့် နေရာလေးဖြစ်ပါတယ်။ ✍️

(၃) 𝐒𝐮𝐦𝐦𝐚𝐫𝐲 ကတော့ ရှင်းပါတယ်။ ချုံငုံပြီးမှတ်လိုက်တာပါပဲ။ အခုမှတ်လိုက်တဲ့ Main Topic ကဘာလဲ၊ အကြောင်းအရာကဘာလဲ၊ ဒီအကြောင်းအရာတွေနဲ့ပက်သက်ပြီး အတိုချုံးမှတ်ရမယ့် နေရာလေးတစ်ခု ဖြစ်ပါတယ်။ ဒီနေရာကလည်း နံပါတ် (၂) Cue/Keyword လိုပဲ Lecture, Meeting တွေပြီးတဲ့ အချိန်မှ မှတ်ရမှာ ဖြစ်ပါတယ်။ ✍️

--------------------------------------

✍️ 𝐂𝐨𝐫𝐧𝐞𝐥𝐥 မှမဟုတ်ပါဘူး 𝐌𝐢𝐧𝐝𝐦𝐚𝐩𝐩𝐢𝐧𝐠, 𝐎𝐮𝐭𝐥𝐢𝐧𝐞, 𝐁𝐨𝐱𝐢𝐧𝐠, 𝐂𝐡𝐚𝐫𝐭𝐢𝐧𝐠, 𝐒𝐞𝐧𝐭𝐞𝐧𝐜𝐞, 𝐒𝐥𝐢𝐝𝐞𝐬, 𝐁𝐫𝐚𝐢𝐧 𝐃𝐮𝐦𝐩, 𝐁𝐮𝐥𝐥𝐞𝐭 ဆိုပြီး အသုံးများတဲ့ 𝐍𝐨𝐭𝐞𝐭𝐚𝐤𝐢𝐧𝐠 𝐌𝐞𝐭𝐡𝐨𝐝 တွေအများကြီးရှိပါသေးတယ်။

အခု Method လေးကိုသုံးပြီး Notetaking ပိုင်းမှာလည်း အစစအရာရာအဆင်ပြေသွားကြပါစေ။ 🤗🤗

Photos from D-Tan Computer Training Center's post 06/02/2024

ကိုယ်သိချင်တဲ့ အကြောင်းအရာတွေ ဘယ်ကရှာလဲမေးရင် လူတော်တော်များများရဲ့ အဖြေက ❞𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 ကရှာတယ်❞ ဆိုတာမျိုး အများဆုံး ဖြစ်လိမ့်မယ်နော်။

☑️ ဒီအဖြေကမှားတာလည်းမဟုတ်သလို ထူးဆန်းနေတာမျိုးလည်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အသုံးအများဆုံးက Facebook Platform ဖြစ်နေတာကလည်း ဒီအဖြေတွေရဲ့ တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေတာပေါ့။

☑️ ဒါပေမယ့် အခြေအနေပေါ်လိုက်ပြီး Facebook အပြင် တခြား Platform တွေအများကြီးရှိသေးသလို၊ ပိုပြီး လွယ်ကူတယ်၊ အဆင်ပြေတယ်ဆိုတာရော သိပြီးပြီလား။

ဒါဆို ဘာတွေသုံးကြမလဲ။ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မေးခွန်းတွေအတွက်။ ပုံတစ်ပုံချင်းစီအောက်မှာ ရေးသားပေးထားပါတယ်နော်။

Photos from D-Tan Computer Training Center's post 02/02/2024

⚡ အသက်အရွယ်မရွေး သိထား၊ တတ်ထားရင် အကောင်းဆုံးပါ ဆိုတဲ့ပညာတွေမှာ အခုခေတ်စားနေတဲ့ AI နည်းပညာကလည်း တစ်ခုအပါအဝင်ပါပဲ။

