B for Blossom

B for Blossom Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from B for Blossom, Education Website, Paungde.

13/11/2025


ဒီနေ့မှာတော့ "some" နဲ့ "any" ရဲ့ အသုံးပြုပုံတွေကို ပြောပြပေးသွားပါမယ်
Grammar form တစ်ခုကို လေ့လာတဲ့အခါ ပုံစံသုံးမျိုးကိုလေ့လာရပါတယ်
1️⃣ Positive sentence
2️⃣ Negative sentence
3️⃣ Question sentence ဆိုပြီးတော့ သုံး မျိုးရှိပါတယ်

🔶"Some" အသုံးပြုသည့်နေရာများ

1. Positive sentence
e.g . I want some money.
ငါငွေနည်းနည်းလိုချင်တယ်

2. Question sentence
(when you ask for something and when you offer something)
⭕"Some" ကိုသုံးပြီး မေးခွန်းမေးတဲ့အခါ အခြေအနေနှစ်ရပ်မှာအသုံးပြုလို့ရပါတယ်
✓ ကိုယ်ကတစ်ခုခုကို ကမ်းလှမ်းချင်တဲ့အခါ
✓ ကိုယ်က တစ်ခုခုကို တောင်းဆိုချင်တဲ့အခါ

ပထမအချက်အတွက် ဥပမာကိုကြည့်ပါ
e.g. Would you like some coffee?
ကော်ဖီသောက်မလား ?

ဒုတိယအချက်အတွက် ဥပမာကိုကြည့်ပါ
e.g. Can I have some soup,please?
စွပ်ပြုတ်နည်းနည်း ရနိုင်မလား?

🔶"Any" အသုံးပြုသည့်နေရာများ

1. Negative sentence
e.g. I don't have any money.
ငါ့မှာပိုက်ဆံမရှိဘူး

2.Question sentence
(When you want to know something)
ဒီနေရာမှာတော့ အပေါ်က "some" နဲ့မတူပဲ ကိုယ်ကတစ်ခုခုကို တောင်းချင်လို့ ဒါမှမဟုတ် တစ်ခုခုကို ပေးကမ်းချင်လို့ မေးတဲ့ သဘောမဟုတ်တော့ပါဘူး
ကိုယ်က တစ်ခုခုကို သိချင်စိတ်နဲ့မေးတဲ့ပုံစံ ဖြစ်ပါတယ်

e.g. Do you have any money?
နင့်မှာ ပိုက်ဆံရှိလား?

*ပိုက်ဆံရှိလားဆိုတဲ့ မေးခွန်းဟာ #သိချင်စိတ်"နဲ့မေးတဲ့မေးခွန်းပါ
ပေးချင်လို့မေးတာလည်းမဟုတ်သလို❌ တောင်းချင်လို့ မေးတာလည်းမဟုတ်ပါဘူး❌
ဒီလိုနေရာမှာ "any" ကိုပဲသုံးပြီးမေးရပါတယ်

Any နဲ့ some ကိုသုံးတဲ့ စကားလုံးတွေဖြစ်တဲ့
Anyone / anybody/ anything....
Someone/ somebody / something...
အစရှိတာတွေရဲ့ အသုံးပြုပုံဟာလည်း ဒီသဘောတရားပဲဖြစ်ပါတယ်

Hope you like it💕Bye

07/11/2025


ဒီနေ့တော့ English grammar တွေထဲက အနည်းငယ် confused ဖြစ်တတ်တဲ့ grammar နှစ်ခုကိုပြောပြပေးသွားပါမယ်
အဲ့ဒါတွေကတော့

🟡"Has/Have + gone" နဲ့ "Has/Have + been" ပဲဖြစ်ပါတယ်

ဒါဆို ဘယ်နေရာတွေမှာ သုံးသလဲ ❓ကြည့်ကြရအောင်

(1)"Has/Have + gone"

အရင်ဆုံးသူ့ကိုသုံးပြီး ရေးတဲ့စာကြောင်းတစ်ကြောင်းကို ကြည့်ကြည့်ပါ

🛑A: "I don't see Chris. Where has he gone?"
B: "He is on holiday".

