JAPANYA-Japanese language and Music school.

JAPANYA-Japanese language and Music school. ရေကျော်မှာ ဂျပန်စာစကားနှင့် Vocal training ကို သင်ယူနိုင်တဲ့ကျောင်း စတင်ဖွင့်လှစ်လိုက်ပါသည်။

ဒီနေ့မှာတော့ ယဉ်ကျေးမှုနဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်...
31/01/2021

ဒီနေ့မှာတော့ ယဉ်ကျေးမှုနဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ်မယ်လို့ထင်ပါတယ်။ အားလုံးပဲအတူတူ လေ့လာကြရအောင်။
ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

ဒီနေ့မှာတော့ နေရာနဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ...
30/01/2021

ဒီနေ့မှာတော့ နေရာနဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ်မယ်လို့ထင်ပါတယ်။ အားလုံးပဲအတူတူ လေ့လာကြရအောင်။
ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတဲ့နေရာတွေထဲက တစ်ခုဖြစ်တဲ့ Tokyo Disneyland နဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ Tokyo ...
29/01/2021

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတဲ့နေရာတွေထဲက တစ်ခုဖြစ်တဲ့ Tokyo Disneyland နဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ Tokyo Disneyland ဟာ ဂျပန်နိုင်ငံကစားကွင်းတွေထဲက တစ်ခုဖြစ်ပြီး ကလေးတွေနဲ့ လူငယ်တွေကြားမှာ နာမည်ကြီးတဲ့ နေရာဖြစ်ပါတယ်။ Tokyo Disneylandဟာ Tokyo ရဲ့အနီးအနားမှာရှိတဲ့ Chiba ခရိုင် Urayasu မြို့မှာတည်ရှိပါတယ်။
ဒီ Tokyo Disneylandဟာ ပထမဦးဆုံး အမေရိကန်နိုင်ငံပြည်ပမှာ ဆောင်လုပ်တဲ့ Disneyland ကစားကွင်းဖြစ်ပြီး ၁၉၈၃ခုနှစ် ဧပြီလ ၁၅ရက်နေ့မှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီကစားကွင်းမှာ နေရာ ၇ နေရာခွဲထားပြီး The World Bazzar၊ Adventureland၊ Westernland၊ Fantasyland၊ Tomorrowland၊ Critter Countryနဲ့ Mickey’s Toontown ဆိုတဲ့ နာမည်တွေနဲ့ နေရာတွေကို ခွဲထားပါတယ်။ တချို့နေရာတွေဟာ American မှာရှိတဲ့ Disneyland နဲ့ ပုံစံတူဆောက်လုပ်ထားတဲ့ နေရာတွေဖြစ်ပါတယ်။ ဒီကစားကွင်းမှာဆိုရင်တော့ Disneylan character နဲ့ ရုပ်ရှင်တွေကို အခြေခံ၍ ဆောက်လုပ်ထားတာဖြစ်ပြီး Disneyland character လေးတွေကိုလည်း တွေ့မြင်နိုင်တဲ့ ကစားကွင်းဖြစ်ပါတယ်။ အားလုံးလည်း ဂျပန်ရောက်တဲ့အခါ ကိုယ်ချစ်ရတဲ့သူငယ်ချင်း မိသားစုတွေနဲ့အတူ Tokyo Disneyland ကိုသွားလည်ကြည့်ပါလို့ ပြောချင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

【  👩‍🎓📖 ဂျပန်စာဝေါဟာရ Lesson 33✏️👨‍🎓 】ဒီတစ်ခေါက်မှာတော့ JAPANYA ကနေ ဂျပန်စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မယ့် ဗီဒီယို...
28/01/2021

