T.A ဘော်ဒါ ပညာရေးဝန်ဆောင်မှု

  • Home
  • Myanmar
  • Pauk
  • T.A ဘော်ဒါ ပညာရေးဝန်ဆောင်မှု

T.A ဘော်ဒါ ပညာရေးဝန်ဆောင်မှု ဝန်ဆောင်မှုလုပ်ငန်း

20/01/2026
17/07/2025

Join our 170M+ users to become part of the movement economy. Sweatcoin app converts your steps into sweatcoins — virtual currency that you can spend on products and services. It Pays to Walk.

07/07/2025

# trekking

06/07/2025

There are some people in my hut so early.

23/07/2022

အတွေးတွေကို သတိထားပါ။

အတွေးတွေမှာ ကူးစက်တတ်တဲ့ သဘောသဘာ၀ရှိတယ်။ ကောင်းတဲ့အတွေးတွေတွေးရင် ကောင်းတဲ့အတွေးတွေ ကူးစက်စေတယ်။ ကောင်းတဲ့အတွေးနဲ့အတူ စိတ်ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်းတွေကိုပါ ကူးစက်စေပါတယ်။ ဒီလိုပါပဲ မကောင်းတာတွေတွေးရင်လည်း မကောင်းတဲ့အတွေးတွေဟာ ကူးစက်စေနိုင်ပါတယ်။ အဲဒီမကောင်းတဲ့ အတွေးတွေရဲ့နောက်ဆက်တွဲ အနေနဲ့ ပူလောင်ခြင်း၊ ဒေါသထွက်ခြင်းတွေကိုပါ ကူးစက်ခံစားရစေပါတယ်။

ကျွန်တော်တို့တွေ လူတစ်ယောက်အပေါ် စိတ်ဆိုးတဲ့အခါ၊ ကိစ္စရပ်တစ်ခုအပေါ် မကျေနပ်တဲ့အခါ စိတ်ဆိုးကြတယ်၊ ဒေါသထွက်ကြပါတယ်။ သူများကို စိတ်ဆိုး ဒေါသထွက်တာ မှန်ပေမယ့် ပထမဦးဆုံး ပူလောင်၊ ဒေါသထွက်ရတာကတော့ ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။

ကျွန်တော်တို့ကို အဆိုးမြင်စေ၊ ဒေါသထွက်စေတဲ့ လူတွေ၊ အရာ၀တ္ထုတွေ၊ ပြဿနာတွေအပေါ် မကျေနပ်ဘူး၊ ဒေါသထွက်မယ်၊ အဆိုးမြင်မယ်။ အဲ့လိုကစလိုက်တာ တစ်နေကုန် မြင်မြင်သမျှ၊ တွေ့တွေ့သမျှအရာတိုင်းကို စိတ်တိုင်းမကျတော့ဘူး၊ အဆိုးမြင်မယ်၊ ဒေါသတွေ ပုံချမိပါတယ်။ အဲ့တော့ ကိုယ့်ကြောင့် မဆိုင်တဲ့သူတွေကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီလိုနည်းနဲ့ မကောင်းတဲ့အတွေးတွေဟာ တစ်ယောက်ကို တစ်ယောက် ကူးစက်သွားစေပါတယ်။

ဒါကြောင့် သတိလေးကပ်ပြီး နေတတ်အောင် ကြိုးစားပါ။ ဒေါသထွက်စရာတွေ၊ အဆင်မပြေတာတွေနဲ့ကြုံတဲ့အခါ လွှတ်ခနဲ ဒေါသတွေထွက်လိုက်မယ့်အစား၊ စိတ်ဆိုးစိတ်တိုမယ့်အစား အသက်လေးပုံမှန်ရှူ၊ သတိလေးကပ်ပြီး အဆိုးမြင်စိတ်တွေ မ၀င်မိအောင်ထိန်းပါ။ အကောင်းဆုံး ဘယ်လိုနည်းနဲ့ တုံ့ပြန်နိုင်မလဲ ဆိုတာကို စဥ်းစားကြည့်ပါ။ ဒါဆ်ိုရင် ကိုယ်ခံစားနေရတဲ့ စိတ်ဒုက္ခတွေလည်း သက်သာမယ်၊ ဖြစ်နေတဲ့ ပြဿနာလည်း အကောင်းဆုံးပြေလည်သွားစေပါလိမ့်မယ်။

