Bright Children's Centre

Bright Children's Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bright Children's Centre, Nursery, No. 118, Tagaung Pagoda Road, Pathein.

အပိုင်း(၂)🔶 (၃)နှစ်ဆိုတာကျောင်းတတ်ဖို့ စောလွန်းလား ? ? ?👉 ဒါပေမယ့် ယနေ့ခေတ်ကလေးတွေမှာတော့...🔶 ကျွန်မတို့ငယ်ငယ်ကလို အိမ်ရ...
18/08/2026

အပိုင်း(၂)
🔶 (၃)နှစ်ဆိုတာကျောင်းတတ်ဖို့ စောလွန်းလား ? ? ?

👉 ဒါပေမယ့် ယနေ့ခေတ်ကလေးတွေမှာတော့...

🔶 ကျွန်မတို့ငယ်ငယ်ကလို အိမ်ရှေ့ထွက်လိုက်တာနဲ့ ကလေးအများကြီး စုပေါင်းကစားနိုင်တဲ့ ပတ်ဝန်းကျင် အလွန်နည်းလာပါပြီ...ကိုယ်တိုင်ဖန်တီး ကစားရတဲ့ အခွင့်အရေးတွေလည်းနည်းလာပါတယ်...

🔶 ဒါကြောင့်အရင်က သဘာဝအတိုင်း ရရှိခဲ့တဲ့ သင်ယူမှုအခွင့်အရေးတွေကို ယနေ့ခေတ်ကလေးတွေအတွက် စနစ်တကျ ဖန်တီးပေးနေတဲ့ မူကြိုကျောင်းရဲ့ အခန်းကဏ္ဍက အရေးကြီးလာပါတယ်....

🔶မူကြိုဆိုတာ ကလေးငယ်တွေကို စာပဲသင်ပေးတဲ့ နေရာတစ်ခုမဟုတ်ပါဘူး...
*ကစားရင်းအများနဲ့အတူနေတတ်အောင်..
*ကိုယ့်ခံစားချက်ကို ပြောတတ်အောင်..
*ညွှန်ကြားချက်ကို နားထောင်တတ်အောင်..
*ကိုယ်တိုင်လုပ်ဆောင်တတ်အောင်..
*စဉ်းစားတတ်အောင်..
*အလှည့်စောင့်တတ်အောင်..
*မျှဝေတတ်အောင်..
*ကူညီတတ်အောင်..

🔶တဖြည်းဖြည်းကိုယ့်ကိုယ်ကိုယ်ယုံကြည်လာအောင်..
အသက်အရွယ်နဲ့ ကိုက်ညီတဲ့လှုပ်ရှားမှု၊ကစားမှု
လက်တွေ့လုပ်ဆောင်မှု တွေကတစ်ဆင့် လေ့ကျင့်ပေးနေတဲ့နေရာဖြစ်ပါတယ်...

🔶ဒါကြောင့် (၃)နှစ်ဆိုတာ စာသင်ဖို့အတွက် စောပေမယ့် ကစားရင်းလူမှုဆက်ဆံရေး ကိုယ်ခန္ဓာအခြေခံ ဖွံ့ဖြိုးမှုတွေကို စတင်လေ့ကျင့်ဖို့တော့ စောလွန်းတဲ့အရွယ်မဟုတ်ပါဘူး...

🔶အရေးကြီးတာက ဘယ်အရွယ်မှာကျောင်းထားလဲ ဆိုတာထက် ကလေးအသက်အရွယ်နှင့် သင့်တော်တဲ့ ပတ်ဝန်းကျင် သင့်တော်တဲ့နည်းလမ်းနဲ့ သင်ယူခွင့် ရရှိသလားဆိုတာပါ...

🔶ဒါကြောင့် အသက် (၃)နှစ် ဝန်းကျင်ကလေးငယ်တစ်ယောက် အတွက် မိဘအဆင်ပြေပြီး ယုံကြည်စိတ်ချရတဲ့ သင့်တော်သော မူကြိုပတ်ဝန်းကျင်တစ်ခုကို ရွေးချယ်ပေးခြင်းဟာ ကလေးရဲ့ ပထမဆုံး သင်ယူမှုခရီးအတွက် ကောင်းမွန်တဲ့ အစတစ်ခုပဲဖြစ်ပါတယ်...