【 👩‍🎓📖 ဂျပန်စာဝေါဟာရ Lesson 33✏️👨‍🎓 】
ဒီတစ်ခေါက်မှာတော့ JAPANYA ကနေ ဂျပန်စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မယ့် ဗီဒီယို (Lesson 33) လေးကို ပြုလုပ်ထားပါတယ်။
စည်းချက်နဲ့အညီ ဂျပန်စာရဲ့အခြေခံဝေါဟာရလေးတွေကို အတူတူလေ့လာကြရအောင်။
ဒီတစ်ခေါက်လေ့လာရမှာက အချိုပွဲ ဖြစ်ပါတယ်။
ဒီဗီဒီယိုလေးကို နှစ်သက်တယ်ဆိုရင် share ပေးကြပါဦးနော်။
今回も、JAPANYAが日本語・ミャンマー語を楽しく学べる動画(Lesson33)を作りました。
楽しくリズムに合わせて日本語・ミャンマー語の基本単語を覚えましょう
今回Lesson33、テーマはデザートです。

https://youtu.be/bIat7-r2iQo

もしこの動画を気に入ってくださった方は、是非シェアよろしくお願い致します。

ဒီတစ်ခေါက်မှာတော့ JAPANYA ကနေ ဂျပန်စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်‌မယ့် ဗီဒီယို (Lesson 33)လေး‌ကို ပြုလုပ်ထားပါတ...

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ရိုးရာအစားအစာဖြစ်တဲ့ Sushi (寿司) နဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ဆူရ...
27/01/2021

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ရိုးရာအစားအစာဖြစ်တဲ့ Sushi (寿司) နဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ဆူရှီဆိုတာ ရှာလကာရည်၊ ဆား၊သကြားနဲ့ နယ်ထားတဲ့ထမင်းကို အထဲမှာ ဟင်းသီးဟင်းရွက် ပင်လယ်စာ အသားစိမ်းထည့်ထားတဲ့ အစားအစာဖြစ်ပါတယ်။ ဆူရှီရဲ့ အဓိကအရသာကတော Shari သို့မဟုတ် Sumeshi လို့ခေါ်တဲ့ ထမင်းဟာ အဓိကပါဝင်ပစ္စည်းဖြစ်ပါတယ်။
ဆူရှီရဲ့မူလဟာ Narezushi လို့ခေါ်တဲ့ အစားအစား (ထမင်းနဲ့အချဉ်ဖောက်သိပ်ထားတဲ့ငါး) က ဆင်းသက်လာတာဖြစ်ပြီး ရှေးခေတ် ဂျပန်လူမျိုးတွေအတွက် အဓိကအစားအစာဖြစ်ခဲ့ပါတယ်။ Muromachi ခေတ်ရောက်တဲ့အခါ ရှာလကာရည်ကို ထည့်ပြီးပြုလုပ်လာခဲ့ကြပြီး Edo ခေတ်ရောက်တဲ့အခါမှာ လက်ဆတ်တဲ့ငါး နဲ့ ရေညှိကို ရှာလကာရည်ထည့်ထားတဲ့ ထမင်းနဲ့ ပြုလုပ်ခဲ့ကြရာမှစပြီး ဆူရှီဟာ အစားအစာတွေကြားမှာ ရေပန်းစားလာခဲ့ပါတယ်။ အခုချိန်မှာတော့ ဆူရှီဟာ တစ်ကမ္ဘာလုံးကသိကြတဲ့ ဂျပန်နိုင်ငံရိုးရာအစားအစာဖြစ်ပြီး အမျိုးမျိုး ပြုလုပ်လာခဲ့ကြပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ဆူရှီမှာ အမျိုးအစားအမျိုးမျိုးရှိပါတယ်။ Chirashizushi၊ Makizushi၊ Narezushi၊ Nigirizushi၊ Oshizushi နဲ့ စသဖြင့်ရှိပြီး အနောက်တိုင်းနိုင်ငံက ဆန်းသစ်ပြုလုပ်ထားတဲ့ ဆူရှီအမျိုးအစားတွေလည်းရှိပါတယ်။ အားလုံးလည်း ဆူရှီကို တော်တော်များများစားဖူးကြမယ်လို့ထင်ပါတယ်။ ဂျပန်ရောက်တဲ့အခါမှာ ဆူရှီကိုအမျိုးအစားစုံလင်အောင် သွားစားကြည့်ပါလို့ပြောချင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

ဒီနေ့မှာတော့ လမ်းနဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ...
26/01/2021

