Treasure ACE

Treasure ACE Treasure ACE
Nurse Aid & Pharmacist Aid
Training Center

မင်္ဂလာ နေ့လည်ခင်းလေး ဖြစ်ကြပါစေရှင်🙏🙏🙏Treasure ACENurse Aid & Pharmacist AidTraining Center ( Pathein ) ရဲ့  2025 Janua...
27/12/2024

မင်္ဂလာ နေ့လည်ခင်းလေး ဖြစ်ကြပါစေရှင်
🙏🙏🙏

Treasure ACE
Nurse Aid & Pharmacist Aid
Training Center ( Pathein ) ရဲ့
2025 January( 6 ) ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားမည့် တန်းခွဲသစ်အတွက် ကျောင်းအပ်စတင်လက်ခံနေပြီဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါရစေရှင်.....
Treasure ACE
သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင် သင်တန်း
စာတွေ့/လက်တွေ့ (၃-လ) တက်ရောက်သင်ကြားပြီး အောင်မြင်ပါကဘယ်လိုမျိုး အလုပ်အကိုင်အခွင့်အလမ်းတွေပြန်လည်ရရှိနိုင်မလဲဆိုတော့ 👇👇👇

1 - ပြည်ပ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်း/သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာများတွင် အလုပ်လုပ်လိုသူများ အတွက် 100% ယုံကြည်စိတ်ချရပါသော Agency အဆင်သင့်ရှိခြင်း

2 - သွားအထူးကုဆေးခန်း

3 - အထူးကုဆေးခန်းနှင့် ဆေးဝါးဆက်စပ် ပစ္စည်းများအရောင်းဆိုင်

4 - ပုသိမ်မြို့တွင်းရှိ Treasure ACE သင်တန်း နှင့် ချိတ်ဆက်ထားသော အထူးကု ဆေးခန်းနှင့် ပုဂ္ဂလိကဆေးရုံများ စသည်တို့တွင် အရည်အချင်းပြည့်မှီသော သင်တန်းသား/ သူများ အတွက် အလုပ်အကိုင်များ ရရှိစေရန် အာမခံခြင်း ..... 😊

5 - ကိုယ်ပိုင်ဆေးဆိုင်ဖွင့်လိုသူများ အတွက်ပါ ဝါရင့်အတွေ့အကြုံရှိ ဆရာ/ဆရာမ များမှ စနစ်တကျ သေချာရှင်းလင်းတိကျစွာ နားလည်တတ်ကျွမ်းပြီး ဆေးဆိုင် တစ်ဆိုင်အတွက် မရှိမဖြစ် လိုအပ်သည်များကို လစ်ဟာမှုမရှိအောင် သင်ကြားပေးနေခဲ့တာဟာ အခုဆို Batch ( 32)!တိုင်ခဲ့ပါပြီ

စာတွေ့ သင်ကြားပြသပေးမှာကတော့ 👇👇👇

သူနာပြုအကူ သင်တန်းအတွက် သင်ကြားပေးမယ့် ဘာသာရပ်များအနေဖြင့် ...

1 - Nursing Procedure
အခြေခံ သူနာပြုစုခြင်း အတတ်ပညာ

2 - First Aid & Elderly
ရှေးဦးသူနာပြုစုခြင်းနှင့်သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ခြင်း

3 - Anatomy & Physiology
ခန္ဓာဗေဒ ( ခန္ဓာကိုယ် အစိတ်အပိုင်းများ လေ့လာခြင်း)

4 - Maternal & Child
မိခင်နှင့် ကလေး ပြုစုစောင့်ရှောက်ခြင်း ဘာသာရပ်များကို စနစ်တကျ သင်ကြားပြသပေးပါမည် ။

ဆေးဝါးကျွမ်းကျင်သင်တန်းသား/သူ များအတွက်ကတော့ 👇👇👇

1 - Pharmacology - ဆေးဝါးဗေဒ ဘာသာရပ်

2 - Drug Lists နှင့် ဆေးဝါးများ၏ အကျိုး အပြစ် နှင့် အာနိသင်များအကြောင်း
စသည်များကို သင်ကြားနေပါတယ်ရှင် 😊

လက်တွေ့သင်ခန်းစာများအတွက်

1 - အထူးကုဆေးခန်းနှင့်ဆေးဆိုင်

2 - ပုသိမ်မြို့တွင်းရှိ-သွားဆေးခန်း

3 - ဘိုးဘွားရိပ်သာများနှင့် ချိတ်ဆက်ထားပြီးသားမို့ လက်တွေ့ မကျွမ်းကျင်မှာ စိုးရိမ်စရာမရှိပါဘူးရှင် ကိုယ်တိုင်ကြိုးစားလေးစားလိုက်နာပြီး ဘာသာရပ်တိုင်းကို တန်ဖိုးထားသင်ယူဖို့ပဲ လိုအပ်ပါမယ်နော်

သင်တန်းကြေး 💵💵💵

1 - သူနာပြုအကူသင်တန်း(Nurse Aid)

2 - ဆေးဝါးကျွမ်းကျင်(Pharmacist Aid)
နှစ်မျိုးပေါင်း (၄၀၀၀၀၀ ကျပ်)

သင်တန်းသား/သူများအတွက်
Treasure ACE သင်တန်းကျောင်းမှ
(အခမဲ့) ပံ့ပိုးပေးမယ့်အရာတွေကတော့

1 - သင်ရိုးညွှန်းတမ်းစာအုပ်များ
2 - သာမိုမီတာ
3 - သွေးချိုတိုင်း ကိရိယာ
4 - အောက်ဆီဂျင်တိုင်း ကိရိယာ
5 - ဗလာစာအုပ် (သင်တန်းအပြီးထိ)
6 - ဘောပင် မှင်နီ/ပြာ (သင်တန်းပြီးအထိ)
7 - Key Change (သင်တန်း logo ပါ)
စသည်တို့ပဲ ဖြစ်ပါတယ်ရှင် 😊

