Chin Student Union - Pakokku

Chin Student Union - Pakokku

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chin Student Union - Pakokku, Pakokku.

01/08/2021

🥴

Photos from Chin Student Union - Pakokku's post 06/07/2021

"၇.၇.၆၂ မမေ့ကြနဲ့"
“ရန်ကုန်တက္ကသိုလ်ထဲတွင်ကျောင်းသားရာကျော်အသတ်ခံရတဲ့သမိုင်း(သို့)ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ”

၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအမည်ခံသည့် အာဏာသိမ်းမှုကို မတ်လ (၄) ရက်တွင် တကသ၊ ရကသ၊ ဗကသ တို့မှ ကန့်ကွက်ကြောင်း ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့ကြသည်။ သို့သော် မတ်လ (၆) ရက်နေ့တွင် ဗကသများအဖွဲ့ချုပ် ခေါင်းဆောင် ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် ဗကသများအဖွဲ့ချုပ်က အမှုဆောင် အစည်းအဝေးခေါ်ယူ၍ ဥက္ကဌ ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဌ ကိုသက်ကို ဥက္ကဌ တင်မြောက်လိုက်ကြသည်။ ထို့နောက် တော်လှန်ရေးကောင်စီကို ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၆၂ ခုနှစ် မေလ(၉) ရက်နေ့တွင် ဒတ်ခ်ျသံရုံး ဆန္ဒပြမှုကြောင့် တပ်ဦးမှ ကိုမြသန်း၊ ကိုသက်၊ ကိုသာဘန်း၊ ကိုဇော်ဝင်း တို့ အဖမ်းခံခဲ့ရသည်။

ထိုနေ့တွင်ပင် တော်လှန်ရေးကောင်စီမှ ဥပဒေအမှတ် (၃) နှင့် (၄) ကို ထုတ်ပြန်၍ ရန်ကုန် နှင့် မန္တလေး တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းခဲ့သည်။ ထို ဥပဒေ (၃) နှင့် (၄) တွင် ရန်ကုန်နှင့် မန္တလေးမှ လွဲ၍ အားလုံး အတူတူပင် ဖြစ်သည်။ ထို့အပြင် မေလ (၁၀) တွင် ဗိုလ်ချုပ်ကြီးနေဝင်း က တက္ကသိုလ်ကောင်စီဝင်များကို ဒဂုံရိပ်သာသို့ခေါ်၍ (၁) ဆရာများ အကျင့်ပျက်သည်။ (၂) ကျောင်းသားများကြား နိုင်ငံရေး ပယောဂများဝင်သည်ဟု စွပ်စွဲကာ အစိုးရကိုယ်စားလှယ်၊ စီးပွားရေးအဖွဲ့များမှ ကိုယ်စားလှယ်၊ တက္ကသိုလ် ဌာန အသီးသီးမှ ပါမောက္ခများနှင့် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်အချို့ ပါဝင်သော တက္ကသိုလ် အမှုဆောင်ကောင်စီကို ဖျက်သိမ်းခဲ့သည်။

ထိုလုပ်ရပ်အား တက္ကသိုလ် အုပ်ချုပ်ရေးအား တော်လှန်ရေးကောင်စီမှ ထပ်မံ အာဏာသိမ်းခြင်းဖြစ်ကြောင်း သမဂ္ဂမှ အပြင်းအထန်ဝေဖန်ခဲ့သည်။ မေလ (၁၁) ရက်နေ့တွင် တက္ကသိုလ်နှင့် ဥပစာကောလိပ်မှ ဥပစာသိပ္ပံ (ခ) တန်းအောင် ကျောင်းသားကျောင်းသူများသည် သက်ဆိုင်ရာဘာသာရပ်များတွင် အနည်းဆုံး ရမှတ် (၅၀) ရှိ၍ ဖြေဆိုသော ဘာသာရပ်အားလုံး၏ ပျမ်းမျှ အမှတ်သည် (၅၀%) ရမှသာ ဆေးသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံ၊ သစ်တောရေး မဟာဌာန တို့ ၌ ဆက်လက်ပညာသင်ကြားခွင့် ရှိမည်ဖြစ်ကြောင်း တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်နေဝင်းက ကြေညာခဲ့သည်။ ကျောင်းများပြန်ဖွင့်သောအခါတွင်လည်း အဆောင်စည်းကမ်းများကို ချမှတ်ဖို့ တက္ကသိုလ်ကောင်စီအား အမိန့်ပေးခဲ့သည်။ ထိုအခါ ပါမောက္ခချုပ် ဒေါက်တာသာလှက လက်မခံ၍ မေလ (၁၁)ရက်နေ့မှာပင် တောလှန်ရေးကောင်စီမှ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာလှကို နုတ်ထွက်စေခဲ့သည်။ မြန်မာစာပါမောက္ခ ဦးအေးမောင် အငြိမ်းစားယူခဲ့သည်။ ဦးဝန် (မင်းသုဝဏ်) လည်း ဌာနပြောင်းခဲ့သည်။ မေလ (၁၂) ရက်နေ့တွင်လည်း ရန်ကုန်တက္ကသိုလ် အဆောင်မှူးအချို့နှင့် လက်ထောက် အဆောင်မှူးအချို့ နှုတ်ထွက်ခဲ့သည်။