နာကျင်ခဲ့ရတဲ့ အတိတ်တွေဆီ ခဏခဏအလည်မသွားပါနဲ့။ ကိုယ့်ကို စိတ်တိုဒေါသထွက်စေခဲ့တဲ့ အဖြစ်အပျက်တွေ၊ ကိုယ်တိုင်နာကျင်ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ခဏခဏပြန်မတွေးပါနဲ့။ ပြန်တွေးတဲ့အခါ ပြန်နာကျင်ရမယ်။ ပြန်နာကျင်ရတဲ့အခါ ပြန်ပြီး ဒေါသထွက်စေတယ်။ မကောင်းတဲ့စိတ်တွေ၊ အတွေးတွေ ၀င်လာစေပါတယ်။

ပစ္စုပ္ပန်မှာပဲ နေထိုင်နိုင်ဖို့ ကြိုးစားပါ။ နာကျင်ခဲ့ရတဲ့ အဖြစ်အပျက်တွေဆိုတာလည်း အတိတ်ပဲ။ ကိုယ့်ကို မနက်က စိတ်တိုစေခဲ့တဲ့အရာဟာလည်း အတိတ်ပဲ။ အခုလက်ရှိမှာ ရှိမနေတော့ဘူး။ အဲ့လိုမဟုတ်ဘဲ မကောင်းတဲ့အတွေးတွေကိုပစ္စုပ္ပန်အထိ ဆွဲခေါ်လာမယ်ဆိုရင် ကျွန်တော်တို့ အမြဲ ပူလောင်ရမယ်၊ စိုးရိမ်ပူပန်နေရမှာပါပဲ။

အရာအားလုံးဟာ ကျွန်တော်တို့ရဲ့ အတွေးအပေါ်မှာပဲမူတည်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်ဟောကြားခဲ့တဲ့ တရားလေးရှိတယ်။ "လူတစ်ယောက်ရဲ့ စိတ်ဟာ သံလိုက်နဲ့ အလားသဏ္ဌာန်တူပါတယ်။ ကောင်းတဲ့အရာတွေကို အမြဲတွေးနေရင် ကောင်းတဲ့အရာတွေကို ရမယ်။ မကောင်းတဲ့အရာတွေကို တွေးနေမယ်ဆိုရင်တော့ မကောင်းတဲ့အရာတွေ၊ ပြဿနာတွေကိုပဲ ရလာစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကောင်းတဲ့အတွေးတွေနဲ့အတူနေထိုင်ပါ" လို့ ဟောကြားခဲ့ပါတယ်။

ကောင်းမွန်တဲ့အတွေးလေးတွေတွေးတာ၊ အပြုသဘောဆောင်တဲ့ အတွေးလေးတွေ တွေးတာ၊ အပြုသဘောဆောင်တဲ့ စကားလေးတွေပြောတာက ကျွန်တော်တို့ဘ၀ကို အပြုသဘောဆောင်စေတယ်။ စိတ်ချမ်းသာ ပျော်ရွှင်စေပါတယ်။
#

Google မှာ သွားပြီး Ngram Viewer လို့ ရိုက်ထည့်ပါ။အဲဒီ website ဟာ ဘာအတွက် အသုံးဝင်သလဲဆိုတော့ အင်္ဂလိပ်စာ အသုံးတစ်ခု၊ phr...
25/06/2022

