WE Love WUN TIN

WE Love WUN TIN I describe about this page. this page is for our village of education and beauties developed at the moment time.

02/12/2025
တန်ဖိုးရှိတဲ့အရာဆိုတာ တန်ဖိုးသိတဲ့ဝန်းကျင်မှာသာတန်ဖိုးမြင့်၍ တင့်တယ်သည်။
16/11/2025

တန်ဖိုးရှိတဲ့အရာဆိုတာ
တန်ဖိုးသိတဲ့ဝန်းကျင်မှာသာ
တန်ဖိုးမြင့်၍ တင့်တယ်သည်။

ပြန်လျှောက်ဖြစ်မှာမဟုတ်တော့တဲ့လမ်းတွေသာယာဖြောင့်ဖြူးပါစေ။ပြန်ပြီး​ ငြီးငြူသီဆိုဖြစ်တော့မှာမဟုတ်တဲ့ သီချင်းတွေ ချို​မြိန်...
15/10/2025

ပြန်လျှောက်ဖြစ်မှာမဟုတ်တော့တဲ့
လမ်းတွေသာယာဖြောင့်ဖြူးပါစေ။
ပြန်ပြီး​ ငြီးငြူသီဆိုဖြစ်တော့မှာမဟုတ်တဲ့
သီချင်းတွေ ချို​မြိန်ညင်သာရှိပါစေ။
ပြန်လည်ထိတွေ့ခွင့်နည်းပါးလာတဲ့
ပန်းကလေးတွေ မွှေးကြူလန်းဆန်းအေးပါစေ။

အမှတ်တရအဖြစ်လောက်ပဲ အမှတ်တရဖြစ်အောင် အမှတ်ရပေးခြင်းပါ။အတိတ်ကိုပဲ ယစ်မူးတတ်တဲ့စိတ်ကို အကြမ်းရေသောက်ပြီး ဖြတ်တောက်ဖို့စိတ်...
13/10/2025

အမှတ်တရအဖြစ်လောက်ပဲ
အမှတ်တရဖြစ်အောင် အမှတ်ရပေးခြင်းပါ။
အတိတ်ကိုပဲ ယစ်မူးတတ်တဲ့စိတ်ကို
အကြမ်းရေသောက်ပြီး ဖြတ်တောက်ဖို့
စိတ်ကူးလာတာ ကြာပါလေပြီ။
တမာရနံ့တွေကြောင့်သာ နေပျော်ခဲ့တာ။

''ဖိုးစံပယ်ရေ....
ရေနွေးကုန်နေပြီကွာ
အားရင် ဖြည့်ပေးနိုင်မလားကွာ''။
ကျေးဇူးနော် ဖိုးစံပယ်။
မိန်းမချောချောလေးနဲ့ ညားပါစေကွာ။
ဆုတောင်းပေးပါတယ်။

အတိတ်ကနေရုန်းထွက်ဖို့ အချိန်တန်ရင် ရုန်းထွက်ဖို့ကြိုးစားကြစမြဲပဲလေ။
11/10/2025

အတိတ်ကနေရုန်းထွက်ဖို့ အချိန်တန်ရင်
ရုန်းထွက်ဖို့ကြိုးစားကြစမြဲပဲလေ။

ဒီနေ့ကဘာနေ့လဲ?
10/10/2025

ဒီနေ့ကဘာနေ့လဲ?

10/10/2025

ဒီနေ့ဘာနေ့လဲ?
သိကြလား?
မေ့နေကြပြီလား?

မှတ်မိလား ဘယ်တုန်းကဖြစ်မလဲ။
06/10/2025

မှတ်မိလား
ဘယ်တုန်းကဖြစ်မလဲ။

တစ်ချို့လစ်လပ်မူတွေကမီလျှံဒေါလာတွေထက်ကို အဖိုးတန်လွန်းတယ်။
19/09/2025

တစ်ချို့လစ်လပ်မူတွေက
မီလျှံဒေါလာတွေထက်ကို အဖိုးတန်လွန်းတယ်။

ဟို... အဝေးက ဖွေးဖွေးဖြူဖြူအုတ်ဂူလေးမမြင်တာကြာလို့ထင်ရဲ့သုပ်ထားတဲ့ ထုံးရည် ချပ်တွေလဲ အထပ်လိုက်ကွာကျနေတယ်။အရင်ကဆိုချစ်လွန...
14/09/2025

