Victory Art School
Victory Art School
Share
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Victory Art School, Education, 16, 5-A, Upper Pazundaung Road, Pazundaung.
Basic Drawings and Artcrafts for Children
English Language (Four Skills) for Primary School Children
16/ Upper Pazundaung Road ၅ လွှာ အာယုသုခဆေးဆိုင် ဘေးလှေကားမှတက်ခဲ့ပါ
25/02/2023
ကျောင်းအပ်တဲ့သူတွေ မဟုတ်ဘူးဆိုပြီး မကိုင်ဖြစ်လိုက်တဲ့ ဖုန်းတွေ။
ကြေကွဲ...
အိုင်ဒီယာနဲ့ ဖိုသို - ခရက်ဒစ်
22/02/2023
ဒီလကုန် နွေရာသီ ကျောင်းပိတ်တော့မည်ဟု သိလိုက်ရသော မေမေ့ဖြစ်အင် 😬
#မိဘဘဝကိုယ်တွေ့များ
#သားသမီးသည်ဝန်ထုပ်ဝန်ပိုးမဟုတ်
Idea and photo - credit to original Uploader
မနက်ဖြန်ကစပြီးကျောင်း၅ရက်ပိတ်တယ်လို့ ကြားလိုက်သောအမေ😁😅😅😂😂😂🤧🤧🤧
#သားသမီးဆိုတာဝန်ထုပ်ဝန်ပိုးမဟုတ်
#မိဘဆိုတာသားသမီးတွေရဲ့ကမ္ဘာကြီးပါ
Art by Amanda Olender
10/02/2023
နွေရာသီ ပန်းချီသင်တန်း 🎨
ပန်းချီနဲ့ အနုပညာဆိုတာ စိတ်နဲ့ နှလုံးသားကို နူးညံ့စေတယ် ဆိုတဲ့ အဆိုရှိပါတယ်။
နွေရာသီလည်း ရောက်လာပြီဆိုတော့ ကလေးတွေလည်း အိမ်မှာတစ်ယောက်တည်း ပျင်းစရာ နွေပူပူကို ဖြတ်သန်းနေရတာထက် သူတို့လေးတွေ ဝါသနာပါတဲ့ ပန်းချီနဲ့ လက်မှုပညာလေး သင်ရင်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခွင့်ပေးတာ ပိုမကောင်းဘူးလားရှင်။
ဒီအတွက် မင်မင်တို့ Victory Art School လေးက နွေရာသီ ကလေးပန်းချီသင်တန်းလေးကို စီစဉ်ထားပါတယ်။
သင်တန်းလေးကို ၂၀၂၃ ခုနှစ် မတ်လ ၆ရက်နေ့ စပါမယ်။ သင်တန်းကာလက အကြမ်းအားဖြင့် နွေရာသီ ၃လပါ။ မတ်လ ၆ရက်ကနေ မေလ ၁၉ရက် အထိစီစဉ်ထားပါတယ်။
ဘယ်သူက သင်ပေးမှာလဲ။
စာသင်သက် အနှစ်၃၀ကျော်ရှိပြီး ပန်းချီလောက အတွေ့အကြုံ အများကြီးရှိတဲ့၊ ကလေးတွေအပေါ် စိတ်ရှည်တဲ့ ဆရာကြီးများက သင်ကြားပြသပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိရဲ့ရင်သွေးလေး ပန်းချီမတတ်မှာတော့ ပူစရာ မလိုပါဘူးနော်။
ဘယ်သူတွေက တက်ရောက်နိုင်သလဲ။
ပန်းချီသင်ယူခြင်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိသေးတဲ့ ကလေးတွေအတွက် ခဲတံနိုင်နိုင်နင်းနင်း ကိုင်နိုင်တဲ့အရွယ်ကစလို့ တက်ရောက်နိုင်ပါတယ်။ သင်တန်းကို အဆင့်၂ဆင့် ခွဲထားပါတယ်။
အသက် ၆-၇နှစ် (အတန်းကျောင်း ၂တန်း) လောက်က စပြီး ၁၁-၁၂နှစ်အထိ (၄-၅တန်း အရွယ်) ပန်းချီသင်ယူမှု လုံးဝမရှိသေးတဲ့ ကလေးတွေက အခြေခံအဆင့်။
ပန်းချီသင်ယူဖူးသူ အခြေခံရှိသူတွေကတော့ Intermediate အဆင့်ကို တက်ရောက်လို့ ရပါတယ်။ အသက် ၉နှစ်နဲ့ အထက်ပါ။
ဘာတွေ သင်ပေးမှာလဲ။
အခြေခံအဆင့်မှာ အခြေခံပန်းချီ သဘောတရားတွေ၊ ခဲခြစ်ပန်းချီ၊ အလင်းအမှောင် အနီးအဝေးယူနည်းတွေကစလို့ သိသင့်သိထိုက်တဲ့ ပန်းချီရေးနည်းအခြေခံတွေကို ကလေးတွေနဲ့ လိုက်ဖက်တဲ့ သင်ကြားရေးနည်းစနစ်များနဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။
