05/11/2023
ပိတ်ညှပ်ကျွမ်းကျင် ဝန်ထမ်း (၁)ဦး အလိုရှိသည်။
09784701365 ဖုန်း viber သို့ မျှော်မှန်းလစာနှင့်တကွ ၊ ကိုယ်ရေးအကျဥ်း ပေးပို့၍ လျှောက်ထားနိုင်ပါသည်။
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Dressmaker Sewing Classes By Oo, School, Pazundaung.
05/11/2023
ပိတ်ညှပ်ကျွမ်းကျင် ဝန်ထမ်း (၁)ဦး အလိုရှိသည်။
09784701365 ဖုန်း viber သို့ မျှော်မှန်းလစာနှင့်တကွ ၊ ကိုယ်ရေးအကျဥ်း ပေးပို့၍ လျှောက်ထားနိုင်ပါသည်။
10/10/2023
Edit - လူရသွားပါပြီ
စက်ချုပ်ကျွမ်းကျင် ဝန်ထမ်း (၁)ဦး အလိုရှိသည်။
09795985779 ဖုန်း viber သို့ မျှော်မှန်းလစာနှင့်တကွ ၊ ကိုယ်ရေးအကျဥ်း ပေးပို့၍ လျှောက်ထားနိုင်ပါသည်။
22/09/2023
စက်ချုပ်ကျွမ်းကျင် ဝန်ထမ်း (၁)ဦး အလိုရှိသည်။
09795985779 ဖုန်း viber သို့ မျှော်မှန်းလစာနှင့်တကွ ၊ ကိုယ်ရေးအကျဥ်း ပေးပို့၍ လျှောက်ထားနိုင်ပါသည်။
17/01/2021
မင်္ဂလာပါရှင်
၂၀၂၁ နှစ်သစ်မှာ မြန်မာနိုင်ငံသားများ အတွက် သတင်းကောင်းလေး တစ်ခု ဝေမျှပေးချင်ပါတယ်ရှင့်
Cambodia နိုင်ငံ၊ Phnom Pehn မြို့ရှိ Phnom Penh International Institute of Arts (PPIIA) မှ အနုပညာ နယ်ပယ်အသီးသီးတွင် စိတ်အားထက်သန်သော မြန်မာကျောင်းသား ၆ဦးအား ၂၀၂၁ မတ်လ intake အတွက် ပညာသင်ဆုများပေးအပ် ချီးမြင့်သွားမှာ ဖြစ်ပါတယ်ရှင်
ပေးအပ်သွားမည့် ပညာသင်ဆုများမှာ
Bachelor of Piano
Bachelor of Instrument (Violin)
Bachelor of Voice
Bachelor of Architecture and Interior Design
Bachelor of Visual Communication Design
Bachelor of Fashion & Textile Design တို့ပဲ ဖြစ်ပါတယ်ရှင်
သတင်းအချက်အလတ် အပြည့်အစုံကို သိရှိနိုင်ရန် ကျောင်းမှ တရားဝင် ထုတ်ပြန်ထားသော Official Letter အား ပူတွဲတင်ပြပေးထားတာကြောင့် အသေးစိတ်အချက်အလတ်များကို ဖတ်ရှုပြီး လိုအပ်ချက်များ ပြင်ဆင်ကာ 2021 February လ ၇ နေ့ နောက်ဆုံးထားပြီး လျှောက်လွှာများကို ပေးပို့ရမှာပဲ ဖြစ်ပါတယ်ရှင်
ကျွန်မကတော့ ဒီဇိုင်နာဦးပါ
လက်ရှိတွင် PPIIA ရဲ့ Fashion Design Lecturer and Fashion Illustration Instructor အဖြစ်တာဝန်ထမ်းဆောင်နေပြီး ဤသတင်းကို PPIIA ကျောင်းကိုယ်စား ဖြန့်ဝေပေးသူဖြစ်ပါတယ်
ကျောင်းရဲ့ FB Page link ပါ
https://www.facebook.com/PPIIA-Phnom-Penh-International-Institute-of-the-Arts-127663637380006/