*ကလေးငယ်တွေအတွက်ကစားခြင်းကသင်ယူခြင်းဖြစ်ပြီး...
*သင်ယူခြင်းက တဖြည်းဖြည်း ဖွံ့ဖြိုးကြီးပြင်း လာခြင်းပဲဖြစ်ပါတယ်...

မေး - (၃)နှစ်ဆိုတာ ကျောင်းတတ်ဖို့စောလွန်းလား ?
ဖြေ - မစောပါဘူးရှင်🥰

🏠ကျောင်းလေးတည်ရာခြံဝန်းသာ
အမှတ် (၁၁၈) တဂေါင်းဘုရားလမ်းပါ။
📱၀၉ ၈၉၄ ၆၃၅ ၄၂၉
ပုသိမ်မြို့။

အပိုင်း(၁)🔷(၃ ) နှစ်ဆိုတာ ကျောင်းတက်ဖို့ စောလွန်းလား ? ? ?ဒီမေးခွန်းကို မိဘတော်တော်များများ မေးတတ်ကြပါတယ်ကျွန်မကိုယ်တိုင...
18/08/2026

အပိုင်း(၁)
🔷(၃ ) နှစ်ဆိုတာ ကျောင်းတက်ဖို့ စောလွန်းလား ? ? ?
ဒီမေးခွန်းကို မိဘတော်တော်များများ မေးတတ်ကြပါတယ်
ကျွန်မကိုယ်တိုင် ငယ်ငယ်ကမူကြိုကျောင်း မတက်ခဲ့ပါဘူး..

🔷ဒါပေမယ့်အဲဒိီအချိန် ကျွန်မတို့ရဲ့ပတ်ဝန်းကျင်က ဒီနေ့ခေတ် မူကြိုကျောင်းတွေကပေးနေတဲ့ သင်ယူမှုအခွင့်အရေးတွေကို သဘာဝအတိုင်း ရရှိခဲ့ပါတယ်...

🔷အိမ်နီးချင်းကလေးတွေ၊ သူငယ်ချင်းတွေနဲ့ အတူတူ ကစားခဲ့တယ်... တစ်ယောက်နဲ့တစ်ယောက် မတူညီတာတွေကို တွေ့ကြုံရတယ်... အဆင်မပြေတာတွေရှိရင် ကိုယ်တိုင်ဖြေရှင်းကြည့်တယ်... မဖြေရှင်းနိုင်ရင် လူကြီးတွေကို အကူအညီ တောင်းတတ်လာတယ်... ကိုယ်တတ်နိုင်တာလေးနဲ့ သူတစ်ပါးကိုလည်း ကူညီတတ်လာတယ်...

🔷ကစားစရာ အဆင်သင့်မရှိရင် ကိုယ်တိုင်စိတ်ကူးနဲ့ ကစားတတ်ခဲ့ကြတယ်... ကျောင်းတတ်နေတဲ့ အကြီးကလေးတွေက ကျောင်းမှာသင်လာတာတွေကို ဆရာမလုပ်တမ်း ကစားခြင်းနဲ့မျှဝေခဲ့ကြတယ်... အဲဒီလိုကစားရင်းနဲ့ စာသင်သည့်ပုံစံ၊ ဆရာမညွှန်ကြားချက်ကို နားထောင်ရပုံ၊ အတူတူလုပ်ဆောင်ရပုံတွေကို မသိမသာသင်ယူခဲ့ကြတယ်...

🔷ဒါကြောင့် သူငယ်တန်း တက်တဲ့အချိန်မှာတော့...
လက်ချောင်းလေးတွေ ကစားရင်း လေ့ကျင့်ထားလို့ သန်မာနေပြီ... ကျောက်တံ၊ခဲတံကိုင်ပြီး ပုံဆွဲဖို့ အဆင်သင့်ဖြစ်နေပြီ...အများနဲ့အတူကစား၊အတူနေတတ်နေပြီ...ဆရာမရဲ့ညွှန်ကြားချက်ကို နားထောင်တတ်နေပြီ...ကိုယ်တိုင်လုပ်ကြည့်ဖို့လည်း မကြောက်တော့ဘူး... "က၊ခ" "A,B,C" လေးတွေကိုလည်း အကြီး‌တွေနဲ့ကစားရင်း သိသင့်သလောက်သိခဲ့ရပြီ....