အလယ်အဆင့်မှာတော့ ရေဆေး၊ acrylic နဲ့ အရည်အချင်းပေါ်လိုက်ပြီး ထိုက်သင့်သလို တိုးချဲ့သင်ကြား ပြသပေးသွားမှာ ဖြစ်ပါတယ်။
(အသေးစိတ်ကို ဖုန်းဆက်ပြီး မေးမြန်းဆွေးနွေးနိုင်ပါတယ်။)
သင်တန်းချိန်တွေကရော။
အခြေခံသင်တန်း - မနက် ၁၀နာရီမှ ၁၁:၃၀ နာရီအထိ (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ - တပတ် ၃ရက်)
အလယ်အဆင့်သင်တန်း - နေ့လည် ၁နာရီမှ ၂:၃၀ နာရီအထိ (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ - တပတ် ၃ရက်)
စနေ၊ တနင်္ဂနွေ မရှိပါဘူးရှင်။
သင်တန်းကြေးက ဘယ်လောက်လဲ။
သင်တန်းကာလ ၃လအတွက် အခြေခံ အတန်းက (သင်တန်းကာလ အစ-အဆုံး) ၈၀၀၀၀ ကျပ်ပါ။
အလယ်အဆင့်သင်တန်းအတွက် သင်တန်းကြေးက (သင်တန်းကာလ အစ-အဆုံး) အတွက် ၁၀၀၀၀၀ ကျပ်ပါ။
တစ်ကိုယ်ရေစာ အခြေခံသင်တန်းသုံး စာရေးကိရိယာ (တန်ဖိုး ကျပ် - ၁၀၀၀၀ ကျော်ဖိုး) ကို သင်တန်းက ပံ့ပိုးပေးအပ်သွားမှာဖြစ်ပြီး သီးသန့်ပေးသွင်းစရာ မလိုအပ်ပါဘူးရှင်။ ဒါ့အပြင် ရောင်စုံခဲတံ၊ ရောင်စုံဖယောင်း၊ ရောင်စုံစက္ကူအပါအဝင် craft အတွက်ပစ္စည်းလေးတွေလည်း ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
ရေဆေး၊ ဆီဆေးနဲ့ အခြားပန်းချီပစ္စည်းများကတော့ လိုအပ်ရင် ကိုယ့်အစီအစဉ်နဲ့ သီးသန့်ဝယ်ရတာမျိုးလည်း ရှိနိုင်ပါတယ်ရှင်။
သင်တန်းပြီးရင် သင်တန်းဆင်းလက်မှတ် ပေးမှာလား။
သင်တန်းပြီးရင် သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပေးအပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်စေဖို့ ပညာသင်ဆုအဖြစ် သင်တန်းကြေး လျှော့ဈေးတွေပေးအပ်ခြင်း၊ ပြိုင်ပွဲဝင် ပန်းချီလက်ရာတွေကို ပြိုင်ပြီး ဆုပေးခြင်း အစီအစဉ်များလည်း လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းကို ဘယ်လိုအပ်ရမလဲ။ ဘာတွေ အကျိုးရှိမလဲ။
တစ်တန်းမှာ သင်တန်းသားအရေအတွက် ၂၀ဦးသာ လက်ခံမှာဖြစ်တာကြောင့် ဒီကြော်ငြာလေးကို တွေ့တဲ့အချိန်မှာ အမြန်အပ်ဖို လိုအပ်ပါတယ်။ နောက်ပြီး သူငယ်ချင်းတွေနဲ့ အတူလာအပ်ရင် ရနိုင်မယ့် Discount % တွေလည်း စီစဉ်ထားတာမို့ ခုပဲ Page CB ကို ဆက်သွယ်နိုင်ပါပြီရှင်။ ✅
Victory Art School ရဲ့ နွေရာသီ ပန်းချီသင်တန်းကနေ မျှော်နေမယ်နော်။
ဆက်သွယ်ရန် - 095139619, 09407121244
04/02/2023
မင်္ဂလာပါ ဖေဖေ၊ မေမေတို့ရေ…
ရောဂါဘေးနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ကာလကြာရှည် ပိတ်ထားခဲ့တဲ့ Victory Art School လေးကို ဒီနှစ်နွေရာသီမှာ ပြန်ဖွင့်ဖို့ ကြိုစားစီစဉ်နေပါတယ်။
ဖုန်းနံပတ်လေးလည်း ထပ်တိုးထားတယ်နော်။ 095139619/ 09407121244 ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း နိုင်ပါတယ်ရှင်။
ဒါကြောင့် မင်မင်တို့ Page လေးကို Like & Share လေး လုပ်ပြီး စောင့်ကြည့်ပေးပါဦးနော်။
Stay Tune!!! We’re Back.