တက္ကသိုလ်ကောင်စီ

၁၉၆၂ ခုနှစ် မေလ (၁၄) ရက်တွင် တော်လှန်ရေးကောင်စီက အမိန့်အမှတ် (၃၈) အား ထုတ်ပြန်၍ တက္ကသိုလ်ကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုတက္ကသိုလ်ကောင်စီတွင် အဓိပတိအဖြစ် ဗိုလ်မှူးချုပ် သန်းဖေ၊ အဖွဲ့ဝင်အဖြစ် ဗိုလ်မှူးချုပ် စန်းယု၊ ဗိုလ်မှူးကြီး တင်စိုး၊ ဗိုလ်မှူးကြီး သန်းစိန် တို့ ပါဝင်ပါသည်။ ၎င်းတို့ အလိုကျ တင်းကြပ်သော အဆောင်စည်းကမ်းများကို ထုတ်ပြန်ပေးမည့် ၅၈ ခု အိမ်စောင့်အစိုးရခေတ် ပညာရေးဝန်ကြီးဟောင်း ဦးကာကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ မေလ (၂၂) ရက်နေ့တွင် ဗိုလ်မှူးချုပ်သန်းဖေ နှလုံးရောဂါနှင့် ကွယ်လွန်၍ ၎င်းနေရာအား ဗိုလ်လှဟန် တက်လာသည်။ ဇွန်လ (၁၇) ရက်နေ့ ဒဂုံရိပ်သာတွင် တက္ကသိုလ်ကောင်စီအစည်းအဝေးပွဲ ကျင်းပခဲ့သည်။ ထို့နောက် ဇွန်လ (၁၈) ရက်တွင် ကျောင်းဆောင်နေ ကျောင်းသားများကို မတရားချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်း (၂၂) ချက်ကို ထုတ်ပြန်ခဲ့သည်။ ထို စည်းကမ်း (၂၂) ချက်တွင် ပါဝင်သော အချက်များမှာ - ကျောင်းဝင်ခွင့် နှင့် အဆောင်နေခွင့်ရရေးတို့အတွက် လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ထောက်ခံချက်နှင့် လျှောက်ရမည်။ မိဘအုပ်ထိန်းသူ၏ ဝန်ခံကတိပေးချက်နှင့် ကျောင်းအပ်ရမည်။ သက်သက်လွတ်စားသူများ အား တစ်ရက် နှစ်ရက် မဟုတ်ဘဲ၊ တစ်နှစ်ပတ်လုံးစားမှသာ ခွင့်ပြုမည်။ အဆောင်နေကျောင်းသားများ အနေဖြင့် မနက်စာကို မနက် (၇) နာရီ မှ (၁၀) နာရီ သတ်မှတ်ထား၍ မနက်စာအား မဖြစ်မနေ စားရမည် ဟု စည်းကမ်းသတ်မှတ်ထားသည်။ ထို့ပြင် ည (၈) နာရီထိုးလျှင် အဆောင်အတွင်း၌ ရှိနေရန်၊ သုံးကြိမ်ပျက်ကွက်ပါက အဆောင်မှ ထုတ်ရန်၊ အဆောင်မှူး (သို့) လက်ထောက်အဆောင်မှူး စစ်ဆေးချိန်တွင် မိမိအခန်းတွင်းရှိရန်၊ မရှိပါက အရေးယူရန် စသည့် ကျောင်းနှင့် မအပ်စပ်သော စည်းကမ်းများကို ချမှတ်လာသည်။ ထို့ကြောင့် ကျောင်းသားထုကြား မကျေနပ်မှုများ တစစ တိုးပွားလာခဲ့သည်။

စတင်ဖြစ်ပွားပုံ

ထို့ကြောင့် ဇူလိုင်လဆန်းမှစ၍ အဆောင် အချို့တွင် သဟာယနှင့် စာဖတ်အသင်း အမှုဆောင်သစ် ရွေးပွဲများနှင့် တွဲကာ ကျောင်းသားထု အစည်းအဝေးပွဲများ ကျင်းပခဲ့ကြသည်။ ကျင်းပခဲ့သော ကျောင်းသားထု အစည်းအဝေးတိုင်းတွင်လည်း ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းများအား ကန့်ကွက်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၆၂ ခု ဇူလိုင်လ (၃) ရက်တွင် ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ (ရကသ) ကြီးမှူးပြီး သမဂ္ဂ ခန်းမတွင် ကျောင်းသားထု အစည်းအဝေးတရပ် ကျင်းပကာ ကမောက်ကမ ပညာရေးစနစ် ဖျက်သိမ်းရေးနှင့် မတရား အဆောင်စည်းကမ်းများအား ရုပ်သိမ်းပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်။

ထိုဆန္ဒပြပွဲတွင် ရကသဥက္ကဌ ကိုဖိုးထင်က သဘာပတိအဖြစ် အဟန့်အတားများကြားမှ ဆန္ဒပြပွဲကျင်းပရခြင်း အကြောင်း မိန့်ခွန်းပြောကြားသွားပြီး၊ ဗကသများ အဖွဲ့ချုပ် ဥက္ကဌ ကိုသက် နှင့် တကသခေါင်းဆောင် ကိုဗဆွေလေး တို့က ဆန္ဒပြပွဲကို ထောက်ခံကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။ ဇူလိုင်လ (၅) ရက်နေ့တွင် သမဂ္ဂကြီး (၃) ခုမှ ကြီးမှူး၍ ဒတ်ခ်ျသံရုံးရှေ့ ဆန္ဒပြပွဲကျင်းပသောအခါ ပုဂ္ဂိုလ်ရေးအရ အရေးယူခဲ့သည်။ ထိုလုပ်ရပ်သည် သမဂ္ဂကို သေးသိမ်အောင်လုပ်သည်ဟု သမဂ္ဂမှယူဆခဲ့သည်။ ထို့ကြောင့် ကျောင်းသားများက ကန့်ကွက်ကြပြန်သည်။

ဇူလိုင်လ (၆) ရက်နေ့တွင် တော်လှန်ရေးကောင်စီက တက္ကသိုလ်ဆီးနိတ်နှင့် ကျောင်းဆောင်ကော်မတီကို သူတို့စိတ်တိုင်းကျ ပြင်ဆင်ဖွဲ့စည်းခဲ့ကြပြန်သည်။ ဇူလိုင်လ (၆) ရက်နေ့ ရွှေဘိုဆောင် အစည်းအဝေးတွင် ကန့်ကွက်သည်ဟု ဆုံးဖြတ်ရုံမကတော့ဘဲ ကြွေးကြော်သံများအော်ဟစ်၍ အဆောင် အပြင်ထွက် လှည့်လည် ဆန္ဒပြပါတော့သည်။ ထိုအခါ အနီးအနားရှိ အဆောင်များမှ ကျောင်းသားများပါ ထွက်လာကြပြီး လာရောက်ပူးပေါင်းကြသဖြင့် ဆန္ဒပြလူအုပ်ကြီးသည် ကြီးမားလာလေသည်။ ညအချိန်တွင် မကြေနပ်မှုများနှင့် တက်ကြွနေကြသော ကျောင်းသားထုကြီးသည် အဆောင်များအား ကာရံထားသော အကာအရံ နှင့် သံတံခါးများအား ရိုက်ချိုးလိုက်ကြသည်။ ထိုလူအုပ်ကြီးသည် ပြည်၊ ပုဂံ၊ တကောင်း အဆောင်များအထိ လှည့်လည်ဆန္ဒပြခဲ့ကြသည်။ ထိုညတွင် မိန်းကလေးဆောင်များမှလွဲ၍ ကျန်အဆောင်များအားလုံးပါဝင်ခဲ့ကြသည်။ ထို့နောက် မကျေမနပ်ဖြစ်နေသော ကျောင်းသားများ စုပေါင်း၍ တက္ကသိုလ် အုပ်ချုပ်ရေးမှူး ဦးယုခင် အိမ် နှင့် ပါမောက္ခ ဦးကာ၏ အိမ်တို့ကို ဝိုင်းကာဆန္ဒပြ ဟစ်ကြွေးခဲ့ကြသည်။ ထိုဆန္ဒပြပွဲသည် နောက်တနေ့တွင် တကသမှ ကျင်းပမည့် ကျောင်းသားထု ဆန္ဒပြပွဲအတွက် လှုံ့ဆော်ပေးသကဲ့သို့ဖြစ်သွားပါတော့သည်။

