Pakokku Geology Family

Pakokku Geology Family Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pakokku Geology Family, Community College, pakokku university, Pakokku.

💥💥လှူဖို့အတွက် ဖုန်းလေးသေချာဆက်ပေးစေလိုပါတယ်။💥💥ပခုက္ကူ တက္ကသိုလ် ဘူမိဗေဒ ဘာသာရပ်  တွင်ပညာသင်ယူခဲ့သော ကျောင်းသားများဖြစ်က...
28/08/2021

💥💥လှူဖို့အတွက် ဖုန်းလေးသေချာဆက်ပေးစေလိုပါတယ်။💥💥

ပခုက္ကူ တက္ကသိုလ်
ဘူမိဗေဒ ဘာသာရပ် တွင်
ပညာသင်ယူခဲ့သော ကျောင်းသားများဖြစ်ကြသည့် ဆလိုင်း ထန်းတိတ်မာန် နှင့်
ဆလိုင်း ဘွေမာန်နိုင်း တို့သည်
စစ်အာဏာရှင်တို့ရဲ့ မတရားမှုကို ဆန့်ကျင်တော်လှန်ရင်း ဒီမိုကရေစီ တိုက်ပွဲအတွင်း မြင့်မြတ်စွာ
ကျဆုံးသွားခဲ့သည်မှာ တစ်လပြည့်မြောက်ခဲ့ပြီ
ဖြစ်ပါသည်။ သို့ဖြစ်ပါသဖြင့် ကျဆုံးခဲ့သောကျောင်းသားတို့အတွက် ကုသိုလ်အစုစုပြုလုပ်ရန်အတွက် အောက်ပါ သူများထံ ဆက်သွယ်၍ ကူငွေထည့်ဝင်နိုင်ပါသည်။

ကိုထန်းလှေ့-09965560230

ကို ထက်အောင်ရှိုင်း - 09979359428

U Khaing Htan Za Gyin-
09458023619

💥💥လှူဖို့အတွက် ဖုန်းလေးသေချာဆက်ပေးစေလိုပါတယ်။💥💥

(နယ်မြေ အခြေနေမငြိမ်သက် မှု့များနှင့် ကျန်းမာရေးအခြေနေများကြောင့် ကုသိုလ်အစုစုပြုလုပ်‌ေပးရန်အတွက် ကူငွေကောက်ခံခြင်း စီစဉ်ကို ဆိုင်းငံထားခဲ့ ရသည့်အတွက်လည်း နားလည်​​ ပေးစေလိုပါကြောင်းဘူမိဗေဒမိသားစုမှ ညိုးငယ်စွာ တောင်းပန်အပ်ပါတယ်ခင်ဗျာ )

ဘူမိ‌ဗဒေ မိသားစု
ပခုက္ကူ တက္ကသိုလ်

၂၂.၂.၂၀၂၁ #ဘူမိဗေဒညီအကိုမောင်နှမရောင်းရင်းအပေါင်းတို့မနက်ဖန်(22.2.2021)နံနက် (8) နာရီ အရောက် သီဟိုရှင်ဘုရားကြီးရှေ့ #မြန...
21/02/2021

၂၂.၂.၂၀၂၁

#ဘူမိဗေဒညီအကိုမောင်နှမရောင်းရင်းအပေါင်းတို့
မနက်ဖန်(22.2.2021)နံနက် (8) နာရီ အရောက် သီဟိုရှင်ဘုရားကြီးရှေ့

#မြန်မာနိုင်ငံလုံးဆိုင်ရာစစ်အာဏာရှင်စနစ်တော်လှန်ရေး
( ၂ ) ငါးလုံး ပြည်လုံးကျွတ်သပိတ်ကို
ပြည်သူ့စစ်ကြောင်းနှင့်အတူပူပေါင်း၍ ဆန္ဒဖော်ထုတ်သွားကြမှာဖြစ်ပါတယ်။

#ဘူမိသွေးဘယ်တော့မှမရိုင်းစေရပဲ Generation- X,Y,Z ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်အား အမြစ်ပျက်ခြေမှုန်းမယ့် သမိုင်းဝင်တိုက်ပွဲ မှာ ပါဝင်ကြစို့။