09/10/2022
သီတင်းကျွတ် အခါသမယမှာ စိတ်ရောကိုယ်ပါ ချမ်းမြေ့ကြပါစေ။
04/04/2022
ကပ်ရောဂါတွေလည်း ငြိမ်ဝတ်စ ပြုလာပြီ။ နွေရာသီလည်း ရောက်ပြီဆိုတော့ ကလေးတွေအတွက် ပန်းချီသင်တန်းလေး ပြန်စပေးရင် ကောင်းမလား။
ဘယ်လိုမြင်လဲ အကြံပေးကြပါဦး ဖေဖေမေမေတို့ရေ။
25/12/2020
COVID 19 ကြောင့် မဖွင့်ဖြစ်လိုက်တဲ့ ပန်းချီ သင်တန်းလေးတောင် ဘာလိုလိုနဲ့ နှစ်ကူးတော့မယ်။
သားသား မီးမီးတို့ရော ကျောင်းမတက်ဖြစ်တဲ့ အချိန်မှာ ကိုယ့်လက်ရာ တိုးတက်ဖို့ ဖေဖေမေမေတို့က ဘာတွေ လုပ်ပေးဖြစ်လဲဗျ။
မင်မင်ကတော့ မီးမီးလေးကို အိမ်မှာ Handmade Paper Arts တွေ၊ Origami တွေ၊ Slime တွေ ပေးလုပ်ထားလိုက်တယ်။ ဒါမှ သူလည်း အပျင်းပြေ၊ ကိုယ်တွေလည်း ထိန်းရသက်သာ။
မပိုင်ဘူးလားဗျာ...😁
အဓိကကတော့ မတွေ့ရတာ ကြာတဲ့ Followers တွေကို ဆုတောင်းပေးချင်လို့ပါ။
Merry Christmas & Happy New Year ပါလို့။
COVID ကြီး ပြီးတဲ့အခါ ပြန်တွေ့ပါမယ်။
အားလုံး.. Stay Safe, Stay Healthy နော်
24/05/2020
[Unicode Version]
သင့်ရင်သွေး စာဖတ်ဝါသနာပါသူဖြစ်လာအောင် ဘယ်လို ပြုစုပျိုးထောင်မလဲ။
မတ်သန် တစ်ခါမှ ကလေးထိန်းကျောင်းခြင်း မရေးဖူးပါဘူး။ သို့သော်လည်း တိုက်တွန်းသူ ရှိလို့ ကိုယ့်အတွေ့အကြုံလေး ရေးပေးလိုက်ရပါတယ်နော်။ အိမ်က သမီးတော်ကို လိုက်လုပ်ပေးရတတ်တဲ့ အကျင့်လေးတွေပါ။ ခုဆို သမီးတော်က စာဖတ်ကျင့်စွဲနေပြီဖြစ်တဲ့အတွက် ဘဝတူ မေမေတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။ ဖတ်ကြည့်ကြပါဦး။
၁။ စာဖတ်ကျင့်ကို စောစောစပါ။
ကလေးတွေကို စာဖတ်စေချင်တယ်ဆိုရင် စာဖတ်တာကို နားမလည်သေးတဲ့ ဝူးဝူးဝါးဝါးအော်နေတဲ့ အရွယ်ကတည်းက ပုံပြင်လေးတွေကို ဖတ်ပြတဲ့ အကျင့်နဲ့ စသင့်ပါတယ်။ ကလေးပုံပြင်လေးတွေက အရောင်တောက်တောက် အရုပ်လှလှလေးတွေနဲ့ စာအုပ်လေးတွေကို ကလေးကိုပြလိုက် ဇာတ်ကြောင်းကို အသံထွက်ပြီး ပြောပြလိုက်နဲ့ လုပ်သင့်ပါတယ်။ ရွှေသွေး၊ ပုတက် စသဖြင့်ပေါ့လေ။ ဒါကြောင့် ကိုယ့်ကလေးကို စာဖတ်ဝါသနာပါစေချင်ရင် ငယ်ငယ်ကတည်းက လေ့ကျင့်ပေးပါ။
၂။ ရင်သွေးလေးကို စာဖတ်ပြတဲ့အကျင့် စွဲမြဲပါစေ။
ပထမတော့ ကိုယ်လည်း တစ်နေကုန် အိမ်အလုပ်တွေနဲ့ ပင်ပန်းနေပြီဆိုတော့ စာအော်ဖတ်ပြတာမျိုး ဘယ်လုပ်ချင်ပါ့မလဲ။ အဲဒီလိုမျိုးအချိန်ကျရင် အကျင့်တော့ အပျက်မခံပါဘူး။ အိမ်ဦးနတ်ကို အတင်းဖတ်ပြခိုင်းလိုက်တယ်။ ခုဆို သမီးက မေကြီးဖတ်တာ ဖေကြီးထက်ကောင်းတယ်ဆိုတာတောင် ပြောနေပြီ။ ဆိုလိုတာကတော့ စာဖတ်ပြတဲ့အခါ နေ့စဉ်နေ့တိုင်း မပျက်မကွက်လုပ်ပြဖို့ သင့်ပါတယ်။ ဒါမှလည်း သူတို့လေးတွေ စာကိုဖတ်ရကောင်းမှန်း သိမှာပါ။ မဟုတ်ရင် နည်းပညာခေတ်ထဲမှာ တခြားဘက်ကို အာရုံရောက်သွားမှာ အသေအချာပဲပေါ့ရှင်။
၃။ စာဖတ်ပြခြင်းဖြင့် သင့်ရင်သွေးနဲ့ ရင်းနှီးမှုရအောင် ကြိုးစားပါ။ အချိန်ပေးပါ။
အိပ်ခါနီးလေး ပုံပြင်ဖတ်ပြရင်းနဲ့ ပုံပြင်ထဲက ဇာတ်ကောင်တွေအကြောင်း ဆွေးနွေး ပြောဆိုရင်း အိပ်မောကျသွားတဲ့ ကိုယ့်ရင်သွေးမျက်နှာကို ကြည့်နေရတာ ဘာနဲ့မှ မတူနိုင်ပါဘူးနော်။ ကလေးတွေဆိုတာ ကြီးတာ မြန်ပါဘိသနဲ့။ ဒီအချိန်လေး ဖက်လှဲတကင်းနေရတာ။ အချိန်တွေကို တန်ဖိုးထားတတ်ပါစေ။ ကြုံလို့ ရယ်စရာလေး ပြောပြဦးမယ်။ တစ်နေ့ မတ်သန်က ခေါင်းကိုက်နေလို့ အိမ်ဦးနတ်ကြီးကို ပုံပြင်ဖတ်ခိုင်းလိုက်တာ သူကဖတ်ပြရင်းနဲ့ အိပ်ပျော်ပြီး ဟောက်တောင်နေပါရော၊ သမီးခမျာ ငိုမဲ့မဲ့နဲ့ ဖေကြီးဘာဖြစ်သွားပြီလဲ တိဘူးတဲ့။ ရယ်လိုက်ရတာဆိုတာလေ။ အမှတ်တရပါပဲနော်။
