Pakokku Education College သတင်းနှင့်အနုပညာ စာမျက်နှာ

Pakokku Education College     သတင်းနှင့်အနုပညာ စာမျက်နှာ

Share

ပခုက္ကူပညာရေးကောလိပ်မှ ဆရာ/ ဆရာမ/ ကျောင်းသူ ကျောင်းသားအဟောင်း/အသစ်များဆုံဆည်းရာ

04/07/2018

#​ဆောင်း
...........................
နှင်းမှုန်​​တွေကို တ၀ကြီး​ပွေ့ဖက်​မယ်​လို့ ကြံရွယ်​ထားကာမှ သူက​ပေါ်မလာဘူး...။

ပူတစ်​၀က်​ ​အေးတစ်​၀က်​နဲ့
ငါ့နှလုံးသား ငါ့ခံစားချက်​တွေ
ဆတ်​တငံ့ငံ့..။

ည​မွှေးပန်းရဲ့ ချိုအီတဲ့ ရနံ့ဟာ
ရှူရှိုက်​လိုက်​တိုင်း ခါးသက်​သက်​..။

ငါ့ရင်ခုန်​သံ စည်းချက်​တွေလည်း
နား​​ထောင်​လိုက်တိုင်းေ​​အးစက်​စက်​.။

ဘာပဲ​ပြောပြော ​ဆောင်းေ​ရ..
တစ်ချိန်ကနှင်းမှုန်ေ​တွနဲ့အတူ
ပျော်​ဖူးခဲ့တာ​တွေအတွက်
ကျေးဇူးအနန္တပါ.....။
လူရည်မွန်
မြန်​ မာ စာ
18.12.2016.sun

04/08/2017

***ရိုးသားသူဆရာ**

နှလုံးသားနူးညံ့သူဆရာဟာ
စာနာခြင်းချစ်ခြင်းတွေနဲ့အဖော်ပြုတယ်
ရိုးသားမှုကိုလက်တွဲ
အသိမမွဲဖို့အမြဲကြိုးစားတယ်
သူ့ဘဝဥယျာဉ်နန်းမှာ
'ဆရာ'ဆိုတဲ့ဂုဏ်ပုဒ်ကလွဲလို့
ဘာမှချိတ်ဆွဲမထားဘူး
လောကအလင်းကိုဆောင်တယ်
အသားအရောင်မခွဲခြားဘူး
အတိမ်အနက်အစွဲမထားဘူး
သားနားတဲ့အသွင်အပြင်မလိုဘူး
နဂိုအရင်းခံစေတနာဖြူစိတ်မနောဖြူနဲ့
သူဟာအနန္တဂိုဏ်းဝင်အစစ်ဖြစ်အောင်ကျင့်ကြံတယ်
မှေးမှိန်တဲ့စာရိတ္တတွေကိုစွန့်လွှတ်တယ်
"စိတ်ဓာတ်၊စည်းကမ်း၊ပညာ"ဤအရာတွေ
သူ့ဆီမှာကိန်းအောင်းခိုင်းတယ်
ပန်းရိုင်းတွေဖြစ်ဖို့အရောင်မဆိုးဘူး
စိုးမိုးတဲ့သြဇာတွေနဲ့ပညာရေးကိုချစ်ရှာတယ်
အသပြာငွေမရှားတရှားနဲ့
လခစားဘဝကိုဂုဏ်ယူနေတယ်
တွေဝေမနေရှာပါဘူး
သူဟာ ဆရာ ဆိုတာခေါင်းထဲထည့်လို့
သူ့အလုပ်သူလုပ်နေတယ်။ ။
ဉာဏကျော်

14/03/2017

***စောင့်ကာကြိုနေကလေးတို့ရေ***

'ဆရာ…ဆရာ ပြန်လာပါလို့'
လိမ္မာရိုးသား တပည့်များက
ချစ်အားတွေကြွယ် မုန်းမသွယ်ဘဲ
လွမ်းဖွယ်စကား စာလွှာပါးတော့
ခွန်အားပီတီ ရှိလိုက်ပါဘိ။

