23/07/2026
✨🏆 ISA International School စတင်တည်ထောင်ခဲ့သည့်နေ့မှစ၍ ကျောင်းသူ၊ ကျောင်းသားများ၏ တီထွင်ဖန်တီးနိုင်စွမ်း၊ Problem Solving Skills နှင့် Innovation စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်
STEAM Education ကိုအလေးထားအကောင်အထည်ဖော်ခဲ့ပြီးအစဥ်တစ်စိုက်အားဖြည့်သင်ကြားပေးခဲ့သည့်ကျွန်တော်တို့ရဲ့ Partnership ဖြစ်သည့် Fun and Learn Education ကိုအထူးပင်ကျေးဇူးတင်အပ်သလိုလက်တွဲဆောင်ရွက်ခွင့်ရသည်များကိုများစွာဂုဏ်ယူမိပါသည်။
*WRO Myanmar National Championship* အတွက် ကျောင်းသူ၊ ကျောင်းသားများသည် ပြိုင်ပွဲမတိုင်မီ လပေါင်းများစွာ အချိန်ပေးလေ့ကျင့်ခဲ့ကြပြီး အကြိမ်ကြိမ် စမ်းသပ်ရင်း၊ ပြန်လည်ပြင်ဆင်ရင်း၊ အချင်းချင်း အားပေးကူညီရင်း တည်ဆောက်ခဲ့သော အသင်းအဖွဲ့စိတ်ဓာတ်၊ Code တစ်ကြောင်းချင်းစီရဲ့ နောက်ကွယ်မှာ စက်ရုပ်အစိတ်အပိုင်းတစ်ခုချင်းစီကို တပ်ဆင်တဲ့ လက်ရာတိုင်းမှာ ကျောင်းသူ၊ ကျောင်းသားများရဲ့ တီထွင်ဖန်တီးနိုင်စွမ်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ ဆန်းသစ်ဖန်တီးနိုင်မှုများ ကို မြင်တွေ့ခဲ့ရပြီး အမှန်တကယ် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ် ။
✨🏆ထိုကြိုးပမ်းမှုများ၏ ရလဒ်အဖြစ် World Robot Olympiad (WRO) Myanmar National Championship 2026 တွင် ISA မှ ကျောင်းသူ၊ ကျောင်းသားများသည် အောင်မြင်မှုများ ရရှိခဲ့ကြပြီး၊
Team (၂) ခု သည် *WRO Asia Pacific Open Championship 2026* သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားခံခဲ့ရပါသည်။ ✨🏆
အဆိုပါပြိုင်ပွဲကို အိန္ဒိယနိုင်ငံ Hyderabad မြို့တွင် ကျင်းပမည်ဖြစ်ပြီး ISA မှ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် နိုင်ငံတကာစင်မြင့်ပေါ်တွင် ယှဉ်ပြိုင်ကာ မြန်မာနိုင်ငံတော်အလံကို ဂုဏ်ယူဝင့်ကြွားစွာ လွှင့်ထူခွင့်ရရှိမည့် အခွင့်အရေး ကို ရရှိခဲ့ခြင်းအတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါသည်။
🏫ISA International School(Pathein Campus)
📍Location: အမှတ် R-01၊ ပလက်တီနန်အိမ်ယာ ၊ တောင်ပေါ်လမ်း၊ ပုသိမ်မြို့ ။
📞09-665461949, 09-441232556
(English Version)
✨🏆 Since its establishment, ISA International School has been committed to nurturing students' creativity, problem-solving skills, and innovation through a strong emphasis on STEAM Education.
We would like to express our sincere gratitude to our valued partner, Fun and Learn Education, for their continuous support and dedication in strengthening STEAM education. We are truly proud of our successful partnership and look forward to achieving even greater milestones together.
In preparation for the WRO Myanmar National Championship, our students dedicated months of hard work, practice, testing, and continuous improvement. Through teamwork, perseverance, and determination, they refined every line of code and carefully assembled every robot component. Their creativity, critical thinking, collaboration, and innovative spirit made this journey an exciting and unforgettable learning experience.
✨🏆 As a result of their dedication and outstanding performance, ISA International School students achieved remarkable success at the World Robot Olympiad (WRO) Myanmar National Championship 2026. Furthermore, two ISA teams earned the opportunity to compete in the WRO Asia Pacific Open Championship 2026.
The championship will be held in Hyderabad, India, where our students will proudly represent Myanmar on the international stage. They have earned the honor of carrying and raising the Myanmar national flag among participants from across the Asia-Pacific region—an achievement that fills us with immense pride and joy.