၄။ မိဘတစ်ယောက်အနေနဲ့ နည်းပေးလမ်းပြဖြစ်ပါစေ။
စာဖတ်ခြင်းကို ခုံမင်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် မိဘတွေကလည်း နည်းပေးလမ်းပြကောင်း တစ်ယောက်ဖြစ်ရပါလိမ့်မယ်။ စာဖတ်ခြင်းကို အားမပေးတဲ့သူတွေရဲ့ သားသမီးဟာလည်း ဘယ်တော့မှ စာဖတ်ဝါသနာ ပါမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကလေးဆိုတာမျိုးက မိဘတွေကို ကြည့်ပြီး အတုခိုးနေတတ်တာမျိုး မဟုတ်လား။
၅။ စာကြည့်တိုက်ကို မကြာခဏ သွားပေးပါ။
ဒီ Stay At Home ကာလမှာတော့ အကုန် ပိတ်ထားတော့ မတတ်နိုင်ဘူးပေါ့။ ဒါပေမယ့် ကိုယ်လည်း စာအုပ်ပေါင်းစုံ အကုန်မဝယ်ထားနိုင်ဘူးလေ။ ဆိုတော့ အရင်ကတော့ ကလေးစာအုပ်စုံတဲ့ စာကြည့်တိုက်တွေကို မကြာမကြာ ခေါ်သွားဖြစ်တယ်။ အဲဒီမှာ ကြိုက်ရာပုံပြင်စာအုပ်၊ ကာတွန်း စာအုပ်တွေ ရွေးပြီး တူတူထိုင်ဖတ်ကြတယ်၊ အိမ်ကို ငှားလာဖြစ်တယ်။ ကုန်သည်လမ်းပေါ်က စာပေဗိမာန်မှာ ကလေးစာကြည့်တိုက်ရှိတယ်။ စာအုပ်လည်း အတော်စုံပါတယ်။ ပြီးတော့ ကုန်သည်လမ်းပေါ်မှာပဲ အမျိုးသား စာကြည့်တိုက်ဆိုတာလည်း ကလေးစာအုပ် အတော်စုံတယ် ပြောပါတယ်။
၆။ သင့်ရင်သွေးလေး ဘာကိုစိတ်ဝင်စားလဲ သိအောင်ကြိုးစားပြီး အသိအမှတ်ပြုပါ။
ကိုယ့်ကလေးအကြောင်းကို ကိုယ်သိအောင် ကြိုးစားပါ။ တချို့ကလေးတွေက ပုံပြင်ကြိုက်တယ်။ ပုံပြင်ထဲမှာတောင်မှ သူရဲကောင်း ပုံပြင်၊ ဖြစ်ရပ်မှန် ပုံပြင် စသဖြင့် အမျိုးမျိုး ကွဲသွားပါသေးတယ်။ ဒါကြောင့် ကိုယ့်ကလေး အကြိုက်ကို သေချာသိအောင် ကြိုးစားပြီး ပံ့ပိုးကူညီပါ။ စာအုပ်တွေထဲက ဘာတွေဖတ်သင့်တယ်ဆိုတာ လမ်းညွှန်ပြသပေးပါ။ ကိုယ်တိုင်ကလည်း မသိဘူးဆိုရင် စာကြည့်တိုက်မှုးတွေဆီ အကူအညီတောင်းပါ။ ကလေးကိုယ်တိုင် ဖတ်ခြင်းကို အားပေး အသိအမှတ်ပြုပါ။
၇။ စာအုပ် စာပေ လက်လှမ်းမှီပါစေ။
ကလေးငယ်တုန်း မသိနားမလည်တဲ့ အချိန်မှာတော့ စာအုပ်တွေကို ဖြဲဆုတ်မှာစိုးတဲ့အတွက် သူတို့ မမှီနိုင်တဲ့နေရာမှာ ထားတတ်တာ လက်ခံလို့ရပါတယ်။ ဒါပေမယ့် ကလေးရှိတဲ့အိမ်တိုင်းမှာ ကလေးစာပေတော့ အနည်းအကျဉ်း ဝယ်ပေးထားသင့်ပါတယ်။ အိမ်ကလူကြီးဆို သူ့သမီးနဲ့ တခြားနေရာ မတည့်ပေမယ့် စာအုပ်ဆိုင်ဆိုရင်တော့ သားအဖနှစ်ယောက်သား တည့်လို့၊ ကိုယ့်ကိုတောင် မေ့ထားနိုင်ကြတယ်လေ။
ဒါကြောင့် ကိုယ့်ကလေးဘာကို စိတ်ဝင်စားလဲ၊ စာဖတ်တာဝါသနာပါလား ဆိုတာတွေကို သေချာလေ့လာပြီး အားပေးကူညီသင့်ပါတယ်။ ဒါမှသာ စာဖတ်ဝါသနာပါသူ ဖြစ်လာပြီး စာပေတွေကို ချစ်မြတ်နိုးလာတတ်မှာပါ။
စာဖတ်ဝါသနာပါတဲ့ သားသမီးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။
ချလစ်ယူအော။
သန္တာကိုကို (ဆေးတက္ကသိုလ်)
[Zawgyi Version]
ချလစ်ယူအော။
06/05/2020
ကဆုန်လပြည့် ဗုဒ္ဓနေ့
ကမ္ဘာသူကမ္ဘာသား အားလုံး COVID 19 ကပ်ရောဂါဘေးမှ ကင်းဝေးပြီး အေးချမ်းသာယာ ရှိကြပါစေ။
17/04/2020
သူလုပ်မှ ပိုဆိုးကုန်ပြီ 😁😁😁
17/04/2020
နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ အောင်မြင်မှု အသစ်တွေ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ခုဖြစ်နေတဲ့ ရောဂါဆိုးကြီးကိုလဲ ကျန်းကျန်းမာမာ အောင်အောင်မြင်မြင်နဲ့ ကျော်လွှားနိုင်ကြပါစေလို့...