ဒီနေ့မှာတော့ လမ်းနဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ်မယ်လို့ထင်ပါတယ်။ အားလုံးပဲအတူတူ လေ့လာကြရအောင်။
ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတဲ့နေရာတစ်ခုဖြစ်တဲ့ Miyagi Zao Fox Village (宮城蔵王キツネ村) အကြောင်းနဲ့ ပတ်သက်ပြီး ပြောပ...
25/01/2021

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတဲ့နေရာတစ်ခုဖြစ်တဲ့ Miyagi Zao Fox Village (宮城蔵王キツネ村) အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ Fox Village ဆိုတဲ့အတိုင်းပဲ ဂျပန်နိုင်ငံရဲ့ ချစ်စရာကောင်းတဲ့ မြေခွေးလေးတွေ ရှိတဲ့နေရာဖြစ်ပါတယ်။ Miyagi Zao Fox Village ဟာ Miyagi ခရိုင် Shiroishi မြို့ မှာ တည်ရှိပါတယ်။
ဒီနေရာဟာ ဂျပန်နိုင်ငံမှာ တစ်ခုတည်းရှိတဲ့ မြေခွေးရွာဆိုပြီး နိုင်ငံခြားသားခရီးသွားတွေကြားမှာ နာမည်ကြီးပြီး မြေခွေးလေးတွေနဲ့ ရင်းနှီးချင်တဲ့သူတွေအတွက် သွားသင့်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။ ဒီရွာလေးရဲ့ အထင်ကရနေရာလေးကတော့ မြေခွေးလေးတွေအများကြီး လျှောက်သွားနေတဲ့ ကွင်းပြင်ဖြစ်ပြီး အဲဒီ့နေရာမှာ မြေခွေးလေးတွေကို အစာကျွေးလို့ရပါတယ်။ မြေခွေးလေးတွေဟာ တစ်ခါတစ်ရံ ကိုက်တတ်တဲ့အတွက် ပွတ်သက်တာ ထိတာတွေတော့ သတိထားရပါမယ်။ Miyagi Zao Fox Village မှာ မြေခွေးပေါင်းအကောင်ရေ ၁၀၀ကျော်ရှိပြီး မြေခွေး အနီရောင် ၊ အဖြူရောင်စသဖြင့် မြေခွေးအမျိုးအစား အမျိုးမျိုးရှိပါတယ်။ မြေခွေးလေးတွေသာမက အခြားယုန်၊ မြင်း၊ ဆိတ်၊ ပူး စတဲ့တိရစ္ဆာန်လေးတွေလည်း ရှိပါတယ်။ အိမ်ပြန်လက်ဆောင်အတွက် ဆိုင်တွေလည်းရှိပြီး များသောအားဖြင့် မြေခွေးအရုပ်လေးတွေနဲ့ လက်ဆောင်ပစ္စည်းလေးတွေလည်း ဝယ်လို့ရပါတယ်။ အားလုံးလည်း ဂျပန်ရောက်တဲ့အခါ ချစ်စရာကောင်းတဲ့ မြေခွေးလေးတွေရဲ့ ရွာကို သွားလည်ကြည့်ပါလို့ပြောချင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

ဒီနေ့မှာတော့ နိုင်ငံနဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရ...
24/01/2021

ဒီနေ့မှာတော့ နိုင်ငံနဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ်မယ်လို့ထင်ပါတယ်။ အားလုံးပဲအတူတူ လေ့လာကြရအောင်။
ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

ဒီနေ့မှာတော့ အလုပ်အကိုင်နဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ...
23/01/2021

ဒီနေ့မှာတော့ အလုပ်အကိုင်နဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ်မယ်လို့ထင်ပါတယ်။ အားလုံးပဲအတူတူ လေ့လာကြရအောင်။
ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ Omamori(お守り) အကြောင်းပြောပြချင်ပါတယ်။ Omamori ဆိုတာက ဂျပန်နိင်ငံရဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းတွ...
22/01/2021

