11/12/2025
၂၀၂၆ နွေရာသီအတွက် ဆိုကွန်မှာ ရွေးချယ်တက်ရောက်လို့ရတဲ့ အင်္ဂလိပ်စာသင်တန်းအမျိုးအစား၃မျိုးရှိပါတယ်။
ပထမဆုံးအနေနဲ့က အထူးတန်း တွေ ဖြစ်ပါတယ်။
ဆိုကွန်ရဲ့ အထူးတန်းတွေက ကျွန်တော့်ရဲ့ Signature Class တွေ ဖြစ်ပါတယ်။ State School ရဲ့ textbook ကို အသုံးပြုပြီး ကျောင်းသားတွေရဲ့ English Proficiency Level လျင်မြန်စွာတိုးတက်လာအောင် သင်ပေးနိုင်တာကြောင့် အဖေဆိုကွန်ဆရာကြီးခေတ်ကနေ ဆရာချစ်ခေတ်အထိ တော်တဲ့ထူးချွန်တဲ့ ကျောင်းသားတွေ ထွက်ပေါ်ဖို့ စိတ်အချရဆုံး အတန်းတွေဖြစ်ပါတယ်။ တနှစ်လုံးနွေရာသီမှာ တခါတည်း ဖွင့်ပါတယ်။
G4 ကနေ G10 ထိ ရှိပါမယ်.. နွေမှာ သုံးလ တခါတက်လိုက်ရုံနဲ့ ကြိုးစားတဲ့ ကျောင်းသားတွေ ဥာဏ်ထက်မြက်သော ကလေးတွေ အတွက် တနှစ်ပတ်လုံး English နဲ့ ပတ်သက်ရင် စိတ်ချရစေသော အတန်းများဖြစ်ပါတယ်။
ဒုတိယအနေနဲ့က Grammar Basic Class များ ဖြစ်ပါတယ်။ အခြေခံလို့သာ နာမည်တပ်ထားတာ အခြေခံထက်ပိုသော အဆင့်မြင့်သဘောတရားများကို အခြေခံနဲ့ ချိတ်ဆက်သင်ကြားပေးသော အတန်းများဖြစ်ပါတယ်။ Primary, Middle, High School ဆိုပြီး level ၃ခု ခွဲထားပါတယ်။ Level ၂ခု လောက်ပြီးထားရုံနဲ့ Grade 12 လောက်ထိ English ကို ကြောက်စရာမလိုတော့တဲ့အထိ အစွမ်းထက်ပါလိမ့်မယ်။
တတိယအနေနဲ့က ဒီနှစ်မှ စတင်တဲ့ လုံး၀အစီအစဥ်အသစ်ဖြစ်ပါတယ်။ Cambridge English Class များ ဖြစ်ပါတယ်။ English Speaking ကိုပဲ ကျွမ်းကျင်ချင်တာဆိုသော မိဘများအတွက် ဖြစ်ပါတယ်။ 80% လောက် English လိုပြောပြီးသင်ပါမယ်။ ဒီနွေမှာတော့ Starters, Movers, Flyers ၃မျိုးပဲ စပါမယ်.. ကျောင်းဖွင့်ချိန်ရောက်ရင် Starters,Movers,Flyers အပြင် KET နဲ့ PET level အတွက်ပါထပ်ဖွင့်ပါမယ်။
December လ ကတည်းက ကြိုတင်အပ်နှံမယ့် ဆိုကွန်ရဲ့ အမာခံကျောင်းသား တွေအတွက် Discount တွေကို ၂သောင်းကနေ ၇သောင်းအထိ ပေးထားပါတယ်။ အခုအထိ အတန်းအမျိုးစုံအတွက် အပ်ပြီးကြတာတောင် Registration Number 60 လောက်ရောက်နေပါပြီ။ ကျောင်းအပ်နှံတဲ့အစဥ်လိုက်အတိုင်း ခုံနေရာချထားတာကို သိကြတာမို့လို့ စလက်ခံတဲ့ ဒီဇင်ဘာတရက်နေ့တုန်းကဆို မနက် ၇နာရီ၄၅ လောက်ကတည်းက အပြေးအလွှားလာအပ်ပေးကြလို့ အံ့သြ၀မ်းသာရသလို မိဘတွေနဲ့ ကျောင်းသားတွေရဲ့ ယုံကြည်မှုအတွက် ကျေးဇူးလည်းအရမ်းတင်ရပါတယ်။
For more information
Call - Saya Chit (SOCOM)
IELTS Overall Band 8 Achiever
(Band 9 in Reading & Listening)
09 7965 222 73