သင်တန်းလိပ်စာ
🏩ဘိုကနောင်စျေး၊ ဦးပုညလမ်း
သရက်ပင်မောင်နှမရပ်ကွက်၊ပုသိမ်မြို့။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ် သိလိုသမျှကို Page Cb ( or )
09-794515961ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်.... 😊😊😊

ကျေးဇူးတုန့်ပြန်ခြင်း 🙏🙏🙏
Treasure ACE သင်တန်းကို တက်ရောက်ရန် ညွှန်ကြား/ လမ်းပြ ကိုယ်တိုင်ကိုယ်ကျ
လာရောက်အပ်နှံပေးခြင်း / ဖုန်းဖြင့် သင်တန်းအပ်ပေးခြင်းများအတွက် (မည်သူမဆို) သင်တန်းသား တစ်ဦးအတွက်

( 30000-MMK ကို Tip Money Cash/ Ph Bill) ပြန်လည်ချီးမြှင့်ပေးနေပါပြီနော်..... 😊

👉 January Special Promotion 👈
အထူးအစီအစဉ် အနေဖြင့် ( Batch-32)အတွက်
သင်တန်းတက်ရောက်ရန် ပထမဆုံးလာရောက်အပ်နှံသူ(၅)ဦးကို
🍀 ဆေးရုံသုံးနားကြပ်
🍀 Pulse Oximeter
လက်ဆောင်ပေးအပ်သွားမှာဖြစ်ပါတယ်

ကိုယ်ပိုင်အရည်အချင်းဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်တိုင်ရပ်တည်
လိုသောအားလုံးသော မောင်လေး/ညီမလေးများအား Treasure ACE သင်တန်းကျောင်းမှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုလျှက်ရှိပါကြောင်း.....
သတင်းကောင်းပါးလိုက်ပါရစေရှင် 🙏🙏🙏

Admin Team
Treasure ACE

18/12/2024

🇨🇭"နှလုံးသွေးကြောမပိတ်မီ တစ်လအတွင်း နိမိတ်ပြလက္ခဏာ (၈)ချက်"
============================================
ရင်ဘတ် အကြီးအကျယ်အောင့်
နှလုံးသွေးကြောရုတ်တရက် ကျဉ်းတာ၊
ပိတ်တာတွေ ရှိလာပြီး ဆေးရုံကို
အရေးပေါ် တက်ရောက်ကုသရသူတွေဟာ

မဖြစ်ခင်တစ်လအတွင်း ခန္ဓာကိုယ်က
ဒါဖြစ်တော့မယ်ဆိုတာကို
ကြိုတင်သတိပေးနေတတ်ပါသတဲ့ ။

🔹၁။အလိုလိုနေရင်း နုန်းနေခြင်း

နှလုံးသွေးကြော ကျဉ်းလာရင်
ခန္ဓာကိုယ်က ခြေတွေ၊ လက်တွေ၊
အဂါင်္တွေကို သွေးအရောက် နည်းလာပါတယ်။
ဒီအတွက် ခါတိုင်းထက် ညောင်းတာ၊
နုံးတာတွေ ဖြစ်ပေါ်ခံစားရပါတယ်။

🔹၂။မျက်နှာနဲ့ မေးရိုးနဲ့ လည်ပင်းတွေ ကျဉ်ခြင်း -

နှလုံးသွေးကြောကျဉ်းလာပြီး သွေးငတ်တဲ့အခါ
ရင်ဘတ်အောင့်တာအပြင် မေးရိုးနဲ့ မျက်နှာ၊
လည်ပင်းတွေ ကျဉ်လာတတ်ပါတယ်။

🔹၃။မောပန်းမယ် -
အလိုလိုနေရင်း လှေကားတက်၊ တစ်ခုခုလုပ်တိုင်း မောနေတတ်ပါတယ်။

နှလုံးသွေးကြော ကျဉ်းလာတဲ့အခါ
အဆုတ်ထဲမှာ ရေစုလာတတ်ပါတယ်၊
အသက်ရှူမဝသလို ဖြစ်လာတတ်ပါတယ်။

🔹၄။ပျို့ချင်အန်ချင်တာတွေ ဖြစ်မယ် -

ရင်ထဲမှာ နေလို့မကောင်းဘူး၊ ဘာရယ်မဟုတ်
ဗိုက်ထဲမှာ လေပွသလို စားပြီးရင် ပျို့ချင်သလို
အန်ချင်သလို မကြာခဏ ခံစားရနိုင်ပါတယ်။

🔹၅။ချွေးစေးတွေ ပြန်လာတတ်မယ် -

ရင်ဘတ်ထဲမှာ နေလို့မကောင်းတာနဲ့အတူ
မကြာခဏ ချွေးပြန်တာကို ခံစားရပါမယ်။

🔹၆။ရင်တလှပ်လှပ်တုန်ခြင်း

ရင်ထဲမှာ ဟာနေခြင်း ရင်ထဲမှာဆို့ပြီး
နေလို့မကောင်းတာ ရင်တွေ တုန်နေတာတွေက
နှလုံးစည်းချက်မမှန်တာရဲ့ နိမိတ်ပြလက္ခဏာ
ဖြစ်ပါတယ်။ နှလုံးတုန်၊ ရင်ခုန်တာက ပုံမှန်ဖြစ်သလို နှလုံးရောဂါသမားတွေအတွက် စတင်နိမိတ်ပြလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

🔹၇။ခြေဖျား၊ လက်ဖျားတွေ အေးနေတတ်မယ် -

နှလုံးက စတင်ခုန်နှုန်းကျလာတာမို့
ခန္ဓာကိုယ် အစွန်အဖျား၊
ခြေတွေ လက်တွေကို
သွေးအရောက် နည်းလာပြီး
ခြေဖျား အေးလာတတ်ပါတယ်။
ရာသီဥတု မှန်ပါလျက်နဲ့
ခြေဖျား လက်ဖျားလေးတွေ
အေးစက်စက် ခံစားရပါမယ်။