အခင်းဖြစ်ပွားရသည့် အဓိကကြောင်းအရင်း

ဇူလိုင်လ (၇) ရက်နေ့ နေ့လည် တနာရီတွင် သမဂ္ဂအစည်းအဝေးခန်း၌ ကျောင်းသားထုအစည်းအဝေး ကျင်းပသည်။ ကိုဗဆွေလေးက ဥက္ကဌ အဖြစ်တာဝန်ယူသည်။ ထိုအစည်းအဝေးမှ ကျောင်းသားများကို ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းအမျိုးမျိုးကို ကန့်ကွက်ကြောင်း တခဲနက် ဆုံးဖြတ်ခဲ့ကြသည်။ တက္ကသိုလ် အက်ဥပဒေများ ရုတ်သိမ်းခဲ့ခြင်းကိုလည်း ကန့်ကွက်ခဲ့ကြသည်။ ထို့နောက် အစည်းအဝေးအပြီးတွင် သမဂ္ဂရှေ့မှ စတင်၍ ကျောင်းဝင်းအတွင်း၌ပင် ကြွေးကြော်သံများ ကြွေးကြော်ကာ လှည့်လည် ဆန္ဒပြခဲ့ကြသည်။ ဘွဲ့နှင်းသဘင်ရှေ့၌ ငြိမ်းငြိမ်းချမ်းချမ်းပင် လူစုခွဲလိုက်ကြသည်။ ထိုသို့လူစုခွဲပြီးနောက် နေ့လည် (၂) နာရီခွဲ အချိန်လောက်တွင် ရဲကား (၂) စီး တကသထဲသို့ ဝင်လာလေသည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်တွေက တကသ ဥက္ကဌ ကိုဗဆွေလေး၊ ဗကသ ဥက္ကဌ ကိုသက်၊ ရကသ အတွင်းရေးမှူး ကိုဥာဏ်ဝင်း အပါအဝင် ကျောင်းသားခေါင်းဆောင်များကိုဖမ်းဆီးလိုက်ပါသည်။

ကျောင်းသားများလည်း ကြောင်ကြည့်နေကြရာမှ ရဲကားဆီသို့ အတင်းပြေးလိုက်ကြသည်။ သို့သော် ရဲကားသည် ချက်ချင်းပင် ပြန်လည်ထွက်ခွာသွားသည်ဖြစ်၍ ကျောင်းသားခေါင်းဆောင်များ ပါသွားသည်။ ကျန်ရဲအချို့သည် တကသကို ဝင်စီးလိုက်ပြီး တချို့က တကသနှင့်ကပ်နေသော ဦးကာအိမ်သို့ ပြေးဝင်နေရာယူလိုက်ကြသည်။ ထိုအချိန်တွင် ကျောင်းသားတို့က အော်ရင်းဟစ်ရင်း လူစုမိသွားသည်။ ကျောင်းသားများသည် အဓိပတိလမ်း တံခါးကြီးကို ပိတ်ပစ်သည်။ ကျောင်းသားတစ်ချို့က သထုံဆောင် ဂိတ်တံခါးကို သော့ခတ်ပြီး ပိတ်လိုက်သည်။ ထို့နောက် ကျောင်းသားများသည် တကသဝင်းထဲဝင်ရန် ကြိုးစားကြသည်။ ဒိုင်းကိုယ်စီ ကိုင်ထားသော ရဲများက တန်းစီပိတ်ဆို့ပြီး ကျောင်းသားများကို နံပတ်တုတ်နှင့် ရိုက်သူကရိုက်၊ မျက်ရည်ယိုဗုံးသေနတ် ကိုင်သောရဲများက မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်ခဲ့သည်။ ကျောင်းသားတစ်ချို့၏ ရင်ဘတ်သို့ထိမှန်ခဲ့၍ လဲသူလဲ ကွဲသူကွဲဖြစ်ကုန်လေသည်။ ကျောင်းသားတွေက လဲကျသူတချို့ကို မချီသွားပြီး၊ ကျန်ကျောင်းသားထုက ရဲများကို ဖိတိုက်လေတော့သည်။ ခဲများ၊ ပုလင်းများ၊ တုတ်များ စသည့် ရရာလက်နက်များနှင့် ရဲများကို ပစ်ခတ်တိုက်ခိုက်ကြတော့သည်။ ကျောင်းသားအင်အားထု များလာသဖြင့် ရဲများ၏တိုက်ခိုက်မှုကို မမှုတော့ဘဲ တိုး၍တိုး၍ တိုက်ခိုက်ကြလေတော့သည်။ ရဲများလည်း အထိနာလာလေသည်။ ကျောင်းသားများလည်း သွေးရဲရဲ သံရဲရဲဖြစ်လာလေသည်။

ပစ်ခတ်မှုမဖြစ်ခင်အချိန်

တောင်ငူဆောင်၊ ဒဂုံဆောင်၊ မန္တလေးဆောင်၊ ရွှေဘိုဆောင် တို့က ကျောင်းသားများမှ တောင်ငူဆောင်နှင့် ဒဂုံဆောင် လမ်းကြားအတိုင်း ထွက်လာသောအခါ ပါမောက္ခ ဦးကာ၏ အိမ်ရှေ့မှ ရဲများကို ဒုတိယစစ်မျက်နှာ ဖွင့်၍တိုက်သည့်သဖွယ် ဖြစ်သွားသဖြင့် ရဲများ ပိုအရေးနိမ့်လာပြီး တကသရှိ ရဲများဆီသို့ သွားပေါင်းကာ ပြန်တိုက်ကြသည်။ ဒဏ်ရာ အပြင်းအထန် ရသော ကျောင်းသားများကို အဆောင်များဆီသို့ ပြန်၍သယ်ယူခဲ့ကြသည်။ ၎င်းတို့ကို မြင်ရသောအခါ ကျောင်းသားများ စိတ်ပိုမို လှုပ်ရှားခံပြင်းလာခဲ့ကြသည်။ ကျောင်းသားထုကလည်း များသထက်များ လာလေသည်။ ရဲများက မျက်ရည်ယိုဗုံးများ ပေါပေါများများသုံးကာ ကျောင်းသားထုကို ဖြိုခွင်းပါသော်ငြားလည်း ဘဝတူ ကျောင်းသားများ၏ သွေးကို မြင်ကြသောအခါ မိမိထိခိုက်ဒဏ်ရာရမည်ကို မမှုတော့ချေ။ ကျောင်းသားများ၏ စိတ်ဓါတ်ကို ချိုးနှိမ်မရသည့်အဆုံးတွင် ရဲများသည် အဓိပတိလမ်းဂိတ်ဘေး လူဝင် လူထွက်တံခါးကို ဖွင့်၍ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ တကသ အဝိုင်းလေးနားသို့ ထွက်သွားကြတော့သည်။ ထို့နောက် အသင့်လာကြိုနေသော ကားများနှင့် ထွက်ခွါသွားကြတော့သည်။ ထိုအခါတွင် ကျောင်းသားများက အောင်ပွဲခံကာ ဝမ်းသာအားရ အော်ဟစ်ကြပါတော့တယ်။ နေ့လည် (၄) နာရီခန့်တွင်မူကား မည်သည့်နေရာမှ စောင့်ဆိုင်းသည်မှန်း မသိရသည့် တပ်ရင်း (၄) မှ စစ်သားအပြည့်တင်လာသော စစ်ကား (၂) စီး တက္ကသိုလ်ရိပ်သာလမ်းပေါ် ရောက်လာပြီး ဆေးရုံရှေ့မှစ၍ ဓမ္မာရုံထိတိုင်အောင် တပ်ဖြန့်ကာ တက္ကသိုလ် ဝင်းကျင် တခုလုံးကို ပိတ်ဆို့ထားလိုက်လေသည်။