🔷အဲဒီအချိန်မှာတော့...ဒီအရာတွေကို ဖွံ့ဖြိုးမှု၊ လေ့ကျင့်မှု၊သင်ယူမှုဆိုပြီး မသိခဲ့ကြပါဘူး၊ ကျွန်မတို့အတွက်ကတော့
ကစားတာပဲဖြစ်ခဲ့ပါတယ်... ကစားခြင်းတွေကပဲ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊လူမူဆက်ဆံရေး၊ ဘာသာစကား၊ တွေးခေါ်နိုင်စွမ်း၊ကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်း၊ အများနဲ့ ပူးပေါင်းနေထိုင်တတ်မှု တွေကိုတစ်ဆင့်ချင်းဖွံ့ဖြိုးစေခဲ့ပါတယ်။

👉ဒါပေမယ့် ယနေ့ခေတ်ကလေးတွေမှာတော့...

🏠 ကျောင်းလေးတည်ရာခြံဝန်းသာ
အမှတ် (၁၁၈)တဂေါင်းဘုရားလမ်းပါ။
📱 ၀၉ ၈၉၄ ၆၃၅ ၄၂၈
ပုသိမ်မြို့။

ကလေးတစ်ယောက် ကျောင်းတက်ချင်စိတ် ဖြစ်လာဖို့ ဘယ်သူက အရေးကြီးဆုံးလဲ ???ကျွန်မမူကြိုကျောင်းကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာ...
12/08/2026

ကလေးတစ်ယောက် ကျောင်းတက်ချင်စိတ် ဖြစ်လာဖို့ ဘယ်သူက အရေးကြီးဆုံးလဲ ???

ကျွန်မမူကြိုကျောင်းကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာတဲ့ အတွေ့အကြုံအရ ပြောရရင် ....

မိဘကပထမဆုံး အရေးကြီးဆုံးသူလို့ မြင်ပါတယ်
ဘာကြောင့်လဲဆို .....

✅ ကျောင်းဆိုတာ ကလေးတွေကို နွေးထွေးစွာ လက်ခံဖို့ အသင့်စောင့်နေတဲ့ နေရာပါ။ ဆရာမတွေက ကလေးတစ်ယောက်ချင်းစီ ကျောင်းကို ယုံကြည်လာအောင်၊ ပျော်ရွှင်လာအောင်၊ သင်ယူချင်လာအောင် နေတိုင်းကြိုးစားနေကြသူတွေပါ...
✅ ကလေးဆိုသည်မှာလည်း ကိုယ်တိုင်ဆုံးဖြတ်ပြီး ကျောင်းကိုလာနိုင်တဲ့ အရွယ်မဟုတ်သေးပါဘူး...
✅ ဒါကြောင့်အစဆုံးခြေလှမ်းကိုလှမ်းပေးနိုင်သူကမိဘပါ..

✅ ကျောင်းစတက်ခါစအချိန်မှာ ငိုခြင်းဟာ ကလေးငယ်တွေအတွက် ပတ်ဝန်းကျင်အသစ်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားနေတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ...
✅ဒါကိုမိဘက စိုးရိမ်စိတ်နဲ့ "သားလေးမပျော်ဘူး" သမီးလေးမပျော်ဘူး" လို့တွေးပြီး ကျောင်းမပို့တော့တာမျိုးလည်း ကြုံဘူးပါတယ်...
✅ အမှန်တော့ ကလေးကိုကျောင်းတံခါးအထိ ပို့ပေးနိုင်တဲ့ မိဘရဲ့ ယုံကြည်မှုက ကလေးရဲ့သင်ယူမှုခရီးကို စတင်ပေးတဲ့ ပထမဆုံးလက်ဆောင်ပါ....
✅မိဘကကျောင်းကို ယုံကြည်ပြီး ဆက်လက်ပို့ပေးတဲ့အခါမှာ ဆရာမတွေက ကလေးကို ကျောင်းပျော်အောင် သင်ယူမှုကို နှစ်သက်လာအောင် ပျိုးထောင်ပေးနိုင်တဲ့ အခွင့်အရေးကို ရရှိမှာဖြစ်ပါတယ်....
ဒါကြောင့်.....
✅ ကလေးတစ်ယောက်ရဲ့ သင်ယူမှုခရီး စတင်ပေးသူကမိဘ... အဲ့ခရီးကို နွေးထွေးစွာ လက်တွဲပေးသူကကျောင်း... အချိန်နဲ့အမျှ ယုံကြည်မှုရရှိလာပြီး ပျော်ရွှင်စွာ သင်ယူတတ်မြောက်လာသူက ကလေးဖြစ်ပါတယ်...