🔹၈။မူးဝေလာတတ်မယ် -

တရိပ်ရိပ်နဲ့ မူးနေတတ်တာ
နေရင်းထိုင်ရင်း ခေါင်းထဲမှာ
ရီဝေဝေဖြစ်တာတွေ ရွိတဲ့အခါ
နှလုံးသွေးကြောကျဉ်းတာကို မေ့မထားသင့်ပါဘူး။ ဦးနှောက်ကို မှန်ကန်တဲ့ သွေးစီးဆင်းမှု မရှိတဲ့အတွက်
မူးနောက်တဲ့ ခံစားချက်ရတာ ဖြစ်ပါတယ်။
နှလုံးသွေးကြော လုံးဝပိတ်မသွားခင်
ကျဉ်းနေတဲ့အဆင့်မှာ ခံစားရနိုင်ပါတယ်။

ဖော်ပြပါလက္ခဏာတွေကို ကြည့်ပြီး
မိမိမွာ နှလုံးသွေးကြော ကျဉ်းနေပြီလား၊
နှလုံးသွေးကြော ပိတ်နေပြီလား၊
နှလုံးရောဂါ ခံစားရနိုင်တဲ့
အရိပ်အယောင်ရှိမလားလို့
မိမိကိုယ်ကို ဆန်းစစ်ကြည့်နိုင်ပါတယ်။

!!အနည်းဆုံး သုံးလေးခုလောက်
ခံစားနေရပြီဆိုရင်ကို မပေါ့ဆဘဲ
ဆရာဝန်နဲ့ ပြသတိုင်ပင်စေလိုပါတယ်..!!

Credit Original Uploder

မင်္ဂလာမနက်ခင်းလေးပါရှင်Treasure ACE Nurse aid & Pharmacist aid Training Center ရဲ့ တန်းခွဲသစ်လေးကို 6.11.2024 ရက်နေ့မှာ...
31/10/2024

မင်္ဂလာမနက်ခင်းလေးပါရှင်
Treasure ACE Nurse aid & Pharmacist aid Training Center ရဲ့ တန်းခွဲသစ်လေးကို 6.11.2024 ရက်နေ့မှာဖွင့်လှစ်သင်ကြားမှာဖြစ်ပါတယ် တက်ရောက်လိုကြတဲ့ သင်တန်းသား/သူများ လာရောက်အပ်နှံနိုင်ပါပြီ သင်တန်းတက်ရောက်ရန်လမ်းညွှန်ပေးတဲ့ မည်သူမဆို သင်တန်းသားတစ်ယောက်အပ်နှံတိုင်း မေတ္တာလက်ဆောင်အနေနဲ့ (၃၀၀၀၀) ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်
သင်တန်းပြီးသွားလို့ အလုပ်မရမှာကိုလဲ ပူပန်စရာမလိုလောက်အောင် ပြည်တွင်း/ပြည်ပအလုပ်အကိုင်များနှင့် ချိတ်ဆက်ပေးထားတဲ့အတွက် ယုံကြည်စိတ်ချစွာတက်ရောက်သင်ကြားနိုင်ပါတယ်

သင်တန်းကြေး- ၄၀၀၀၀၀
သင်တန်းကာလ- (၃)လ
သင်တန်းတည်နေရာ- ဘိုကနောင်စျေး၊ ဦးပုညလမ်း၊ ပုသိမ်မြို့
ဆက်သွယ်ရန်ဖုန်းနံပါတ်- 09794515961

26/10/2024
သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအမှတ်တရ
26/09/2024

သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအမှတ်တရ

Treasure ACE Nurse Aid & Pharmacist AidTraining Center ( Pathein ) ပုသိမ်မြို့ ရွှေမြင်တင် ဘုရားကြီးကျောင်းတိုက်တွင် ကျင...
30/08/2024

Treasure ACE
Nurse Aid & Pharmacist Aid
Training Center ( Pathein )

ပုသိမ်မြို့ ရွှေမြင်တင် ဘုရားကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်သော ၁၀ ရက်တရား စခန်းပွဲကြီးတွင် ဆေးဝါးကုသိုလ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ကုသိုလ်ပြုကြသော သင်တန်းသား/သူများရဲ့ လှုပ်ရှားမှုပုံရိပ်များ
ပါဝင်ကုသိုလ်ပြုကြသောတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်

14/03/2024

Pregnancy and chickenpox

ဒီနေ့တော့ သိပ်သတိမထားပေမယ့် အရေးကြီးတဲ့ အကြောင်းလေးပြောပြပေးသွားပါမယ်

အခုတလော ရေကျောက်ပေါက်တဲ့ မေမေ တွေ အတွေ့များနေလို့ အမေးအဖြေလေးတွေ ရေးပေးလိုက်ပါတယ်

1) ရေကျောက်က ဘယ်လိုကူးစက်နိုင်သလဲ?

ရေကျောက်အစက်တွေ မထွက်ခင် (၂) ရက်ကနေစပြီး အစက်တွေအားလံုးပျောက်သွားတဲ့ အချိန်အထိ ကူးစက်နိုင်ပါတယ်

ရေကျောက်ဖြစ်နေတဲ့သူနဲ့ ထိတွေ့မိတာ ၊ အတူတူ 5 minutes လောက် မျက်နှာချင်းဆိုင် နေမိတာ၊ အခန်းတစ်ခန်းထဲမှာ ၁၅ မိနစ်လောက် အတူတူနေမိရင်တော့ ကူးစက်နိုင်ပါတယ်

2) ကာကွယ်ဆေးရှိလား?

ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်ချိန်မှာ ထိုးလို့မရပါဘူး။ ကာကွယ်ဆေးထိုးပြီး (၃) လနေမှ ကိုယ်ဝန်ဆောင်သင့်ပါတယ်။

3) ထိတွေ့မခဲ့ရင် ဘယ်လိုလုပ်ရမလဲ?

