Freedom - Guitar & Drum Training Classes

Freedom - Guitar & Drum Training Classes Without FREEDOM, there is no art.

31/01/2021

သင်တန်းသားသင်တန်းသူများ ပြန်လည်လက်ခံသင်ကြားပေးနေပါပြီ 🎸
ကိုဗစ်ကာလ ဖြစ်လို့ section
တစ်ခုကိုသုံးယောက် ‌‌သာ
လူဦးရေကန့်သတ် သင်ကြားပါမည်
Mask တပ် hand geal သုံးပေအကွာ
ကျမ်းမာ‌‌ေရးဝန်ကြီးဌာန မှထုတ်ပြန်ထားသောစည်ကမ်းနှင့်အညီ သင်ကြားပေးနေကြောင်း
Freedom Guitar မှ ဝါသနာရှင်များအတွက်
သတင်းကောင်းပါးလိုက်ပါတယ်
လူဦးရေကန့်သတ်ထားလို့ ကိုယ်တက်ချင်တဲ့အချိန်ကို မြန်မြန်စာရင်းသွင်းဖို့တော့လိုမယ်ခဗျ
pH☎️ 09 797214475

08/10/2020

အိမ်မှာပဲနေပါ
အပြင်ထွက်ရင်လည်း Mask တပ်သွားပါ

ဂစ်တာလည်းကျင်ြ့ကပါ ညီအစ်ကိုတို့

15/09/2020

သင်တန်းသူ/သင်တန်းသားများ ခင်ဗျား
Covid ကာလ အတွင်း သင်တန်းပိတ်ထားသော်လည်း မိမိတို့လေ့ကျင့်စရာများ နားမလည်ပါက video call ခေါ်၍ မေးနိုင်ပါသည်။
အားလုံးကျန်းကျန်းမာမာရှိကြပါစေ။
Covid ပြီးရင် ပြန်တွေ့ကြမယ်... Fighting💪

13/05/2020

Skid Row - 18 & Life - Solo

12/03/2020

Practicing drum roll by Mr.KB🥁

They make FREEDOM colourful.❤ 💙 💜 💚 💛
31/01/2020

They make FREEDOM colourful.
❤ 💙 💜 💚 💛

11/01/2020

My Heart Will Go On.....

29/12/2019

Rhythm,Rhythm
free and easy man,Rhythm
handing FREEDOM towards us
everyone can accept
Seeing disciplines as strict rules
FREEDOM is far away too.
Freedom

20/09/2019

သင်္ကေတများ စတင်ခြင်း

Music ဆိုသော စကားလုံးသည် ဂရိစကား muse မှ ဆင်းသက်သည်ဟု ဆိုသည်။ အချို့က လက်တင်စကား musica မှဟုပြောကြသည်။ ဂီတ သည် 'သီချင်း' ဟု အနက်ရသော ပါဠိစကား အစီစဉ်တကျ'သီ'ကုံးခြင်းနှင့် အကြောင်းခြင်းရာတို့ကိုဆိုလိုသော 'ချင်း' အားတွဲထားသော ပုဒ်စပ်ဝေါဟာရ ဟုလဲသိရသည်။ ဂီတသည် လူတို့မပေါ်မှီကပင် သဘာဝအသံများအနေဖြင့် ရှိနှင့်သည်ဟုဆိုကြသည်။ အချို့ကလဲ စာရေးစာဖတ်မပေါ်မှီကပင်ရှိကြသည်ဟုလဲ ဆိုသည်။ မည်သို့ပင်ဆိုပါစေ ဂီတသည် လူတို့၏ နှလုံးသည်းပွတ်မှ မွေးဖွားခြင်းကြောင့် တိုင်းပြည်တစ်ခု လူမျိုးတစ်ခု၏ ယဉ်ကျေးမှု တန်းတစ်ခုကို အကဲခတ်နိုင်ပေရာ လူကြီးသူမများ၏ စကားငှားပြောရလျှင် "ဂီတ သာ လျှင် လူမျိုး သာ သည်၊ ဂီတ ချာ လျှင် လူမျိုး ချာ သည်" ဟုသာ ဆိုပါရစေ။

လေးညှို့ခတ်သံကို အရင်းပြု၍ အီဂျစ်တို့ဟာ ကမ္ဘာဦးစောင်းကို တီထွင်မှုစတင်တယ်လို့ Garratt, Oxford press 1958 နှင့် Encyclopaedia vol.2 1953 အရဆိုကြပါတယ်။ သက်သေအနေနဲ့ ဘီစီ ၃၀၀၀ က အသုံးပြုခဲ့တဲ့ Lyre စောင်းကို ပါရှန်းအနီး UR (အား) မြို့အနီးမှာ တူးဖော်တွေ့ရှိပါတယ်။ အီဂျစ်တို့ရဲ့ ဂီတ ဟာ ဂရိ(ခေါမ)ဂီတအပေါ် သြဇာညောင်းခဲ့ပါတယ်။ ဒီအချက်ဟာ ၇ ရာစုက ဂရိတို့ရဲ့ ဂီတဗေဒဟာ အီဂျစ်တို့ရဲ့ဂီတဗေဒကိုအခြေခံထား ဆင့်ပွားထားခြင်းအား လေ့လာရင်းဖြင့် သိရှိနိုင်သည်ဟု သုတေသီတို့က သတ်မှတ်ကြပါတယ်။ ဘီစီ ၁၄၀၀ ခန့်က အစ္စရေးတို့သည် ယေရိခေါမြို့ရိုးကိုတိုက်ရာတွင် တံပိုးထရမ်းပတ်ကို တစ်ညီတစ်ညာမှုတ်ခဲ့သည်ဟု တွေ့ရှိကြပါသည်။ထို့အတူ သမ္မာကျမ်းစာတွင် ရှောလုမင်း၏ စိတ်ရိုင်းဝင်မှုကို ဒါဝိဒ်က စောင်းတီးဖြေဖျော်၍ အမြတ်ပြယ်လွင့်စေသည်ဟု တွေ့ရှိရပါသည်။

