
  • Home
  • Myanmar
  • Pakokku

ကောင်းဂုဏ်ဟိဏ်း ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း ကောင်းဂုဏ်ဟိဏ်း
ကိုယ်ပိုင်ကျောင်း
?

https://vt.tiktok.com/ZSuvAqFCy/
24/03/2026

https://vt.tiktok.com/ZSuvAqFCy/

37 likes, 2 comments. “"Ving" ဆိုတဲ့ စကားလုံးဟာ အခြေအနေနဲ့ အကြောင်းအရာအလိုက် အဓိပ္ပာယ်တွေ အများကြီး ကွဲပြားနိုင်ပါတယ်။ အင်္ဂ...

©️®️သာတူညီမျှ .....!!!ဆူဒန်နိုင်ငံရဲ့ ဒေသတစ်ခုရှိ ကျောင်းငယ်လေးတစ်ကျောင်းမှာဆရာမက ကျောင်းသူတွေကို စာစီစာကုံးပြိုင်ပွဲလေး...
20/05/2021

©️®️
သာတူညီမျှ .....!!!

ဆူဒန်နိုင်ငံရဲ့ ဒေသတစ်ခုရှိ
ကျောင်းငယ်လေးတစ်ကျောင်းမှာ
ဆရာမက ကျောင်းသူတွေကို စာစီစာကုံးပြိုင်ပွဲလေးတစ်ခုလုပ်ပေးတယ်။

ပြိုင်ပွဲမှာ ထူးချွန်သူဟာ ဖိနပ်လေးတစ်ရံရမယ်ပေါ့။ ဒါနဲ့ ကလေးတွေကလည်း အားရဝမ်းသာ
ပျော်ပျော်ရွှင်ရွှင် ပြိုင်ဆိုင် ရေးသား
သီကုံးကြတယ်။

ရေးသားပြီး စာရွက်တွေကို ဆရာမထံ အပ်ကြတော့ အားလုံးရဲ့ ရေးသားပုံက ပြောင်မြောက်နေတာကို တွေ့ရတယ်။
အကုန်လုံး ထူးချွန်အဆင့်ရသူတွေချည်း ဖြစ်နေတယ်။
အဲဒီမှာ ဆရာမက ဘယ်သူ့ကို ဆုပေးရမလဲ
ဝေခွဲ မရဖြစ်နေတယ်။

ဒါနဲ့ ဆရာမက ကျောင်းသူလေးတွေကို ခေါ်ပြီး အားလုံးရဲ့ စာစီစာကုံးက ထူးချွန်အဆင့်ရကြောင်း၊ သမီးတို့ရဲ့ ကြိုးစားထားမှုကို ဆရာမ အားရဝမ်းသာဖြစ်ကြောင်း၊ ဆုက အားလုံးရထိုက်ကြောင်း ပြောလိုက်တယ်။

ပြီးတော့ ဒီဆုကို ကျောင်းသူအားလုံး ကျေကျေနပ်နပ်နဲ့ တစ်ယောက်ရဖို့ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ အကြံပြုဖို့ တောင်းဆိုလိုက်တယ်။

အားလုံးက စာရွက်မှာ ကိုယ်စီကိုယ်စီနာမည်ရေး၊ စာရွက်ခေါက်ပြီး ဆရာမကို ပေးကြဖို့၊ ဆရာမက မဲနှိုက်ဆုံးဖြတ်ပေးဖို့၊ ဆရာမမဲနှိုက်တဲ့အခါ မဲကျသူသာ ဆုကို ရထိုက်သူဖြစ်ကြောင်း ကြေညာပေးဖို့ အကြံပြုကြတယ်။

ဒါနဲ့ အဲဒီလို လုပ်လိုက်ကြတာပေါ့။

ဆရာမကအားလုံးရှေ့မှာ မဲနှိုက်တယ်။

ကလေးမလေး (ဝဖာ အဗ်ဒုလ်ကရီးမ်)
မဲပေါက်ပါတယ်။
ဆုယူဖို့ အရှေ့ကို လာခဲ့ပါသမီးလေး။

ကလေးတွေအားလုံး လက်ခုပ်သြဘာတီးကြတယ်။

ကလေးမလေးခင်ဗျာ၊ အားလုံးရဲ့
လက်ခုပ်သြဘာသံတွေကြားမှာ ပျော်ရွှင်ပြီး မျက်ရည်တွေ စီးကျလာခဲ့တယ်။