Google မှာ သွားပြီး Ngram Viewer လို့ ရိုက်ထည့်ပါ။

အဲဒီ website ဟာ ဘာအတွက် အသုံးဝင်သလဲဆိုတော့ အင်္ဂလိပ်စာ အသုံးတစ်ခု၊ phrase တစ်ခုကို ဒီလိုသုံးရင် မှန်ပါ့မလား၊ native speaker တွေက ဒီလို collocation မျိုးနဲ့ သုံးကြသလားလို့ ကိုယ်သံသယဖြစ်ရင် အဲဒီ site က search bar ထဲကို ကိုယ်သိချင်တဲ့ စကားစု ရိုက်ထည့်လိုက်ပါ။

သူကနေ အဲဒီ phrase ကို ဘယ်နှခုနှစ်မှ ဘယ်နှခုနှစ်အတွင်း အသုံးဘယ်လောက်များခဲ့သလဲ ဆိုတဲ့ currency ကို arrow chart နဲ့ ဖော်ပြပေးတယ်။
အောက်ဆုံးမှာပြထားတဲ့ ခုနှစ်အပိုင်းအခြားတစ်ခုကို နှိပ်ကြည့်လိုက်ရင် အဲဒီ အသုံး usage, expression ကို ဘယ်စာရေးဆရာတွေက ဘယ်စာအုပ်ရဲ့ စာမျက်နှာ ဘယ်လောက်မှာ သုံးထားခဲ့ပါတယ်ဆိုတာကို အစဉ်လိုက်ပြပေးတယ်။

ဥပမာ၊ forgot my umbrella လို့ ကျွန်တော် ရိုက်ထည့်ကြည့်တယ်။ ဒီ အသုံးကို စာရေးဆရာများစွာ သူတို့ရဲ့ စာအုပ်တွေထဲမှာ သုံးကြတဲ့ ဝါကျတွေကို ရှာပြီးပြပေးပါတယ်။
ဒါလည်းပဲ Corpus Linguistics ရဲ့ ကျေးဇူးပါပဲ။
ဘာသာစကားတစ်ခုရဲ့ grammar နဲ့ uses တွေအားလုံးကို ကျမ်းတစ်ခုမှာ အကုန်ပါနိုင်ဖို့ မလွယ်ပါဘူး။
ဘာသာစကားကို native speaker တွေက တကယ့်လက်တွေ့မှာ ဘယ်လိုသုံးကြသလဲ သိနိုင်ဖို့ သူတို့ ပြောပုံ ရေးပုံ data တွေကို စုဆောင်းထားတာကို ပြန်စေ့ငုကြည့်တဲ့ Corpus-based approach to language learning လုပ်နိုင်သူများကတော့ ပိုတာသွားမှာ သေချာပါတယ်။

Ngram Viewer ရဲ့ link ကို အောက်မှာပေးထားတယ်။

https://books.google.com/ngrams/graph?content=forgot+my+umbrella+&year_start=1800&year_end=2019&corpus=26&smoothing=3&direct_url=t1%3B%2Cforgot%20my%20umbrella%3B%2Cc0

23/04/2022

ကျနော်တို့ဆီမှာ သူဌေးတွေအများကြီးပဲ
ဟုတ်တယ်

ဈေးထဲကပဲပြုတ်သည်ကိုကြည့်တော့
ပဲကတမျိုးပဲရောင်းတယ်။

အဲ့ဒါနဲ့

အစ်မရယ်
ပဲပြုတ်က ၂မျိုး၃မျိုးရောင်းလို့ရတာကို '
လို့ပြောတော့ပြန်မဖြေဘူး။

အစ်မက ပဲတမျိုးကို
ဥပမာ ၅၀၀၀မြတ်တယ်ထား
၂မျိုး၃မျိုး တင်တော့ ပိုမြတ်မှာပေါ့ '