ကျောင်းရဲ့ website ပါ
https://www.ppiia.edu.kh/
Application Form များအား ကျောင်း website တွင် download ရယူနိုင်ပါတယ်ရှင်
ထပ်မံ သိချင်တာများရှိတယ်ဆို ဒီ post ရဲ့ အောက် မေးခဲ့လို့ရပါတယ်
တက်နိုင်သလောက်ဖြေကြာပေးပါ့မယ်ရှင့်
Episode 3 မှာတော့ ပြီးခဲ့တဲ့ အပတ်က episode 2 မှာဆွဲပြခဲ့တဲ့ ကိုယ်ထည်ရဲ့ လက်ကို ဆွဲပြပေးမှာ ဖြစ်ပါတယ်
အခုမှ pattern စဆွဲကြည့်မယ့်သူတွေ၊ The Dressmaker Sewing Classes by Oo ရဲ့ စာပြန်နွေးချင်တဲ့ ကျောင်းသူ/သားဟောင်းတွေ၊ ကိုယ်နဲ့ မတူနဲ့ pattern ဆွဲနည်းကို လေ့လာကြည့်ချင်တဲ့ designer တွေပဲဖြစ်ဖြစ်၊ pattern making ကို စိတ်ဝင်စားတဲ့ မည်သူမဆို တက်လို့ ရပါတယ်
အခြေခံရှိတဲ့ လူရော မရှိတဲ့ လူရော background မျိုးစုံနာလည်နိုင်အောင် အရမ်းရိုးရှင်းတဲ့ ပုံလေးကို တဆင့်ချင်းစီ ခွဲဆွဲပြသွားမှာ ဖြစ်တာကြောင့် နားလည်ဖို့လွယ်ကူမယ်လို့ ယုံကြည်ပါတယ်
ပုံဆွဲတဲ့အခါ ကိုယ်ဆွဲတဲ့အတိုင်း တိတိကျကျထွက်ဖို့အတွက် ခဲသားဘောပင်သာ သုံးသင့်ပါတယ်
Episode 1, 2 ကြည့်ပြီးမှသာ episode 3 ကို နားလည်နိုင်မှာ ဖြစ်တာမို့ ခုမှစကြည့်မယ့်သူတွေ အနေနဲ့ episode 1 နဲ့ 2 ကို အရင်ကြည့်ဖို့ အကြံပြုပါရစေ
Episode 2 မှာတော့ ပြီးခဲ့တဲ့ အပတ်က episode 1 မှာဆွဲပြခဲ့တဲ့ basic bodice block pattern ကို အသုံးပြုပြီး ဒေါက်ထည့်တာ ပွစာသတ်မှတ်တာတွေနဲ့ ပတ်သတ်ပြီး သင်ပြပေးမှာ ဖြစ်ပါတယ်
အခုမှ pattern စဆွဲကြည့်မယ့်သူတွေ၊ The Dressmaker Sewing Classes by Oo ရဲ့ စာပြန်နွေးချင်တဲ့ ကျောင်းသူ/သားဟောင်းတွေ၊ ကိုယ်နဲ့ မတူနဲ့ pattern ဆွဲနည်းကို လေ့လာကြည့်ချင်တဲ့ designer တွေပဲဖြစ်ဖြစ်၊ pattern making ကို စိတ်ဝင်စားတဲ့ မည်သူမဆို တက်လို့ ရပါတယ်
အခြေခံရှိတဲ့ လူရော မရှိတဲ့ လူရော background မျိုးစုံနာလည်နိုင်အောင် အရမ်းရိုးရှင်းတဲ့ ပုံလေးကို တဆင့်ချင်းစီ ခွဲဆွဲပြသွားမှာ ဖြစ်တာကြောင့် နားလည်ဖို့လွယ်ကူမယ်လို့ ယုံကြည်ပါတယ်
ပုံဆွဲတဲ့အခါ ကိုယ်ဆွဲတဲ့အတိုင်း တိတိကျကျထွက်ဖို့အတွက် ခဲသားဘောပင်သာ သုံးသင့်ပါတယ်
Episode 1 ကြည့်ပြီးမှသာ episode 2 ကို နားလည်နိုင်မှာ ဖြစ်တာမို့ ခုမှစကြည့်မယ့်သူတွေ အနေနဲ့ episode 1 ကို အရင်ကြည့်ဖို့ အကြံပြုပါရစေ
ပထမဆုံး အနေနဲ့ အမျိုးသမီးဝတ်ရဲ့ အခြေခံအကျဆုံး pattern ဖြစ်တဲ့ basic bodice block pattern ကို သင်ပြပေးမှာ ဖြစ်လို့
