Ayeyarwady Initiative

Ayeyarwady Initiative Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ayeyarwady Initiative, Educational consultant, Pathein.

03/06/2024

စိုက်ပျိုး၊ ရိတ်သိမ်းပြီးတဲ့အခါ ကောက်ရိုးမီးရှို့တဲ့ ဓလေ့က ရှိခဲ့၊ ရှိဆဲပါပဲ။

သီးနှံတစ် ရာသီကုန်လို့ ပြန်လည်စိုက်ပျိုးချိန်ရောက်တဲ့အခါ နောက်တစ်သီး အချိန်မီထပ်စိုက်နိုင်ဖို့ သီးနှံအကြွင်းအကျန်တွေကို မီးရှို့၊ရှင်းလင်းတာမျိုး လုပ်ကြပါတယ်။

ဒီနည်းလမ်းက ကောက်ရိုး/ ရိုးပြတ်နဲ့ ပဲရိုးတွေကို အချိန်တခဏအတွင်း အမြန်ရှင်းလင်းလိုက်နိုင်လို့ လူသုံးများနေဆဲဖြစ်နေမယ့် ရေရှည်အတွက်တော့ အဆင်မပြေနိုင်ပါဘူးခင်ဗျ။

သီးနှံရာသီကုန်လို့ ရိတ်သိမ်းပြီးအကြွင်းအကျန်တွေကို မီးရှို့တဲ့အခါ-
➡️ပထမဦးဆုံးအနေနဲ့ အသက်ရှုလမ်းကြောင်းနဲ့ ကျန်းမာရေးကို ထိခိုက်စေမယ့် လေထုညစ်ညမ်းမှုတွေဖြစ်စေနိုင်ပါတယ်။
➡️မြေဆီလွှာက အာဟာရနဲ့ မြေဆီဓာတ်ကိုလည်း ဆုံးရှုံးမှုတွေရှိစေပြီး နောက်ရာသီတွေမှာ စိုက်ပျိုးရခက်တာ၊ အထွက်နှုန်းကျတာတွေဖြစ်စေနိုင်ပါတယ်။
➡️ထပ်ဆောင်း ရိုက်ခတ်မှုအနေနဲ့ မီးရှို့ခြင်းကထွက်လာတဲ့ မီးခိုး၊ ဓာတ်ငွေ့တွေကြောင့် ရေရှည်မှာဆိုရင် ရာသီဥတုပြောင်းလဲမှုတွေ၊ မူမမှန်တာတွေအထိ ပြင်းထန်နိုင်ပါတယ်။

အခုလို ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကို ပိုခံစားလာရတဲ့ နေ့ရက်တွေမှာ ကျွန်တော်တို့လုပ်ရပ်တွေက ရေတိုလား၊ ရေရှည်အတွက်လား စဉ်းစားဖို့ လိုလာပါပြီ မိတ်ဆွေတို့ရေ…
👉တစ်ခဏတာ အဆင်ပြေစေဖို့ မီးရှို့ပြီး အကြွင်းအကျန်တွေရှင်းမလား?
👉သဘာဝနည်းအတိုင်း ကောက်ရိုးနဲ့ ပဲရိုးစတဲ့ အကြွင်းအကျန်တွေကို အီးအမ်အသုံးပြီး အမြန်ဆွေးမြေ့စေပြီး မြေဆီလွှာကောင်းအောင် ရေရှည်ထိန်းသိမ်းမလား ?