ဆိုတော့
အလုပ်ရူပ်တယ် မရောင်းချင်ဘူးတဲ့။

ဂိတ်မှာအိပ်နေတဲ့ဆိုက်ကားသမားကို
တိုက်ခန်းပေါ်ပစ္စည်းတင်ဖို့ခေါ်မိတယ်။

ကျနော်သွားစရာရှိလို့ ' ဆိုပြီး
ပြန်အိပ်နေတယ်။

၁၀မိနစ်လောက်
သူပစ္စည်းတင်ပေးလိုက်ရင်
၄ /၅ထောင်ရမှာ။မလုပ်ဘူး။

ရွှေတိဂုံဘုရားကနေ ယုဇနပလာဇာကို
၃၀၀၀ ပေးငှားတယ်။

မလိုက်ဘူးတဲ့ ကားပိတ်မှာကြောက်လို့။
ပိတ်မှာကြောက်ရင်
ဘာလို့ကားမောင်းနေလဲမသိဘူး။

ကိုယ်က
အိမ်ကိုနောက်ကျမှပြန်ရောက်လို့
ရေသန့်ဗူးကို ဖုန်းဆက်တဲ့အချိန်လာပို့ပါ
၅၀၀ပိုပေးမယ်ဆိုတာကို လာမပို့ဘူး။

ကိုယ်သွားကြည့်တော့
ဖုန်းထိုင်ကြည့်နေတယ်။

ပစ္စည်းပို့စရာရှိလို့ အောင်ဆန်းကွင်းကို
၈နာရီသွားပို့တယ်။

ဂိတ်ကကောင်တွေကအထဲကနေ
၈နာရီခွဲမှ ဂိတ်ဖွင့်မယ်ပြန်ပြောတယ်။

အမှန်က တံခါးဖွင့်ပီး ပစ္စည်းယူလိုက်ရင် ရပီ။

ထမင်းဆိုင်မှာ ကြက်သား အာလူး
ရောချက်ထားတာကို
အာလူးပဲသပ်သပ်ပေးပါ
ပိုက်ဆံပိုပေးပါမယ်ဆိုတာကို
ခွဲမရောင်းဘူးတဲ့။

မှာထားတာ လာပို့တဲ့ Deliveryသမားကို

ဒီအချိန်တွေအလုပ်မအားလို့
ညေနမှလာပို့ပါ
ကျတဲ့deliခထက် ပိုပေးပါမယ်
လို့ပြောတာကို
ကျနော်တို့က ဒီအချိန်ပဲလာပို့လို့ရမှာတဲ့။