အခုမှ pattern စဆွဲကြည့်မယ့်သူတွေ၊ The Dressmaker Sewing Classes by Oo ရဲ့ စာပြန်နွေးချင်တဲ့ ကျောင်းသူ/သားဟောင်းတွေ၊ ကိုယ်နဲ့ မတူနဲ့ pattern ဆွဲနည်းကို လေ့လာကြည့်ချင်တဲ့ designer တွေပဲဖြစ်ဖြစ်၊ pattern making ကို စိတ်ဝင်စားတဲ့ မည်သူမဆို တက်လို့ ရပါတယ်
အခြေခံရှိတဲ့ လူရော မရှိတဲ့ လူရော background မျိုးစုံနားလည်နိုင်အောင် အရမ်းရိုးရှင်းတဲ့ ပုံလေးကို step ၆၀ ကျော်ထိ ခွဲဆွဲပြသွားမှာ ဖြစ်တာကြောင့် နားလည်ဖို့လွယ်ကူမယ်လို့ ယုံကြည်ပါတယ်
ပုံဆွဲတဲ့အခါ ကိုယ်ဆွဲတဲ့အတိုင်း တိတိကျကျထွက်ဖို့အတွက် ခဲသားဘောပင်ကိုသာ သုံးသင့်ပါတယ်
အခုလို အားလုံး အိမ်တွင်းအောင်းနေရတဲ့ ကာလမှာ အိမ်မှာနေရင်း မပျင်းရအောင်၊ အိမ်မှာလည်း ပိုနေချင်အောင်၊ အချိန်တွေ အကျိုးရှိရအောင် ဒီ Live လေးကို စီစဥ်ဖြစ်ပါတယ်
အားလုံး အိမ်မှာ ပိုနေချင်အောင် ရည်ရွယ်တာမို့လို့ လိုအပ်တဲ့ စက်ချုပ် ပစ္စည်းတွေကို အပြင်ထွက်ဝယ်တာမျိုး မဟုတ်ပဲ အိမ်ကနေ မှာလို့ရတဲ့ ဆိုင်တွေကနေ မှာစေချင်ပါတယ်ရှင့်
လိုအပ်တဲ့ ပစ္စည်းစာရင်း အသေးစိတ်ကိုတော့ post တစ်ခု သက်သက်တင်ပြီးတော့ ရှင်းပြပေးပါမယ်
ဒီ Video လေးကတော့ ဦးရဲ့ personal facebook account ကနေ Live လွှင့်သင်ကြားထားတာကို record လုပ်ပြီး အခု page မှာ ပြန်တင်ပေးထားတာ ဖြစ်ပါတယ်
အားလုံး အကျိုးရှိကြဖို့ မျှော်လင့်ပါတယ်ရှင့်
29/07/2020
ဦးတို့ Fashion နဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို နားထောင်တဲ့ အခါ ၊ ဖတ်တဲ့ အခါတွေမှာ တချို့ ပြင်သစ်စကားလုံးတွေ ၊ အီတလီစကားလုံးတွေ ကို အားလုံးနားလည်ပြီးသားဆိုတဲ့ သဘောနဲ့ ပြင်သစ်အသံ ၊ အီတလီအသံအတိုင်း ပြောတဲ့အခါမျိုး ၊ Fashion terms တွေ သုံးပြီးပြောသွားတဲ့ အခါမျိုးမှာ နားမလည်တဲ့ လူတွေလူအဖို့ အဲ့နေရာမှာ ပြတ်ကျန်ခဲ့တတ်ပါတယ်
ဦး ကိုယ်တိုင်လည်း ခနခနပြတ်ကျန်ခဲ့တာကြောင့် ဦး သိသလောက် စကားလုံးလေးတွေကို ဝေမျှပေးပါ့မယ်
အချိန်ပေး လေ့လာပြီး ရေးထားရတဲ့ project ဖြစ်တာကြောင့်
အခြား page များ ကူးယူဖော်ပြခြင်း သည်းခံပါရှင်
ဒီနေ့တော့ fashion terms တွေထဲက မဟုတ်ပဲ fashion နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်တဲ့ အရောင်ရွေးချယ်မှုအပိုင်းနဲ့ ပတ်သတ်ပြီး ဦးရဲ့ အမြင် အချို့ကို ဝေမျှချင်ပါတယ်
ကိုယ့် customer နဲ့ အလိုက်ဖက်ဆုံး ဖြစ်မယ့်အရောင်ကို ဘယ်လိုရွေးချယ်မလဲ?