အရင်ဖြစ်ဖူးခဲ့ရင်တော့ လံုးဝစိုးရိမ်စရာမရှိပါဘူး။
မသေချာရင်တော့ သွေးစစ်ပြီး immune ဖြစ်မဖြစ် စစ်ဆေးဖို့လိုပါမယ်။
Immune ဖြစ်မနေဘူးဆိုရင်တော့ Varicella zoster immune globulin (VZIG) လို့ခေါ်တဲ့ ကိုယ်ခံအားကို တိုးစေတဲ့ ဆေးကို ထိုးဖို့ လိုပါမယ်။

VZIG က ကာကွယ်ပေးတာမဟုတ်ပေမယ့် ရောဂါပြင်းထန်မှုကို လျော့နည်းစေပါတယ်

4) ရေကျောက်က က်ုယ်ဝန်ဆောင်ချိန်ကို ဘယ်လောက်ထိခိုက်နိုင်သလဲ?

ကိုယ်ဝန်ဆောင်ချိန်မှာ ပိုမိုပြင်းထန်တဲ့ ဝေဒနာကို ခံစားရစေပါတယ်။ အဆုတ်ရောင်၊ အသည်းရောင်၊ ဦးနှောက်အမြှေးရောင်တာတွေပါ ဖြစ်တတ်တဲ့ အတွက် အလွန်အရေးကြီးပါတယ်။

အထူးသဖြင့် ဆေးလိပ်သောက်တဲ့သူတွေ၊ steroid သောက်တဲ့သူတွေ ၊ အဆုတ်ရောဂါရှိသူတွေနဲ့ ကိုယ်ဝန်အပါတ်(၂၀) ကျော်တဲ့သူတွေမှာ အထူးသတိထားရပါမယ်။

5) ရေကျောက်က ကလေးလေးကိုရော ထိခိုက်နိုင်လား?

ကိုယ်ဝန်အပါတ် (၂၈)ပါတ် မကျော်ခင် အချိန်မှာဆိုရင်တော့ ဗိုက်ထဲက ကလေးလေးကို ထိခိုက်မှုတွေ ရှိနိုင်ပေမယ့် ၁၀၀ မှာ တစ်ယောက်လောက်ဘဲ ဖြစ်တတ်ပါတယ်။

အရေးအကြီးဆုံး အချိန်ကတော့ မမွေးခင် တစ်လအလိုပါဘဲ။ ရေကျောက်ပေါက်မှု တစ်ပါတ်မပြည့်ခင် မွေးဖွားခြင်း (သို့) မွေးပြီး တစ်ပါတ်အတွင်း ရေကျောက်ပေါက်ခဲ့ရင် မွေးကင်းစ ကလေးလေးဟာ ပြင်းထန်တဲ့ ရောဂါကို ခံစားရနိုင်ပါတယ်။ ကလေးလေးကို VZIG ထိုးပြီး ကုသပေးလို့ရပါတယ်။

6)ကိုယ်ဝန်ဆောင်ချိန်ရေကျောက်ပေါက်ခဲ့ရင် ဘာဆေးတွေသောက်ဖို့လိုမလဲ?
Acyclovir ဆိုတဲ့ဆေးကို ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်းသောက်ဖို့လိုပါမယ်

7)ကိုယ်ဝန်ဆောင်ချိန်ရေကျောက်ပေါက်ခဲ့ရင် ဆေးရုံဆေးခန်းတွေတန်းပြရမလား?

ကူးစက်မှု လွယ်ကူတာကြောင့် တခြား ကိုယ်ဝန်ဆောင်တွေကိုပါ ကူးစက်သွားနိုင်တာကြောင့် Telecommunications လုပ်တာ အကောင်းဆံုးပါဘဲ။ ဒါပေမယ့် အောက်ပါအချက်တွေရှိရင်တော့ ချက်ချင်းပြရပါမယ်

အသက်ရှုကြပ်ခြင်း
ခေါင်းကိုက်ခြင်း
သွေးဆင်းခြင်း
မောပန်းခြင်း
ဆိုးရွားတဲ့ အဖုတွေထွက်ခြင်း

8 ). ရေကျောက်ပေါက်နေတဲ့ မိခင်နို့တိုက်လို့ရပါလား ?

ရပါတယ်။ ဒါပေမယ့် နို့သီးခေါင်းနားမှာ ြဖစ်နေရင်တော့ မတိုက်သင့်ပါဘူး။ အဲ့ဒီ့ဖက်ကို နို့ညှစ်ထုတ်ပြီး ပစ်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ရေကျောက်ပေါက်တာ ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ခံစားရနိုင်ပေမယ့် (၁၀) ယောက်မှာ (၈) ယောက်ဟာ immune ဖြစ်နေပြီး ဖြစ်တတ်တာကြောင့် အရမ်းလဲ မစိုးရိမ်ကြပါနဲ့။ ဖြစ်ခဲ့ရင်တော့ ချက်ချင်းမိမိဆရာဝန်ကို အကြောင်းကြားဖို့လိုပါမယ်


06/03/2024

ခွေးရူးပြန်ရောဂါနှင့် ကာကွယ်ဆေးအကြောင်း

မတော်တဆ ခွေးကိုက်ခံရတာတွေဟာ အတော်လေးအဖြစ်များကြသလို တယ်လီကျန်းမာရဲ့ Messenger မှာ ဒီအကြောင်းနဲ့ဆက်စပ်ပြီး ကာကွယ်ဆေး ထိုးသင့်/မထိုးသင့်၊ ထိုးရင် ဘယ်လိုထိုးရတာလဲ ဆိုတာမျိုးတွေ အမေးများကြတဲ့အတွက် သိထားသင့်တဲ့ အခြေခံဗဟုသုတလေးတွေ စုစည်းပေးထားလိုက်ပါတယ်။..