⚡ စာလေ့လာတဲ့နေရာမှာ အသုံးချမလား၊ ကိုယ်သိချင် စပ်စုချင်တာကို လေ့လာဖို့ပဲ အသုံးချမလား၊ အလုပ်အရမ်းများတဲ့ Busy Bee တွေအတွက်ဆိုရင်လည်း ကိုယ့်အလုပ်မှာ ဘယ်လိုအသုံးချမလဲ။ ⚡

ဘယ်လိုပဲ သုံးချင်သုံးချင် အခုခေတ်ကြီးမှာ AI အထောက်အပံ့မယူထားတဲ့ Application တွေ၊ Platform တွေတောင်လိုပုံနေသလို AI နဲ့တွဲဖက်ထားတဲ့ Application တွေမှ အများကြီးပါ။

ဒီလိုအများကြီးထဲကမှ AI အထောက်အပံ့နဲ့

☑️ အသုံးပြုရလည်းလွယ်
☑️ အသုံးလည်းတည့်မဲ့

AI Tool တွေကို ပြောပြပေးသွားပါမယ်။

ဒီအထိတောင်ဖတ်ပြီးနေမှတော့ စိတ်ဝင်စားနေတာ သိသာပါတယ် ပုံတစ်ပုံချင်းစီအောက်မှာ သေသေချာချာပြောပြထားတဲ့အတွက် ဖတ်ကြည့်သွားနော်။

AI Tool တွေက သိထားတာတော့အကောင်းဆုံးပါ ဒါပေမယ့် အမြဲတမ်း အချိန်တိုင်းနီးပါးအားကိုးနေမယ်ဆိုရင်တော့ ကိုယ့်ရဲ့ Improve ဖြစ်လာရမယ့် Skill တွေကိုနှောင့်နှေးစေတာတော့အမှန်ပါပဲ။ ဒါကြောင့် နည်းမှန်လမ်းမှန်နဲ့ သုံးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 🤗🤗

ကျောင်းတက်တဲ့အချိန်ကတည်းက သိထားတတ်ထားရင် အကောင်းဆုံး Skill တွေနဲ့ နည်းပညာအကြောင်းအရာတွေကို ပုံမှန်တင်ပေးသွားမှာ ဖြစ်တဲ့အတွက် Like & Follow လုပ်သွားဖို့ မမေ့နဲ့ဦးနော်။

Photos from D-Tan Computer Training Center's post 20/10/2023

🎇 သီတင်းကျွတ် ကျောင်း (၁၀) ရက်လည်းပိတ်နေပြီဆိုတော့ ပိတ်ရက် (၁၀) ရက်ထဲက အချိန် (၁၀) နာရီလောက် အချိန်ပေးကြည့်ကြမလား။


🎇 ကျောင်းပိတ်ရက်မှာ အနားလဲယူမယ်၊ ကိုယ့်ကလေးတွေကိုလည်း ကွန်ပြူတာအခြေခံလေးနည်းနည်းလောက်သိသွားစေချင်တယ်ဆိုရင် တစ်ရက် (၂) နာရီနဲ့ အချိန် (၁၀) နာရီဆိုတာ ခဏလေးပါ။ စုစုပေါင်း အချိန် (၅) ရက်ပဲကြာမယ့် ရက်တို Training Program လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

━━━━━━━━━━━

🎇 သင်တန်းကရက်လည်းတိုတယ် ဆိုတော့ တစ်ကယ်ကောတတ်ပါ့မလား၊ အချိန်အရမ်းနည်းမနေဘူးလားဆိုရင်တော့


အခြေခံမိတ်ဆက်ပေးတဲ့ Training Program တစ်ခုဖြစ်တဲ့အပြင် ကျောင်းသား၊ ကျောင်းသူတွေအတွက် အဓိကရည်ရွယ်တဲ့ ရက်တို Training ဖြစ်တဲ့အတွက်

💻 ကွန်ပြူတာအခြေခံ
💻 အင်္ဂလိပ်စာလက်ကွက်နဲ့
💻 Online Learning ပြုလုပ်ဖို့

📌 Zoom
📌 Google Meet နဲ့
📌 Google Classroom လို Virtual Meeting App အသုံးပြုပုံတွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