အရောင်တွေအများကြီးရှိတဲ့ အထဲကမှ အရောင် ၁ရောင်ကိုပဲ ရွေးချယ်ပေးဖို့က အခက်ခဲဆုံးအပိုင်းပါ
သူများတွေအတွက်တော့ မသိဘူး
ဦးအတွက်တော့ ဂျီးများတဲ့ customer ထက် ဂျီးမများတဲ့ customer ကို ချုပ်ပေးရတာက ပိုခေါင်းစားပါတယ်
ဂျီးများတဲ့ customer က သူ့အကြိုက်က ဘောင်တခုထဲမှာပဲ ရှိတက်ပါတယ်
ကျွန်မကတော့ ဒီအရောင် ဒီလိုပုံပဲ ကြိုက်ပါတယ် ဆိုပြီး ဘောင်ခတ်လာတဲ့ အခါမှာ လုပ်ရတာ ခက်မလိုနဲ့ လွယ်ပါတယ်
သူ့အကြိုက်အတိုင်း လုပ်ပေးလိုက်ရင်ရပါပြီ
ဂျီးမများတဲ့ customer နဲ့ဆို ကိုယ့်ဘက်ကလည်း ကိုယ့်ရဲ့ လုပ်ခွင့်မရခဲ့တဲ့ creation တွေ ကလုပ်ချင်သေးတာလေ
အဲ့လို အခါမှာ ကိုယ်လုပ်ချင်တဲ့ အရာတွေအများကြီးထဲကမှ သူ့အသားအရေ ၊ ခန္ဓာကိုယ်အချိုးအစား ၊ သူဝတ်မယ့်နေရာ ၊ သူဝတ်မယ့်အချိန်အခါ ပေါ်လိုက်ပြီး အသင့်တော်ဆုံးဖြစ်မယ့် ၁ခုကို ရွေးချယ်သင့်ပါတယ်
ဥပမာ ဘွဲ့ဝတ်စုံ ၊ မင်္ဂလာဝတ်စုံ တွေလို တစ်သက်လုံးပြန်ပြန်ကြည့်မယ့် ဝတ်စုံတွေမျိုးမှာ အရောင်နဲ့ ဒီဇိုင်း အရမ်းဆန်းတာမျိုးတွေ မရွေးချယ်သင့်ပါဘူး
Design ဆိုလည်း timeless ဖြစ်တာမျိူး
အရောင်ဆိုလည်း ဒီနှစ်ခေတ်စားတဲ့ အရောင်ဆိုတာမျိုးကို ရှောင်သင့်ပါတယ်
ဘယ်အချိန် ပြန်ကြည့်ပြန်ကြည့် ရိုးမသွားတာမျိုး ဖြစ်ရအောင် ကိုယ်ကြိုက်တယ်ဆိုတဲ့ အရောင်ထက် ကိုယ့် customer အသားအရေနဲ့ harmony ဖြစ်တာမျိုးကိုပဲ ရွေးချယ်သင့်ပါတယ်
အဲ့လိုမျိုး မဟုတ်ဘဲ ဆန့်ကျင်ဘက် အခြေအနေမျိုးမှာ
ဥပမာ exhibition တွေမှာလို ဆိုင်တွေ တစ်ဆိုင်နဲ့ တစ်ဆိုင် အပြိုင်အဆိုင် အာရုံဆိုက်ခံချင်တဲ့ အခြေအနေလိုမျိုးမှာ တော့ contrast combination တွေကို သုံးပေးသင့်ပါတယ်
လူတွေရဲ့ attention နဲ့ engage ဖြစ်ဖို့ရာ တအားကြောင်ကြောင်ကြားကြား ကြောက်စရာ contrast ကြီးတွေလည်း မဖြစ်ဖို့ လိုပါတယ်
မဟုတ်ရင် ဈေးဝယ်သူက မျက်စေ့ကြိမ်းလို့ အနားမကပ်ရဲပဲနေပါမယ်
ပါးပါးနပ်နပ် contrast လေးတွေ ဖန်တီးဖို့က weight တွေ balance တွေက အဓိကကျပါတယ်
7 colors contrast by Johannes Itten ကို တစ်ချက်လောက်လေ့လာကြည့်သင့်ပါတယ်
နောက်တခုက ဝတ်မယ့်အချိန်ကိုလည်း မေ့ထားလို့ မရပါဘူး