#စစ်အာဏာစနစ်မုချကျဆုံးရမည်။
#ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်‌ပေါ်ပေါက်ရေး။
#ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်များခြွင်းချက်မရှိလွှတ်ပေးရေး။
#၀န်ထမ်းအားလုံးCDMမှာပူးပေါင်းပါဝင်ရေး။
#ဘူမိသွေးတို့ရဲကြမည်။

# #စစ်အာဏာရှင် စနစ်ကို ရဲရဲဝံဝံတွန်းလှန်ကြ

အာဇာနည်ရဲဘော် မမြသွဲ့သွဲ့ ခိုင်အား ဂုဏ်ပြုဦးညွှတ်ပါသည်။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၉)ရက်၁။ ၉-၂- ၂၀၂၁ ရက်နေ့က နေပြည်တော် သ...
19/02/2021

အာဇာနည်ရဲဘော် မမြသွဲ့သွဲ့ ခိုင်အား ဂုဏ်ပြုဦးညွှတ်ပါသည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၉)ရက်

၁။ ၉-၂- ၂၀၂၁ ရက်နေ့က နေပြည်တော် သပြေကုန်းအဝိုင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုတွင် သေနတ် ဖြင့် ဦးခေါင်းအား ပစ်ခတ်ခံခဲ့ရသော မမြသွဲ့သွဲ့ခိုင် အသက်(၁၉)နှစ်သည် ယနေ့ ၁၉-၂-၂၀၂၁ ရက် နံနက် ၁၁း၀၅ နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ပြီး ဖြစ်သည့်အတွက်
ပခုက္ကူ တက္ကသိုလ်ဘူမိဗေဒမိသားစုအနေဖြင့်
ရဲဘော် မမြသွဲ့သွဲ့ခိုင်အား အာဇာနည်တစ်ဦးအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်လျက် ဦးညွှတ် အလေးပြုပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
၂။ နိုင်ငံ့ဝန်ထမ်းများ၊ လူငယ်ကျောင်းသားများ၊ ပြည်သူများ အနေဖြင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကို တရားမဝင် စစ်ကောင်စီအား ဖယ်ရှားနိုင်သည်အထိ အရှိန်မြှင့်တင် ဆင်နွှဲကြပါရန် တိုက်တွန်းပါသည်။
ဘူမိဗေဒ မိသားစု
ပခုက္ကူ တက္ကသိုလ်

15/02/2021

#ပခုက္ကူနှင့်အနီး ဘူမိဗေဒ(GEOLOGY)
ညီအကိုမောင်နှမများခင်ဗျား

ကျွန်တော်တို့ ပခုက္ကူဘူမိဗေဒ
မိသားစုဝင်များအနေဖြင့်
အာဏာသိမ်းစစ်အစိုးရအပေါ်
လုံးဝ ကန့်ကွက်ဆန့်ကျင်ပြီးဖြစ်ပါသည်

သို့ရာတွင်
ကျွန်တော်တို့ ပခုက္ကူဘူမိဗေဒ
မိသားစုဝင်များအနေဖြင့်
မနက်ဖြန် (16 . 2 . 21) အင်္ဂါနေ့တွင်
ပခုက္ကူဘူမိဗေဒမိသားစုအနေဖြင့်
လူထုအလွှာပေါင်းစုံ
စစ်အာဏာရှင်သပိတ်စစ်ကြောင်းနှင့်ပူးပေါင်း၍ စစ်ကြောင်းထွက်
ဆန့်ကျင်ဆန္ဒပြသွားမည်ဖြစ်ပါသည်
သို့ဖြစ်ပါ၍
မနက်ဖြန် နံနက် 8:00 အချိန် တွင်
အလယ်တိုက်ရှေ့တွင် လာရောက်စုရုံးပေးပါရန်
အလေးအနက်ထားတိုက်တွန်းအပ်ပါသည်
#ပခုက္ကူနှင့်အနီးဘူမိဗေဒမိသားစုဝင်အပေါင်းတို့ခင်ဗျား
#စစ်အာဏာရှင်စနစ်လုံးဝမုချကျဆုံးရမည်
#အရေးတော်ပုံအောင်ရမည်