ငါ Chris ကိုမတွေ့ပါလား သူအခုဘယ်မှာလဲ? သူအားလပ်ရက်ခရီးထွက်တယ်လေ။

⭕Chris က အခု သူတို့စကားပြောနေတဲ့နေရာမှာမရှိဘူး ။ အားလပ်ရက်ယူသွားတယ် ။
ဒီမှာ သုံးသွားတဲ့ Where has he gone ? ရဲ့ အဓိပ္ပာယ်က Where is he now? နဲ့တူတူပါပဲ။
အတိုချုပ်ရရင် Where has he gone? ဆိုတာ အဲ့ဒီလူရဲ့ ခုရောက်နေတဲ့ Location ကို မေးတာဖြစ်ပါတယ်။

(2) " Has/Have + been "

စာကြောင်းလေး တစ်ကြောင်းကို အရင်ကြည့်ကြည့်ပါ။

🛑Hi Suzy, it's been a while. Where have you been ?
Suzy ရေ မတွေ့ရတာတောင်ကြာပြီနော်။ဘယ်တွေပျောက်နေတာလဲ။

⭕မေးသူဟာ Suzy ကိုကြည့်ပြီးမေးနေတာပါ။ မတွေ့ရတဲ့ အတောအတွင်းမှာ သူမ ဘယ်တွေရောက်နေလဲ ဘာတွေလုပ်နေလဲဆိုတာ သိချင်စိတ်နဲ့ မေးတဲ့မေးခွန်းဖြစ်ပါတယ်။

Grammar နှစ်ခုစလုံးဟာ Present Perfect Tense ကိုသုံးပြီးရေးထားပေမယ့် သုံးတဲ့နေရာမတူပါဘူး

ကိုယ်က လူတစ်ယောက်ရဲ့ အခုရောက်နေတဲ့ location ကိုသိချင်ရင်
"Has/Have + gone " ကိုသုံးရပြီး
ကိုယ်က လူတစ်ယောက်ကို ကိုယ်နဲ့မတွေ့တဲ့အတောအတွင်းဘယ်တွေရောက် /ဘာတွေလုပ်နေခဲ့လဲ မေးချင်ရင်တော့
"Has/Have + been" ကိုသုံးရပါတယ်

grammar ဖြစ်တဲ့အတွက် လေ့လာနေတဲ့ကျောင်းသားတွေ အတွက် အထောက်အကူနည်းနည်းဖြစ်မယ်ထင်ပါတယ်
Hope you like it💕 Bye

Model Show တွေနဲ့ Miss ပြိုင်ပွဲတွေမှာ စီးကြတဲ့ High heels (ဒေါက်အမြင့်) တွေဟာ ၁၇ ရာစုရဲ့ Persian soldiers(ပါရှားစစ်သား)...
23/05/2024