ဥပမာ နေခင်းအချိန် outdoor မှာ လုပ်မယ့် ပွဲမျိုးမှာ ကိုယ့် customer ကိုကြည့်လိုက်ရင် အရမ်းပူတဲ့ ခံစားချက်ရစေမယ့် အရောင်မျိုးကိုလည်း ရှောင်သင့်ပါတယ်
အတက်နိုင်ဆုံး မျက်စေ့အေးရအောင် cool tone ဘက်ခြမ်းက အရောင်တွေထဲက ရွေးချယ်သင့်ပါတယ်
နောက်ဆုံး တစ်ချက်ကတော့ ကိုယ့်ချုပ်ပေးမယ့် customer ကို အများနဲ့မတူ အထူးပေါ်လွင်စေချင်တဲ့ အခါမျိုး
(Screen ခေတ် ဖြစ်တာကြောင့်)
အထူးသဖြင့် screenတွေ (တီဗီ ၊ ဖုန်း အစရှိတာတွေ) ပေါ်မှာ ပိုပေါ်လွင်စေချင်တာမျိုးဆိုရင်တော့ အနီ ၊ အစိမ်း ၊ အပြာ အရောင် အုပ်စုထဲကနေ ရွေးချယ်သင့်ပါတယ်
Screen တွေက RGB (Red, Green, Blue) အရောင်တွေ နဲ့ အခြေခံပြီး တခြား အရောင်တွေကို ထုတ်ပေးတာ ဖြစ်တဲ့ အတွက်ကြောင့် အဲ့အရောင်အုပ်စုတွေက screen တွေပေါ်မှာ တခြား အရောင်တွေထပ် အရောင်ထွက်အားပိုကောင်းပါတယ်
21/05/2020
ဦးတို့ Fashion နဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို နားထောင်တဲ့ အခါ ၊ ဖတ်တဲ့ အခါတွေမှာ တချို့ ပြင်သစ်စကားလုံးတွေ ၊ အီတလီစကားလုံးတွေ ကို အားလုံးနားလည်ပြီးသားဆိုတဲ့ သဘောနဲ့ ပြင်သစ်အသံ ၊ အီတလီအသံအတိုင်း ပြောတဲ့အခါမျိုး ၊ Fashion terms တွေ သုံးပြီးပြောသွားတဲ့ အခါမျိုးမှာ နားမလည်တဲ့ လူတွေလူအဖို့ အဲ့နေရာမှာ ပြတ်ကျန်ခဲ့တတ်ပါတယ်
ဦး ကိုယ်တိုင်လည်း ခနခနပြတ်ကျန်ခဲ့တာကြောင့် ဦး သိသလောက် စကားလုံးလေးတွေကို ဝေမျှပေးပါ့မယ်
အချိန်ပေး လေ့လာပြီး ရေးထားရတဲ့ project ဖြစ်တာကြောင့်
အခြား page များ ကူးယူဖော်ပြခြင်း သည်းခံပါရှင်
#3 toile
အင်္ဂလိပ်လို ထွာ(လ်) လို့ အသံထွက်ပါတယ်
ပြင်သစ် စကားလုံး ပါပဲ
ပြင်သစ်လို တွယ်(လ်) လို့ ထွက်ပါတယ်
သေချာချင်တယ် ဆိုရင် toile french pronunciation ဆိုပြီး google မှာ ရိုက်ရှာကြည့်ရင် ရပါတယ်
(ဘာသာစကားဘက်ကျွမ်းကျင်သူ မဟုတ်တော့ အလွဲပြောမိမှာ ဆိုးလို့ပါ)
sample garment လို့ အဓိပ္ပါယ်ရပါတယ်
garment တစ်ခု ဖန်တီးတဲ့ အခါမှာ
အဆင့်တွေ အများကြီးရှိပါတယ်
အရင်ဆုံး mood board ကနေစပါတယ်
mood board ဆိုတာ ကိုယ် inspire ဖြစ်တဲ့ အကြောင်းအရာကို research လုပ်ပြီး အချက်အလတ်တွေ (အဓိကကတော့ ပုံတွေ)ကို pinned လုပ်ထားတာပါ