ကောက်ညှင်းပေါင်းသည်က
ငချိတ်တစ်ရက်
ဆီထမင်းတစ်ရက်ရောင်းတယ်။

တွဲရောင်းပါလား ဆိုတော့
သူက
တစ်ရက်ဆီပဲရောင်းတာတဲ့ တမျိုးကို။

ည ၇နာရီလောက် အိမ်သော့ပျောက်လို့
သော့ပြင်တဲ့လူကိုသွားခေါ်တယ်။

ပုံမှန်သော့ဖျက်ပေးတာကို ၈၀၀၀ယူတယ်။

ကိုယ်က ၁၅၀၀၀ပေးမယ်ပြောပီးခေါ်တာကို
မိုးချုပ်နေပြီမလိုက်တော့ဘူး လို့ပြောတယ်။

ကိုယ့်အိမ်က သူ့ဆိုင်က
လှမ်းကြည့်ရင်တောင်မြင်နေရတာ။

အိမ်မှာသစ်သားအကောင်းတွေပိုနေလို့
အမှိုက်ပစ်တဲ့လူကို
လက်ဆောင်ထည့်ပေးမိတယ်။

' ကျနော်တို့က မလိုဘူး 'ဆိုပီး
သယ်ရမှာပျင်းတာနဲ့ယူမသွားဘူး။

ပြီးရင်
စီးပွားရေးက ဘာဖြစ်တယ်ညာဖြစ်တယ်

နိုင်ငံကြီးက ဘာဖြစ်တယ်
ညာဖြစ်တယ်ဆိုပြီး
ကြည့်လိုက်ရင် ဒီလိုလူတွေချည်းပဲ။

လူစီး လူကပ် လူပေလူတေ တွေ။

အဲ့ဒါကြောင့်ပြောတာ
ကျနော်တို့ဆီမှာ လုပ်မစားချင်တဲ့
သူဌေးတွေအများကြီးပဲ။

#စာခိုး

17/04/2022

ကလေးကို ဒုက္ခခံခိုင်းပါ
~~~~~~~~~~~~~~~

တခါတုန်းက ဘေးချင်းကပ် နေတဲ့ အိမ်လေး နှစ်အိမ် ရှိတယ်။
*ပထမအိမ် ကတော့ ထမင်း၊ ဟင်း စားစရာ ချက်ပြုတ် ရောင်းပါတယ်။
*အဲ့ဒီအိမ်နဲ့ ကပ်ရက် ဒုတိယအိမ်ကတော့ ဗွီဒီယို အခွေအငှားဆိုင် ဖွင့်ထားပါတယ်။ ထမင်း၊ ဟင်း ရောင်းတဲ့ ဆိုင်မှာ ကလေးတယောက် ရှိသလို ဗွီဒီယိုအခွေ အငှားဆိုင် မှာလည်း ရွယ်တူကလေး ရှိပါတယ်။

*ကျောင်းဆင်းလာချိန်ဆို ထမင်းဆိုင်က ကလေး ကတော့ ည ၉ နာရီ အထိ အမေကို လာကူရောင်း ပန်းကန်သိမ်း၊ ဧည့်သည် တွေကို စားစရာများ နေ့တိုင်း ကူချပေးပါတယ်။
*အခွေအငှားဆိုင်က ကလေးကတော့ ကျောင်းက ပြန်လာတာနဲ့ ဒုတိယထပ်မှာ ဂိမ်းထိုင်ဆော့ နေတတ်ပါတယ်။ ဗိုက်ဆာ လာရင်တော့ အဖေကို ဘေးဆိုင်မှ စားစရာများ ဝယ်ပေးရန် အော်ဟစ်မှာပြီး အခန်းထဲ အထိ လာပို့ခိုင်း တတ်ပါတယ်။

*ထမင်းဆိုင်က ကလေးဟာ ကျောင်းတက်ရင်း စီးရန် ဆိုင်ကယ် လိုချင်တာ နောက်ဆုံး အတန်း ၁၂ တန်း တက်မှ ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေက သူ့လုပ်အားခ အဖြစ် တရက်ကို ၁၀၀ ပေးပြီး ၄၀ ကိုတော့ ကျောင်းမုန့်ဖိုး အဖြစ် ပေးပါတယ်။ လိုချင်တာလေး များကို ကိုယ့်ဘာသာကိုယ် ပိုက်ဆံစုပြီး ဝယ်ရပါတယ်။