Model Show တွေနဲ့ Miss ပြိုင်ပွဲတွေမှာ စီးကြတဲ့ High heels (ဒေါက်အမြင့်) တွေဟာ ၁၇ ရာစုရဲ့ Persian soldiers(ပါရှားစစ်သား) တွေစတင်အသုံးပြုခဲ့တယ်ဆိုတာ သိပါသလား ?
ဒီနေ့ခေတ် လူငယ်တွေဟာ fashion ကိုပိုပြီးစိတ်ဝင်စားလာကြသလို ပိုပြီးလည်း fashion ကျကျ ဝတ်ဆင်တတ်လာကြပါတယ်
ကမ္ဘာ တစ်ဝှမ်း က brand အမျိုးမျိုးကိုလည်း ငွေသာရှိရင် အလွယ်လေးဝယ်လို့ရနိုင်တဲ့ခေတ်မှာနေနေရတာဆိုတော့ အရမ်းအဆင်ပြေတဲ့ခေတ်တစ်ခေတ်မှာနေနေရတာဖြစ်ပါတယ်
အဲ့ဒီအထဲမှာ ဖိနပ်ကိုအရမ်းရူးရူးမူးမူးကြိုက်ကြတဲ့လူငယ်တွေလည်းရှိပါတယ်
brand ဖိနပ်တွေဝယ်စုရတာအရမ်းကြိုက်ကြတဲ့ သူတွေလည်းအများကြီးရှိနေပါတယ်
ကျွန်မရဲ့တစ်ကိုယ်စာအမြင်အရတော့ ဖိနပ်တွေထဲမှာ စီးရအခက်ဆုံးနဲ့ သက်တောင့်သက်သာ မဖြစ်ဆုံးက high heels တွေပါပဲ ဒေါက်အမြင့်ကြီးတွေနဲ့ ဆိုတော့ လမ်းလျှောက်ဖို့မပြောနဲ့ ဟန်ချက်ညီညီရပ်နိုင်ဖို့ဆိုတာတောင် တော်တော်လေးခက်တဲ့ကိစ္စ ပါ
Research study တွေအရ 10 cm ( ၁၀ စင်တီမီတာ) ထက်ကျော်တဲ့ ဒေါက်အမြင့်တွေကိုစီးခြင်းဟာ ခြေချင်းဝတ် ကို ဆိုးဆိုးရွားရွားထိခိုက်စေတယ်လို့ဆိုပါတယ်
High heels တွေကို တစ်ပတ်ကိုအနည်းဆုံး သုံးကြိမ်နှုန်းနဲ့ နှစ်ရှည်လများစွာ စီးခြင်းအားဖြင့်‌ေကာင်းမွန်စွာမတ်တပ်ရပ်နိုင်ဖို့အတွက် အဓိက‌ေဆာင်ရွက်တဲ့ကြွက်သား လေးခုထဲက နှစ်ခုဟာ ကျန်နှစ်ခုထက်ပိုအားကောင်းလာပါတယ်
အကျိုးဆက်ကတော့ ကြွက်သား balance ပျက်ပြီး မတ်မတ်မရပ်နိုင်ခြင်း ခြေထောက်ပုံပျက်သွားခြင်း ခါးနာခြင်း နဲ့ လမ်းလျှောက်ပုံမမှန်တော့ခြင်းပဲဖြစ်ပါတယ်
တကယ်တော့ high heels တွေကို ၁၇ ရာစုမှာ ပါရှားစစ်သားတွေစတင်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်
စစ်ပွဲအတွင်းမှာ မြင်းစီးသူရဲ တွေဟာ ခြေနင်းကွင်းကိုအားပြု မတ်တပ်ရပ်ပြီး လေးမြှားပစ်တဲ့အခါမျိုးတွေမှာ heels တွေစီးထားခြင်းအားဖြင့် ဟန်ချက်ညီညီရပ်နိုင်ပြီး ပစ်မှတ်ကိုလည်းပိုပြီးတိတိကျကျ ပစ်နိုင်တယ်လို့ဆိုကြပါတယ်
ဒီနေ့ခေတ်မှာတော့ မိန်းကလေးအများစုသာ sexy and feminine ဖြစ်တယ်လို့ယူဆပြီး အသုံးပြုကြပါတော့တယ်
နောက်ထပ် စိတ်ဝင်စားစရာတစ်ခုကတော့ ပြင်သစ်ဘုရင် Louis XIV ဟာ high heels တွေကို ဂုဏ်သရေရှိအဆောင်အယောင်အနေနဲ့အသုံးပြုခဲ့တာပဲဖြစ်ပါတယ်
Heels စီးထားတဲ့လူတစ်ယောက်ကိုမြင်ရုံနဲ့ ဒီလူဟာ လယ်ကွင်းထဲမှာအလုပ်လုပ်စရာမလိုတဲ့သူ ဝေးဝေးလံလံလမ်းလျှောက်စရာမလိုတဲ့ လူချမ်းသာအသိုင်းအဝိုင်းကြီးကသူ ဆိုပြီးတော့ တန်းသိစေပါတယ်တဲ့
တကယ်တော့ heels တွေက သက်တောင့်သက်သာမဖြစ်စေတဲ့ အရာတစ်ခုဆိုတာ စီးကြည့်တဲ့သူတိုင်းသိတဲ့ကိစ္စပါနော် ကျွန်မဆို သုံးလှမ်းပြည့်အောင်မလှမ်းရသေးခင် ရှိသမျှ သွားအကုန်ကျိုးသွားနိုင်ပါတယ် ဒါကတော့ ကျွန်မရဲ့ စကေး ပါ
ဒီစကေးနဲ့ဆို miss grand တို့ miss universe တို့မှာ crown ရနိုင်တယ်မဟုတ်လားရှင်😀
heels တွေအကြောင်းဖတ်မိရာကနေ စိတ်ဝင်စားစရာတွေတွေ့လာလို့ sharing ပြန်လုပ်ပေးတာဖြစ်ပါတယ်
နောက်လည်း စိတ်ဝင်စားမိသမျှအကြောင်းတွေကိုဒီလိုပဲစာအရှည်ကြီးရေးပြီး မျက်စိနောက်ပါဦးမယ် 😄
Pic_crd_google

Address

Paungde

Website

Alerts

Be the first to know and let us send you an email when B for Blossom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share