The Moe Flow

The Moe Flow

Share

Living, creating, and flowing through everyday moments.

24/02/2026

Hello! ဒီ page လေးမှာ အမြဲမရှိနိုင်လို့ အမြဲရှိတဲ့ Personal Account မှာ ခင်မင်ရသူတွေနဲ့ဆက်ရှိချင်လို့ Friends ဖြစ်ချင်လို့ ... Friends ဖြစ်လိုသူများ မန့်ပေးခဲ့နော်။ Friends Request လာပို့ပါမယ်ရှင်။ 😊

23/02/2026

とてもかわいい 😘😊

16/02/2026

Red, gold, and all things bold. 🏮

08/02/2026

ဒီပုံလေးတင်နိုင်ဖို့ နောက်ကွယ်မှာ Expire ဖြစ်သွားတဲ့ ပျော်ရွှင်မှုတချို့နဲ့ အခိုက်အတန့်လေး ၂ ခုရှိတယ်။
နေကောင်းအောင်နေနော် အစ်မကြီးပြန်လာမယ်လို့ မှာထားခဲ့ပေမယ့် စိတ်ကြီးတဲ့ မိမော်က စောင့်မနေခဲ့ဘူး။ 🐈

ကျန်းမာရေးဂရုစိုက်နော် ပြန်လာရင် ခရီးတွေတူတူထွက်ကြမယ်လို့ ပြောထားရစ်ခဲ့ပေမယ့် ပိုကောင်းတဲ့နေရာဆီ အရင်ထွက်ခွာသွားတဲ့ ဒေါ်ကြီးရယ် 🙏

တိုက်ဆိုင်စွာဘဲ ဒီအခိုက်အတန့် ၂ ခုလုံးနဲ့ ကိုယ့်ရဲ့ဒီက Academic Life ရဲ့ အရေးအကြီးဆုံးအချိန်တွေနဲ့ overlap ဖြစ်နေခဲ့တယ်။ အရင်လို ၂၀၂၂ နောက်ပိုင်းစိတ်မျိုးနဲ့ဆို ကိုယ့်အတွက် ဖြတ်ကျော်ရအတော်ခက်ခဲမယ့် ကာလတွေဖြစ်နေနိုင်တယ်။

ဒီခက်ခဲတဲ့ကာလကို ဖြစ်ကြောမရှည်ဘဲ တည်ငြိမ်အေး‌ဆေးစွာဖြတ်သန်းနိုင်ဖို့ အထောက်အပံ့ဖြစ်စေနိုင်ခဲ့တာကတော့ မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေရယ်၊ ကိုယ့်ကိုအမြဲစိုးရိမ်ပီး ဂရုတစိုက်ရှိပေး၊ အားပေးနေတဲ့ အဖေ၊ အမေ နဲ့ ညီမလေးရယ်၊ နောက်ပီး Academic Life မှာလည်း ခက်ခဲတဲ့ Research Process တိုင်းမှာ "နင် လုပ်နိုင်ပါတယ်။ ငါ ယုံကြည်တယ်" ဆိုပီး encouragement နဲ့ supporting ပေးခဲ့တဲ့ Professor တဖြစ်လဲ ကျွန်မရဲ့ Supervisor ပေါ့။

ထွက်ခွာသွားသူတွေကတော့ ကျန်ခဲ့သူတွေနဲ့ နာကျင်မှုတွေအားလုံးကို မေ့သွားနိုင်မှာမို့ သူတို့အတွက် ဖြေဆည်နိုင်ခဲ့သလို၊ ကျန်ခဲ့တဲ့ ကိုယ်တွေအတွက်လည်း ပြန်တွေးတိုင်း ပျော်စရာအမှတ်တရတွေနဲ့ ကြည်နူးနိုင်သလို၊ တိုက်ဆိုင်လာခဲ့ရင်တော့ တခါတခါ ရင်ထဲ နည်းနည်းအောင့်ရုံ လွမ်းရုံပေါ့။

08/02/2026

လက်ဖဝါးလေးအေးနေရင်
ရင်ငွေ့နဲ့ နွေးစေမယ် ...

ဒီနေ့ နံနက်အစော ၆:၄၅ အခြေအနေ ❄️ 😊

27/01/2026

Where maple leaves turn,
memories linger ... 🍂 🍁

Photos from The Moe Flow's post 24/01/2026

ပေါ်ဦးပေါ်ဖျားမုန်ညင်းဖူးအနုလေးတွေ ...
ကြက်ဥနဲ့ဆီပါရုံလေးထည့်၊ ဆား၊ အရသာမှုန့်မပါသလောက်လေးခပ်ပီး လှော်စားလိုက်တာ အရသာက ခါးစိမ့်လေးနဲ့အတော်စားကောင်းတာ။
ဆန်လှော်မှုန့်နဲ့ မုန်ညင်းပေါင်းလေးလုပ်ပီး ငရုပ်ဆီမွှေးလေးနဲ့သာစားလိုက်ရရင် ပိုလို့တောင်ကောင်းမှာ 😋🤤 😊

23/01/2026

ချစ်တယ်ဆိုတာ
ဘာလဲမေးရင်
ကြည်စေလိုခြင်းပဲ
မွှေးသောရနံ့တွေပဲ

ဘာနဲ့တိုင်းတာသလဲမေးရင်
ရင်နှင့်အမျှလို့ ဖြေရမှာပါပဲ။

#နွေအိမ်မောင်ဝင်း

18/01/2026

လွမ်းရတဲ့ သင်္ကြန် 💛

16/01/2026

မှေးစက်နားခိုပါ
ဘဝတစ်ခုစာ ... 🎶

10/01/2026

သီချင်းလေးကြိုက်လို့ ... 🎶

Photos from The Moe Flow's post 09/01/2026

စိတ်ကလေးကို ရှင်းအောင်ထား
ကျန်းမာဖို့ကိုပဲ အာရုံစိုက်
ဖြစ်တည်မှုကို ကောင်းအောင်ကြိုးစား

တစ်ယောက် နဲ့ တစ်ယောက်
ဘယ်လိုမှ မပတ်သက်ကြတော့ဘူးဆိုရင်တောင်

အချိန်တန်ရင် ငါတို့က
အသေအချာပဲ ပျောက်ကွယ်သွားရမှာ ။ ။

- နွေသစ်ငြိမ်း

Want your school to be the top-listed School/college in Pazundaung?

Click here to claim your Sponsored Listing.

Who we are?

We are sharing useful business knowledge for youths, startups and entrepreneurs with free of charge. We also provides necessary business training with reasonable which everyone can access.

Location

Telephone

Website

Address


Beppu, Oita Prefecture
Pazundaung
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00