(16.2.2021)
#အင်္ဂါနေ့(နံနက် 8:00 ) အရောက်
အလယ်တိုက်ရှေ့

#အတတ်နိုင်ဆုံး ရိုးရိုးအဖြူရောင်များ နှင့် Geology Field coat များ Geology logo ပါ အင်္ကျီများ ကျေးဇူးပြု၍ ဝတ်ဆင်လာခဲ့ပေးကြပါ🙏

ပခုက္ကူတက္ကသိုလ်ဘူမိဗေဒ မိသားစုသပိတ်စစ်ကြောင်း #အာဏာရှင်စစ်အစိုးရမုချကျရှုံးရမည်
14/02/2021

ပခုက္ကူတက္ကသိုလ်ဘူမိဗေဒ မိသားစု
သပိတ်စစ်ကြောင်း
#အာဏာရှင်စစ်အစိုးရမုချကျရှုံးရမည်

13/02/2021



သို့ရာတွင်
မနက်ဖြန် (14 . 2 . 21) တနင်္ဂနွေနေ့ မှ စ၍
လူထုအလွှာပေါင်းစုံ
သို့ဖြစ်ပါ၍
မနက်ဖြန် နံနက် 7:30 အချိန် တွင်
ပေါက်လမ်း နှင့် မြိုင်လမ်းဆုံ သို့လာရောက်
ပူးပေါင်းကြပါရန်

(14.2.2021)
#တနင်္ဂနွေနေ့(နံနက် 7:30 )
ပေါက်လမ်း နှင့် မြိုင်လမ်းဆုံ
(ယမုံနာ လက်ဘက်ရည်ဆိုင် အနီး)


12/02/2021


ကျွန်တော်တို့ ပခုက္ကဘူမိဗေဒ မိသားစုဝင်များအနေဖြင့်
အာဏာသိမ်းစစ်အစိုးရအပေါ် လုံးဝ ကန့်ကွတ်ဆန့်ကျင်ပြီးဖြစ်ပါသည်
မနက်ဖြန် 13.2.21စနေနေ့မှစ၍
လူထုအလွှာပေါင်းစုံစစ်အာဏာရှင်သပိတ်စစ်ကြောင့်နှင့်ပူးပေါင်း၍
သို့ဖြစ်ပါ၍ မနက်ဖြန် နံနက် 7:30အချိန် တွင်
အလယ်တိုက်ရှေ့သို့လာရောက်ပူးပေါင်းကြရန်
ပခုက္ကူဘူမိဗေဒမိသားစုဝင်အပေါင်းတို့ခင်ဗျား

ယနေ့(၉-၂-၂၀၂၁) နေ့ ၊ နေပြည်တော်အကြမ်းမဖက်ဆန္ဒပြပွဲတွင် စစ်အာဏာရှင်အစိုးရ​၏ လက်ပါးစေ အကြမ်းဖက်ရဲမှူးမိစ္ဆာလက်ချက်ကြောင့် ကျ...
09/02/2021

ယနေ့(၉-၂-၂၀၂၁) နေ့ ၊ နေပြည်တော်အကြမ်းမဖက်ဆန္ဒပြပွဲတွင် စစ်အာဏာရှင်အစိုးရ​၏ လက်ပါးစေ အကြမ်းဖက်ရဲမှူးမိစ္ဆာလက်ချက်ကြောင့် ကျဆုံးခဲ့သော ကျွန်ုပ်တို့​၏ ရဲဘော် မမြတ်သက်သက်ခိုင်အတွက် ကျောင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် အလွန်ပင်ခံပြင်း၍ ဝမ်းနည်းကြေကွဲမိပါသည်။
ကျွန်ုပ်တို့​၏ နာကျည်းချက်များနှင့်အတူ ကမ္ဘာတည်သရွေ့ ဒီမိုကရေစီတိုက်ပွဲကို အနိုင်ရရှိအောင်ဆက်လက်ကြိုးပမ်းသွားပါမည်။
ရဲဘော်မမြတ်သက်သက်ခိုင်​၏ ဝိညာဉ်သည် သူရဲကောင်းတို့လားရာ ကောင်းသောသုဂတိသို့ရောက်ပါစေ။

