The Moe Flow

Call Directions Contact the school

The Moe Flow Living, creating, and flowing through everyday moments.
(2)

23/07/2026

ပျော်ရွှင်ပါ။
ကျန်းမာပါ။
ရယ်မောပါ။
ငြိမ်းချမ်းပါ။
ချစ်မြတ်နိုးပါ။...တဲ့

ပျော်ရွှင်ပါ...ဘောင်တွေ အကာအရံတွေ အတားအဆီးတွေ အဟန့်အတားမရှိပါစေဘဲပေါ့။

ကျန်းမာပါ...စိတ်နှလုံးသားလေရော ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့ရောပေါ့။

ရယ်မောပါ...လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပေါ့ပါးပါး ဟန်ဆောင်မှု ကင်းကင်းနဲ့ပေါ့။

ငြိမ်းချမ်းပါ...လွှတ်ချစရာတွေ လွှတ်ချပြီးတော့ပေါ့။

ချစ်မြတ်နိုးပါ...ကိုယ်ချစ်ရတဲ့သူတွေကို တန်ဖိုးထားစောင့်ရှောက်ရင်းနဲ့ပေါ့။

တရက်ချင်းစီ..ပျော်ရွှင်၊ကျန်းမာ၊ရယ်မော၊ငြိမ်းငြိမ်းချမ်းချမ်း နဲ့ တဦးနဲ့တဦး ချစ်မြတ်နိုးကြရအောင်ပါ။

လွယ်တော့မလွယ်ဘူးပေါ့။ လူ့ဘဝ ဖြစ်လာတာကိုး။ သို့ပေမယ့်လည်းကောင်းမွန်ချင်းလေးတွေကို တရက်ချင်းစီလေး ရသလောက်ဖြည့်ရင်း ...ပူပန်၊ကြောင့်ကြ၊ငိုကြွေး၊လောင်မြိုက်ခြင်းတွေကို တရက်ချင်းစီလျှော့ကြရအောင်ပါ။

မေတ္တာကို ပိုမိုမျှဝေပြီး နားလည်၊ခွင့်လွှတ်ခြင်းများနဲ့ ကမ္ဘာကြီးကို ပိုမိုလှပစေကြရမယ်မဟုတ်လား။

Be the light, share the love, and embrace each day with gratitude.🌿

Credit to original writer

ပြတင်းပေါက်တွေကို ချစ်တယ်။တိမ်တွေကို ငေးလို့ရတယ်။ကြယ်တွေကို ငေးလို့ရတယ်။ကော်ဖီတစ်ခွက်နဲ့မျက်စိတဆုံးထိ ငေးရင်းတွေးချင်ရာတ...
17/06/2026

ပြတင်းပေါက်တွေကို ချစ်တယ်။

တိမ်တွေကို ငေးလို့ရတယ်။
ကြယ်တွေကို ငေးလို့ရတယ်။

ကော်ဖီတစ်ခွက်နဲ့
မျက်စိတဆုံးထိ ငေးရင်း
တွေးချင်ရာတွေ တွေးလို့ရတယ်။

Page လေးကို မရောက်တာကြာလို့ လာလည်တာ 😊
04/05/2026

Page လေးကို မရောက်တာကြာလို့ လာလည်တာ 😊

Hello! ဒီ page လေးမှာ အမြဲမရှိနိုင်လို့ အမြဲရှိတဲ့ Personal Account မှာ ခင်မင်ရသူတွေနဲ့ဆက်ရှိချင်လို့ Friends ဖြစ်ချင်လိ...
24/02/2026

Hello! ဒီ page လေးမှာ အမြဲမရှိနိုင်လို့ အမြဲရှိတဲ့ Personal Account မှာ ခင်မင်ရသူတွေနဲ့ဆက်ရှိချင်လို့ Friends ဖြစ်ချင်လို့ ... Friends ဖြစ်လိုသူများ မန့်ပေးခဲ့နော်။ Friends Request လာပို့ပါမယ်ရှင်။ 😊

23/02/2026

とてもかわいい 😘😊

16/02/2026

Red, gold, and all things bold. 🏮

ဒီပုံလေးတင်နိုင်ဖို့ နောက်ကွယ်မှာ Expire ဖြစ်သွားတဲ့ ပျော်ရွှင်မှုတချို့နဲ့ အခိုက်အတန့်လေး ၂ ခုရှိတယ်။နေကောင်းအောင်နေနော...
08/02/2026