━━━━━━━━━━━

📌 သင်တန်းကာလ
(၅) ရက်

📌 နေ့ရက်
အောက်တိုဘာလ ၂၃ မှ ၂၇ ရက်နေ့အထိ

📌 မနက်ပိုင်းအချိန်
(၉) နာရီ မှ (၁၁) နာရီ

📌 ညနေပိုင်းအချိန်
(၄) နာရီ မှ (၆) နာရီ

📌 သင်တန်းကြေး
(၂) သောင်းကျပ်

သင်တန်းတစ်ချိန်ကို 🌟 သင်တန်းသား (၄) ဦး 🌟 အထိပဲလက်ခံတဲ့အတွက် လူမပြည့်သွားခင် အမြန်ဆုံး စာရင်းပေးထားကြနော်။

━━━━━━━━━━━

Mail - [email protected]
Phone - 09 792 171 581
Address - ဆ/၅၊ ရွှေဥမင်ဘုရားလမ်း၊ ဆင်းခေါင်းရပ်ကွက်၊ ဂုဏ်ရောင်ရေခဲစက်၊ ပင်းတယမြို့။

Google Map Location - https://goo.gl/maps/xj6XwCvG3bAJAJmM9

Photos from D-Tan Computer Training Center's post 23/08/2023

D-Tan နဲ့ Trend Join

Class တွေစတော့မယ်နော် 🙄🙄

09/08/2023

Online Shopping Page အတွက် ပုံတွေကို ဖြစ်သလိုလုပ်ပြီး တင်နေတုန်းလား။


"လှလှလေးတွေလည်းလုပ်တတ်ချင်တာပေါ့ ဒါပေမယ့် Photoshop တွေမှမရတာ" ဆိုတဲ့သူတွေအတွက်

📢 𝐃𝐞𝐬𝐢𝐠𝐧 𝐘𝐨𝐮𝐫 𝐒𝐮𝐜𝐜𝐞𝐬𝐬: 𝐂𝐚𝐧𝐯𝐚 𝐟𝐨𝐫 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠 𝐌𝐚𝐬𝐭𝐞𝐫𝐲 📢

အတန်းကို ချက်ချင်းပဲ စာရင်းလာပေးလိုက်ပါ။

━━━━━━━━━━━

📌 အရင်ဆုံး 𝐂𝐚𝐧𝐯𝐚 ဆိုတာဘာလဲ။


Canva ဆိုတာကတော့ အခမဲ့အသုံးပြုလို့ရတဲ့ Online Design Platform ဖြစ်ပါတယ်။ Social Media Platform မျိုးစုံအတွက် Design တွေကို အဆင်သင့်လုပ်ထားပေးတဲ့ Template မျိုးစုံရှိပါတယ်။


အဆင်သင့်ရှိတဲ့ Template တွေပဲသုံးသုံး၊ ကိုယ်တိုင်အစအဆုံးပဲ လုပ်လုပ် လွတ်လွတ်လပ်လပ်နဲ့ Design တစ်ခုဆွဲဖို့ လိုအပ်တဲ့ပစ္စည်းတွေ စုံစုံလင်လင်ရှိတဲ့ Platform တစ်ခုဖြစ်ပါတယ်။


ကွန်ပြူတာမရှိလို့၊ အားမရှိလို့ဆိုပြီး စိတ်ညစ်စရာလဲမလိုဘူး Tablet နဲ့သုံးမလား၊ ဖုန်းနဲ့သုံးမလား Application ကို Download ဆွဲပြီး သုံးလိုက်ရုံပါပဲ။


