Smart Advance Pre-School & Learning Center

Smart Advance Pre-School & Learning Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Smart Advance Pre-School & Learning Center, School, အမှတ်(35)အောင်သုခလမ်း၊ပုသိမ်မြို့, Pathein.

12/01/2026

ကလေး အသစ်လေးတွေကို သူများတန်းတူ ကျောင်းပျော်စေချင်ရင်
ကျောင်းအပေါ်မှာ ယုံကြည်ပေးပါ။ဇွဲရှိပေးပါ။ကျောင်းမှန်မှန်ပို့ပါ။

💜ကျောင်းသားသစ် တွေ ကျောင်းမပျော်ခင် ငိုမယ် ဂျီကျမယ် ပထမရက် ကပျော်ပြီး နောက်ရက်ငိုမယ်..တစ်ပါတ်လောက်ငိုတယ်..ကျောင်းအဝင်ငိုတယ်..စသဖြင့်ရှိကြပါတယ်...

💜ကျမ ၂၀၁၂ ကတည်းက မူကြို ဆရာမ ဖြစ်ခဲ့တာ ကလေးတိုင်းက ခုပုံစံတွေကြီးပဲ။မိဘကသာ တစ်ယောက်တည်း မွေးထားတော့ ကလေးတစ်ယောက်ပဲကြုံရတော့ မိမိကလေး တစ်ယောက်တည်း အဲ့လိုဖြစ်တယ် ထင်နေကြတာပေါ့။

💜မိဘ သာအဓိကပါ..မိဘကျောင်းပို့ရင် ကျောင်းရောက်မယ်..ဆရာမကနည်းမျိုးစုံ ချော့မယ် ပျော်အောင်ထားမယ်။ ကျောင်းတက်လိုက် ပျက်လိုက်ဆိုရင်တော့ ကလေးက ပျော်လာမှာမဟုတ်ပါဘူးနော်။

💜မူကြိုဆိုတာ..ငယ်သေးတယ်ထင်ရင်မထားပါနဲ့...ကျောင်းထားပြီးရင်လည်း ပြန်မနားပါနဲ့.. ကလေးကော.မိဘကော.ဆရာကော.၂ခါ အပင်ပန်းမခံကြပါနဲ့နော်။..
💜တစ်ကြိမ်တည်းနဲ့ မိဘဇွဲရှိရင်..ကလေးဆိုတာ အချိန်တန်ရင် အဆင်ပြေလာပါတယ်။...မိဘက စိတ်မချ၊ သနား၊ နေရင် တော့ သူများတန်းတူဖြစ်လာမှာမဟုတ်ပါဘူးနော်။

💜မိဘ ကသားသမီးကို ချစ်တာ သနားတာဆိုတာသိပါတယ်။အချိန်တန်ရင် သူ့အသက်ရွယ်နဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရတဲ့အခါမိဘက ဇွဲရှိရှိသင်ကြားပေးရပါမယ်။သားသမီးကို ချစ်တာနဲ့ နှစ်တာနဲ့ တော့ ခွဲခြားထားစေချင်ပါတယ်။

💜မူကြိုလေး ၃ရက်လောက်တက်ပြီး ကလေးကငိုလို့နားလိုက်တယ်။မပို့တော့ဘူး
နဲနဲ ကြာတော့ နောက်တစ်ကျောင်းသွားအပ်တယ်..အရင်ကျောင်းကိုပြန်မလာဘူး..ကလေးက အသက်ရွယ်ကြီးလာတာနဲ့အမျှ နားလည်လာတယ်လေနော်။

💜နားလည်တဲ့အရွယ်ဆိုတော့ ဘယ်ကျောင်းတက်တက်အဆင်ပြေနေရော။နဲနဲ ငယ်တုန်း ၃ ရက်လောက်လာထားပြီး ကလေးမပျော်ဘူးဆိုပြီးနားပြီး နဲနဲ ကြီးတော့ တခြားကျောင်းထားတော့ အဆင်ပြေသွားတော့ အရင်ကျောင်းက ဂရုမစိုက်သလိုဖြစ်ပြန်ရော။

💜တစ်ကျောင်းဆို တစ်ကျောင်း ယုံယုံကြည်ကြည့်ပို့ပါ။ကျောင်းတိုင်းသူနည်း့သူဟန် ကောင်းကြပါတယ်။မိဘက သာ မအပ်ခင်သေချာရွေးချယ်ဆုံးဖြတ်ပါ။

💜ကလေးကကျောင်းတက်ချင်လို့ဆို ကျောင်းလာအပ် လက်တွေ့ငိုတော့ မိဘက သနား..ကလေးဆိုတာ.စိတ်ထဲရှိတာပြောတာ..လက်တွေ့ကိုသူတို့မကြိုက်ဘူးအစမှာ..ကလေးကတက်ချင်လည်း မိဘက မပို့ချင်သေးရင်မပို့ပါနဲ့။