🙏🙏🙏🙏🙏
30/03/2020
[Unicode]
ကိုဗစ်-၁၉ ကပ်ရောဂါကြေငြာထားချိန် သင့်ကလေး ဖျားနာခဲ့လျှင် ဘာလုပ်မလဲ
အခုလိုအချိန်တွင် ကိုဗစ်-၁၉ (ကိုရိုနာရောဂါပိုး)ကြောင့် စိုးရိမ်စိတ် မြင့်တက်နေသော်လည်း သင့်ရင်သွေးသာ သင့်ကြပ်မတ်သော ဂရုစိုက်မှုအောက်တွင် ရှိနေပါက ဆိုးရွားသော ရောဂါ ဖြစ်နိုင်ချေ နည်းပါသည်။ ယနေ့ထိတိုင် ကူးစက်ခံရမှုအစီရင်ခံစာများတွင် လူကြီးများသာ အဖြစ်များသည်ကိုလည်း လေ့လာတွေ့ရှိနေရပါသည်။ ကူးစက်ခံရသော ကလေးသူငယ်များတွင်လည်း ရောဂါလက္ခဏာများက အခြားကူးစက်ခံရသူ လူကြီးများလောက် ဆိုးရွားခြင်း မရှိချေ။
ခုချိန်ထိ ပြည့်စုံသော သတင်းအချက်အလက်များ မရှိသေးသည့်အတွက် ပညာရှင်များကလည်း အားကြိုးမာန်တက် လေ့လာလျှက်ရှိသော်လည်း မိဘတစ်ဦးအနေဖြင့် မိမိရင်သွေး ခုလိုချိန်ခါတွင် ဖျားနာလာပါက ဘာလုပ်ရမည်ကို စိတ်ပူမည်မှာ အမှန်ပင် ဖြစ်ပေတော့သည်။
ကျွန်မကလေး ဖျားတယ် ချောင်းဆိုးတယ်။ ကိုဗစ်-၁၉ ဖြစ်နိုင်ပါသလားရှင့်။
1 အတတ်နိုင်ဆုံးစိတ်အေးအေး ထားပါ။
2 ကျန်းမာရေး ဝန်ထမ်းနှင့် တိုင်ပင်ပါ။
• သင့်မိသားစု ဆရာဝန်ကို ဖုန်းဆက်တိုင်ပင်ပါ။ ကလေး၏ ရောဂါရာဇဝင်နှင့် ကူးစက်နိုင်မည့် အခြေအနေကို သင့် ဆရာဝန်ကို မကွယ်မဝှက်ပဲ အသိပေးပြောကြားပါ။ မဖျားခင် ရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ၏ အနီးသို့ သွားရောက် ဆက်ဆံခဲ့ဖူးခြင်း ရှိမရှိမေးပါလိမ့်မည်။ ထို့နောက်တွင်တော့ ဆေးရုံဆေးခန်းသို့ သွားရန် သို့မဟုတ် ဘာလုပ်သင့်သည်ကို အကြံဉာဏ်ပေးပါလိမ့်မည်။
• တယ်လီဟဲ့လ် (Telehealth) ဖြင့် ဆေးခန်းပြသခြင်း လုပ်နိုင်ပါသည်။ သင်နေထိုင်ရာ မြို့နယ်တွင် အဆင်ပြေမှုပေါ်မူတည်ပါလိမ့်မည်။ သင့်ကလေးအိမ်တွင် ရှိနေစဉ် ကျန်းမာရေးဝန်ထမ်းက ကြည့်ရှုပေးခြင်းဖြစ်ရာ သင်နေထိုင်ရာ နေရာဒေသပေါ် မူတည်ပြီး လက်လှမ်းမီသော ကလေးအထူးကု ဆရာဝန်နှင့် တိုင်ပင်သင့်သည်။ ကလေးအခြေအနေပေါ် မူတည်၍ လုပ်ဆောင်သင့်သည်များကို ညွှန်ကြားပေးနိုင်သည်။ သင့်မိသားစုဝင်တစ်ဦးဦး နေမကောင်း မဖြစ်မီကတည်းက သင်နေထိုင်ရာ ဒေသတွင်းရှိ ကျန်းမာရေး စောင့်ရှောက်မှုကို သိထားသင့်သည်။
3 သင့်ရင်သွေးကို ဖျားနေစဉ်အတွင်း အိမ်မှာနေခိုင်းပါ။ ဒီလိုပြုလုပ်ခြင်းဖြင့် သင့်ရင်သွေးအား အခြားရောဂါပိုးများ ကူးစက်ခံရခြင်းမှ ကာကွယ်ထားပြီး ဖြစ်သလို သင့်ရင်သွေးမှ တစ်ဆင့် အခြားသူများကို ကူးစက်ပျံ့ပွားမှုကိုလည်း ထိန်းချုပ်ပြီး ဖြစ်စေသည်။ အကယ်၍ သင့်ရင်သွေးသည် ကိုရိုနာဗိုင်းရပ်စ်ဟု သံသယရှိခြင်းခံရပါက တစ်မိသားစုလုံး အိမ်တွင် နေသင့်သည်။
4 အခြားလူများ၊ အိမ်မွေး တိရစ္ဆာန်များနှင့် အတတ်နိုင်ဆုံး ခပ်ဝေးဝေးတွင် နေခိုင်းပါ။
5 နေမကောင်းသူအား ဖြစ်နိုင်လျှင် အိမ်သာအား သီးသန့်ခွဲ သုံးစေသင့်သည်။ မဖြစ်နိုင်ပါက အိမ်သာအား မကြာခဏ ဆေးကြောသန့်ရှင်းရေး လုပ်ပါ။
6 မိသားစုဝင်များအားလုံး မကြာခဏ လက်ဆေးပါ။ လက်ဆေးရာတွင် ရေနှင့် ဆပ်ပြာကို အသုံးပြုပြီး အနည်းဆုံး စက္ကန့် ၂၀မျှ သေချာ ဆေးကြောသင့်သည်။ ရေမလွယ်ကူပါက ရေမလို လက်သန့်စင် ဆေးကို အသုံးပြုပါ။