ဆရာမက အားလုံးကို
ကျေးဇူးတင်စကားပြောတယ်။
ပြီးတော့ ...
(ဝဖွာလေး) ကို ဆုချီးမြှင့်တယ်။

(ဝဖွာလေး)လည်း သူ့ရဲ့ ဖိနပ်ဟောင်းလေးအစား ဖိနပ်အသစ်ကလေး စီးလိုက်ရတယ်။

သူ့မိဘတွေ ဆင်းရဲလွန်းတော့ သူ့အတွက်
ဖိနပ်လေးတစ်ရံတောင် ဝယ်မပေးနိုင်ကြရှာဘူး။

ဒီဖိနပ်လေးပဲ ဝတ်နေခဲ့ရတာ ကြာနေပြီကိုး ... ။
........................

ဆရာမက ဝမ်းသာပီတိဖြစ်ပြီး
အိမ်ကို ပြန်လာခဲ့တယ်။
အိမ်ရောက်တော့ ခင်ပွန်းကို အဲဒီအကြောင်း
ပြောပြရင်း ငိုပါလေရော။

ဆရာမရဲ့ ခင်ပွန်းကလည်း
ဒီအကြောင်းလေးကြားပြီး ဝမ်းသာပါရဲ့။
ဒါပေမဲ့ ဇနီးသည်ငိုနေတာကို
နားမလည်နိုင်ဘူးဖြစ်နေတယ်။

"ဒါနဲ့ မင်းကဘာလို့ ငိုရတာလဲကွာ၊
မင်းတပည့်လေးတွေ အားလုံး တော်ကြတာပဲ။
မင်းစီစဉ်ထားတဲ့ ဆုလည်း
ပေးလိုက်နိုင်တာပဲကွာ" .... လို့ ပြောလိုက်တယ်။

အဲဒီမှာ ဆရာမက ပြန်ပြောတယ်။

"ကျွန်မပြန်လာနေရင်း ကျန်တဲ့
စာရွက်ခေါက်လေးတွေကို ဖွင့်ကြည့်မိတော့ ကလေးတွေအားလုံးက
(ဝဖွာ အဗ်ဒုလ်ကရီးမ်) ရဲ့ နာမည်ကိုပဲ
ရေးသားထားကြတာ တွေ့လိုက်ရလို့ပါ" ....တဲ့။

ဪ ....
ကလေးတွေအားလုံးက (ဝဖွာ)ရဲ့
အခြေအနေကို မြင်တွေ့ကြပြီး
(ဝဖွာ)နှလုံးသားထဲမှာ ပျော်ရွှင်မှုတွေကို
ထည့်ပေးဖို့ ညီညီညွတ်ညွတ်ရှိခဲ့ကြတာကိုး ... ။
.....................

ဒါဟာ ....
လူ့အဖွဲ့အစည်းမှာရှိတဲ့
ကျွန်တော်တို့ လူကြီးတွေအတွက်
အတုယူသင့်တဲ့စံနမူနာတစ်ခုပါလား ...။

ကိုယ်က သူ့ထက်ပြည့်စုံနေရင်
သူ့ဘက်ကို မျှမျှတတ တွေးပေးတတ်ဖို့
ဥပမာလေးတစ်ခုပါလား ...။

ဒါပေမယ့်
ကျနော်တို့မှာ ....
တခုခုဆို ငါပဲလိုချင်တယ်၊
ငါပဲရ ချင်တယ်၊
ငါအရင်ဦးမှ ဖြစ်မယ် ... ဆိုတဲ့
စိတ်ဓာတ်တွေရှိနေသရွေ့
သာတူညီမျှတဲ့ လူ့အဖွဲ့အစည်း၊
ညီညွတ်မျှတတဲ့ တိုင်းပြည်ဖြစ်ဖို့ဆိုတာ
ရွှေပြည်တော်မျှော်တိုင်းဝေး
ဖြစ်နေဦးမှာပါပဲ .....။

၂၀၂၀ တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသား၊ကျောင်းသူများအမှတ်စာရင်းများဝင်ရောက်ကြည့်ရှုနိုင်ပါသည် #ကောင်းဂုဏ်ဟိဏ်းကျောင်းသားကျ...
17/01/2021