━━━━━━━━━━━

📌 𝐂𝐚𝐧𝐯𝐚 နဲ့ 𝐏𝐡𝐨𝐭𝐨𝐬𝐡𝐨𝐩 ဘာကွာလဲ။


Canva က Photoshop တွေထက်ကောင်းလားဆိုတော့ Photoshop ကအများကြီးပိုကောင်းပါတယ် သွားယှဉ်လို့မရပါဘူး။ Pro Level Tool တစ်ခုမဟုတ်ပေမယ့် Canva မှာ အဆင်သင့်လုပ်ထားပေးတဲ့ Design တွေရှိတဲ့အတွက် အလုပ်မအားတာ၊ အချိန်မရတော့တာမျိုးပဲဖြစ်ဖြစ် Canva က Photoshop ထက် အချိန်ကုန်သက်သာတယ်ဆိုတာကိုတော့ လက်ခံရမှာပါ။

━━━━━━━━━━━

📌 အလုပ်မအားကြတဲ့ Busy Bee တွေနဲ့ ဘာကြောင့်ကိုက်ညီတာလဲ။


Online Shopping ပဲဖြစ်ဖြစ် SMEs လုပ်ငန်းအတွက်ပဲဖြစ်ဖြစ်၊ ဘာဆိုင်ပဲဖြစ်ဖြစ် Facebook, Instagram တို့လို Social Media တွေကို အသုံးပြုနေတယ်ဆိုရင် ကိုယ့်လုပ်ငန်းနဲ့ သင့်တော်တဲ့ လိုက်လျောညီထွေဖြစ်တဲ့ Design က လိုအပ်ပါတယ်။


Product နဲ့လဲဆွဲဆောင်မယ် Design နဲ့လဲဆွဲဆောင်မယ်ဆိုရင် Customer တွေကို နေကြပါဦးဆိုပြီး တားယူရတဲ့အထိ ဖြစ်နေမှာနော်။


𝐃𝐞𝐬𝐢𝐠𝐧 𝐘𝐨𝐮𝐫 𝐒𝐮𝐜𝐜𝐞𝐬𝐬: 𝐂𝐚𝐧𝐯𝐚 𝐟𝐨𝐫 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠 𝐌𝐚𝐬𝐭𝐞𝐫𝐲 က Online အသုံးပြုပြီး လုပ်ကိုင်နေကြတဲ့ လုပ်ငန်းတွေကို အဓိကထားတဲ့အတွက် ကိုယ့်လုပ်ငန်းကို ကိုယ်တိုင် တိုးတက်၊ အောင်မြင်အောင် Design လှလှလေးတွေပြုလုပ်လိုက်ပါ။

━━━━━━━━━━━

📌 Canva ကို Website, Computer, Tablet, Phone (၄) နေရာလုံးကနေအသုံးပြုနိုင်ပေမယ့် အခုသင်တန်းမှာတော့ Computer ကိုအသုံးပြုပြီး အဓိကထားသင်ကြားပေးသွားမှာပါ။


📌 သင်တန်းသားဦးရေကို (၄) ဦးအထိပဲ ကန့်သတ်ထားတဲ့အတွက် နောက်ကျမသွားခင် စာရင်းပေးထားကြဖို့ မမေ့နဲ့နော်။

━━━━━━━━━━━

သင်တန်းစတင်မည့်ရက် - ဩဂုတ်လ ၂၆ ရက်
သင်တန်းအချိန် - နေ့လည် ၁ နာရီ - ၃ နာရီ
သင်တန်းနေ့ရက် - စနေ၊ တနင်္ဂနွေ
သင်တန်းကြာမြင့်ချိန် - ၅ ရက် (၁၀ နာရီ)
သင်တန်းကြေး - ၂၅,၀၀၀ ကျပ်

သင်တန်းနေရာ - ရွှေဥမင်ဘုရားလမ်း၊ ဆင်းခေါင်းရပ်ကွက်၊ ဂုဏ်ရောင်ရေခဲစက်၊ ပင်းတယမြို့။

Google Map Location - https://goo.gl/maps/xj6XwCvG3bAJAJmM9

20/04/2023

Coming soon...

Want your school to be the top-listed School/college in Pindaya?

Click here to claim your Sponsored Listing.

Location

Telephone

Address


Shwe Oo Min Pagoda Street
Pindaya