💜မိဘက မူကြိုပို့ရမယ့်အရွယ် လို့သတ်မှတ်ပြီး ကျောင်းလာအပ်ရင်လည်း ငိုလည်းပို့ပါ။ အချိန်တစ်ခုတော့ ေစာင့်ရမှာပေါ့ရှင့်။ကလေးပျော်ဖို့ ခုကျောင်းတက် ခုကျောင်းပျော်၊ ခုစာတွေပြန်ဆိုပြ ဖြစ်စေချင်လို့မရပါဘူးနော်။

💜လာအပ်တိုင်းသေချာရှင်းပြလည်း..တကယ်လက်တွေကျရင် မိဘကိုယ်တိုင်က
ဇွဲ့လျော့လာတာပါ။ကျောင်းတက်မယ်ပြောရင် နှိုးရခက်လို့ ၊ဂျီကျလို့ ကျောင်း းကိုနည်းမျိုးစုံနဲ့ ပိုရတဲ့အခါ မိဘက လက်လျော့ချင်လာကြပြီး ပြန်နားသွားကြတာများပါတယ်။

💜အဓိက က မိဘပါ ငယ်သေးတယ်ထင်ရင်မထားပါနဲ့ ။ကြီးမှထားပါ။

💜မိမိ ကလေးမိမိပိုင်တာမို့ ၂ခါ အပင်ပန်းမခံပါနဲ့။ကျောင်းအပ်ပြီးရင်လည်း ကျောင်းပျော်တဲ့အထိ ဇွဲရှိပါလို့ပဲ မေတ္တာရပ်ခံအပ်ပါသည်။
Happy Baby House
Tr Phyo

11/01/2026

ပျော်ပျော်ရွင်ရွင်ကစားကြမယ်🏃🏃🏃‍♀️🏃‍♀️🏃‍♀️

11/01/2026

အရောင်လေးတွေမှတ်မိအောင်လို့ဆော့ရင်းနဲ့သင်ကြမယ်🥰🥰🥰🥰

11/01/2026

လက်ဆင့်ကမ်းသယ်ကစားနည်း👌👌👌

11/01/2026

SMART နှင့်အတူလက်တွဲလုပ်ရန် အရည်အချင်းပြည့်ဝသော ဝန်ထမ်းများ အလိုရှိပါသည်။

(၁) အလယ်တန်းသင်ကြားရေး ဆရာမ
(၂) မူလတန်းသင်ကြားရေး ဆရာမ

နံပါတ်စဉ်(၁) အတွက်
👉အလယ်တန်းပညာရေး သင်ကြားမှုအတွေ့အကြုံရှိရ မည်။

နံပါတ်စဉ်(၂) အတွက်
👉သက်ဆိုင်ရာ အတန်း၏သင်ကြားရေးအတွေ့ အကြုံ ရှိရမည်။

အမှတ်စဉ် (၁)နှင့် (၂) အတွက်
👉ကလေးများအားစိတ်ဝင်စားရမည်။
👉ကလေးများအား စိတ်ရှည်သည်းခံစွာ တက်ကြွစွာ သင်ကြားနိုင်ရမည်။
👉English skill ကောင်းမွန်သူများအား ဦးစားပေးပါမည်။
လျှောက်ထားလိုသူများအနေနှင့်

📱09789069515(Viber)သို့CVဖောင်ပေးပို့လျှောက်ထားနိုင်ပါသည်

Smart &နေခြည်ခြူးဘော်ဒါတို့ရဲ့ဆုပေးပွဲအမှတ်တရပုံရိပ်များ
06/12/2025

Smart &နေခြည်ခြူးဘော်ဒါတို့ရဲ့ဆုပေးပွဲအမှတ်တရပုံရိပ်များ

သီတင်းကျွတ်နှင့်ကမ္ဘာ့ဆရာများနေ့အမှတ်တရ🙏🙏🙏
06/10/2025

သီတင်းကျွတ်နှင့်ကမ္ဘာ့ဆရာများနေ့အမှတ်တရ🙏🙏🙏

30/08/2025

ဆေးရောင်လေးတွေခြယ်ကြမယ်😘😘😘😘

16/08/2025

အပီအပြင်ပြိုင်နေကြတာ🥰🥰🥰🥰

သားလေးကောင်းဆက်နိုင်၃နှစ်ပြည့်မွေးနေ့ကစပြီးကျန်းကျန်းမာမာနဲ့သန်မာစွာကြီးပြင်းလာပြီးမဘကျေးဇူးသိတက်သူလေဖြစ်ပါစေလို့ဆုတောင်...
11/08/2025

သားလေးကောင်းဆက်နိုင်၃နှစ်ပြည့်မွေးနေ့ကစပြီးကျန်းကျန်းမာမာနဲ့သန်မာစွာကြီးပြင်းလာပြီးမဘကျေးဇူးသိတက်သူလေဖြစ်ပါစေလို့ဆုတောင်းလိုက်ပါတယ်နော်👶👶👶

11/08/2025

အောင်မြင်သူများနေ့အခမ်းအနားကျင်းပနောက်နှစ်တွေလည်းဒီထက်မကပိုပြီအောင်မြင်ကြပါစေ👏👏👏

Address

အမှတ်(35)အောင်သုခလမ်း၊ပုသိမ်မြို့
Pathein
10011

Website

Alerts

Be the first to know and let us send you an email when Smart Advance Pre-School & Learning Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category