7 ပုံမှန် အထိအတွေ့များသော နေရာများ - တံခါးလက်ကိုင်များ၊ မီးခလုတ်များ၊ ရီမုတ်ကွန်ထရိုးများ၊ လက်ကိုင်ဖုန်းများ - စသည်တို့ကို သန့်ရှင်းရေး ပုံမှန်လုပ်ပါ။ နေ့တိုင်းလုပ်ပါ။
8 သင့်ရင်သွေးအား သေချာအနားယူခိုင်းပါ။ အရည်များများ တိုက်ပါ။
9 အသက်ရှုခက်ခဲခြင်း၊ မြန်လွန်းခြင်း၊ မှိန်းလွန်းခြင်း၊ ရေသောက်မဝင်ခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်း စသည့် လက္ခဏာရပ်များကို သေချာစောင့်ကြည့်ပါ။ လိုအပ်ပါက အရေးပေါ်ကုသမှု ခံယူပါ။
ဒါဆို ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဖို့ရော လိုမလားရှင့်။
တောက်လျှောက်တက်နေသော သတင်းများအရ ကိုရိုနာဗိုင်းရပ်စ်သည် အရေးကြီးရောဂါဖြစ်ပါသည်။ သို့ရာတွင် အဖျားရှိရုံမျှဖြင့်တော့ အရေးပေါ်သို့ မလာရောက်သင့်ပေ။ ထိုအစား - အဖျားကြီးခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုမြန်ခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်း အစရှိသော လက္ခဏာများတွေ့မှသာ ဆေးရုံသို့မဟုတ် ဆရာဝန်ကို တိုင်ပင်သင့်ပေသည်။ ကျန်းမာရေးဝန်ထမ်းများက ဘာဆက်လုပ်သင့်သည်ကို အကြံပေးပေလိမ့်မည်။
သင့်ကလေး အသက်ရှုရခက်ခဲလွန်းနေလျှင်၊ ပြာနှမ်းနှမ်း ဖြစ်လာလျှင်၊ မှိန်းလွန်းခြင်း သို့မဟုတ် ကယောင်ကတန်းဖြစ်လာလျှင် အရေးပေါ်သို့ အမြန်သွားပါ။
ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ ဘယ်လို စစ်သလဲ။
ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန်အတွက် နှာခေါင်းနှင့် အာခေါင်တို့ဖတ်ကို ယူကာ ဓါတ်ခွဲခန်းသို့ပို့ပြီး စစ်ဆေးစေခြင်းဖြစ်သည်။ ချေျာင်းဆိုးပြီး သလိပ်ထွက်လျှင် ထိုသလိပ်ကို ဓါတ်ခွဲခန်းသို့ပို့ကာ စစ်ဆေးနိုင်သည်။
ကိုဗစ်-၁၉ဟု သံသယရှိပါကလည်း အောက်ဖော်ပြပါ သက်ဆိုင်ရာ ဖုန်းနံပါတ်များသို့ အကြောင်းကြားနိုင်သည်။
ကိုဗစ်-၁၉ (ကိုရိုနာဗိုင်းရပ်စ်) ရောဂါကို ဘယ်လိုကုမလဲ။
ခုချိန်ထိ တိကျသော ကုထုံး၊ ကာကွယ်ဆေးများ မပေါ်သေးပါ။ ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။ ထို့ကြောင့် သာမာန်အဖျားဆိုလျှင် အိမ်တွင် အနားယူပါ။ အရည်နှင့် ရေများများ သောက်ပါ။ ကိုယ်ပူကျဆေး (ပါရာစီတမော) သောက်နိုင်ပါသည်။
သိသင့်သော အချက်များ
• လက်ကို ဆပ်ပြာနှင့် မကြာခဏဆေးပါ။ ရေနှင့်ဆပ်ပြာ မရပါက လက်သန့်စင်ဆေးရည်ကို သုံးပါ။
• ချောင်းဆိုး၊ နှာချေပါက ပါးစပ်နှင့် နှာခေါင်းကို ကာကွယ်ထားပါ။ နှာခေါင်းစည်း သုံးပါ။
• လူထူထူကို ရှောင်ပါ။ နေမကောင်းသူနှင့် အထိအတွေ့ နည်းနိုင်သမျှနည်းအောင် ရှောင်ပါ။
နဒီလင်းသစ် (ဆေး-၂)
ဝန်ခံချက် - kidshealth.org website မှ ဒေါက်တာ ဂျိုနသန်မီလာ Jonathan Miller MD ရေးသားသော During the COVID-19 Pandemic: What to Do if Your Child Is Sick ဆောင်းပါးကို စီလျှော်အောင် ဘာသာပြန်ပါသည်။
[Zawgyi]
ကိုဗစ်-၁၉ ကပ်ရောဂါကြေငြာထားချိန် သင့်ကလေး ဖျားနာခဲ့လျှင် ဘာလုပ်မလဲ