၎င်းစစ်သားများသည် စစ်မြေပြင်တွင် မည်သည့်အခါကမျှ အသုံးမပြုရသေးသည့် ဂျီသရီး (G-3) မောင်းပြန် ရိုင်ဖယ်များကို ကိုင်ဆောင်ထားသည်။ တပ်ရင်း (၄) သည် ဗိုလ်နေဝင်း၏ ကိုယ်ရံတော် အထူးတပ် ဖြစ်သည်။ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှမြင့် နှင့် နာမည်ကျော် သားသတ်သမား ဒုဗိုလ်မှူးကြီး စိန်လွင်တို့ပါ ရောက်ရှိလာကြသည်။ ကျောင်းသားတွေကလည်း ဓမ္မာရုံတည့်တည့် အမရဆောင် ရှေ့မှတံခါးကို ပိတ်လိုက်လေသည်။ တို့ကြောင့် ကျောင်းသား နှင့် စစ်တပ်ကြားတွင် အောက်ခြေ နှစ်ပေခန့် အုတ်မြစ်ပေါ်တွင် အုတ်တိုင် နှင့် သံတိုင်စိုက် ဝင်းထရံသာ ခြားနေတော့သည်။ ထိုအချိန်တွင် အခြေအနေမှာ ငြိမ်သက်သွား၍ ကျောင်းသားများက တက္ကသိုလ် မြက်ခင်းပြင်ပေါ်တွင် ဝိုင်းဖွဲ့ စကားပြောသူကပြော၊ ထိုင်သူကထိုင်၊ ဝရန်တာရှေ့ ထွက်ကြည့်သူကကြည့်နှင့် ပုံသဏ္ဍာန်အမျိုးမျိုးရှိနေကြသည်။ ထို့နောက် တကသအဆောက်အဦး ရှေ့တွင် ဟောပြောပွဲများ ကျင်းပကြပါတော့သည်။ စကားပြောသူပြော၊ လှဲသူ ကလှဲနေကြသည်။

စစ်သားများလည်း အေးအေးဆေးဆေး ဖြစ်သွားသည်။ ထိုသို့ ငြိမ်သက်နေချိန်တွင် နိုင်ငံတော် ကောင်စီဝင် ဗိုလ်မှူးကြီး သန်းစိန် ကားဖြင့်ရောက်လာပြီး တံခါးဝတွင် ဒုဗိုလ်မှူးကြီး လှမြင့်၊ ဒုဗိုလ်မှူးကြီး စိန်လွင် တို့နှင့် ရပ် စကားပြောနေသည်ကို မြင်ကြရသည်။ (၁၀) မိနစ်ခန့် အကြာတွင် ဗိုလ်မှူးကြီး သန်းစိန် ကားနှင့် ပြန်လည် ထွက်ခွာသွားလေသည်။ ဗိုလ်မှူးကြီး သန်းစိန်ထွက်ခွာသွားပြီး မကြာမီတွင်ပင် ဗိုလ်မှူးကြီး မင်းသိန်း ဂျစ်ကားနှင့်ရောက်လာကာ စိန်လွင် လက်ထဲသို့ စာရွက်တရွက် ထည့်ပေးကာ ထွက်ခွာသွားလေသည်။ လှမြင့် နှင့် စိန်လွင် သည် ထိုနေရာရှိ တပ်မှူးများအားခေါ်၍ ခေါင်းချင်းရိုက်တိုင်ပင်လေသည်။ ထို့နောက် တပ်မှူးများက လက်ကို ဝိုင်း၍ သုံးကြိမ် ဝှေ့ရမ်းပြသောအခါတွင် အသင့်နေရာယူထားသော စစ်သားများသည် စစ်မြေပြင်မှ ရန်သူကို ချေမှုန်းသည့်ပမာ မောင်းပြန်ရိုင်ဖယ်များနှင့် မန္တလေးဆောင်၊ ရာမညဆောင် နှင့် အဓိပတိ လမ်းမတလျှောက်ရှိ ကျောင်းသားထုထဲသို့ တရစပ် ပစ်ခတ်ကြလေသည်။

ပစ်ခတ်မှု

ပစ်ခတ်မည်ဟု မထင်မှတ်ထားသော ကျောင်းသားတော်တော်များများသည် မင်သက်မိလျက် နေရာမှာပင် အသက်ပျောက်ခဲ့ရလေသည်။ အချို့မှာလည်း ပြေးရင်းလွှားရင်း ထိမှန်ကုန်ကြသည်။ ကျောင်းသားအချို့ကလည်း နီးစပ်ရာ အဆောင်များပေါ်သို့ တက်ပြေးကြလေသည်။ ထိုသို့တက်ပြေးသူများအား စစ်သားများက ဒူးထောက်၍ မလွတ်တမ်း ပစ်ခတ်သောကြောင့် မန္တလေးဆောင် လှေကားရင်းတွင် အလောင်းချင်းထပ်ခဲ့ရပေသည်။ ဘေးဘက်ရှိ စာကြည့်တိုက် ဝင်းထဲ မှ ရပ်ကြည့်သူများကိုပါ ပစ်ခတ်ခဲ့သောကြောင့် စာကြည့်တိုက်ဝင်းပင်တွင် သေဆုံး ဒဏ်ရာရသူ (၄၀) မျှ ရှိသည်။ မောင်းပြန် သေနတ်များ နှင့် ၃-၄ မိနစ် ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အချို့မှာ သမဂ္ဂ အဆောက်အဦး အတွင်းထဲသို့ ခိုဝင်ကြသည်။ ပြီးနောက် ဒဏ်ရာရကျောင်းသားများကိုပါ သမဂ္ဂအဆောက်အဦးအတွင်းသို့ ရွှေ့ပြောင်းလာကြသည်။

