08/03/2026
Grade12 တွေ စာမေးပွဲ သွားဖြေတဲ့ အခါ...
၁။ ဖုန်း ယူမသွားပါနဲ့။ အပြင်မှာ ထားခဲ့ရလို့
ပျောက်နိုင်ပါတယ်။
၂။ လက်ပတ်နာရီ ယူလို့ မရပါ။
စာဖြေခန်းတိုင်းမှာ တိုင်ကပ်နာရီ ရှိပါတယ်။
၃။ ဂဏန်းတွက်စက် (Calculator) ယူရင်
အပြင် အဖုံးကို စာဖြေခန်းထဲ ယူသွားလို့ မရပါ။
၄။ ခဲတံ၊ ဘောပင်ထည့်အိတ် ယူလို့ မရပါ။
၅။ correction pen ၊ correction tape ယူလို့ မရပါ။
၆။ ထဘီ သို့မဟုတ် ပုဆိုးပဲ ဝတ်ရပါမယ်။
၇။ ဗေဒင်၊ ယတြာ အဆောင်တွေ
စာဖြေခန်းထဲကို ယူလို့ မရပါ။
၈။ စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား
မေ့ကျန်ခဲ့လို့ မရပါ။
၉။ အင်္ကျီအိပ်ကပ် အများကြီးပါတဲ့
အင်္ကျီ မဝတ်ရပါ။
၁၀။ ဆံပင်နီကြောင်ကြား တရားလွန်
သိသာတဲ့ ဆေးဆိုးထားတာမျိုး မရပါ။
၁၁။ မိန်းကလေးများ ဆံပင် စည်း ရပါမယ်။
(ဆံပင်ရှည်တဲ့ ယောက်ျားလေးများလည်း
ဆံပင်စည်းရပါမယ်)
၁၂။ အဖြူ၊ အစိမ်းသာ ဝတ်ရပါမယ်။
ကိုယ်ပိုင်ကျောင်း ယူနီဖောင်းက
အဖြူ အစိမ်း မဟုတ်ရင် ဝတ်လို့မရပါ။
Saya UNWN
Credit*
Thanks.