18/05/2026
🏥 မြတ်ပညာ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်းမှ ကျောင်းသား/သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု 💉
မိဘနှင့် သားသမီးသဖွယ် ကြည့်ရှုစောင့်ရှောက်မှုပေးနေတဲ့ “မြတ်ပညာ” မှာ...
ပညာရေးထူးချွန်ပြီး ရလဒ်ကောင်းတွေနဲ့ အောင်ပန်းဆင်နိုင်ဖို့အတွက် ကျန်းမာရေးက အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်! ❤️
ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့ Vaccination Day တွင်...
👉 အသည်းရောင်အသားဝါ (ဘီ) ပိုး ကာကွယ်ဆေး နှင့်
👉 ရာသီတုပ်ကွေး ကာကွယ်ဆေး များကို
ကျွမ်းကျင်သော ဆရာဝန်ကြီးများ၏ စနစ်တကျ လမ်းညွှန်ချက်များ၊ စစ်ဆေးမှုများနှင့်အညီ အောင်မြင်စွာ ထိုးနှံပေးခဲ့ပြီးဖြစ်ပါသည်။ ✨
📍 မြတ်ပညာ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း
• လိပ်စာ: (၆)၊ ရွှေဝါထွန်းလမ်း၊ အသည်းကြီးရပ်၊ ရွှေဗိုလ်တစ်တန်းအနီး၊ (၆) ရပ်ကွက်၊ ပုသိမ်မြို့။
• ဆောင်ပုဒ်: Get vaccinated and stay healthy! 💪❤️