တကသရင်ပြင်ရှေ့ရှိ ဆန္ဒပြ ကျောင်းသားများကို ပစ်ခတ်ခြေမှုန်းပြီးနောက် ကျောင်းဆောင် အခန်းများကို တခန်းခြင်း ဝင်ရောက် ရှင်းကြပြန်သည်။ သို့သော် သမဂ္ဂအဆောက်အဦး ကိုမူကား ဒဏ်ရာရ ကျောင်းသားများကို သယ်ပြီးလျှင် ပြတင်းပေါက်များအားလုံးကို အလုံပိတ်လိုက်တာကြောင့် ဝင်မရှင်းနိုင်ဘဲ ဝိုင်းရုံသာဝိုင်းထားလိုက်ကြရသည်။ ထိုဆန္ဒပြပွဲကြီးကို နှိမ်နင်း ဖြိုခွဲရန်အတွက် “လုံခြုံရေး ကော်မတီ“ ကို ဗိုလ်နေဝင်းက ဖွဲ့ပေးခဲ့ခြင်းဖြစ်သည်။ ထိုကော်မတီကို ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီး သန်းစိန် နှင့် ဒု-ရဲချုပ် ဘအေး တို့ပါဝင်ခဲ့သည်။ ထို ကော်မတီအဖွဲ့ဝင်များသည် အသံလွှင့်ရုံတွင် ရုံးထိုင်ပြီး အနီးကပ် ကွပ်ကဲခဲ့ကြသည်။
ညပိုင်းတွင် ကျောင်းသားများကို ပစ်ခတ်နှိမ်နင်းခဲ့သော စစ်ဗိုလ်ကြီးများသည် နန်ကင်းဟော်တယ်က အစားအသောက်များ မှာယူ၍ အောင်ပွဲခံ စားပွဲသောက်ပွဲ များကျင်းပခဲ့ကြသည်။ ထိုသို စားသောက်အပြီး၌ ဗိုလ်လှဟန် နှင့် ဗိုလ်အောင်ကြီးတို့သည် ဗိုလ်နေဝင်းထံ သတင်းပို့ရန် ထွက်လာခဲ့ကြသည်။ လမ်း၌ အင်းယားကန်ဟော်တယ်အဝင်ဝရှိ ပါမောက္ခဦးကာ အိမ်သို့ဝင်၍ ဦးကာနှင့် ကျောင်းသားဆန္ဒပြမှု အခြေအနေများကို စုံစမ်း၊ ဆွေးနွေးတိုင်ပင် စကားစမြည် ပြောခဲ့ကြသည်။

ထိုအခါ ဗိုလ်လှဟန်က သမဂ္ဂကိုဖောက်ခွဲရန် သူတို့အမိန့်ရထားကြောင်း ပြောသည်။ ထိုအခါ ဗိုလ်အောင်ကြီးက “ဟာ….ခင်ဗျားတို့ ခွဲဖို့ အမိန့်မပေးလိုက်နဲ့ဦး၊ ကျနော် ဥက္ကဌကြီး ကို ပြောအုန်းမယ်” ဟု ပြန်ပြောခဲ့သည်။ ထို့နောက် ဗိုလ်နေဝင်းထံသို့ ဆက်သွားခဲ့ကြသည်။ ဗိုလ်နေဝင်းထံသို့ရောက်သောအခါ ဗိုလ်လှဟန်က အခြေအနေအရပ်ရပ်ကို အစီရင်ခံသည်။ ဗိုလ်အောင်ကြီးကတော့ ဘာမှမပြောဘဲ ပြန်သွားခဲ့ကြသည်။ အသံလွှင့်ရုံရောက်သောအခါ ဥက္ကဌကြီးက “OK” ဟုပြောလိုက်ကြောင်း ဗိုလ်အောင်ကြီးက ပြောခဲ့သည်။ အမှန်မှာ ကျောင်းသားများ ကျောင်းသားသမဂ္ဂ အဆောက်အဦးထဲသို့ ဝင်ခိုသွားကြောင်း သတင်းပို့ပြီးသားဖြစ်သည်။ ထိုအချိန်သည် ကွန်မြူနစ်များက ကျောင်းသားများ အတွက် လက်နက်များ ပို့ပေးထားကြောင်း ကွန်မြူနစ်များ၏ မြေပေါ်ဌာနချုပ်သည် သမဂ္ဂအဆောက်အဦးဖြစ်ကြောင်း သတင်းများ ထွက်နေခဲ့သည်။ ထိုအခြေအနေအား ဗိုလ်အောင်ကြီးက (၈-၇-၁၉၉၈) ရက်နေ့ VOA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သမဂ္ဂတွင် ကျောင်းသားများ လက်နက်ကိုင်သူရှိကြောင်း၊ လူနာများအထဲဆွဲသွင်းကာ တံခါးပိတ်သွားသည်ဆိုသောကြောင့် ညနေစောင်း၍ အပေါ်က ပစ်ခတ်ပါက မိမိတို့လူသေမည် ဖြစ်သောကြောင့် အသေမခံဘဲ ရကွိုင်းလက်ဂန်းနှင့် သမဂ္ဂကို ဥက္ကဌကြီးက ပစ်ခိုင်းကြောင်း ပြောကြားခဲ့သည်။

ကျောင်းသားသမဂ္ဂအဆောက်အဦး အား မိုင်းထောင်ဖောက်ခွဲခြင်း

ဤအကြောင်းပြချက်မှာ တော်လှန်ရေးကောင်စီ၏ ကုလားဖန်တခုသာ ဖြစ်သည်။ အမှန်မှာ သမဂ္ဂအဆောက်အဦးအား ရကွိုင်းနှင့် ပစ်ရန် ဗိုလ်နေဝင်းက တော်လှန်ရေးကောင်စီအား အမိန့်ပေးခြင်းသာဖြစ်သည်။ သို့သော် ရကွိုင်းလက်ဂန်းကျည် ရှာမရသောကြောင့် ဒိုင်းနမိုက်နှင့် ကပ်ခွဲရန် ဒိုင်းနမိုက် ရှာကြပြန်သည်။ ညသန်းခေါင်းကျော်တွင် သမဂ္ဂအားဖေါက်ခွဲမည့် ဒိုင်းနမိုက်များအား ထောက်ကြံ့ပင်မ ခဲယမ်းသိုလှောင်ရုံမှ အမြောက်အမြား ရရှိခဲ့သည်။ သမဂ္ဂအဆောက်အဦးကို စိတ်ကြိုက် ဒိုင်းနမိုက်ပ်ဆင် ဖောက်ခွဲခဲ့သူမှာ အင်ဂျင်နီယာတပ်မှ ထားဝယ်သား ဗိုလ်မှူး ထွန်းရီ ဖြစ်သည်။ ဖောက်ခွဲရာတွင်လည်း လိုအပ်သော ပမာဏထက် အဆပေါင်းများစွာ ပို၍သုံးခဲ့သည်။ ဒိုင်းနမိုက်အား ရန်ကုန်မြို့ကဲ့သို့ နေရာမျိုးတွင် ဖောက်ခွဲရန် အနည်းဆုံး ဗိုလ်မှူးကြီးအဆင့် တဦး လက်မှတ်ထိုးထားသည့် ဖောက်ခွဲမှု စာချွန်လွှာပေးမှသာ တရားဝင်သည်။