ဒီသုံးဦးလုံး အရေးကြီးပေမယ့် ....
✅ ပထမဆုံး ကလေးတို့ရဲ့ သင်ယူနိုင်မှုတံခါးကို ဖွင့်ပေးနိုင်သူကတော့ "မိဘ" ပါ။

ပုံလေးကတော့ အမှတ်တမဲ့ ရိုက်ထားတဲ့ပုံလေးပါ💞

🏠 ကျောင်းလေးတည်ရာခြံဝန်းသာ
အမှတ်(၁၁၈(တဂေါင်းဘုရားလမ်းပါ။

📱၀၉ ၈၉၄ ၆၃၅ ၄၂၈
ပုသိမ်မြို့။

🌱 Pre Nursery 🌱🌿  Nursery 🌿ကစားရင်း သင်ယူကြမယ်....လှုပ်ရှားရင်း ဖွံ့ဖြိုးကြမယ်....🤚ကလေးငယ်များ၏  ဘယ်လက် ညာလက် နှစ်ဖက်စလု...
09/08/2026

🌱 Pre Nursery 🌱
🌿 Nursery 🌿

ကစားရင်း သင်ယူကြမယ်....
လှုပ်ရှားရင်း ဖွံ့ဖြိုးကြမယ်....

🤚ကလေးငယ်များ၏ ဘယ်လက် ညာလက် နှစ်ဖက်စလုံးကိုတစ်ပြိုင်နက် အသုံးပြုတတ်လာစေရန်.....

🤚 လက်နှစ်ဖက်ကို ပူးပေါင်းအသုံးပြုရင်း
လက်နှင့်မျက်စိ ပေါင်းစပ်ညှိနှိုန်းနိုင်ရန်...
လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ရန်....
အာရုံစူးစိုက်နိုင်ရန်....

"လုပ်တတ်ခြင်း" ထက် "ကိုယ်တိုင်ထိန်းချုပ်ပြီး လုပ်ဆောင်" တတ်လာစေရန်အတွက် ရည်ရွယ်၍ ကစားရင်းသင်ယူစေခဲ့ပါတယ်.....

🏠ကျောင်းလေးတည်ရာခြံဝန်းသာ...
အမှတ် (၁၁၈) တဂေါင်းဘုရားလမ်းပါ။

📱၀၉ ၈၉၄ ၆၃၅ ၄၂၉

ပုသိမ်မြို့

🌿 Pre KG 🌿" အာရုံငါးပါးဖြင့် သင်ယူကြမယ် "👉ကလေးများအတွက်....👁️ ကိုယ်တိုင် မြင်ခြင်း👂 ကိုယ်တိုင် နားထေင်ခြင်း✋ ကိုယ်တိုင် ...
07/08/2026

🌿 Pre KG 🌿
" အာရုံငါးပါးဖြင့် သင်ယူကြမယ် "
👉ကလေးများအတွက်....
👁️ ကိုယ်တိုင် မြင်ခြင်း
👂 ကိုယ်တိုင် နားထေင်ခြင်း
✋ ကိုယ်တိုင် ထိတွေ့ခြင်း
👃 ကိုယ်တိုင် အနံ့ခံခြင်း
👅 ကိုယ်တိုင် မြည်းစမ်းခြင်း အတွေ့အကြုံများမှ တစ်ဆင့် သင်ယူခြင်းဖြစ်ပါသည်။

✅ Five Senses Activity မှတစ်ဆင့် ကလေးများကို အာရုံငါးပါးကို လက်တွေ့အသုံးပြု၍ သင်ယူနိုင်အောင် ဖန်တီးပေးခဲ့ပါသည်။

✅ မိမိကိုယ်တိုင် စူးစမ်းလေ့လာရင်း ပျော်ရွှင်စွာ သင်ယူခြင်းမှ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ ဘာသာစကား အသုံးအနှုန်းနှင့် တွေးခေါ်နိုင်စွမ်း တို့ကို တစ်ပြိုင်နက် ဖွံ့ဖြိုးလာစေပါသည်။