အခုလိုအချိန်တွင် ကိုဗစ်-၁၉ (ကိုရိုနာရောဂါပိုး)ကြောင့် စိုးရိမ်စိတ် မြင့်တက်နေသော်လည်း သင့်ရင်သွေးသာ သင့်ကြပ်မတ်သော ဂရုစိုက်မှုအောက်တွင် ရှိနေပါက ဆိုးရွားသော ရောဂါ ဖြစ်နိုင်ချေ နည်းပါသည်။ ယနေ့ထိတိုင် ကူးစက်ခံရမှုအစီရင်ခံစာများတွင် လူကြီးများသာ အဖြစ်များသည်ကိုလည်း လေ့လာတွေ့ရှိနေရပါသည်။ ကူးစက်ခံရသော ကလေးသူငယ်များတွင်လည်း ရောဂါလက္ခဏာများက အခြားကူးစက်ခံရသူ လူကြီးများလောက် ဆိုးရွားခြင်း မရှိချေ။
ခုချိန်ထိ ပြည့်စုံသော သတင်းအချက်အလက်များ မရှိသေးသည့်အတွက် ပညာရှင်များကလည်း အားကြိုးမာန်တက် လေ့လာလျှက်ရှိသော်လည်း မိဘတစ်ဦးအနေဖြင့် မိမိရင်သွေး ခုလိုချိန်ခါတွင် ဖျားနာလာပါက ဘာလုပ်ရမည်ကို စိတ်ပူမည်မှာ အမှန်ပင် ဖြစ်ပေတော့သည်။
ကျွန်မကလေး ဖျားတယ် ချောင်းဆိုးတယ်။ ကိုဗစ်-၁၉ ဖြစ်နိုင်ပါသလားရှင့်။
1 အတတ်နိုင်ဆုံးစိတ်အေးအေး ထားပါ။
2 ကျန်းမာရေး ဝန်ထမ်းနှင့် တိုင်ပင်ပါ။
• သင့်မိသားစု ဆရာဝန်ကို ဖုန်းဆက်တိုင်ပင်ပါ။ ကလေး၏ ရောဂါရာဇဝင်နှင့် ကူးစက်နိုင်မည့် အခြေအနေကို သင့် ဆရာဝန်ကို မကွယ်မဝှက်ပဲ အသိပေးပြောကြားပါ။ မဖျားခင် ရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ၏ အနီးသို့ သွားရောက် ဆက်ဆံခဲ့ဖူးခြင်း ရှိမရှိမေးပါလိမ့်မည်။ ထို့နောက်တွင်တော့ ဆေးရုံဆေးခန်းသို့ သွားရန် သို့မဟုတ် ဘာလုပ်သင့်သည်ကို အကြံဥာဏ်ပေးပါလိမ့်မည်။
• တယ်လီဟဲ့လ် (Telehealth) ဖြင့် ဆေးခန်းပြသခြင်း လုပ်နိုင်ပါသည်။ သင်နေထိုင်ရာ မြို့နယ်တွင် အဆင်ပြေမှုပေါ်မူတည်ပါလိမ့်မည်။ သင့်ကလေးအိမ်တွင် ရှိနေစဉ် ကျန်းမာရေးဝန်ထမ်းက ကြည့်ရှုပေးခြင်းဖြစ်ရာ သင်နေထိုင်ရာ နေရာဒေသပေါ် မူတည်ပြီး လက်လှမ်းမီသော ကလေးအထူးကု ဆရာဝန်နှင့် တိုင်ပင်သင့်သည်။ ကလေးအခြေအနေပေါ် မူတည်၍ လုပ်ဆောင်သင့်သည်များကို ညွှန်ကြားပေးနိုင်သည်။ သင့်မိသားစုဝင်တစ်ဦးဦး နေမကောင်း မဖြစ်မီကတည်းက သင်နေထိုင်ရာ ဒေသတွင်းရှိ ကျန်းမာရေး စောင့်ရှောက်မှုကို သိထားသင့်သည်။
3 သင့်ရင်သွေးကို ဖျားနေစဉ်အတွင်း အိမ်မှာနေခိုင်းပါ။ ဒီလိုပြုလုပ်ခြင်းဖြင့် သင့်ရင်သွေးအား အခြားရောဂါပိုးများ ကူးစက်ခံရခြင်းမှ ကာကွယ်ထားပြီး ဖြစ်သလို သင့်ရင်သွေးမှ တစ်ဆင့် အခြားသူများကို ကူးစက်ပျံ့ပွားမှုကိုလည်း ထိန်းချုပ်ပြီး ဖြစ်စေသည်။ အကယ်၍ သင့်ရင်သွေးသည် ကိုရိုနာဗိုင်းရပ်စ်ဟု သံသယရှိခြင်းခံရပါက တစ်မိသားစုလုံး အိမ်တွင် နေသင့်သည်။
4 အခြားလူများ၊ အိမ်မွေး တိရစ္ဆာန်များနှင့် အတတ်နိုင်ဆုံး ခပ်ဝေးဝေးတွင် နေခိုင်းပါ။
5 နေမကောင်းသူအား ဖြစ်နိုင်လျှင် အိမ်သာအား သီးသန့်ခွဲ သုံးစေသင့်သည်။ မဖြစ်နိုင်ပါက အိမ်သာအား မကြာခဏ ဆေးကြောသန့်ရှင်းရေး လုပ်ပါ။
6 မိသားစုဝင်များအားလုံး မကြာခဏ လက်ဆေးပါ။ လက်ဆေးရာတွင် ရေနှင့် ဆပ်ပြာကို အသုံးပြုပြီး အနည်းဆုံး စက္ကန့် ၂၀မျှ သေချာ ဆေးကြောသင့်သည်။ ရေမလွယ်ကူပါက ရေမလို လက်သန့်စင် ဆေးကို အသုံးပြုပါ။
7 ပုံမှန် အထိအတွေ့များသော နေရာများ - တံခါးလက်ကိုင်များ၊ မီးခလုတ်များ၊ ရီမုတ်ကွန်ထရိုးများ၊ လက်ကိုင်ဖုန်းများ - စသည်တို့ကို သန့်ရှင်းရေး ပုံမှန်လုပ်ပါ။ နေ့တိုင်းလုပ်ပါ။