ခွေးရူးပြန်ရောဂါဆိုတာ ဘာလဲ

Rabies ခေါ် ခွေးရူးပြန်ရောဂါဟာ ခွေးရူး ဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်ရပြီး တိရိစ္ဆာန်တွေကနေ လူကိုကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။

လူမှာဖြစ်တဲ့ ခွေးရူးရောဂါရဲ့ ၉၆% ဟာ ခွေးတွေဆီက ကူးတာပါ။ ဒါပေမယ့် သွေးနွေးသတ္တဝါတွေဖြစ်တဲ့ အိမ်မွေးကြောင်၊ နွား၊ မြင်း၊ မြေခွေး၊ မျောက်တွေ၊ လင်းနို့တွေ ကိုက်မိရင် ဒါမှမဟုတ် လူ့ခန္ဓာကိုယ်မှာရှိတဲ့ ပွန်းပဲ့ဒဏ်ရာ၊ အနာနဲ့ မျက်စိတို့ကို တိရိစ္ဆာန်ရဲ့လျှာနဲ့လျက်မိရင်လည်း ကူးနိုင်ပါတယ်။

ဒါကြောင့် မိမိဝန်းကျင်မှာ သွားရည်တွေကျပြီး ဖျားနာနေတဲ့ အိမ်မွေးတိရိစ္ဆာန်တွေ၊ မွေးမြူရေးတိရိစ္ဆာန်တွေ ရှိနေရင် သူတို့ကိုကို ထိတွေ့ကိုင်တွယ်ရာမှာ အထူးသတိထားရပါမယ်။....

ခွေးကိုက်ခံရရင် ဘာလုပ်ရမလဲ

ခွေးတံတွေးမှာ ခွေးရူးပြန်ရောဂါပိုး ပါရှိနေနိုင်တာမို့ အနာကို ရေ၊ ဆပ်ပြာနဲ့ (၁၀) မိနစ်မှ (၁၅) မိနစ်အထိ အချိန်ကြာကြာ သေချာဆေးပါ။ ဆပ်ပြာမရှိရင် ရေနဲ့ပဲ ဆေးပါ။
*** (ဒီအချက်ဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်) ***

အနာကို အရက်ပြန် သို့မဟုတ် အိုင်အိုဒင်း ဆေးဝါရည် ရှိရင် လိမ်းပါ။

ပြီးရင် အနီးစပ်ဆုံး ဆေးကုသမှုဌာနကို သွားရပါမယ်။....

ခွေးကိုက်ခံရလျှင် ဘာတွေ မလုပ်သင့်ဘူးလဲ

အကိုက်ခံရတဲ့ အနာကို အရွက်တွေအုံတာ၊ ထောင်းထုပြီး ထည့်တာ၊ ဆေးမှုန့်တွေ ထည့်တာ၊ မန်းမှုတ်တာ၊ အနာကို တင်းကျပ်စွာ ဖုံးအုပ်တာ၊ ပတ်တီးစီးတာ၊ ပလာစတာကပ်တာတွေ မလုပ်ရပါ။ ....

ခွေးရူးရောဂါဟာ ကုသလို့ရလား

ခွေးရူးရောဂါဖြစ်ရင် ကုသဖို့ ဆေးမရှိပါ။ လူနာကို နာကျင်မှု အနည်းနိုင်ဆုံးနဲ့ သက်တောင့်သက်သာဖြစ်အောင်ထားတဲ့ ကုသမှုမျိုးပဲ လုပ်ပေးနိုင်ပါတယ်။

တိတ်ဆိတ်ပြီး ဘာသံမှ မကြားရတဲ့အခန်းမှာ လူနာကို ထားရပါတယ်။ အသံ၊ အလင်း၊ လေအေးအေး စတဲ့ အရာတွေက လူနာကို နာကျင်ပြင်းထန်တဲ့ ကြွက်သားတောင့်တင်းမှုတွေ၊ တက်ခြင်းတွေ ဖြစ်စေပါတယ်။ အိပ်ဆေး၊ အတက်ကျဆေးတွေ ပေးရပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ခဲ့ရင် ရောဂါကိုကုသဖို့ဆေး လုံးဝမရှိဘဲ သေဆုံးနှုန်းဟာ (၁၀၀) ရာခိုင်နှုန်းပါ။

ခွေးရူးပြန်ရောဂါဆိုတာ ခွေးကိုက်ပြီး အချိန်မီကာကွယ်ဆေး အပြည့်မထိုးလို့ ဖြစ်ပေါ်လာရတယ်ဆိုတာလည်း သတိပြုစေချင်ပါတယ်။ ....

ခွေးကိုက်ခံရရင် ဆေးမထိုးသေးဘဲ ခွေးရူး၊ ခွေးကောင်း ဟုတ်/မဟုတ် (၁၀) ရက် စောင့်ကြည့်လို့ရလား

လုံးဝ မရပါဘူး။ (၁၀) ရက်အတွင်း ခွေးမရူးခင် လူက ခွေးရူးရောဂါ ဖြစ်နိုင်ပါတယ်။ ဆေးထိုးရပါမယ်။....

ဘယ်လိုပုံစံ အကိုက်ခံရရင် ဆေးထိုးရမလဲ

ခွေးရူးရောဂါ ရှိတယ်ထင်ရတဲ့ တိရစ္ဆာန်ရဲ့ ကိုက်ခံရတဲ့ အနာကို ဒဏ်ရာပြင်းထန်မှုပေါ် မူတည်ပြီး အမျိုးအစား Category (၃) ခု ခွဲနိုင်ပါတယ်။

Category I - ခွေးက ကိုယ့်အသားကို ထိရုံထိမိတာ၊ အသားကို လျှာနဲ့လျက်မိတာ။ အသား/အရေပြား ပေါက်ပြဲသွားခြင်း လုံးဝမရှိ။
(ဒီအနာမျိုးကို ရေ၊ ဆပ်ပြာနဲ့ သေချာစွာ ဆေးရပါမယ်။ ဆေးထိုးစရာမလိုပါ။)

Category II - သွေးမထွက်ပေမယ့် အပေါ်ယံအရေပြား လန်သွားတာမျိုးပါ။
(အနာကို ဆေးကြောခြင်း၊ ကာကွယ်ဆေးထိုးခြင်း လုပ်ရပါမယ်။)

Category III - တစ်ချက်ထဲဖြစ်စေ အချက်များစွာ ဖြစ်စေ အရေပြားအောက်ထိ နစ်ဝင်ကိုက်ခံရခြင်း၊ မျက်နှာ၊ လည်ပင်း၊ ခေါင်း၊ လက်၊ မျိုးပွားအင်္ဂါအနီးတစ်ဝိုက်ကို ကိုက်ခံရခြင်း၊ မျက်လုံးစတဲ့ အမြှေးပါးနေရာတွေကို တိရိစ္ဆာန်က လျက်မိခြင်း၊ မိမိခန္ဓာကိုယ်က အနာ၊ ပေါက်ပြဲဒဏ်ရာများကို တိရစ္ဆာန်တံတွေးနဲ့ ထိမိခြင်း၊ လင်းနို့များထံမှ တိုက်ရိုက်ကူးစက်ခံရခြင်း
(ဒီအနာများကို ဆေးကြောသန့်စင်ခြင်း၊ ရိုးရိုးကာကွယ်ဆေးထိုးခြင်း လုပ်ရမယ့်အပြင် အရေးပေါ်ကာကွယ်ဆေး Rabies immunoglobulin ထိုးဆေးပါ ထိုးရပါမယ်။)....

