16/08/2016
Unity Game Engine အကြောင်း
Unity Game Engine ဆိုတာ game developer များအကြားမှာ ရေပန်းအစားဆုံးနဲ့ အသုံးအများဆုံး ဖြစ်ပြီး နံပါတ်တစ်နေရာမှာ ရပ်တည်နေတဲ့ game engine တစ်ခု ဖြစ်ပါတယ်။ game engine ကို Unity Technologies ကနေ ဖန်တီးခဲ့တာ ဖြစ်ပြီး PC, mobile နဲ့ website တွေမှာ ဂိမ်းရေးနိုင်ရန် အသုံးပြုပါတယ်။ game engine ကိုတော့ ၂၀၀၅ ခုနှစ်က Apple ရဲ့ Worldwide Developer Conference မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ OS X မှာသာ အသုံးပြုနိုင်ပါသေးတယ်။ ယခုအခါမှာတော့ android, linux, window အစရှိတဲ့ platform ၂၁ခုမှာ ဂိမ်းရေးနိုင်တဲ့အထိ ချဲ့ထွင်လာခဲ့ပါတယ်။
Game engine ကို အခြေခံထားတဲ့ programming language တွေကတော့ C, C++, C # နဲ့ Java Script တို့ကို အခြေခံထားပါတယ်။ ယခု လက်ရှိမှာ အောင်မြင်နေတဲ့ Pokèmon Game ကိုလည်း Unity game engine နဲ့ပဲ ရေးခဲ့တာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံက Game developer တွေပဲ ဖြစ်ဖြစ် ဂိမ်းစိတ်ဝင်စားသူတွေပဲ ဖြစ်ဖြစ် ဂိမ်းကစားသူတွေပဲ ဖြစ်ဖြစ်ဟာ အခြားနိုင်ငံတွေမှာ Pokèmon Go နဲ့ အခြား ဂိမ်းတွေ အောင်မြင်နေချိန်မှာ Unity game engine ကို လေ့လာထားသင့်ပါတယ်။
Unity နဲ့ ပတ်သက်တဲ့ free tutorial များကိုလည်း Softhome မှ ဆက်လက် မျှဝေ သွားမည် ဖြစ်ပြီး Unity သင်တန်းများကိုလည်း ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
Daniel