၂၀၂၀ တက္ကသိုလ်ဝင်တန်းအောင်
ကျောင်းသား၊ကျောင်းသူများ
အမှတ်စာရင်းများဝင်ရောက်ကြည့်ရှုနိုင်ပါသည်

#ကောင်းဂုဏ်ဟိဏ်းကျောင်းသားကျောင်းသူများ
#ခုံအမှတ်နှင့်မွေးသက္ကရာဇ်မမှတ်မိပါက
#ဆက်သွယ်မေးမြန်းနိုင်ပါသည်

၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းကို Online မှကြည့်ရှုခြင်း။

မိဘ ဆရာ ကျောင်းသားတို့၏ယုံကြည် လေးစား ကြိုးစားမှုတို့ဖြင့်COVIDကာကွယ်ဆေးအလှူ🙂🙂🙂
13/01/2021

မိဘ ဆရာ ကျောင်းသားတို့၏
ယုံကြည် လေးစား ကြိုးစားမှုတို့ဖြင့်
COVIDကာကွယ်ဆေးအလှူ🙂🙂🙂

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း၂၀၂၁ ခုနှစ်၊ဇန်နဝါရီ (၁၇)နံနက်(၆)နာရီမွ စတင်ကြည့်ရန် https://mmexamscore.org(အမည်၊ခုံအမှတ်၊ေ...
12/01/2021

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း
၂၀၂၁ ခုနှစ်၊ဇန်နဝါရီ (၁၇)
နံနက်(၆)နာရီမွ စတင်ကြည့်ရန်
https://mmexamscore.org
(အမည်၊ခုံအမှတ်၊ မွေးသက္ကရာဇ်ဖြည့်)

၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းကို Online မှကြည့်ရှုခြင်း။

 #၂၀၂၀ အတွက် ကျွန်တော် တတ်စွမ်းသလောက်...........
13/08/2020

#၂၀၂၀ အတွက် ကျွန်တော် တတ်စွမ်းသလောက်...........

2019-2020 Fresher အောင်စာရင်း
08/08/2020

2019-2020 Fresher အောင်စာရင်း

17/07/2020

#စနစ်သစ်ပညာရေးအကြောင်း (Credit)

၂၀၂၀_၂၀၂၁ ပညာသင်နှစ် Grade 10
ကျောင်းတွင်းစစ်စာမေးပွဲ

၂၀၂၁_၂၀၂၂ ပညာသင်နှစ် Grade 11
ကျောင်းတွင်းစစ်စာမေးပွဲ

၂၀၂၂_၂၀၂၃ ပညာသင်နှစ် Grade 12

Grade 12တွင် ကျောင်းတွင်းစစ် စာမေးပွဲနှင့် နိုင်ငံတော်အစိုးရစစ်စာမေးပွဲ
စာမေးပွဲနှစ်ခုရှိပါသည်။

Grade 12 ကျောင်းတွင်းစစ် စာမေးပွဲဖြေဆိုအောင်မြင်ပါက သင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။
ထိုလက်မှတ်ဖြင့် ကောလိပ်များ၊Instituteများ(ပညာရေးကောလိပ်၊GTI အစရှိသဖြင့်) ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။

သို့သော်၂၀၂၃ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်သည့် နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာ University များတက်ရောက်ခွင့်ရရှိမည့် Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာ တက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။ထိုစာမေးပွဲတွင် Grade A ရထားသောကလေးသည် နှစ်သက်သလို တက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း၊Grade B,C အစရှိသဖြင့် ရသောကလေးများသည် ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသော တက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။
Grade များသည်လည်း ဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။မိမိ အဓိက ရွေးချယ်မည့် တက္ကသိုလ် တစ်ခုကိုတော့ ကို G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။

ဥပမာ ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
English၊Physics၊Chemistry၊Biology လေးဘာသာ၏ Grade ကိုသာကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊
Engineeringနှင့်IT တက္ကသိုလ်များအတွက်ဆိုလျှင်
English၊Math၊Physics၊Chemistry လေးဘာသာ၏ Grade များကိုသာ ကြည့်မည်ဖြစ်ပါသည်။
ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့ တက္ကသိုလ် ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။

၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင် (၆)ဘာသာ သာဖြေဆိုရပါမည်။General Science ၊Social Science ဘာသာရပ်များ ဖြေရန်မလိုပါ။ရှင်းအောင်ပြောရရင် (၂ဘာသာ/၃ဘာသာ)ပေါင်းစည်းထားသော ဘာသာရပ်များစာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။