8 သင့်ရင်သွေးအား သေချာအနားယူခိုင်းပါ။ အရည်များများ တိုက်ပါ။
9 အသက်ရှုခက်ခဲခြင်း၊ မြန်လွန်းခြင်း၊ မှိန်းလွန်းခြင်း၊ ရေသောက်မဝင်ခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်း စသည့် လက္ခဏာရပ်များကို သေချာစောင့်ကြည့်ပါ။ လိုအပ်ပါက အရေးပေါ်ကုသမှု ခံယူပါ။
ဒါဆို ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဖို့ရော လိုမလားရှင့်။
တောက်လျှောက်တက်နေသော သတင်းများအရ ကိုရိုနာဗိုင်းရပ်စ်သည် အရေးကြီးရောဂါဖြစ်ပါသည်။ သို့ရာတွင် အဖျားရှိရုံမျှဖြင့်တော့ အရေးပေါ်သို့ မလာရောက်သင့်ပေ။ ထိုအစား - အဖျားကြီးခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုမြန်ခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်း အစရှိသော လက္ခဏာများတွေ့မှသာ ဆေးရုံသို့မဟုတ် ဆရာဝန်ကို တိုင်ပင်သင့်ပေသည်။ ကျန်းမာရေးဝန်ထမ်းများက ဘာဆက်လုပ်သင့်သည်ကို အကြံပေးပေလိမ့်မည်။
သင့်ကလေး အသက်ရှုရခက်ခဲလွန်းနေလျှင်၊ ပြာနှမ်းနှမ်း ဖြစ်လာလျှင်၊ မှိန်းလွန်းခြင်း သို့မဟုတ် ကယောင်ကတန်းဖြစ်လာလျှင် အရေးပေါ်သို့ အမြန်သွားပါ။
ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ ဘယ်လို စစ်သလဲ။
ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန်အတွက် နှာခေါင်းနှင့် အာခေါင်တို့ဖတ်ကို ယူကာ ဓါတ်ခွဲခန်းသို့ပို့ပြီး စစ်ဆေးစေခြင်းဖြစ်သည်။ ချောင်းဆိုးပြီး သလိပ်ထွက်လျှင် ထိုသလိပ်ကို ဓါတ်ခွဲခန်းသို့ပို့ကာ စစ်ဆေးနိုင်သည်။
ကိုဗစ်-၁၉ဟု သံသယရှိပါကလည်း အောက်ဖော်ပြပါ သက်ဆိုင်ရာ ဖုန်းနံပါတ်များသို့ အကြောင်းကြားနိုင်သည်။
ကိုဗစ်-၁၉ (ကိုရိုနာဗိုင်းရပ်စ်) ရောဂါကို ဘယ်လိုကုမလဲ။
ခုချိန်ထိ တိကျသော ကုထုံး၊ ကာကွယ်ဆေးများ မပေါ်သေးပါ။ ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။ ထို့ကြောင့် သာမာန်အဖျားဆိုလျှင် အိမ်တွင် အနားယူပါ။ အရည်နှင့် ရေများများ သောက်ပါ။ ကိုယ်ပူကျဆေး (ပါရာစီတမော) သောက်နိုင်ပါသည်။
သိသင့်သော အချက်များ
• လက်ကို ဆပ်ပြာနှင့် မကြာခဏဆေးပါ။ ရေနှင့်ဆပ်ပြာ မရပါက လက်သန့်စင်ဆေးရည်ကို သုံးပါ။
• ချောင်းဆိုး၊ နှာချေပါက ပါးစပ်နှင့် နှာခေါင်းကို ကာကွယ်ထားပါ။ နှာခေါင်းစည်း သုံးပါ။
• လူထူထူကို ရှောင်ပါ။ နေမကောင်းသူနှင့် အထိအတွေ့ နည်းနိုင်သမျှနည်းအောင် ရှောင်ပါ။
နဒီလင်းသစ် (ဆေး-၂)
ဝန်ခံချက် - kidshealth.org website မှ ဒေါက်တာ ဂျိုနသန်မီလာ Jonathan Miller MD ရေးသားသော During the COVID-19 Pandemic: What to Do if Your Child Is Sick ဆောင်းပါးကို စီလျှော်အောင် ဘာသာပြန်ပါသည်။
https://kidshealth.org/en/parents/coronavirus-child-is-sick.html?ref=search
Want your school to be the top-listed School/college in Pazundaung?
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
16, 5-A, Upper Pazundaung Road
Pazundaung
11171
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00