*အခွေအငှားဆိုင်က ကလေးကတော့ ဝမ်းတူးကော ဖုန်းလေး အသစ် ထွက်လာကာ စမှာပဲ အမေကို ဝယ်ပေးဖို့ ပူဆာတာနဲ့ ဝယ်ပေးလိုက်ပါတယ်။ သူဟာ ကျောင်းမှာ ပထမဦးဆုံး ဖုန်းရှိသူ၊ ဆရာမ ထက်တောင် စောပြီး ဟမ်းဖုန်း ကိုင်နိုင်သူ ဖြစ်ပါတယ်။

*ထမင်းဆိုင်က ကလေးဟာ စနေ၊ တနင်္ဂနွေဆို အဖေ ကိုယ်စား ဈေးသွားဝယ် ရပါတယ်။ ဈေးမှာ ပစ္စည်းများကို ကိုယ်တိုင် သွားဝယ်ပြီး ဆိုင်ကို သယ်လာရပါတယ်။
*အခွေအငှားဆိုင်က ကလေး ကတော့ စနေ၊ တနင်္ဂနွေဆို အံဆွဲထဲက ပိုက်ဆံတွေ နှိုက်ယူပြီး သူငယ်ချင်းများနဲ့ ရုပ်ရှင်ကြည့်၊ စတိုးဆိုင် သွားတတ်ပါတယ်။

တနေ့မှာတော့ နှစ်အိမ်လုံးဟာ တောကဘုရားပွဲကို သွားကြပါတယ်။ အပြန်မှာတော့ နှစ်အိမ်လုံးမှ မိဘတွေ ကားမှောက်ပြီး ဆုံးသွားပါတယ်။ထမင်းဆိုင်က ကလေးက ၁၂ တန်း အောင်ပြီမို့ သူ့လုပ်အားခနဲ့ ဝယ်ထားတဲ့ ဆိုင်ကယ်ကို မောင်းပြီး ဈေးသွားဝယ်ပြီး ဆိုင်ကို ပုံမှန်အတိုင်းဆက်ဖွင့်ကာ သူ့ထက် အငယ်ကလေးကို ရှာကျွေးပါတယ်။

အခွေအငှားဆိုင်က ကလေးကတော့ ၁၂ တန်း အောင်ရော မိဘငွေတွေ သုံးဖြုန်းတာ ဘယ်နှစ်နှစ် ခံမလဲ။ အခုတော့ ပြောင်ကုန်ပြီမို့ အိမ်ကိုရောင်းရန် ကြော်ငြာလိုက် ပါတယ်။ ထမင်းဆိုင်က ကလေးဟာ အခွေအငှားဆိုင် ရောင်းရန် ဆိုင်းဘုတ်ကို တွေ့တော့ သူ့ပိုက်ဆံနဲ့ မိဘတွေ စုထားတဲ့ ပိုက်ဆံ ပေါင်းပြီး ဘေးချင်းကပ်ရက် အိမ်ကို ဝယ်လိုက်ပါတယ်။

အခွေအငှားဆိုင်က ကလေးဟာ အိမ်ရောင်းရငွေ သန်းပေါင်းများစွာ ရှိတာမို့ မိုးမမြင် လေမမြင် သိပ်ပျော်ရွှင် လို့ပေါ့။ ထမင်းဆိုင်က ကလေးဟာ နံရံတွေကိုဖြို၊ တဆိုင်ထဲ ဖြစ်လာရန် ပြင်လိုက်ပြီး စားပွဲတွေ ထပ်ဖြည့် ထည့်ကာ ဆိုင်ကြီးဖြစ်လာတော့ လူတွေ အများကြီး လာစားနိုင်ရန် အရင်ကထက် ရောင်းကောင်း လာရန် ပြင်ဆင်ပါတယ်။

နောက်နှစ်များ မကြာမီ ထမင်းဆိုင်ကလေးဟာ ပိုမို ကောင်းမွန်တဲ့ဘဝကို ရောက်သွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဈေးရောင်းကောင်း လို့ပါပဲ။ အခွေအငှားဆိုင်က ကလေးဟာ ရှိသမျှ ငွေတွေလည်း သုံးလို့ ကုန်ပြီမို့ သူများဆီမှာ အလုပ် သွားလုပ်နေရ ပါတော့တယ်။