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ Omamori(お守り) အကြောင်းပြောပြချင်ပါတယ်။ Omamori ဆိုတာက ဂျပန်နိင်ငံရဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းတွေ နတ်ဘုရားကျောင်းတွေမှာရှိတဲ့ ဘေးအန္တရာယ်ကင်းရှင်းဖို့ ကံကောင်းဖို့ ကျန်းမာဖို့စသဖြင့် ကိုယ့်ရဲ့လိုအင်ဆန္ဒအလျောက် ဆောင်ကြတဲ့ အဆောင်လေးတွေကို ပြောတာဖြစ်ပါတယ်။
Omamori ဟာ သယ်ရလွယ်ကူတဲ့ အိတ်အသေးလေးပုံစံရှိပြီး အထဲမှာ နတ်ဘုရားအစွမ်းတွေပါတယ်လို့ ယူဆကြပါတယ်။ အိတ်ရဲ့အပေါ်မှာ ချည်ကြိုးနဲ့ စည်းထားတဲ့ရည်ရွယ်ချက်ကတော့ နတ်ဘုရားရဲ့အစွမ်းတွေ အပြင်ကို ထွက်မသွားအောင်ဆိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။ Omamori မှာလည်း အချစ်ရေးမှာ ကံကောင်းစေဖို့ ပညာရေးမှာအောင်မြင်စေဖို့ ကျန်းမာရေးကောင်းစေဖို့ ဘေးအန္တရာယ်တွေက ကာကွယ်စေဖို့ ဝင်ငွေကောင်းစေဖို့ ကလေးရဖို့ လုံခြုံဖို့ စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုးနဲ့လိုက်ပြီး အမျိုးအစားလည်းကွာခြားပါတယ်။ အဆောင်ဆိုတဲ့အတိုင်း Omamori ကို ကိုယ်နဲ့မကွာ ဆောင်ထားကြရပြီး Omamori ကို အမြဲတမ်းယူမသွားနိုင်တဲ့သူတွေကတော့ အိမ်ရဲ့ ကိုယ်အမြဲတမ်းမြင်ရတဲ့နေရာမှာ ထားရပါတယ်။ ကိုယ်ကိုယ်တိုင်အတွက်မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့သူငယ်ချင်းမိတ်ဆွေ မိသားစုဝင်တွေကို ကံကောင်းစေချင်လို့ Omamori ဝယ်ပေးလို့လည်းရပါတယ်။ နိုင်ငံခြားသားခရီးသွားအများစုဟာ ဘုရားကျောင်းတွေကို သွားလည်တဲ့အခါ အိမ်ပြန်လက်ဆောင်အနေနဲ့ Omamori ဝယ်ပေးတဲ့သူလည်းရှိပါတယ်။ အားလုံးလည်း ဂျပန်ရောက်တဲ့အခါ ပိုပြီးကံကောင်းအောင်လို့ Omamori လေးတွေကို ဝယ်ပြီး ဆောင်ထားကြပါလို့ ပြောချင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

【   👩‍🎓📖ဂျပန်စာဝေါဟာရ Lesson ✏️👨‍🎓 】ဒီတစ်ခေါက်မှာတော့ JAPANYA ကနေ ဂျပန်စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မယ့် ဗီဒီယို (...
21/01/2021

【 👩‍🎓📖ဂျပန်စာဝေါဟာရ Lesson ✏️👨‍🎓 】
ဒီတစ်ခေါက်မှာတော့ JAPANYA ကနေ ဂျပန်စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မယ့် ဗီဒီယို (Lesson 32) လေးကို ပြုလုပ်ထားပါတယ်။
စည်းချက်နဲ့အညီ ဂျပန်စာရဲ့အခြေခံဝေါဟာရလေးတွေကို အတူတူလေ့လာကြရအောင်။
ဒီတစ်ခေါက်လေ့လာရမှာက ဟင်းခတ်အမွှေးအကြိုင် ဖြစ်ပါတယ်။
ဒီဗီဒီယိုလေးကို နှစ်သက်တယ်ဆိုရင် share ပေးကြပါဦးနော်။
今回も、JAPANYAが日本語・ミャンマー語を楽しく学べる動画(Lesson32)を作りました。
楽しくリズムに合わせて日本語・ミャンマー語の基本単語を覚えましょう
今回Lesson32、テーマは調味料です。

https://youtu.be/743e88uPIUQ

もしこの動画を気に入ってくださった方は、是非シェアよろしくお願い致します。

ဒီတစ်ခေါက်မှာတော့ JAPANYA ကနေ ဂျပန်စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်‌မယ့် ဗီဒီယို (Lesson 32)လေး‌ကို ပြုလုပ်ထားပါတ...