ဟို... အဝေးက
ဖွေးဖွေးဖြူဖြူအုတ်ဂူလေး
မမြင်တာကြာလို့ထင်ရဲ့
သုပ်ထားတဲ့ ထုံးရည် ချပ်တွေလဲ
အထပ်လိုက်ကွာကျနေတယ်။

အရင်ကဆို
ချစ်လွန်းလို့
အအေးချိန်ဆိုအအေး
အပူချိန်ဆိုအပူ
ဘာမှပူပန်စရာမရှိ။

အခုတော့လည်း
သူစိမ်းတွေလိုပဲနော်။
ပူကျစ်နေတဲ့ နေရဲ့အောက်မှာ
ထီးမိုးပေးမည့်သူ မရှိလို့
ဒီအတိုင်းလျှောက်ခဲ့တာ
ဒီနှစ်ပါဆို လေးနှစ်ကြီးတောင်ရောက်လာပြီ။

တကယ်ဆို တို့တွေက အရမ်းချစ်တဲ့
မိတ်ဟောင်းဆွေဟောင်းကြီးပဲ။
တကယ့်ကို တရင်းတနှီးနေခဲ့သူတွေ။

အခုတော့ ထုံးဖြူအုတ်ဂူလေး
အရောင်မှိန်လို့ ကွာကျတဲ့ ထုံးဖြူချပ်တွေလဲ
အလိပ်လိုက်အတွန့်လိုက်
သူ့ရဲ့နဘေးမှာ အဖော်ပြုလို့။

ဒီတခါ ကြုံဆုံလို့ရှိရင်
အုတ်ဂူလေးဘေးက
ကွာကျတဲ့ထုံးဖြူချပ်တွေ
သန့်ရှင်းမယ်။
ချစ်တဲ့သူတွေစုပြီး
တယောက်ကို ငါးမူးဆီကောက်မယ်။
သုံးကျပ်ခွဲ ထုံးထုပ်လေး သုံးထုပ်ဝယ်ပြီး
အုတ်ဂူလေး ထုံးသုပ်ပူဇော်ပေးခဲ့မယ်။
ရတဲ့ကုသိုလ်ကောင်းမှုတွေကို
၃၁ ဘုံပြန့်သွားအောင် အမျှဝေမယ်။
အဘယမုနိစေတီတော်က ခေါင်းလောင်းကို
၅ ချက်တိတိထိုးမယ်။
သတ္တဝာအားလုံး သာဓုခေါ်ပါ။

ကြားကြားသမျှ အမျှပေးဝေပါတယ်။
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါ။

ဒီကုသိုလ်ကောင်းမှုအတွက်
ကျွန်တော်ဘာဆုမှ မတောင်းခဲ့ပါ။
အဖော်ပြုလိုတဲ့ ဆန္ဒလေးသာထားခဲ့ပါတယ်။

အော် လွမ်းစရာမို့
အလွမ်းမိုးတွေ
ရွာသွန်းအဖော်ပြုပေးပါကွယ်။

အတိတ်ကိုလဲ သင်ခန်းစာယူပစ္စုပ္ပန်ကိုလဲ ပြုပြင်အနာဂတ်ကိုလဲ ကြိုမြင်ထား။
12/09/2025

အတိတ်ကိုလဲ သင်ခန်းစာယူ
ပစ္စုပ္ပန်ကိုလဲ ပြုပြင်
အနာဂတ်ကိုလဲ ကြိုမြင်ထား။

ဘဝမှာ ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေနှင့်အတွေးအားလုံးကို အဆွေးများအဖြစ် မေ့ပစ်ဖို့ခက်မယ်။ ဒါပေမဲ့ အချိန်ဆိုတာ လူသားတို့ရဲ့ ...
12/09/2025

ဘဝမှာ ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေနှင့်
အတွေးအားလုံးကို အဆွေးများအဖြစ်
မေ့ပစ်ဖို့ခက်မယ်။

ဒါပေမဲ့ အချိန်ဆိုတာ လူသားတို့ရဲ့
သမားတော်ကြီးပဲလေ။

မက်တဲ့အိမ်မက်တွေ
လှနေဖို့ပဲမဟုတ်လား။

လှစေ မွှေးစေ ငြိမ်းအေးစေကွယ်။

Address

Pakokku Road
Pauk

Telephone

+959780017508

Website

Alerts

Be the first to know and let us send you an email when WE Love WUN TIN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to WE Love WUN TIN:

Shortcuts

Share