✅ ကိုယ်တိုင်တွေ့မြင်၊ ကိုယ်တိုင်ထိတွေ့၊ ကိုယ်တိုင်ခံစားရခြင်းသည် ကလေးများအတွက် အကောင်းဆုံးသင်ယူမှုဖြစ်ပါသည်။

🏠 ကျောင်လေးတည်ရာ ခြံဝန်းသာ
အမှတ်(၁၁၈) တဂေါင်းဘုရားလမ်းပါ။

📱 ၀၉ ၈၉၄ ၆၃၅ ၄၂၉

ပုသိမ်မြို့။

သဘာဝကိုလေ့လာပြီး...လက်တွေ့ဖန်တီးကြမယ်...🌳 July လအတွက် "အပင်များ" သင်ခန်းစာသင်ယူရာတွင် ကလေးများအား.. သဘာဝရှိ အပင်အမျိုးမျ...
05/08/2026

သဘာဝကိုလေ့လာပြီး...လက်တွေ့ဖန်တီးကြမယ်...

🌳 July လအတွက် "အပင်များ" သင်ခန်းစာသင်ယူရာတွင် ကလေးများအား.. သဘာဝရှိ အပင်အမျိုးမျိုးကို... ကိုယ်တိုင် လေ့လာထိတွေ့ခွင့်ပေးခဲ့ပြီး... အပင်၏ အစိတ်အပိုင်းများ.. ကြီးထွားလာပုံကို... စူးစမ်းလေ့လာစေခဲ့ပါသည်....

🧑‍🏫 ကလေးများသည် ဆရာမ၏ အဆင့်လိုက် လမ်းညွှန်မှုများကို ဂရုတစိုက် နားထောင်၍ စနစ်တကျလိုက်နာဆောင်ရွက်ရင်း အတန်းဖော်များနှင့် ပူးပေါင်းလုပ်ဆောင်ရခြင်း၏ ပျော်ရွှင်မှုကို ခံစားတတ်စေရန် ရည်ရွယ်၍ စီစဉ်ပေးခဲ့သော Activity ဖြစ်ပါသည်။

🧑‍🦰👱 ပျော်ရွှင်စွာ သင်ယူရင်း ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့် ကောင်းများကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးခြင်းသည် အနာဂတ်ပညာသင်နှစ် များမှာ ကောင်းမွန်စွာ သင်ယူနိုင်သော ကလေးများ ဖြစ်လာစေရန်မှာ အရေးကြီးသော အခြေခံတစ်ခုဖြစ်ပါသည်။

🏠 ကျောင်းလေးတည်ရာခြံဝန်းသာ
အမှတ် (၁၁၈) တဂေါင်းဘုရားလမ်းပါ။

📱 ၀၉ ၈၉၄ ၆၃၅ ၄၂၉
ပုသိမ်မြို့။

🎓 KG 🎓 မှသားငယ်သမီးငယ်များ 🌳 အပင်များအကြောင်း လက်တွေ့သင်ယူခြင်း 🌳 🌱  ကလေးများအား အစေ့မှ အပင်ပေါက်လာပုံ အဆင့်ဆင့်ကို နားလ...
04/08/2026

🎓 KG 🎓 မှသားငယ်သမီးငယ်များ
🌳 အပင်များအကြောင်း လက်တွေ့သင်ယူခြင်း 🌳

🌱 ကလေးများအား အစေ့မှ အပင်ပေါက်လာပုံ အဆင့်ဆင့်ကို နားလည်သိရှိစေရန် လက်တွေ့ လေ့လာသင်ကြား ပေးခဲ့ပါသည်။

"ပိန္နဲစေ့မှ အပင်ပေါက်လာပုံ"
"ကံ့ကော်စေ့မှ အပင်ပေါက်လာပုံ" တို့ကို ကိုယ်တိုင် ကြည့်ရှုလေ့လာေစပြီး အပင်တစ်ပင် ဖြစ်လာသည့် ကြီးထွားပုံ အဆင့်ဆင့်ကို နားလည် သဘောပေါက်စေရန် သင်ကြားပေးခဲ့ပါသည်။