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ သွားလည်လို့ကောင်းတဲ့ နာမည်ကြီးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ Kawachi Fujien (河内藤園)လို့ခေါ်တဲ့ နေ...
20/01/2021

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ သွားလည်လို့ကောင်းတဲ့ နာမည်ကြီးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ Kawachi Fujien (河内藤園)လို့ခေါ်တဲ့ နေရာအကြောင်း ပြောပြချင်ပါတယ်။ Kawachi Fujien ဟာ နာမည်အတိုင်းပဲ Fuji လို့ခေါ်တဲ့ ခရမ်းရောင် Wisteria ပန်းနဲ့ နာမည်ကြီးပြီး Fukuoka ခရိုင် Kitakyushju မြို့မှာတည်ရှိပါတယ်။ ဥယျာဉ်ဟာ Wisteria ပန်းပွင့်တဲ့အချိန်အခါဖြစ်တဲ့ ဧပြီလအကုန် မှ မေလအစောပိုင်းနဲ့ Maple ရွက်အချိန်အခါဖြစ်တဲ့ ဆောင်းဦးရာသီအချိန်အခါမှာပဲ သွားလို့ရပါတယ်။
Kawachi Fujien ဥယျာဉ်ရဲ့ အထူးခြားဆုံးအရာတွေကတော့ အရှည် ၈၀ မီတာခန့်ရှိတဲ့ wisteria ပန်းစင်နဲ့ အရှည် ၁၀၀မီတာလောက်ရှိတဲ့ wisteria ပန်းနဲ့ အမိုးနဲ့ လုပ်ထားတဲ့ ပန်းလှိုင်ခေါင်းကြောင့်ဖြစ်ပါတယ်။ ပန်းတွေဟာလည်း အဖြူရောင်ကအစ ခရမ်းရင့်ရောင်အထိ အရောင်အမျိုးမျိုးနဲ့ ပွင့်နေပြီး အပင်တွေကနေ ပန်းတွေချိတ်ဆွဲထားသလိုမျိုး သဘာဝအလျောက် ပန်းတွေဟာ အစုလိုက်ပွင့်နေပါတယ်။ တောင်ကုန်းပေါ်ကနေလည်း ပန်းပင်တွေရဲ့အလှကို အပေါ်ကနေကြည့်နိုင်ပြီး ဘေးပတ်လည်မှာရှိတဲ့ maple ရွက်အပင်တွေရဲ့အလှနဲ့လည်း ဒီဥယျာဉ်ဟာ နာမည်ကြီးပါတယ်။ Kawachi Fujien ပန်းဥယျာဉ်ဟာ အခုနောက်ပိုင်းမှ နာမည်ကြီးလာတဲ့နေရာဖြစ်ပြီး ပန်းပွင့်တဲ့အချိန်မှာ နိုင်ငံခြားသားအမြောက်အမြားလာရောက်လည်ပတ်တဲ့ နေရာြဖစ်ပါတယ်။ သဘာဝရှုခင်းတွေနဲ့ ပန်းကြိုက်တဲ့သူတွေလည်း ဂျပန်ရောက်တဲ့အခါ Kawachi Fujien ဥယျာဉ်ကိုသွားလည်ပြီး ဓာတ်ပုံတွေအများကြီးရိုက်ခဲ့ကြပါလို့ပြောချင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Address

No. 7(5/B), YaeKyaw Street, 9 Ward
Pazundaung
11171

Opening Hours

Monday 10:00 - 20:00
Tuesday 10:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 20:00
Sunday 10:00 - 20:00

Telephone

+959750230297

Website

Alerts

Be the first to know and let us send you an email when JAPANYA-Japanese language and Music school. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category