သို့သော် ဗိုလ်နေဝင်းမှ ဗိုလ်ကျော်စိုးဆီသို့ ဖောက်ခွဲဖို့ နှုတ်မိန့်ပေးခဲ့သည်။ တဖန် ဗိုလ်ကျော်စိုးမှ ဗိုလ်ထွန်းရီကို နှုတ်မိန့်ပေးပြန်သည်။ ထို အခါ ဗိုလ်ထွန်းရီသည် ဒိုင်းနမိုက်များ တပ်ဆင်ပြီးသော်လည်း တရားဝင် အမိန့်ပေးသော စာချွန်လွှာမရှိသည့်အတွက် အခက်တွေ့လျက်ရှိသည်။ ထိုအချိန်တွင် တပ်မတော် စစ်မင်းကြီး ဘဦး (ခ) မင်းသိမ်း မှ (မနက်စောစော လမ်းလျှောက်လာရင်း ဗိုလ်ထွန်းရီက လက်မှတ်ထိုးပေးရန် ပြောသဖြင့်) ဖောက်ခွဲမှု စာချွန်လွှာကို လက်မှတ်ဝင်ထိုးပေးခဲ့သည်။ ထိုအခါမှ ဗိုလ်ထွန်းရီသည် သမဂ္ဂ အဆောက်အဦးတွင် အသင့်တပ်ဆင်ထားသော ဒိုင်းနမိုက်များကို ဇူလိုင် (၈) ရက် မနက် (၃) နာရီခွဲ (၄) နာရီ ခန့်တွင် ဖောက်ခွဲလိုက်လေသည်။

လွတ်မြောက်သူများ

သမဂ္ဂ အဆောက်အဦးကြီးတွင် ဘကြီးကံသိန်း၏ သမဂ္ဂ ဆံပင်ညှပ်ဆိုင် နှင့် စားသောက်ဆိုင် ရှိပါသည်။ ဘကြီးကံသိန်း ဆိုသူသည် ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဗိုလ်ချုပ် အောင်ဆန်း တို့ သမဂ္ဂခေတ်များမှတိုင် ရှိနေသူဖြစ်သည်။ ထိုအချိန်တွင် သမဂ္ဂ စားသောက်ဆိုင် တင်ဒါရ၍ ဖွင့်နေသူမှာ ပန်းချီ ဦးနန်းဝေဖြစ်သည်။ ၎င်းတို့မိသားစုများပါ သမဂ္ဂတွင် နေထိုင်ကြသည်။ ထိုဇူလိုင်လ (၇) ရက်နေ့ည (၁၁) နာရီ ခန့်တွင် စစ်တပ်မှ စစ်ဗိုလ်များက ဦးကံသိန်း နှင့် ဦးနန်းဝေတို့၏ အမည်များကို လက်ကိုင် အသံချဲ့စက်များနှင့် အော်ခေါ်ကြသည်။ ထို့နောက် သမဂ္ဂ အဆောက်အဦးမှ မိသားစုများနှင့် အတူထွက်ပေးရန်ပြောသည်။ ဦးကံသိန်း နှင့် ဦးနန်းဝေ တို့မှ “ညကြီးသန်းခေါင် ကားရှာမရမည် စိုး၍ မနက်မှ ထွက်ပါရစေ” ဟု တောင်းပန်သော်လည်း လက်မခံဘဲ “ညတွင်းချင်း လူချဉ်းသာထွက်ရမည်၊ မိသားစု ဟုတ် မဟုတ်ပါ လူစာရင်းကိုလည်း စစ်ဆေးမည်”၊ “ယူနီယံထဲတွင် မသမာသူများ ခိုအောင်း နေနိုင်၍ အပြတ်ရှင်းမည်” ဟုပြောခဲ့သည်။ ထိုအခါ ဦးကံသိန်းတို့လည်း မိသားစုနှင့် ခြေလွတ်လက်လွတ် ညတွင်းချင်းထွက်ခဲ့ရလေသည်။ မကြာမီ ဇူလိုင်လ (၈) ရက် နေ့ လင်းအားကြီးတွင် ကျောင်းသားထု ပိုင်ဆိုင်သော ယူနီယံကြီးကို မိုင်းခွဲ ဖျက်ဆီးပစ်လိုက်လေတော့သည်။

စိန်ခေါ်မှု

ထိုနေ့ည (၇) နာရီအချိန် မြန်မာ့အသံ ရေဒီယိုမှ အသံလွှင့်သောအခါ ဗိုလ်နေဝင်းက “၎င်း တိုင်းပြည်ကို တာဝန်ယူသည့် အချိန်တွင် တက္ကသိုလ်ကျောင်းသားများ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြုပြင်ရမည့် တာဝန်ပါကျရောက်နေသောကြောင့် တပ်မတော်၏ အင်အားတစိတ်တဒေသကို သုံး၍ ဖြေရှင်းလိုက်သည်” ဟုပြောကြားခဲ့သည်။ ထို့အပြင်“ယခုဖြစ်ပျက်သောကိစ္စသည် ကျောင်းသားကိစ္စ တခုတည်းသာမက နိုင်ငံရေး အမှောင့် ပယောဂများ ဖမ်းစားသည်ကိုရိပ်စားမိကြောင်း၊ ၎င်းတို့၏အလုပ်အား ပျက်ကွက်ရန် တမင်လုပ်နေကြလျှင် ၎င်းအနေဖြင့် နောက်ထပ် မည်သည်ကိုမျှ ထပ်မပြောလိုကြောင်း၊ ဓါးကို ဓါးခြင်း လှံကိုလှံခြင်း ဆိုင် ရန်သာ ရှိတော့ကြောင်း” ထပ်မံ စိန်ခေါ်ခဲ့လေသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ အစိုးရမှ သတင်းထုတ်ပြန်ရာတွင်လည်း ကျောင်းသား (၁၇) ဦးသာ သေဆုံးကြောင်း ကြေညာခဲ့သည်။ အမှန်မှာ မန္တလေးဆောင် တစ်ခုထဲတွင်ပင် စာရင်းအရ (၁၇) နှစ်ဦး သေဆုံးခဲ့သည်။

မှတ်ချက်

၁၉၆၃ ခုနှစ် ဇူလိုင်လ ကျောင်းများပြန်အဖွင့်တွင် သမဂ္ဂအဆောက်အဦး နေရာ၌ ယာယီတဲဖြင့် သမဂ္ဂကို ပြန်လည်တည်ထောင်ကြသည်။ ဗိုလ်အောင်ကျော် ကျောက်တိုင်နှင့်အတူ အလျား (၇၇) လက်မ၊ အနံ (၆၂) လက်မ ရှိ ကျောက်တိုင် တခု ပြုလုပ်၍ ၇-၇-၇၂ တွင် ကျဆုံးခဲ့သောကျောင်းသား ရာကျော်အတွက် ရည်စူးကာ “ရာကျော်ကျောက်တိုင်” ဟု အမည်တွင်စေခဲ့သည်။ ထို “ရာကျော်ကျောက်တိုင်” ဖွင့်ပွဲတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှ “ဒီအဆောက်အဦးကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှဖြိုလို့ မရပါဘူး” ဟု မိန့်ကြားခဲ့သည်။ သို့သော် ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆန္ဒပြပွဲများ ဖြစ်ပေါ်၍ ကျောင်းများ ပြန်ပိတ်သောအခါ ရာကျော်ကျောက်တိုင် နှင့် အတူ သမဂ္ဂ ယာယီတဲ အဆောက်အဦးလည်း ထပ်မံဖျက်ဆီးခံခဲ့ရသည်။