လိုချင်တာတွေကို လက်ညှိုးလေး ထိုးပြလိုက်တာနဲ့ အကုန် ရလာတတ်သူ တယောက်၊ နောက်တယောက်ကတော့ လိုချင်တာရဖို့ စိတ်ရော ကိုယ်ရော လုပ်အားရော ကိုယ်တိုင်လည်း အားစိုက် ရင်းနှီးမြုပ်နှံ ခဲ့ရပါတယ်။ နောက်ဆုံးတော့ မိဘတွေလည်း ကွယ်လွန်သွားပြီး နောက်ပိုင်း တယောက်ချင်းစီမှာ ကျင့်သားရနေပြီ ဖြစ်တဲ့ မိဘရဲ့ ပြုစုပျိုးထောင်မှု အတိုင်း ဆက်လက်ရှင်သန်ကာ မတူညီတဲ့ ဘဝတွေကို လျှောက်လှမ်းနေကြတာပါပဲ။

ကလေးရဲ့ ဒုက္ခ ခံစားရမှုတွေကို သူ့ဘာသာ ခံပါစေ လို့ ဒီနေ့မှာ ကြိုးစား သည်းခံပြီး မနေနိုင်ရင် မိတ်ဆွေ မရှိတော့တဲ့ နောက်ပိုင်းမှာ မိတ်ဆွေရဲ့ ကလေးဟာ သူ့ဘဝကို ပျော်ရွင် ချမ်းသာစွာ နေနိုင်လိမ့်မယ်လို့ မမျှော်လင့် ပါနဲ့တော့။ မိတ်ဆွေတို့ဟာ အသက် တထောင် ပြည့်အောင် နေကြရမှာ မဟုတ်တာကို မမေ့ပါနဲ့။

ဒီနေ့မှ စ၍ မိတ်ဆွေရဲ့ ကလေးကို အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြား နိုင်အောင်၊ တာဝန်ယူတတ်အောင်၊ ဘဝရဲ့ ဆင်းရဲ ဒုက္ခ အရသာကို သိအောင် လေ့လာသင်ကြား ပေးသင့်ပါတယ်။ စည်းစိမ်အပြည့်နဲ့ ဇိမ်ကျနေဖူးတဲ့ သူတယောက်ဟာ အခုတော့ ဒုက္ခတွေ ခံနေရပြီး၊ ဒုက္ခတွေ ခံခဲ့ရဖူးသူ တယောက်ကတော့ အခုချိန်မှာ ပျော်ရွှင်စွာ နေနိုင်သွားပါပြီ။

လိုချင်ရင် ကိုယ့်ဘာသာ ပိုက်ဆံစု ဝယ်ခိုင်းပါ။ ဘယ်သူမှ တစုံတယောက် အတွက် ဘဝ တသက်တာလုံး ငွေရှာပေး မနေနိုင်တာကို မိတ်ဆွေလည်း ကောင်းစွာ သိပြီးသား ဖြစ်မှာပါ။ ဒါ့ကြောင့် မိတ်ဆွေရဲ့ ကလေးကို သူ့ဘာသာသူ ငွေရှာနိုင်အောင်၊ သူ့ဘဝသူ ရပ်တည်နိုင်အောင် သင်ပေးထား သင့်ပါတယ်။

17/04/2022

အရေးကြီးတဲ့ ဆရာတစ်ယောက်ရဲ့ ကိုယ်ရည်
ကိုယ်သွေးနဲ့ ပင်ကိုဟန်
==============================

ဆရာတစ်ယောက်က ကျောင်းသားရဲ့ စိတ်ကို
လွှမ်းမိုးနိုင်ဖို့ဆိုရင် အရည်အချင်းရှိရုံ စာသင်
နည်းတတ်ရုံနဲ့တငိ မလုံလောက်ပါဘူး။

Personality ကောင်းတဲ့ဆရာဆိုရင် စာသင်တဲ့
အခါ ပိုပြီးဆွဲဆောင်မှုရှိပါတယ်။

ကျောင်းသားအားလုံးရဲ့ စိတ်အာရုံကို ဖမ်းစား
နိုင်ပါတယ်။

Personality ကောင်းတယ်ဆိုတာ ဘယ်လိုမျိုး
ပါလိမ့်။ ယေဘူယျအချက်လေးတွေ မျှဝေပေး
ပါမယ်။

၁။ အသံဩဇာအပြည့်ရှိတယ်။ စကားပြောရင်
ရှင်းရှင်းလင်းလင်းရှိတယ်။ ဘယ်နေရာမှာ
စကားအဖြတ်အတောက်နဲ့ ပြောရမလဲဆိုတာ
နားလည်တယ်။ ကျောင်းသားနားလည်လွယ်
မယ့် စကားလုံးလေးတွေနဲ့ ပြောပြတတ်တယ်။

၂။ တက်ကြွတဲ့ဟန်ပန်အမူအရာနဲ့ စာသင်တတ်
တယ်။ Lesson Stage တစ်ခုကနေ တစ်ခုကူးတဲ့
