26/09/2017
lesson 1.3
Peace , stability ,harmony and progress;
it is not large agenda but it is a difficult
one, and as we go forward in our efforts
to redress the ill of this nation,I would like to ask our friends who understand and
sympathise with both our aspirations and our problems to join us.
We would like you to join us in a positive,
constructive way to find new path towards peace and stability, towards harmony.We would like you to think of
our country as a whole, not just as little
afflicted areas, it is as a whole only that we can make progress.
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်
စက်တင်ဘာလ ၁၉ ရက်နေ့မှာပြောကြားခဲ့တဲ့မိန့်ခွန်းထဲက
တစ်ချို့အပိုင်းလေးကိုလေ့လာကြည့်ကြပါမယ်
ဒီအပိုင်းမှာ ပြောသွားတာက သုံးကြောင်းပဲရှိပေမယ့်စကားလုံးတွေဟာ ကျစ်လျစ်သိပ်သည်းပါတယ် စကားလုံးနည်း
နည်းနှင့်အဓိပ္ပာယ်တွေအများကြီးကိုဆိုလိုသွားတာ
အင်မတန်အတုယူစရာကောင်းတဲ့ စကားလုံးတည်ဆောက်ပုံ စံထားလောက်တဲမိန့်ခွန်းထဲက
တစ်ချို့ကောက်နုတ်ချက်များဖြစ်ပါတယ်
စာကြောင်းတစ်ကြောင်းနှင့်တစ်ကြောင်းဆက်တဲ့
စကားဆက် Conjunction တွေဟာ
ကြိယာတစ်ခုထပ်ပါဝင်တဲ့ စာကြောင်းငယ်နှင့်ပင်မစာ
ကြောင်းတစ်ခုကိုဆက်ပေးတဲ့အနေနဲ့တွေ့ရတဲ့Clause ရဲ့
အစ စာလုံးတွေအဖြစ်တွေ့ရပြီးတစ်ခါ
တစ်ရံမြုပ်ထားတက်ပါတယ်
ပထမစာကြောင်းမှာ
but ဟာ ရှေ့ကဖော်ပြချက်
it is not large argenda ဆိုတဲ့main sentence
နှင်ဆန့်ကျင်တဲ့အခြေအနေတစ်ရပ်ကို
ဖော်ပြရမှာဖြစ်လို့
ကြိယာဝိသေနအလုပ်ကိုလုပ်ပါတယ်
Friends တွေရဲ့ ဂုဏ်အရည်
အသွေးကိုဖော်ညွှန်းတဲ့
တဲ့နာမဝိသေသန အဖြစ် who က
ရည်ညွှန်းထားပါတယ်
to ရဲ့နောက်မှာ Verb တစ်ခုခုရှိမယ်ဆိုရင်
ရည်ရွယ်ချက်တစ်ခုခုကို ရည်ညွှန်းခြင်း
toရဲ့နောက်မှာ နေရာဒေသတစ်ခုခုသို့မဟုတ်
အချိန်ကိုဖော်ပြရင်
လားရာသို့မဟုတ် ကန့်သတ်ကြာချိန်ကို
ညွှန်ပြခြင်းဖော်ညွန်းခြင်းဖြစ်ပါတယ်
as ဟာ တစ်ခါတစ်ရံ Because, Since ,While,ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပြီး
တစ်ခါတစ်ရံ အနေ နဲ့ တစ်ခါတစ်ရံ အလို့ငှါ တစ်ခါတစ်ရံ
မှာတော့ အတိုင်း စသည်ဖြင့်အဓိပ္ပါယ်
သက်ရောက်ပြီး
ပထမစာကြောင်းက as ဟာဆိုရင်
while, when စသည်ရဲ့အဓိပ္ပါယ်ပါ
ကြိယာဝိသေနအဖြစ်တွေ့ ရပါတယ်
တတိယစာကြောင်းမှာတော့ အနေနဲ့ လို့အဓိပ္ပါယ်
သက်ရောက်တဲ့ Abverb အလုပ်ကိုလုပ်ပါတယ်
အခုဆိုရင်တော့အားလုံးပြည့်စုံသွားပါပြီ
Lesson 1.4 မှာတော့ ဘာသာပြန်လို့ရပါပြီ
ဒီအချက်အလက်လေးတွေအားလုံးကိုစုပြီး
ကိုယ့်ရဲ့အကြမ်းစာရွက်လေးမှာ
ဘာသာပြန်လေ့ကျင့်ကြည့်ပါ
1.4 မှာ ဘာသာပြန်ထားတာလေးကိုတင်တဲ့အခါ
အဖြေတိုက်ကြည့်ရင်းပြန်လည်ဆုံတွေ့ကြပါမယ်
ဆက်ပါဦးမည်