ယနေ့9.2.2021ပခုက္ကူမြို့အထွေထွေသပိတ်စစ်ကြောင်း၌ပူးပေါင်းပါဝင်ဆန္ဒပြခဲ့ကြသောပခုက္ကူတက္ကသိုလ်မှ ဆရာ၊ဆရာမများ နှင့်ဝန်ထမ်းများက...
09/02/2021

ယနေ့9.2.2021
ပခုက္ကူမြို့အထွေထွေသပိတ်စစ်ကြောင်း၌
ပူးပေါင်းပါဝင်ဆန္ဒပြခဲ့ကြသော
ပခုက္ကူတက္ကသိုလ်မှ ဆရာ၊ဆရာမများ နှင့်ဝန်ထမ်းများကို
ကျွန်တော်တို့ပခုက္ကူတက္ကသိုလ်ဘူမိဗေဒ
ကျောင်းသားသူများနှင့်ကျောင်းသားဟောင်းများမှ
ဂုဏ်ယူအားရဝမ်းသာမိပါကြောင်းနှင့်
လေးစားစွာဂုဏ်ပြု‌အပ်ပါသည်ခင်ဗျာ💪💪✊👏👏
ဆရာ၊ဆရာမများကျန်းမာဘေးကင်းကြပါစေ

08/02/2021

လှုပ်ရှားမှုတွင်မပါဝင်ရသေးသောဆရာဆရာမများကိုသာပါဝင်စေရန်တိုက်တွန်းပြောဆိုခြင်းဖစ်ပါသည် ဆရာကိုစော်ကားခြင်းမဟုတ်သလို ဂုဏ်အတွက်လဲပြောဆိုခြင်းမဟုတ် စနစ်တစ်ခုကိုတော်လှန်ဖို့အရမ်းနည်းလွန်းလှသောပူးပေါင်းပါဝင်မှုကြောင့်သာပြောဆိုခြင်းဖစ်သည်
ပါဝင်လှုပ်ရှားထားသော ဆရာ/ဆရာမများအပေါ်
ထိခိုက်စေသည့်အသုံးအနှုန်းပါသွားခဲ့သည့်အတွက်လဲတောင်းပန်အပ်ပါသည် ။

ပခုက္ကူတက္ကသိုလ် ဘူမိဗေဒ အထူးပြု ကျောင်းသား/သူ များ၏ ဆန္ဒသဘောထားအားထုတ်ပြန်လိုက်သည်
05/02/2021

ပခုက္ကူတက္ကသိုလ် ဘူမိဗေဒ အထူးပြု
ကျောင်းသား/သူ များ၏
ဆန္ဒသဘောထားအားထုတ်ပြန်လိုက်သည်


ပခုက္ကူတက္ကသိုလ် ဘူမိဗေဒ ကျောင်းသား/သူ များအနေဖြင့်   ပြုလုပ်နေကြသောအစိုးရဝန်ထမ်းများအားထောက်ခံ​ကြောင်းနှင့် စစ်အာဏာသိမ်...
05/02/2021

ပခုက္ကူတက္ကသိုလ် ဘူမိဗေဒ ကျောင်းသား/သူ များအနေဖြင့်
ပြုလုပ်နေကြသောအစိုးရဝန်ထမ်းများအားထောက်ခံ​ကြောင်းနှင့် စစ်အာဏာသိမ်းမှူကိုရှုံ့ချသော လှုပ်ရှားမှုနှင့် စာထုပ်ပြန်ရန်
ကျောင်းသား/သူ အများရဲ့သဘောထားကိုသိရှိရန်လိုအပ်ပါသည် ပူပေါင်းပါဝန်ပေးကြပါရန်ဖိတ်ခေါ်ပါသည်

Address

Pakokku University
Pakokku

Website

Alerts

Be the first to know and let us send you an email when Pakokku Geology Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share