Photo By Aungmyint Oo
By .. M.O.Encyclopedia


ဆဲဗင်းဂျူလိုင်စိတ်ဓါတ်အဓွန့်ရှည်ပါစေ။

17/02/2021

စစ်အာဏာရှင်စစ်အုပ်စုနှုင့်ရွေးချယ်ခန့်အပ်သော
ပညာရေးဝန်ကြီးဦးညွန့်ဖေတို့အပေါ် ချင်းကျောင်းသားသမဂ္ဂ (ပခုက္ကူ) ၏သဘောထားထုတ်ပြန်ချက်

သတင်းနှင့်ပြန်ကြားရေး
ချင်းကျောင်းသားသမဂ္ဂ ( ပခုက္ကူ)

15/02/2021

အောက်ပါစာများကိုအစမှအဆုံးဖတ်စေချင်ပါတယ်
#ချင်းတွေနဲ့ဖြဲမချောက်ပါနဲ့
📌📌📌📌📌📌📌📌📌

(၁) အင်္ဂလိပ်ခေတ်ကတည်းကရှိခဲ့တဲ့ ချင်းတပ်ရင်းတွေနဲ့ ချင်းတောင်တပ်ရင်းတွေ ၁၉၄၈ လွတ်လပ်ရေး နောက်ပိုင်း ရောင်စုံလက်နက်ကိုင်ပုန်ကန်မှုတွေမှာ #ချင်းတပ် တွေကိုအသုံးချခဲ့ကြဖူး တယ်။ အင်းစိန်၊ ရခိုင်၊ အလယ်ပိုင်း၊ မန္တလေးတိုင်း၊ ကယား၊ တောင်ငူ နေရာတော်တော်များများမှာ ထိုးကျွေးခံခဲ့ရတယ်။ လူကြီးတွေ မလှိမ့် တပတ်နဲ့လုပ်ခဲ့တဲ့ဇာတ်လမ်းတွေပေါ့။ အဲတုန်းကတော့ တကယ့်ချင်းတပ်ရင်းတွေက တကယ်တိုက်ခဲ့ပါတယ်။ #ပြည်ထောင်စု အတွက်ဆိုပြီးတော့လေ။ သစ္စာခံတွေပေါ့။ မြန်မာ့သမိုင်းပြောင်းလဲသွားတဲ့အထိအရေးပါခဲ့ပါတယ်။

အဲဒီတုန်းက ချင်းစစ်သားတွေက #လူသားစားပြီးစစ်တိုက်တယ် လို့သတင်းလွှင့်တော့ တဖက်ရန်သူတွေ စိတ်ကစင့်ကလျားဖြစ်သွားခဲ့ရတယ်။ ပေါက်ကရတွေ။ အဲဒီချင်းတပ်တွေကို (၁၉၅၁-၅၂) မှာခွင့် တွေပေးပြီး ချင်းသေနတ်ကိုင်တပ်ရင်းတွေကိုအပြီးဖျက်သိမ်းလိုက်ပါတယ်။ ကျန်တဲ့ရဲဘော်တွေကို အခြားတပ်တွေမှာ ရောနှော အပြောင်းအရွှေ့ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သီးခြားချင်း တပ်အနေနဲ့မရှိတော့ပါဘူး။ ချင်းတပ်နာ မည်ရှိရင် တောင် လူတွေကိုခွဲလိုက်ပြီလေ။ ကချင်တပ်၊ ကယားတပ်၊ ရှမ်းတပ် တွေလည်းအဲလိုခွဲခြားလိုက်ပါတယ်။ အဲဒီတုန်းက ချင်းစစ်မှုထမ်းဟောင်းကြီးတချို့ခုထိရှိပါသေးတယ် မေးကြည့်ပါ။ အဲဒါကိုခုထိ ချင်းစစ်သား၊ ချင်းတွေဆို လူတွေက #ဘီလူးသရဲ လိုမျိုးကြောက်နေကြတုန်း။

(၂) ၁၉၈၈ အရေးအခင်းမှာလည်း အရေးအခင်းကိုနှိမ်နင်းတာ ချင်းတပ်တွေပါဆိုပြီး ထိုးကျွေးခဲ့ပါသေးတယ်။ တပ်ရင်းတံဆိပ်ကို ချင်းတပ်ရင်းနဲ့ ဝတ်စုံကို အသုံးပြုပြီး ထိုးကျွေးခဲ့တယ်။ #ဘယ်ချင်းတပ်မှမဟုတ်ခဲ့ပါဘူး။ ချင်းတွေကအမိန့်နာခံတယ်၊ ရက်စက်တယ်၊ ဗမာစကားနားမလည်ဘူးဆိုပြီး တိုင်းရင်းသားအချင်းချင်း သွေးခွဲခဲ့ပါတယ်။ #တကယ်ကမဟုတ်ခဲ့ပါဘူး။ #အရမ်းယုတ်မာခဲ့ကြတယ်။

(၃) ၂၀၀၇ ရွှေဝါရောင်အရေးအခင်းရောက်ပြန်တော့ CNN သတင်းမှာကြေငြာတယ်။ ချင်းတောင်က #တပ်ရင်းနှစ်ရင်း အရေးအခင်းနှိမ်နင်းဖို့ဆင်းလာပြီတဲ့။ တကယ်ကိုအကြံပက်စက်တယ်။ အင်္ဂလိပ်လိုကြေငြာတာ။ ချင်းပြည်နယ်မှာ #ချင်းတပ်ဆိုတာမရှိဘဲ ချင်းဆိုတဲ့နာမည်ကိုသုံးပြီး ဖြဲချောက်ပါတယ်။ ပြီးတော့ သံဃာတော် တွေကို ရိုက်နှက်တာ ဗမာမဟုတ်လောက်ဘူး တိုင်းရင်းသားသံဝဲတယ်ဆိုပြီ မလှိမ့်တပတ်နဲ့သတင်းတွေ ဖွပါတယ်။ ချင်းတွေကို လွှဲချချင်တာ အသိသာကြီးပါ။ #ယုတ်မာတဲ့လွှဲချခြင်းပါ။

