24/03/2022
Mandalay တွင် အသစ်ဖွင့်လှစ်မည့် Restaurant & Pastry ဆိုင်အတွက် အောက်ပါ၀န်ထမ်းများ ခေါ်ယူလျက်ရှိပါသည်။
1. Restaurant Manager M/F (1) Post
2. Restaurant Supervisor M/F (3) Posts
3. Dim Sum Chef M/F (2) Posts
4. Pastry Chef M/F (1) Post
5. Bakery Chef M/F (1) Post
6. Sale & Marketing Executive (Female only) (1) Post
အမှတ်စဉ် (1 နှင့် 2) အတွက်
✅ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူ ဖြစ်ရမည်။
✅ သက်ဆိုင်ရာ ရာထူးဖြင့် လုပ်ငန်းအတွေ့အကြုံ (၂) နှစ်နှင့်အထက်ရှိသူ ဖြစ်ရမည်။
✅ ဆက်ဆံရေးပြေပြစ်၍ အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
✅ ကြုံတွေ့လာမည့်ဖိအားများနှင့် စိန်ခေါ်မှုများအောက်တွင် ကောင်းမွန်စွာ ထိန်းကျောင်း၍ အလုပ်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
✅ မိမိလက်အောက်ရှိ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများအား ဦးဆောင်နိုင်၍ စီမံအုပ်ချုပ်နိုင်သူဖြစ်ရမည်ဖြစ်ပြီး Daily, Weekly, Monthly and Yearly Sales, Food & Beverage Report များ တင်ပြနိုင်သူဖြစ်ရမည်။
✅ Food & Beverage Cost များကို ကောင်းမွန်ပိုင်နိုင်စွာ ထိန်းနိုင်ပြီး Inventory Management ပိုင်နိုင်ကျွမ်းကျင်ရမည်။
✅ Paperwork များ နိုင်နင်းရမည်။ Internet, Email နှင့် Microsoft Offices ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။
✅ F & B Trainingနှင့်တကွ Restaurant Operation နှင့် ပတ်သက်၍ လိုအပ်သော Training များအား ကောင်းမွန်စွာ ပေးနိုင်သူ ဖြစ်ရမည်။
✅ Service Industry ဖြစ်သည့်အားလျော်စွာ အထူးကောင်းမွန်သော ဝန်ဆောင်မှုနှင့် အရည်အသွေးကို ပေးဆောင်ရန် စိတ်အားထက်သန်သူ ဖြစ်ရမည်။
အမှတ်စဉ် (3, 4 & 5) အတွက်
✅ တက္ကသိုလ်၀င်တန်းအောင်ရမည် (သို့) ကျောင်းကိစ္စ ကင်းရှင်းသူ ဖြစ်ရမည်။
✅ သက်ဆိုင်ရာနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ (၃) နှစ်နှင့်အထက်ရှိသူ ဖြစ်ရမည်။
✅ Service Industry ဖြစ်သည့်အားလျော်စွာ အထူးကောင်းမွန်သော ဝန်ဆောင်မှုနှင့် အရည်အသွေးကို ပေးဆောင်ရန် စိတ်အားထက်သန်သူ ဖြစ်ရမည်။
အမှတ်စဉ် (6) အတွက်
✅ English စကားပြောဆိုနိုင်သူဖြစ်ရမည်ဖြစ်ပြီး Chinese (Mandarin / Cantonese) ပြောနိုင်ပါက ပိုမို၍ ဦးစားပေးမည်။
✅ ဘွဲ့ရပြီးသူ၊ အသက် (၂၄-၃၅)နှစ်အတွင်းရှိသူ ဖြစ်ရမည်။
✅ သက်ဆိုင်ရာနယ်ပယ်တွင် စားသောက်ဆိုင်နှင့်ပတ်သက်သော လုပ်ငန်းအတွေ့အကြုံရှိပါက ပိုမို၍ ဦးစားပေးမည်။
✅ Internet, E-mail, Microsoft Offices & Digital Marketing အတွက် IT ကိုကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။
✅ Sales & Marketing Diploma (or) Certificate ရရှိထားသူဖြစ်ရမည်။
✅ ဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
✅ ရုပ်ရည်အသင့်တင့် ရှိရမည်။
✅ Marketing Plan ရေးဆွဲနိုင်ပြီး Sales Call များနှင့် Marketing ဆင်းနိုင်သူ ဖြစ်ရမည်။
✅ Service Industry ဖြစ်သည့်အားလျော်စွာ အထူးကောင်းမွန်သော ဝန်ဆောင်မှုနှင့် အရည်အသွေးကို ပေးဆောင်ရန် စိတ်အားထက်သန်သူ ဖြစ်ရမည်။
အမှတ်စဉ်အားလုံးအတွက်
- လစာ (ညှိနှိုင်း)
- အဆောင်တွင် နေထိုင်လိုပါက
စီစဉ်ပေးခြင်း
- Uniform စီစဉ်ပေးခြင်း
- Duty ချိန်တွင် ထမင်းကျွေးခြင်း
- လုပ်ငန်းအတွင်း စွမ်းဆောင်ရည်နှင့် စီးပွားရေးအပေါ် အခြေခံ၍ အခြားခံစားခွင့်များလည်း ရရှိနိုင်မည်။
👉 လျှောက်ထားလိုသူများသည် လျှောက်လွှာတွင် သင်၏ကိုယ်ရေးကိုယ်တာမှတ်တမ်း၊ လုပ်ငန်းအတွေ့အကြုံအပြင် ခန့်မှန်းလစာ၊ မကြာသေးမီက (၆လ အတွင်း)
ရိုက်ကူးထားသော ဓာတ်ပုံပါရှိရမည် ဖြစ်သည်။
👉 Word Format ဖြင့်သာ လျှောက်လွှာပုံစံ (CV) ကို 09420728553 ( Viber ) သို့ ဆက်သွယ် ပေးပို့လျောက်ထားနိုင်ပါသည်။
👉 ပဏာမရွေးချယ်ခြင်းခံရသော Candidate များကိုသာ အင်တာဗျူး အမြန်ခေါ်ယူသွားပါမည်။
မှတ်ချက်။ ။ Cb/Messenger သို့ပေးပို့သော CV များအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။