အဲ့ကနေ sketch တွေ ထွက်လာပါတယ်
sketch ကို pattern ထုတ်ပါတယ်
ထွက်လာတဲ့ pattern တွေကို muslin နဲ့ အရင် အစမ်းချုပ်ကြည့်ပါတယ်
အဲ့ဒီ အစမ်းချုပ်ထားတဲ့ အထည်ကို toile လို့ ခေါ်ပါတယ်
အဲ့ toile မှာ ဒီဇိုင်နာက စိတ်ကြိုက် ပြင်ဆင်မှုတွေ အားလုံး လုပ်ပြီးပြီဆိုမှ final garment ကို ချုပ်ပါတယ်
ဦးတို့လည်း premium ထည်တွေ ၊ အတွင်းချောမယ့်အထည်တွေ ၊ ပြင်ရခက်တဲ့ ဒီဇိုင်းမျိုးတွေ ချုပ်တဲ့အခါ ၊ အရမ်းဈေးကြီးတို့ ပိတ်စတွေ ညှပ်ရမယ့်အခါ ၊ customer က ကျွန်မ ဂျီးအရမ်းများပါတယ် ဆိုပြီး ပွင့်ပွင့်လင်းလင်းပြောလာတဲ့ အခါ ၊ customer က fitting ၂ခါ ၃ခါ လာပေးနိုင်တဲ့ အခါမျိုးတွေ မှာ toile ကို ချုပ်ပေးဖြစ်ပါတယ်
toile ချုပ်ဖို့ အစရွေးချယ်တဲ့ အခါမှာ ကိုယ့်ရဲ့ final garment မှာ သုံးမယ့် ပိတ်စရဲ့ stretch ၊ thickness နဲ့ ပိတ်စရက်လုပ်ထားပုံ အနီးစပ်ဆုံးတူတဲ့ အစကို ရွေးချယ်သင့်ပါတယ်
toile ချုပ်တဲ့ အခါမှာ detail design တွေ ၊ detail finishing တွေ မလိုပါဘူး
အဓိကက ဝတ်လိုက်ရင် တကယ့်အထည်ထွက်လာမယ့် ပုံကို မြင်ရရင် ရပါပြီ
toile ချုပ်ရခြင်း ရဲ့ အားသာချက်ကတော့
အချိန်ကုန်သက်သာတယ် ၊ လူပင်ပန်းသက်သာတယ် ၊ ပိုက်ဆံကုန်သက်သာတယ် ၊ creator စိတ်တိုင်ကျ design ရတယ် ၊ client စိတ်တိုင်ကျ fitting ရတယ်
အဲ့ဒါကြောင့် toile ကို ချုပ်သင့်ပါတယ်
toile ကို calico ၊ muslin လို့လည်း ခေါ်ပါသေးတယ်
calico က UK ဘက်မှာ အသုံးများပြီး
muslin က US ဘက်မှာ အသုံးများပါတယ်
21/05/2020
ဦးတို့ Fashion နဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို နားထောင်တဲ့ အခါ ၊ ဖတ်တဲ့ အခါတွေမှာ တချို့ ပြင်သစ်စကားလုံးတွေ ၊ အီတလီစကားလုံးတွေ ကို အားလုံးနားလည်ပြီးသားဆိုတဲ့ သဘောနဲ့ ပြင်သစ်အသံ ၊ အီတလီအသံအတိုင်း ပြောတဲ့အခါမျိုး ၊ Fashion terms တွေ သုံးပြီးပြောသွားတဲ့ အခါမျိုးမှာ နားမလည်တဲ့ လူတွေလူအဖို့ အဲ့နေရာမှာ ပြတ်ကျန်ခဲ့တတ်ပါတယ်
ဦး ကိုယ်တိုင်လည်း ခနခနပြတ်ကျန်ခဲ့တာကြောင့် ဦး သိသလောက် စကားလုံးလေးတွေကို ဝေမျှပေးပါ့မယ်
အချိန်ပေး လေ့လာပြီး ရေးထားရတဲ့ project ဖြစ်တာကြောင့်