(၄) ခုတခေါက်(၂၀၂၁)မှာလည်း ချင်းနာမည်ကိုသုံးပြီး “ #ဒီညချင်းမိတ်ဆွေတွေကိုအကူအညီတောင်းပေးကြပါ။ #လူတွေကိုမပစ်အောင်ဘယ်လိုအော်ရမလဲလို့ပါ။ #ကူကြပါဦး။ #စစ်သားတွေကချင်းတွေတဲ့၊ #မြန်မာစကားနားမလည်ဘူးတဲ့” ဘာညာဆိုပြီး မက်ဆေ့ပို့ပြီး ချင်းလူမျိုးတွေကို ထိုးကျွေးသလိုလို၊ စိုးရိမ်သလိုလိုလူမျိုးပုံရိပ်ကိုစဖျက်လာပါပြီ။ (Crd Thawn Khai)ယုံနေတဲ့သူတွေကိုလည်းအံသြမဆုံးဘူး။

အရင်နှစ် (၄၀) အထက်က စစ်တပ်ထဲမှာ ချင်းလူမျိုးတွေတော်တော်များတာ ဟုတ်ပေမဲ့၊ ခုတော့ တပ်မတော်မှ ချင်းလူမျိုးအရမ်းရှားသွားပါပြီး၊ ရှိလှ တစ်ယောက်စ နှစ်ယောက်စပါ။ ပြီးတော့ ရှေးတုန်းကလို မအူမလည်နဲ့ ဗမာစကားမတတ်တဲ့ချင်းစစ်သားဆိုတာလည်းမရှိတော့ပါဘူး။ လူမျိုးရေးပုံဖျက်မဲ့အကြံတွေ၊ အမြင်တွေကို ကြိုတင် သတိ ထားကြပါ။ ခေတ်အဆက်ဆက် ချင်းစစ်သားတွေကို တိုက်ပွဲတွေမှာထိုးကျွေး၊ ဘွဲ့တွေတသီ ကြီးပေးပြီး အသုံးချခံခဲ့ရတယ်။ အရေးအခင်းတိုင်းမှာ ချင်းတွေကိုပုံဖျက်ခဲ့ကြတယ်။

ခုတခေါက်လည်း #ကောလဟာလဘဲဖြစ်ဖြစ်၊ #ဘာဖြစ်ဖြစ် တာဝန်ရှိတဲ့ချင်းလူကြီးတွေ၊ ချင်းလူငယ်ခေါင်းဆောင်တွေလည်း ကြိုတင်သတိပြုထားကြပါ။

မိုးမပြိုပြိုခဲ့သော်။--








Ro Sang
၁၀၊၂၊၂၀၂၁
ကြိုက်သလိုShare

10/02/2021

ည ၉နာရီကျော်အချိန် အမ်းမြို့မ ရဲတပ်ဖွဲ့ဝင်များမှ CUSR
အဖွဲ့ဝင် မိုင် ရတနာအောင်အား နေအိမ်မှနေ၍ လာရောက် ဖမ်းဆီးခေါ်ဆောင်သွား...

၁၀ ဖေဖော်ဝါရီလ ၂၀၂၁

CUSR အဖွဲ့ဝင်တစ်ဦး ဖြစ်သူ မိုင်ရတနာအောင် အား အမ်းမြို့မ ရဲတပ်ဖွဲ့ဝင်များမှ ည (၉)နာရီကျော်အချိန် သူမ၏ နေအိမ်သို့ လာရောက်၍ ဖမ်းဆီးခေါ်ဆောင် ခဲ့ကြပါတယ်။

အဆိုပါ အမ်းမြို့မ ရဲတပ်ဖွဲ့ဝင်များမှ မိုင်ရတနာအောင်အား ညအချိန်မတော် လာရောက် ဖမ်းဆီးခဲ့မှုဖြစ်စဉ်ကို မေးမြန်းကြည့်ရာ သူမ၏ မိခင် ဒေါ်တင်တင်အောင်မှ -

`` ရဲတွေ ည (၉) နာရီလောက်မှာ အိမ်ကို လာပြီးတော့ ဖမ်းခေါ်သွားကြတာပါ။ ဖမ်းဝရမ်းတွေလည်း မပြဘူး။ ဆန္ဒပြလို့ လာဖမ်းတာဆိုပြီးတော့ ပြောပါတယ်။ အခုလို ညကြီးအချိန် မတော် လာဖမ်းတာဆို တော့ အန်တီ့အနေနဲ့ သမီးလေးအတွက် အတော် စိုးရိမ်မိပါတယ်။ မိန်းကလေးလည်း ဖြစ်နေတော့ ဆိုပြီး ပြောသွားခဲ့ပါတယ်။

မိုင်ရတနာအောင်မှာ CUSR အဖွဲ့ဝင်တစ်ဦး ဖြစ်သလို့ CUSR-Ann ၏ အတွင်းရေးမှူးတစ်ဦးလည်း ဖြစ်ပါတယ်။

အခုလိုမျိုး အပြစ်မဲ့ မိန်းကလေးတစ်ဦးအား ညကြီး အချိန်မတော် လာရောက်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ ကြသည့် အမ်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များကို CUSR မှ အပြင်းအထန် ကန့်ကွက် ရှုံ့ချပါတယ်။

သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်း/ သူများအဖွဲ့ (CUSR)
Crd:

Photos from Chin Student Union - Pakokku's post 05/02/2021

All Chin Students’ Statement
အာဏာရှင်စနစ် အမြန်ကျရှုံးပါစေ

28/12/2020

ပခုက္ကူ တက္ကသိုလ်တွင် ကထိက ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် အောက်ဖော်ပြပါ ဆရာ/ဆရာမများသည် ယှဥ်တွဲဖော်ပြပါ တက္ကသိုလ် အသီးသီးတွင် တွဲဖက်ပါမောက္ခရာထူးတိုးဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရပါသည်။
ပခုက္ကူ တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ရသည့် အတောအတွင်း မိမိတို့ သင်ပြနိုင်သမျှအားလုံးဖြင့် ကျောင်းသူ/သားများကို သင်ပြပေးခဲ့သည့်အတွက် ပခုက္ကူ တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုသည်။ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည့် တက္ကသိုလ် အသီးသီးတွင်လည်း အကောင်းဆုံးတာဝန်ထမ်းဆောင်နိုင်ကြမည် အကြောင်း မျော်လင့်မိပါသည်။

သတင်းနှင့်ပြန်ကြားရေး
ပခုက္ကူ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ
်
ပညာရေးဝန်ကြီးဌာန၏ အမိန့်ကြေညာစာကို အောက်ဖော်ပြပါ link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Soutce:
https://m.facebook.com/story.php?story_fbid=3549679745139063&id=924512940989103

30/11/2020

Sweet December to you all

Photos from ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ's post 02/09/2020
Photos from Ministry of Health, Myanmar's post 29/08/2020
Photos from Ministry of Health, Myanmar's post 26/08/2020

သတိ ႐ွိၾကပါဗ်။

Want your school to be the top-listed School/college in Pakokku?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Pakokku