အရှေ့တိုင်းဂီတအနေဖြင့် တရုတ်ဟာ pentatonic scale လို့ခေါ်တဲ့ ဂီတသံ ၅ သံပါတဲ့ ဖွဲ့စည်းမှုကို ဘီစီ ၂၂၅၀ ခန့်ကတည်းက အသုံးပြုကြောင်းလဲ သိရပါတယ်။ တရုတ်ပြီးလျှင် အိန္ဒိယဂီတသည်လဲ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော်ခန့်ကတည်းက စတင်ခဲ့ခြင်းကြောင့် ရှေးကြသည်ဟုလဲ ဆိုကြပါသည်။ကျနော်တို့ မြန်မာနိုင်ငံတွင်လဲ ဗုဒ္ဓဘာသာမရောက်လာခင်ကာလတွင် နတ်ကိုးကွယ်မှုတွင်ရွတ်ဆိုသော 'နတ်ချင်း' များပေါ်ပေါက်ခဲ့ပါသည်ဟု သိရပါသည်။ သရေခေတ္တရာခေတ်တွင် တရုတ်သို့ချစ်ကြည်ရေးသွားကြသော 'ပျူ' အဖွဲ့သည်လဲ ဘုရားဂုဏ်တော် ဖွဲ့ဆိုသော သီချင်းများ သီဆိုကပြခဲ့ကြောင်း တရုတ်မှတ်တမ်းများတွင် ဖော်ပြချက်အရသိရပါသည်။

လူတို့သည် သူတို့၏ဖန်တီးမှုများ တည်တံ့ဖို့ သင်္ကေတဖြင့်မှတ်ကြသည်။
ထိုအရာသည် "ဂီတ သင်္ကေတ"
ပိုက်သာဂိုရပ်၏ tetrachord စနစ်သည် Cithara or Lyre စောင်း ၄ ကြိုးတပ်မှ စတင်ပါသည်။ tetrachord သုံးမျိုးရှိသည်။
1 = Diatonic
2 = Chromatic
3 = Enharmonic ဖြစ်ကြသည်။
ယခုခေတ် Diatonic သည် ဂရိတို့၏ Diatonic နှင့် မြင့်ရာမှနိမ့် နိမ့်ရာမှမြင့် ဆန့်ကျင်ဘက်ဖြစ်သည်။အရေးကြီးဆုံးသော သံစဉ်တို့ကို ဂရိတို့သည် မျိုးနွယ်အမည်များဖြင့်မှတ်သားထားကြသည်။
1 = Dorian
2 = Phrygian
3 = Lydian
4 = Mixolydian
5 = Hypodorian
6 = Hypophrygian
7 = Hypolydian တို့ဖြစ်သည်။
အပေါ် သုံးခုသည် အဓိကဖြစ်ပြီး အောက်လေးခုမှာ အပေါ်သုံးခုမှ ဆင်းသက်လာသည်။
သမိုင်းမှာ ဂီတသင်္ကေတကို ဂရိတို့မှစတင်သည်ဟု မှတ်တမ်းတင်ကြသည်။
(McKinney, Howard , Anderson music history evolution 1949)

Cladius Ptolemy ရဲ့ Harminics စာအုပ်တွင် monochord နည်းဖြင့် အသံကွာဟမှုကို အကျယ်သရုပ်ဖော်ထားပါသည်။ (သရုပ်ဖော်ရှင်းပြရန် အရှည်ကြီးရေးရမည်ဖြစ်သဖြင့် ကျော်သွားခွင့်ပြုပါ)
Ptolemy က ' စကြဝဠာကြီးသည် သချာင်္ရောယှက်၍ ဂီတသဘောတရားများနှင့် အတူတကွ ကန့်သတ်ထားခြင်းနှင့် တူလေသည်ဟု ရှင်းပြထားသည်။

*** Tetrachord နှစ်ခုပေါင်း၍ အသံ ၇ (ခုနှစ်) သံပေါ်ပေါက်လာပုံနှင့် ဂီတနုတ်များ စတင်လာပုံအား အားသောအချိန်ထပ်မံ၍ တင်ပြနိုင်အောင် ကြိုးစားပါဦးမည်။ ***

(မှီငြမ်းကိုးကားမှုများမှ စုစည်းပါသည်)

လင်းလင်း

Address

Sitharyar Street , Near Sitharyar Primary School
Patheingyi

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959255552790

Website

Alerts

Be the first to know and let us send you an email when Freedom - Guitar & Drum Training Classes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Freedom - Guitar & Drum Training Classes:

Shortcuts

Share