တက္ကသိုလ်ဝင်ခွင့်များ ဖြေဆိုရာတွင် အစိုးရကျောင်း၊Privite School နှင့် International School ကျောင်းသုံးခုလုံးမှ ဝင်ခွင့်အတွက် သတ်မှတ်ထားသော စံနှင့် ကိုက်ညီသည့် ကလေးများအားလုံး ဝင်ရောက်ဖြေဆိုခွင့်ရရှိမည် ဖြစ်ပါသည်။

မှတ်ချက်။ ။၁၂တန်းမှာ Grade လည်း ကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်ဖြေရာမှာ အဆင်ပြေ အောင်မြင်စေဖို့ G(10,11,12 )သုံးနှစ်စာ သင်ခန်းစာတွေကိုလည်း ကျွမ်းကျင်ခဲ့ဖို့လိုပါတယ်။Grade ကောင်းရုံနဲ့လည်း တက္ကသိုလ် တက်ခွင့်ရမှာမဟုတ်ပါဘူး။ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရမှာဖြစ်ပြီး ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကောင်းဂုဏ်ဟိဏ်းကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း(ကမ္မမြို့)အခြေခံပညာအထက်တန်းဆင့်ပြီးမြောက်ကြောင်းလက်မ...
13/06/2020

၂၀၁၉-၂၀၂၀ ပညာသင်နှစ်
ကောင်းဂုဏ်ဟိဏ်း
ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း(ကမ္မမြို့)
အခြေခံပညာအထက်တန်းဆင့်ပြီးမြောက်ကြောင်း
လက်မှတ်
ထုတ်ယူခွင့်ရသူများစာရင်း

၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကောင်းဂုဏ်ဟိဏ်းကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း(ကမ္မမြို့)Grade 10(သင်ရိုးဟောင်း)အောင်စာရင်း
13/06/2020

၂၀၁၉-၂၀၂၀ ပညာသင်နှစ်
ကောင်းဂုဏ်ဟိဏ်း
ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း(ကမ္မမြို့)
Grade 10(သင်ရိုးဟောင်း)
အောင်စာရင်း

ကောင်းဂုဏ်ဟိဏ်း⚽️🏆🏅
14/07/2019

ကောင်းဂုဏ်ဟိဏ်း
⚽️🏆🏅

ကုန်ထုတ်ဓာတုဗေဒအထူးပြုဘာသာရပ်
IC major မှ မောင်သက်ပိုင်ထွန်းသည်
ရတနာပုံတက္ကသိုလ်(အမျိုးသား)ဘောလုံးလက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရပါသောကြောင့်
ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဘာသာရပ် မိသားစုမှ ဂုဏ်ယူဝမ်းမြှောက်ပါကြောင်း
မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

အမည် -မောင်သက်ပိုင်ထွန်း
အတန်း-တတိယနှစ်
မောင်သက်ပိုင်ထွန်း၏အကြောင်းအရာတစ်ချို့

(၂၀၁၆-၂၀၁၇)ပညာသင်နှစ်
ရတနာပုံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ
အမျိုးသားဘောလုံးပြိုင်ပွဲ၌
အရှေ့တန်းအကောင်းဆုံးဆုကိုလည်းကောင်း

(၂၀၁၇-၂၀၁၈)ပညာသင်နှစ်တွင်
ရတနာပုံတက္ကသိုလ်လက်ရွေးစင်အဖြစ်ရွေးချယ်ခံရခြင်း၊
JENESYS 2018
Japan-ASEAN Youth Sports Exchange(Rugby)
ဂျပန်နိုင်ငံသို့ မေဂျာကိုယ်စားပြု
ရတနာပုံတက္ကသိုလ်ကိုယ်စားပြု
မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ခွင့်ရရှိခဲ့သူအဖြစ်လည်းကောင်း

(၂၀၁၈-၂၀၁၉)ပညာသင်နှစ်တွင်
ရတနာပုံတက္ကသိုလ်လက်ရွေးစင်အဖြစ် ပြန်လည်ရွေးချယ်ခံရသည်။

Address

KAMMA
Pakokku

Telephone

+959401503345

Alerts

Be the first to know and let us send you an email when ကောင်းဂုဏ်ဟိဏ်း ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ကောင်းဂုဏ်ဟိဏ်း ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း:

Shortcuts

Share