အီးအမ်အသုံးပြု ကောက်ရိုး/ ရိုးပြတ်အမြန်ဆွေးမြေ့စေတဲ့ နည်းပညာနဲ့ပတ်သက်ပြီး မေးခွန်းများရှိမယ်ဆိုရင်လည်း ရေတံခွန်ကို စာပို့မေးမြန်းနိုင်သလို စိုက်ပျိုးရေးဝန်ဆောင်မှုစင်တာ ၀၉၉-၄၀၀၀၁၀၀၀ သို့ ရုံးချိန် (တနင်္လာမှသောကြာ မနက်၉နာရီမှ ညနေ၅နာရီ) အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#ရေတံခွန်

03/06/2024

GAP ဆိုတာ ဘာလဲ❓

GAP ဆိုတာ (Good Agricultural Practices) လို့ခေါ်တဲ့ “စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ”လို့ အဓိပ္ပာယ်ရပါတယ်✅

မိမိစိုက်ပျိုးထုတ်လုပ်တဲ့ ထုတ်ကုန်တွေမှာ စားသုံးသူတွေရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့
🚨ဓါတုအဆိပ်အကြွင်းအကျန်များ၊ရောဂါပိုးမွှားများနဲ့ မှိုအဆိပ်များ ပါဝင်ခြင်းမရှိစေဘဲ၊ လုပ်သားများနဲ့သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ၊
စိုက်ပျိုးထုတ်ကုန်များရဲ့ အရည်အသွေးကို အထူးကောင်းမွန်အောင်အလေးထားဆောင်ရွက်တဲ့ အလေ့အကျင့်ကောင်းများကို ဆိုလိုခြင်းဖြစ်ပါတယ်။

တစ်နည်းအားဖြင့် GAP ကိုလိုက်နာမယ်ဆိုရင် ...

✅တောင်သူဦးကြီးများနဲ့ လုပ်သားများအတွက် အန္တရာယ်ကင်းရုံသာမက၊ စားသုံးသူများအတွက်ပါ ရရှိတဲ့အစားအစာတွေဟာ ဘေးကင်းစေပါတယ်။

✅ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးရာရောက်ပြီး အမြတ်များများရစေနိုင်ပါတယ်။

[ GAP ကိုမလိုက်နာဘဲ စိုက်ပျိုးထုတ်လုပ်မှုတွေဆက်ပြီးလုပ်နေမယ်ဆိုရင်တော့ ရေရှည်မှာ မိမိအတွက် အဖက်ဖက်မှ ကောင်းကျိုးမရှိနိုင်ပါ ]

မှန်ကန်ပြီးစနစ်ကျသော စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများကို လက်တွေ့လိုက်နာကျင့်သုံးနိုင်ပြီး စိုက်ပျိုးသမျှ အောင်မြင်ဖြစ်ထွန်းနိုင်ကြပါစေ🌟

#ရွှေတက်လမ်း
#ပင်ပွါးသဘာဝမြေဩဇာ #ဧရာဝတီတိုင်းဖြန့်ချိရေး

ဧရာဝတီရှေ့ဆောင်(AI)ကုမ္ပဏီလီမိတက်**********ဧရာဝတီရှေ့ဆောင်ကုမ္ပဏီ (Ayeyarwady Initiative – AI Co.,Ltd) သည် ပညာရေးဝန်ဆောင...
08/07/2023

ဧရာဝတီရှေ့ဆောင်(AI)ကုမ္ပဏီလီမိတက်
**********
ဧရာဝတီရှေ့ဆောင်ကုမ္ပဏီ (Ayeyarwady Initiative – AI Co.,Ltd) သည် ပညာရေးဝန်ဆောင်မှုများ ပေးသည့် ကုမ္ပဏီ (Company Registration No. 135310239) တစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင်းရှိ တောင်သူ လယ်သမားများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်း များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး နှင့် ကျွမ်းကျင် ဖွံ့ဖြိုး တိုးတက်ရေး အတွက် စဉ်ဆက်မပြတ် လေ့လာ သင့်ယူပြီး သင်တန်းများ ပြုလုပ်ခြင်း၊ စာအုပ်စာစောင်များ ရေးသာပြုစုခြင်း၊ အတိုင်ပင်ခံ ဝန်ဆောင်မှုများပေးခြင်း တို့ကို လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

“အဆိုပါရည်ရွယ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းနိုင်ရန်အတွက် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)အရ
မှတ်ပုံတင်ခဲ့ပါသည်။”

Address

Pathein

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Ayeyarwady Initiative posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share