အခြား page များ ကူးယူဖော်ပြခြင်း သည်းခံပါရှင်
#2 inspiration
inspiration ရဲ့ အဓိပ္ပါယ်က တော်တော်များများ သိပြီးသားပါ
ဒါပေမဲ့ အဓိပ္ပါယ်လွဲပြီး အသုံးပြုနေတာလေးတွေ ခနခန တွေ့ရလို့ ဒီနေ့မှာ inspiration အကြောင်းရေးဖို့ ရွေးချယ်လိုက်ပါတယ်
inspiration အကြောင်းရေးမယ်ဆို အများကြီးကျယ်ပြန့်ပါတယ်
မြန်မြန်နဲ့ လွယ်လွယ် နားလည်ရအောင် တက်နိုင်သလောက် အတိုချုံးပြီး ပြောပြပါ့မယ်
Mistake no.1. inspire ယူတယ်ဆိုတာ ဝတ်စုံ ၁စုံ ကနေ ၁စုံ ကိုပုံစံတူကူးချုပ်တာမျိုး ဆင်တူယိုးမားချုပ်တာမျိုးကို inspire ယူတယ် မခေါ်ပါဘူး
Inspiration ဆိုတာ သီချင်း ၊ ရုပ်ရှင် ၊ ရုပ်ပုံ ၊ သမိုင်းထဲက အချိန်ကာလ တခုခု ၊ ကိုယ့်ပတ်ဝန်းကျင်မှာတွေ့ရတဲ့ ပစ္စည်းတွေ ၊ အရာဝတ္ထုတွေ ၊ တိရိစ္ဆာန်တွေ ၊ အပင်တွေ ၊ မှတ်ဉာဏ်တွေ အားလုံးဆီကနေ လာနိုင်ပါတယ်
Mistake no.2. ဟုတ်ပြီ ဝတ်စုံ တစ်စုံက တစ်စုံကူးချုပ်တာ မဟုတ်ဘူး
အရာဝတ္ထု တခုခုက ယူတာပါဆိုပြီး
ဥပမာ နှင်းဆီပန်းကနေ inspire ယူတယ်ဆိုပြီး နှင်းဆီပန်းပုံတွေ အင်္ကျီပေါ်မှာ ဆွဲတာမျိုး ကို put the rose print on it လောက်ပဲပြောလို့ရပါတယ် နှင်းဆီပန်းကနေ inspire ယူတယ် ပြောလို့မရပါဘူး
ဥပမာ လိပ်ပြာကို inspire ယူတယ်ဆိုပြီး လိပ်ပြာအစစ်ကြီးတိုင်း ဝတ်စုံချုပ်လိုက်တာမျိုးကို butterfly costume ချုပ်တယ်ပဲ ပြောလို့ရပါတယ် လိပ်ပြာကနေ inspire ယူတယ် ပြောလို့မရပါဘူး
ဥပမာ အချိန်ကာလ တခုခုကို inspire ယူတယ်ဆိုပြီး အဲ့ကာလကို ဝတ်စုံအတိုင်း တပုံတည်း ပြန်ချုပ်တာမျိုးကလည်း inspire ယူတယ် မခေါ်ပါဘူး remaking the ***** dress လို့ပဲပြောလို့ရပါမယ်
Inspire ယူတယ်ဆိုတာ
နှင်းဆီပန်းရဲ့ velvaty texture ကို ယူတာမျိုး
လိပ်ပြာ ရဲ့ bold pigmentation ကို ယူတာမျိုး
ပုဂံခေတ် ဝတ်စုံတစုံရဲ့ silhouette ကို ယူတာမျိုး မျိုးစုံဖြစ်နိုင်ပါတယ်
Inspire ယူတယ်ဆိုတာ တခုခုကို အမှတ်ရပြီး ပြန် create လုပ်ရတာမျိုးပါ
ကိုယ် creation လုပ်ထားတာကို ကြည့်လိုက်တာနဲ့ တခုခုကို ချက်ချင်း မှတ်မိစေတာမျိုးပါ
Trends are often adapted from the past; the key is to give them a fresh feel.