အခါ ရုပ်တည်ကြီးနဲ့ ချက်ချင်းပြောင်းတာမျိုး
မလုပ်ဘဲ ဖြည်းဖြည်းချင်း မသိမသာနဲ့ ဆွဲသွား
တတ်တယ်။

၃။ ကိုယ့်လိုအပ်ချက်ကို ထောက်ပြတဲ့ ကျောင်းသား
တွေနဲ့ ကြုံရတဲ့အခါ သူတို့ပြောတာကို အရင်
နားထောင်တယ်။ ပြီးမှ မတူတဲ့အမြင်လေးတွေ
ကို ဆွေးနွေးတယ်။ ကိုယ်က ဘာကြောင့် ဒီလို
လုပ်သလဲဆိုတာပါ ပြန်ရှင်းပြပေးတတ်တယ်။
ကိုယ့်ကျောင်းသားပြောတဲ့ထဲမှာ သင့်တော်တဲ့
အချက်ပါရင်လည်း လက်ခံဖို့ ဝန်မလေးတတ်
ဘူး။

၄။ ဟာသဥာဏ်ရှိရင် ပိုပြီး အတန်းလေးကမြိုင်တယ်။
ယောကျာ်းလေးဆရာအများစုဆို ဒီ Personality
လေး ပိုင်ဆိုင်ထားတာများတယ်။ ဟာသဥာဏ်ရှိ
တဲ့ဆရာဆို တပည့်တွေက ချဉ်းကပ်ရပိုလွယ်တော့
ပိုခင်ကြတယ်။ အဲဒီအခါ အတန်းတော်ရုံမပျက်
ကြဘူး။

၅။ ကိုယ့်ရဲ့သရုပ်မှန်ကို ဖုံးကွယ်မထားဘဲ ပွင့်လင်းတဲ့
ပုံစံနဲ့ နေပါ။ ဆရာသရုပ်နဲ့ အမြဲဖုံးထားတာမျိုး
မဟုတ်ဘဲ သူငယ်ချငိးမိတ်ဆွေတွေလို တိုင်ပင်
ဖော်လေး ဖြစ်နိုင်ရင် ပိုကောင်းပါတယ်။ ကိုယ်
မသိရင် မသိကြောင်း ဝန်ခံဖို့လည်း မရှက်ပါနဲ့။
ကျောင်းသားတွေက Perfect ဖြစ်တဲ့ ဆရာထက်
ပွင့်လင်းတဲ့ဆရာ၊ ကူညီပေးတတ်တဲ့ဆရာကို
ပိုသဘောကျပါတယ်။


တစ်စုံတစ်ရာအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
Credit to Cho Nge

17/08/2020

"သားရေထတော့"

"ဟာ.. အမေကလည်း အစောကြီးရှိသေးတယ်"

"ကျူရှင်သွားရမယ်လေ သားရဲ့ ထတော့"

"ကျူရှင်မသွားချင်ဘူး မေမေ..
ကျူရှင်မှာ ကျောင်းသားကျောင်းသူတွေ အကုန်လုံးက သားကိုပဲ ဝိုင်းကြည့်နေကြတယ် မေမေ..
ပြီးတော့ပုစ္ဆာတွေလည်း အရမ်းများတယ်
ုပြဌာန်းရော မေးခွန်းဟောင်းတွေရော တစ်ပုဒ်မကျန်အကုန်တွက်ရတယ် မေမေ
ကျူရှင်ဆိုတာကြီးကို မုန်းလာပြီ မေမေ"

"မရဘူးလေ သားရဲ့ ထတော့
သားက အခုကျူရှင်ဆရာလေ"

ဟိုက်! ဟုတ်သား.....😀😀

အောင်စာရင်းထွက်ခါနီးတပည့်များ၏ အခြေအနေ 😂crd #
04/08/2020

အောင်စာရင်းထွက်ခါနီး

တပည့်များ၏ အခြေအနေ 😂

crd #

Address

Pauk

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

09256147194

Website

Alerts

Be the first to know and let us send you an email when T.A ဘော်ဒါ ပညာရေးဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share