ခွေးရူးပြန်ကာကွယ်ဆေးဆိုတာ ဘာလဲ

ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ၂ မျိုးရှိပါတယ်။ ရိုးရိုး ခွေးရူးကာကွယ်ဆေး (Rabies vaccine) နဲ့ အရေးပေါ် ခွေးရူးကာကွယ်ဆေး (Rabies immunoglobulin) လို့ အလွယ်မှတ်ထားနိုင်ပါတယ်။ ....

ခွေးရူးကာကွယ်ဆေးနှစ်မျိုး ကွာခြားပုံ

Rabies vaccine လို့ခေါ်တဲ့ ရိုးရိုး ခွေးရူးကာကွယ်ဆေးဟာ ဆေးထိုးပြီးရင် ခန္ဓာကိုယ်ကနေ ဆေးကိုတန်ပြန်တဲ့ ခုခံကာကွယ်ပေးတဲ့ ပဋိပစ္စည်း (Antibody) တွေ ထုတ်ဖို့ (၁၄)ရက် ကြာတတ်ပါတယ်။ သူ့ကို လက်မောင်း ဒါမှမဟုတ် ပေါင်မှာ ထိုးရပါတယ်။

တင်ပါးမှာ မထိုးရပါ။ ဆေးခုခံအား လုံလုံလောက်လောက် ရနိုင်တဲ့နေရာ မဟုတ်တဲ့အတွက် အာနိသင် ထိရောက်မှု မရှိနိုင်လို့ ဖြစ်ပါတယ်။

Rabies immunoglobulin လို့ခေါ်တဲ့ အရေးပေါ် ခွေးရူးပြန်ကာကွယ်ဆေးကတော့ ခန္ဓာကိုယ်အပြင်ဘက်မှာ ကြိုတင်ထုတ်လုပ်ထားတဲ့ ready made antibody တွေ ဖြစ်ပါတယ်။ သူ့ကို ကာကွယ်ဆေး စထိုးတဲ့နေ့ (Day0) မှာဖြစ်စေ၊ ဆေးစထိုးတဲ့ (၇) ရက်အတွင်းဖြစ်စေ ခွေးကိုက်ဒဏ်ရာပတ်လည်နဲ့ အနာအောက်ခြေမှာ ထိုးပေးရပါတယ်။

ခွေးကိုက်ဒဏ်ရာဟာ အလွန်ပြင်းထန် (Category III) ဖြစ်ခဲ့ရင်၊ ဦးနှောက်နဲ့နီးတဲ့နေရာ (မျက်နှာ၊ လည်ပင်း) တို့မှာဖြစ်ခဲ့ရင် ဆေး၂ မျိုးလုံး ထိုးခြင်းဟာ ခွေးရူးရောဂါကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်ပါတယ်။ ....

ခွေးရူးကာကွယ်ဆေးက ချက်ကို ပတ်ပတ်လည် ဆေးထိုးရတာလား

ဒါက အရင်ကအသုံးပြုခဲ့တဲ့ ထိုးနည်းတွေ ဖြစ်ပါတယ်။ အခု အဲဒီလို မဟုတ်တော့ပါဘူး။ Rabies vaccine ဆေးထိုးနည်းက Pre-exposure Prophylaxis လို့ခေါ်တဲ့ ကြိုတင်ကာကွယ် ထိုးနည်းနဲ့ Post-exposure Prophylaxis လို့ခေါ်တဲ့ ခွေးကိုက်ခံရပြီးမှ ထိုးနည်းဆိုပြီး ရှိပါတယ်။....

Pre-exposure Prophylaxis (ခေါ် ) ခွေးကိုက်မခံရမီ ကြိုတင်ကာကွယ်ဆေးထိုးနည်း

တိရိစ္ဆာန်တွေနဲ့ အနီးကပ် ကိုင်တွယ်ရသူတွေ၊ အလုပ်လုပ်ရသူတွေမှာ ထိုးထားသင့်ပါတယ်။

ဆေးကို...
- Day0 (ဆေးစ ထိုးတဲ့ရက်)
- (၇) ရက်မြောက်
- (၂၁/၂၈) ရက်မြောက်
- (၁) နှစ်ကြာ
- (၅) နှစ်မြောက်နေ့တို့မှာ ထိုးပေးရပါတယ်။ ....