ဒီပုံလေးတင်နိုင်ဖို့ နောက်ကွယ်မှာ Expire ဖြစ်သွားတဲ့ ပျော်ရွှင်မှုတချို့နဲ့ အခိုက်အတန့်လေး ၂ ခုရှိတယ်။
နေကောင်းအောင်နေနော် အစ်မကြီးပြန်လာမယ်လို့ မှာထားခဲ့ပေမယ့် စိတ်ကြီးတဲ့ မိမော်က စောင့်မနေခဲ့ဘူး။ 🐈

ကျန်းမာရေးဂရုစိုက်နော် ပြန်လာရင် ခရီးတွေတူတူထွက်ကြမယ်လို့ ပြောထားရစ်ခဲ့ပေမယ့် ပိုကောင်းတဲ့နေရာဆီ အရင်ထွက်ခွာသွားတဲ့ ဒေါ်ကြီးရယ် 🙏

တိုက်ဆိုင်စွာဘဲ ဒီအခိုက်အတန့် ၂ ခုလုံးနဲ့ ကိုယ့်ရဲ့ဒီက Academic Life ရဲ့ အရေးအကြီးဆုံးအချိန်တွေနဲ့ overlap ဖြစ်နေခဲ့တယ်။ အရင်လို ၂၀၂၂ နောက်ပိုင်းစိတ်မျိုးနဲ့ဆို ကိုယ့်အတွက် ဖြတ်ကျော်ရအတော်ခက်ခဲမယ့် ကာလတွေဖြစ်နေနိုင်တယ်။

ဒီခက်ခဲတဲ့ကာလကို ဖြစ်ကြောမရှည်ဘဲ တည်ငြိမ်အေး‌ဆေးစွာဖြတ်သန်းနိုင်ဖို့ အထောက်အပံ့ဖြစ်စေနိုင်ခဲ့တာကတော့ မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေရယ်၊ ကိုယ့်ကိုအမြဲစိုးရိမ်ပီး ဂရုတစိုက်ရှိပေး၊ အားပေးနေတဲ့ အဖေ၊ အမေ နဲ့ ညီမလေးရယ်၊ နောက်ပီး Academic Life မှာလည်း ခက်ခဲတဲ့ Research Process တိုင်းမှာ "နင် လုပ်နိုင်ပါတယ်။ ငါ ယုံကြည်တယ်" ဆိုပီး encouragement နဲ့ supporting ပေးခဲ့တဲ့ Professor တဖြစ်လဲ ကျွန်မရဲ့ Supervisor ပေါ့။

ထွက်ခွာသွားသူတွေကတော့ ကျန်ခဲ့သူတွေနဲ့ နာကျင်မှုတွေအားလုံးကို မေ့သွားနိုင်မှာမို့ သူတို့အတွက် ဖြေဆည်နိုင်ခဲ့သလို၊ ကျန်ခဲ့တဲ့ ကိုယ်တွေအတွက်လည်း ပြန်တွေးတိုင်း ပျော်စရာအမှတ်တရတွေနဲ့ ကြည်နူးနိုင်သလို၊ တိုက်ဆိုင်လာခဲ့ရင်တော့ တခါတခါ ရင်ထဲ နည်းနည်းအောင့်ရုံ လွမ်းရုံပေါ့။

08/02/2026

လက်ဖဝါးလေးအေးနေရင်
ရင်ငွေ့နဲ့ နွေးစေမယ် ...

ဒီနေ့ နံနက်အစော ၆:၄၅ အခြေအနေ ❄️ 😊

Where maple leaves turn,memories linger ... 🍂 🍁
27/01/2026

Where maple leaves turn,
memories linger ... 🍂 🍁

ပေါ်ဦးပေါ်ဖျားမုန်ညင်းဖူးအနုလေးတွေ ...ကြက်ဥနဲ့ဆီပါရုံလေးထည့်၊ ဆား၊ အရသာမှုန့်မပါသလောက်လေးခပ်ပီး လှော်စားလိုက်တာ အရသာက ခါ...
24/01/2026

ပေါ်ဦးပေါ်ဖျားမုန်ညင်းဖူးအနုလေးတွေ ...
ကြက်ဥနဲ့ဆီပါရုံလေးထည့်၊ ဆား၊ အရသာမှုန့်မပါသလောက်လေးခပ်ပီး လှော်စားလိုက်တာ အရသာက ခါးစိမ့်လေးနဲ့အတော်စားကောင်းတာ။
ဆန်လှော်မှုန့်နဲ့ မုန်ညင်းပေါင်းလေးလုပ်ပီး ငရုပ်ဆီမွှေးလေးနဲ့သာစားလိုက်ရရင် ပိုလို့တောင်ကောင်းမှာ 😋🤤 😊

Address

Beppu, Oita Prefecture
Pazundaung
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959443205673

Website

Alerts

Be the first to know and let us send you an email when The Moe Flow posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to The Moe Flow:

Shortcuts

Share