15/01/2024
안녕하세요 여러분~~~
💥💥💥💥
စကားပြောမှာပဲဖြစ်ဖြစ်/အရေးသားမှာပဲ အရမ်းသုံးများတဲ့ 문법 (때문에)ကိုလေ့လာကြရအောင်~~
A/QV + 기 때문에/ N + 때문에
(သောေကြာင့်/ကြောင့်)
~အတိုခေါက်(줄임) - 땜에(စာရေးတဲ့အခါ သုံးမရ)
~အခြေနေတစ်ခု(သို့) အကြောင်းအရာနဲ့ ပတ်သတ်ပြီး အကြောင်းပြချက်/အကြောင်းအရင်အနေနဲ့ ဖော်ပြတဲ့ အခါမျိုးတွင်သုံးတယ်~~
~Verb(Q/A)တွင်အသတ်ပါပါ /မပါပါ "기" ထည့်ရမည်~~~~
~Noun ဆိုရင်" 때문에"သာလျှင်ပဲကပ်ပါ~~~
예시 문장
1. 출퇴근 시간 때문에 지하철에서 자리가 없어요.
(ရုံးချိန်တွေကြောင့် ရထားထဲမှာ ထိုင်ဖို့နေရာမရှိဘူး)
2.네 사랑 때문에 죽었어
(နင့်အချစ်ကြောင့်သေတော့မှာပဲ)..........
그럼 잘 공부를 하시기 바랍니단🩵