Post-exposure Prophylaxis (ခေါ်) ခွေးကိုက်ခံရပြီး ဆေးထိုးခြင်း

ခွေးကိုက်ခံရရင် ဆေးထိုးနည်းတွေက အမျိုးမျိုး ရှိပါတယ်။

(၁) 2-1-1 (4 vials, 3 visit) ဆေးထိုးနည်း

ထိုးဆေး 0.5 ml ကို လက်မောင်း/ ပေါင်မှာ အသားဆေးထိုးခြင်းပါ။ ဆေးစထိုးတဲ့ ရက် (Day0) မှာ ၂ လုံး၊ (၇)ရက်မြောက်နဲ့ (၂၁/၂၈) ရက်မြောက်တို့မှာ တစ်လုံးစီ ထိုးရပါမယ်။ ပထမဆုံးအကြိမ်မှာ ဆေး (၂) လုံးထိုးခံရပေမယ့် ဆရာဝန်ဆီ အားလုံးပေါင်း (၃) ခါပဲ သွားရပါမယ်။

(၂) အသားဆေး (၅) လုံးထိုးနည်း (5 vials, 5 visits)

ဆေးစထိုးတဲ့နေ့ (Day0) ၊ (၃)ရက်၊ (၇)ရက်၊ (၁၄)ရက်၊ (၂၈) ရက်မြောက်နေ့တို့မှာ အသားဆေး 0.5ml တစ်လုံးစီ ထိုးခြင်းပါ။ ဆရာဝန်ဆီ ၅ ခါ သွားရပါမယ်။

(၃) လက်မောင်းအရေပြားအောက် ဆေးထိုးနည်း (Intra-dermal regime)

ဆေး 0.1ml စီကို လက်မောင်းအရေပြားအောက်မှာ တစ်ဖက်တစ်ချက်စီ ထိုးခြင်းပါ။ ဆေးစထိုးတဲ့နေ့ (Day0)၊ (၃)ရက်၊ (၇)ရက်မြောက်၊ (၂၈)ရက် နေ့တို့မှာ လက်မောင်းတစ်ဖက်ကို တစ်ချက်စီ လက်နှစ်ဖက်လုံးကို ထိုးရပါတယ်။ ဆေးကို ချွေတာရာရောက်ပြီး ငွေကုန်သက်သာတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဆေးပုလင်းဖွင့်ပြီးရင် (၆) နာရီအတွင်း အကုန်ထိုးသင့်တဲ့အတွက် လူစုပြီး ဆေးထိုးတာမျိုးလုပ်ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် အရေပြားအောက်ကို သေချာထိုးတတ်တဲ့ ဆရာဝန်လိုပါတယ်။

** ကာကွယ်ဆေး ထိုးရမယ့်ရက်ထက် (၂) ရက် ကျော်သွားရင် အစက ပြန်ထိုးရပါမယ် **

ဆေးကို ရက်ချိန်းအတိုင်း အတိအကျ ဆေးပတ်လည်အောင်ထိုးမှသာ ရောဂါကို ရာနှုန်းပြည့် ကာကွယ်ရာ ရောက်မှာပါ။....

ဆေးထိုးပြီးသားလူ ခွေးထပ်ကိုက်ခံရရင်ရော ပြန်ထိုးရလား

Yes ပါ။ အရင်က ခွေးကိုက်ခံရဖူးလို့ ဖြစ်စေ၊ ကြိုထိုးထားတာဖြစ်စေ ဆေးပတ်လည်အောင် ထိုးထားသူများ (Immunized person) မှာ ခွေးထပ်ကိုက်ခံရပါက ထပ်မံဆေးထိုးနည်း (Booster 2 doses regime) ကတော့ ဆေးစထိုးတဲ့နေ့ (Day0) မှာ တစ်လုံး၊ (Day3) မှာ တစ်လုံး အားလုံးပေါင်း ၂ ကြိမ် ထပ်ထိုးရပါမယ်။ Rabies immunoglobulin ထိုးစရာမလိုပါ။ ....

ခွေးကိုက်ခံရရင် ခွေးရူးကာကွယ်ဆေးထိုးတာအပြင် ဘာတွေလုပ်ရသေးလဲ

ပထမဆုံးအဆင့် - အနာကို သေချာသန့်စင်ရပါမယ်။

ဒုတိယအဆင့် - ခွေးရူးကာကွယ်ဆေး ထိုးရပါမယ်။

တတိယအဆင့် - မေးခိုင်ကာကွယ်ဆေး ထိုးရပါမယ်။ ခွေးကိုက်အနာအတွက် လိုအပ်ရင် ပိုးသတ်ဆေး သောက်ဆေး၊ လိမ်းဆေး၊ အရောင်ကျဆေးများ၊ အနာသက်သာတဲ့ဆေးများ လိုတတ်ပါတယ်။ ....

ကာကွယ်ဆေးထိုးခြင်းကြောင့် ဖြစ်ရတဲ့ ဆိုးကျိုးတွေ

ကာကွယ်ဆေးတွေရဲ့ ထုံးစံအတိုင်း ထိုးတဲ့နေရာမှာ နာတာ၊ နီတာ၊ ရောင်တာနဲ့ ခေါင်းကိုက်သလို၊ ဖျားချင်သလိုဖြစ်တာမျိုး ဘေးထွက်ဆိုးကျိုး ဖြစ်တတ်ပါတယ်။ Rabies immunoglobulin ဟာဆိုရင် ဆေးမတည့်ခြင်း ဖြစ်တတ်ပါတယ်။ ဆေးထိုးပြီးရင် တစ်နာရီခန့် စောင့်ကြည့်သင့်ပါတယ်။ ....

ခွေးရူးကာကွယ်ဆေးက ခွေးရူးရောဂါပိုးကနေ ထုတ်တယ်ဆိုတော့ သူကရော ရောဂါဖြစ်စေလား

ဆေးတွေက ခွေးတံတွေးမှရတဲ့ ရောဂါပိုးတွေကို အဆင့်ဆင့် အဆိပ်ထုတ်သန့်စင်ပြီး ကာကွယ်ဆေးအမှုန့်အဖြစ် ပြောင်းလဲထုတ်ထားတာပါ။ ရောဂါပိုးကို မပွားအောင် လုပ်ထားပြီးဖြစ်လို့ သူ့ဆီက ရောဂါမကူးနိုင်ပါဘူး။ ကာကွယ်ဆေးတွေရဲ့ ထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးတော့ ဖြစ်နိုင်ပါတယ်။ ....

ဆေးထိုးနေတုန်း အစားရှောင်ဖို့လိုလား။ ဘာဆေးတွေ ရှောင်ဖို့လိုလဲ

ကိုယ်ခံအားကို ကျစေတဲ့ဆေးတွေ (steroids, chloroquine, ကင်ဆာဆေး) ကို ရှောင်ရပါမယ်။ တကယ်လို့ ဒီဆေးတွေကို မသောက်မဖြစ် သောက်ရမယ်ဆိုရင် Rabies immunoglobulin ပါ အတူတူထိုးရပါမယ်။ အစားရှောင်စရာတော့ မလိုပါဘူး။ ....