🍂 အရွက် အမျိုးမျိုးကို လက်ဖြင့်ကိုင်တွယ် ထိတွေ့စေကာ အရွက်၏ ပုံသဏ္ဌန် အရွယ်အစား မတူညီကြောင်းကို နှိုင်းယှဉ် လေ့လာစေခဲ့ပါသည်။

🌴အပင်ကြီး၊ အပင်ငယ် ၊နွယ်ပင် စသည့်အပင်အမျိုးအစား၏ ကွာခြားချက် များကိုလည်း လက်တွေ့ကြည့်ရှု ထိတွေ့ခွင့်ပေးကာ သဘာဝပတ်ဝန်းကျင်အပေါ် စူးစမ်းလေ့လာ လိုစိတ်များ ဖြစ်ပေါ်လာစေရန် လမ်းညွှန်သင်ကြားပေးခဲ့ပါသည်။

🏠ကျောင်းလေးတည်ရာခြံဝန်းသာ
အမှတ်(၁၁၈)တဂေါင်းဘုရားလမ်းပါ။

📱၀၉ ၈၉၄ ၆၃၅ ၄၂၉
ပုသိမ်မြို့။

လေးစားရပါသောမိဘများရှင်....     Bright Children's Centre မူကြိုကျောင်း၏ ဝါတွင်းကာလ အတွင်းတွင် ကျောင်းအားပုံမှန်အတိုင်း ဖ...
01/08/2026

လေးစားရပါသောမိဘများရှင်....
Bright Children's Centre မူကြိုကျောင်း၏ ဝါတွင်းကာလ အတွင်းတွင် ကျောင်းအားပုံမှန်အတိုင်း ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပါသည်။
သို့ပါသောကြောင့် ပုံမှန် ကျောင်းပိတ်ရက်ဖြစ်သော စနေနေ့၊ တနင်္ဂနွေနေ့ များသာ ကျောင်းပိတ်မည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

Bright Children's Centre
ပုသိမ်မြို့။

🌻KG တန်းမှသားငယ်သမီးငယ်များမှ "တဂေါင်းမင်္ဂလာ မဟာစေတီတော်ကြီး" သို့သွားရောက်၍ မိမိတို့ ယူဆောင်လာသော ပန်းများကို ကြည်ညိုသ...
29/07/2026

🌻KG တန်းမှသားငယ်သမီးငယ်များမှ "တဂေါင်းမင်္ဂလာ မဟာစေတီတော်ကြီး" သို့သွားရောက်၍ မိမိတို့ ယူဆောင်လာသော ပန်းများကို ကြည်ညိုသဒ္ဓါစိတ် ထက်သန်စွာဖြင့် ဆက်ကပ်လှူဒါန်း ခဲ့ကြပါသည် 🙏 🙏 🙏

🏠ကျောင်းလေးတည်ရာခြံဝန်းသာ
အမှတ်(၁၁၈)တဂေါင်းဘုရားလမ်းပါ။

📱၀၉ ၈၉၄ ၆၃၅ ၄၂၉

ပုသိမ်မြို့။

🌹Pre KG,KG မှသားငယ် သမီးငယ်လေးများမှ "လေးမျက်နှာကျောင်းတိုက်" သို့ သွားရောက်၍ ဆရာတော်ဘုရားထံမှာ ဩဝါဒခံယူကာ ဝါဆိုသင်္ကန်း...
29/07/2026

🌹Pre KG,KG မှသားငယ် သမီးငယ်လေးများမှ "လေးမျက်နှာကျောင်းတိုက်" သို့ သွားရောက်၍ ဆရာတော်ဘုရားထံမှာ ဩဝါဒခံယူကာ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြပါသည် 🙏 🙏 🙏

🏠 ကျောင်းလေးတည်ရာခြံဝန်းသာ
အမှတ် (၁၁၈) တဂေါင်းဘုရားလမ်းပါ။

📱 ၀၉ ၈၉၄ ၆၃၅ ၄၂၉

ပုသိမ်မြို့။

Address

No. 118, Tagaung Pagoda Road
Pathein

Opening Hours

Monday 09:45 - 15:00
Tuesday 09:45 - 15:00
Wednesday 09:45 - 15:00
Thursday 09:45 - 15:00
Friday 09:45 - 15:00

Telephone

+959894635429

Website

Alerts

Be the first to know and let us send you an email when Bright Children's Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category