20/05/2020
ဦးတို့ Fashion နဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို နားထောင်တဲ့ အခါ ၊ ဖတ်တဲ့ အခါတွေမှာ တချို့ ပြင်သစ်စကားလုံးတွေ ၊ အီတလီစကားလုံးတွေ ကို အားလုံးနားလည်ပြီးသားဆိုတဲ့ သဘောနဲ့ ပြင်သစ်အသံ ၊ အီတလီအသံအတိုင်း ပြောတဲ့အခါမျိုး ၊ Fashion terms တွေ သုံးပြီးပြောသွားတဲ့ အခါမျိုးမှာ နားမလည်တဲ့ လူတွေလူအဖို့ အဲ့နေရာမှာ ပြတ်ကျန်ခဲ့တတ်ပါတယ်
ဦး ကိုယ်တိုင်လည်း ခနခနပြတ်ကျန်ခဲ့တာကြောင့် ဦး သိသလောက် စကားလုံးလေးတွေကို ဝေမျှပေးပါ့မယ်
အချိန်ပေး လေ့လာပြီး ရေးထားရတဲ့ project ဖြစ်တာကြောင့်
အခြား page များ ကူးယူဖော်ပြခြင်း သည်းခံပါရှင်
#1 Flamboyant
အင်္ဂလိပ်လိုဆို ဖလမ် ဘော ရန့်(တ်)
boy မှာ emphasize လုပ်ပါတယ်
ပြင်သစ်စကားလုံးက ဆင်းသက်လာတာ ဖြစ်ပြီး
ပြင်သစ်လိုဆို ဖလမ် ဘို ရာ့(န်)
yant မှာ embhasize လုပ်ပါတယ်
အဓိပ္ပါယ် က တစုံတယောက်ရဲ့ make up (သို့မဟုတ်) အဝတ်အစား (သို့မဟုတ်) အပြုအမူ တစ်ခုခုကြောင့် လူအများရဲ့ အထူးအာရုံစိုက်ခြင်းခံရတာကို ပြောတာပါ
အချိန်ကာလတစ်ခုမှာ ၊ ပွဲတစ်ပွဲမှာ ၊ collection တစ်ခုမှာ ထင်ရှားပြီး လူကြိုက်များတဲ့ ပန်းချီကား (သို့မဟုတ်) ဝတ်စုံကိုလည်း flamboyant piece လို့ခေါ်ပါတယ်
Adjective အနေနဲ့ သုံးပါတယ်
ချီးကျူးပြီးပြောတာလည်း ဖြစ်နိုင်သလို လူတယောက်ရဲ့ စကားလုံးသုံးနှုန်းပုံ နဲ့ လေယူလေသိမ်းကို ကြည့်ရင် ကဲ့ရဲ့တာလည်း ဖြစ်နိုင်ပါတယ်
ချီးကျူးတဲ့ အနေနဲ့ဆို
She was fondly remembered for her flamboyant lifestyle.
ဥပမာ Audrey Hepburn လိုမျိူးပေါ့
ကဲ့ရဲ့တဲ့ အနေနဲ့ ဆို
ဥပမာ မင်းသမီး ၂လတ် အပြိုင်သရုပ်ဆောင်ရတာမျိုးမှာ ၁ယောက်က ၁ယောက်ထက် သာချင်ဇောနဲ့ Fashion တွေ မိတ်ကပ်တွေ အလွန်အကျူး ပြင်ဆင်ခြယ်သလို့ ဇာတ်လမ်းအပေါ် အာရုံ မစိုက်မိတော့ပဲ မင်းသမီးရဲ့ Style အပေါ်မှာ ပဲ အာရုံစိုက်မိနေတာမျိုးဆိုရင်
The movie was good, but the actress was way too flamboyant.
သူ့ရဲ့ တစ်ယောက်တည်း ထင်ပေါ်ချင်တဲ့ ဇောက တဖက်သရုပ်ဆောင်ကိုရော ရုပ်ရှင်ကိုပါ သတ်ချလိုက်တာမျိုးပေါ့
(မည်သူတစ်ဦး တစ်ယောက်ကိုမှ ရည်ရွယ်ခြင်းမရှိပါ မြင်သာမည့် ဥပမာပေးခြင်းသာဖြစ်ပါသည်)
06/01/2020