ကာကွယ်ဆေးထိုးထားတဲ့ခွေး ကိုက်ခံရရင်ရော ဆေးထိုးရမလား

ဆေးထိုးထားပြီးတာ သေချာကြောင်း ဓာတ်ခွဲစစ်ဆေးနိုင်ရင်တော့ မထိုးလည်းရပါတယ်။ မဟုတ်ရင်၊ မသေချာရင် ထိုးကိုထိုးရပါမယ်။ မိမိဘာသာ မဆုံးဖြတ်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ....

ရောဂါကူးစက်ခံရတဲ့ သတ္တဝါရဲ့ အသားကို စားရင်ရော ရောဂါကူးနိုင်လား

အသားအစိမ်းစားခြင်းဟာ ကူးနိုင်ပါတယ်။ ကျက်အောင်ချက်ထားရင်တော့ ကူးစက်နိုင်ခြင်း မရှိပေမယ့် နေမကောင်းတဲ့ သတ္တဝါတွေကို ချက်စားခြင်းမလုပ်တာ အကောင်းဆုံးပါ။ ....

ကိုယ်ဝန်ဆောင် မိခင်၊ နို့တိုက်မိခင်တွေ ထိုးလို့ရလား

ရပါတယ်။ ခွေးရူးကာကွယ်ဆေးတွေဟာ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ အသုံးပြုဖို့ အန္တရာယ်ကင်းပါတယ်။ ကလေးအပေါ်မှာ ဆိုးကျိုးမဖြစ်စေပါဘူး။ ....
------------------။ ။------------------....

ဒီလောက်ဆိုရင် သိချင်တဲ့မေးခွန်းတွေရဲ့ အဖြေတွေ သိရမယ်လို့ ထင်ပါတယ်နော်။

နှစ်စဉ်နှစ်တိုင်း ခွေးရူးရောဂါကြောင့် ဆုံးရှုံးရတဲ့ အသက်တွေ မနည်းပါဘူး။

ခွေးရူးရောဂါဟာ တစ်ခါတလေ ခွေးကိုက်ပြီး လပေါင်းများစွာကြာမှ ဖြစ်တတ်တာကြောင့် ဖြစ်တဲ့သူဟာ သတိမမူမိတတ်ပါ။ အဲဒီအခါ ခွေးကိုက်ခံခဲ့ရကြောင်း ရောဂါရာဇဝင် မပေးတဲ့အတွက် ဆရာဝန်တွေကလည်း ဦးနှောက်အမြှေးရောင်ရောဂါလို ရောဂါတွေနဲ့ မှားယွင်းကုသတာမျိုး ဖြစ်တတ်ပါတယ်။

ဒီလိုကြောက်ဖို့ကောင်းတဲ့ ရောဂါမျိုးကို ကာကွယ်ကုသဖို့ ကာကွယ်ဆေး ရှိနေပါတယ်။ ဒါကြောင့် ခွေးကိုက်ခံရရင် ဘာလုပ်ရမယ်ဆိုတာနဲ့ အရေးကြီးတဲ့ ခွေးရူးကာကွယ်ဆေးအကြောင်းတွေကို သိရှိထားခြင်းဟာ ရောဂါနဲ့ အသက်အန္တရာယ်ကို ကာကွယ်ရာ ရောက်ပါတယ်။ အသက်ကို ဉာဏ်စောင့် ဆိုသလို ခွေးကိုက်ခံရရင် မပေါ့ဆဖို့၊ ဆေးကို အချိန်မီ ဆေးပတ်လည်အောင်ထိုးဖို့ ထပ်မံသတိပေးလိုက်ပါရစေ။

အထူးကုသမားတော်တစ်ဦး
တယ်လီကျန်းမာ

Reference -
WHO Rabies Facts
https:// www. who. int /news-room/fact-sheets/detail/rabies

WHO Rabies FAQs
https:// www. who. int /docs/default-source/searo/india/health-topic-pdf/b5010.pdf?sfvrsn=619e77a3_2

--------------------------------------------

တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေး ကုသမှုခံယူနိုင်ပါသည်။ အသေးစိတ်ကို comment တွင် ဖတ်ရှုနိုင်ပါသည်။
crd #

Treasure ACE သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်းရဲ့ သင်ကြားတဲ့ဘာသာရပ်များမှ မိခင်နှင့်ကလေးကျန်းမာရေး သင်ခန်းစာ...
05/03/2024

Treasure ACE သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်းရဲ့ သင်ကြားတဲ့ဘာသာရပ်များမှ မိခင်နှင့်ကလေးကျန်းမာရေး သင်ခန်းစာများတွင်ပါဝင်သော
- ကိုယ်ဝန်လအလိုက်မြင့်လာသောသားအိမ်ထိပ်တိုင်းခြင်း
-သန္ဓေသားနှလုံးခုန်သံနားထောင်ခြင်း
-vital sign တိုင်းတာခြင်း
- တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာအသိပညာပေးခြင်း
-အာဟာရဆိုင်ရာအသိပညာပေးခြင်း
- မွေးစကလေးမိခင်နို့တိုက်ကျွေးခြင်းထိကပ်မှု အနေအထား
-အနှီးစနစ်တကျထုတ်ပေးခြင်း
-မွေးစကလေးအန္တရာယ်လက္ခဏါများ
စသည်များကို လက်တွေ့လုပ်ဆောင်နေကြတဲ့လှုပ်ရှားမှုပုံရိပ်များ #
စာတွေ့လက်တွေ့ မတတ်မှာပူစရာလုံးဝမလိုတတဲ့ Treasure ACE မှ အမြဲတမ်း ကြိုဆိုလျက်ပါ

Address

Thayetpin Street
Pathein
009542

Telephone

+959759360967

Website

Alerts

Be the first to know and let us send you an email when Treasure ACE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Treasure ACE:

Shortcuts

Share

Category