'ဆရာ…ဆရာ ပြန်လာပါလို့'
ရွာသူရပ်သား လူအများက
အားကိုးခင်ရှာ ထွေးကြင်နာ၍
မေတ္တာတွယ်ပွား ချစ်စကားကြောင့်
ခွန်အားပီတိ ရှိလိုက်ပါဘိ။

သြော်……
ခေါင်းလောင်းသံဆိတ် ကျောင်းတွေပိတ်လည်း
သိုသိပ်ရင်မှာ မှန်းဆကာဖြင့်
ဤရွာဤကျောင်း မိတ်ဖော်ပေါင်းနှင့်
ကောင်းမြတ်စိတ်ထား တပည့်များအား
သနားချစ်ခင် လွမ်းစိတ်ဝင်မိ။

လူမှုဘဝ ချို့နုံအ သည့်
မြို့ပြလှမ်းဝေး တောရွာကျေးမို့
နောင်ရေးခါဝယ် သိတွေးကြွယ်၍
သိဖွယ်မှတ်ရာ အဖြာဖြာနှင့်
ပညာရတနာ ပြည့်ဝဖြာဖို့
ဆရာမေတ္တာ လှမ်းလို့လာမည်
စောင့်ကာကြိုနေ ကလေးတို့ရေ။ ။

ဉာဏကျော်

11/03/2017

[] ဗျတ္တပန်းဆက်လမ်း ၊ ၂ ၊ []

နွေကျောင်းပိတ်ပြီ သားရေ
ကားပေါ်တက်
ဘုရားဖူးထွက်မယ် ။

နွေကျောင်းပိတ်ပြီ သားရေ
လမ်းပေါ်တက်
ဘုရားဖူးကားတွေ လာတော့မယ် ။ ။

မောင်ငြိမ်းချမ်း(ပုဂံ/မြေ)

09/03/2017

ွဲ

***မြတ်ဆရာပီ မေတ္တာသီ***(နဘေဆင့်ထပ်တွန့်တျာချင်း)

ဆင်တာသုခ ကြင်နာယုယ ဆုံးမညွှန်ပဲ့ပြင်
ပန်းဥယျာဉ်မှူး လန်းပြုပြင်မြူး ကြည်နူးစိတ်ဘဝင်
လောကတစ်ခွင် ပြောသမျှယဉ် တုယှဉ်နှိုင်းစမ်း
နှလုံးဓာတ်ဖြူ ပြုံးမြတ်သူ
မှန်ယူ ဟန်မူဆင်းလှ တင့်ဆန်းသည်နှင့်လေး။

မေတ္တာပက်ဖျန်း ချစ်ဖြာထက်လွှမ်း တက်လှမ်းဖို့ကူညီ
တပည့်အများ အသိတရား ရငြားရှေ့ဆောင်သည်
မြတ်ပညာလီ တတ်သင်ကာသီ ကိုယ်စီပေးငှ
စေတနာယို ဝေဖြာပို
ဟုတ်ဆို နှုတ်ချိုကြည်မြ သွင်လှသည်နှင့်လေး။

အသုံးမကျ အရှုံးဘဝ နောက်ကဖြစ်မခံ
စုံလင်သင်ကြား ဂုဏ်ဝင်ထင်ရှား
တောက်ကြွားစေဘုန်းလျှံ
စည်းကမ်းကြွယ်မှန် နည်းလမ်းသွယ်ကြံ ကောင်းရန်မျှော်ကိုး
စခန်းခေတ်ဘောင် ဆန်းသစ်အောင်
ပျိုးထောင် ကျိုးဆောင်မြတ်နိုး မညှိုးစေဖို့လေး။

တစ်ရာပန်းမျိုး ကမ္ဘာလွှမ်းမိုး ဉာဏ်စိုးလျှမ်းပြောင်အောင်
သူတွေးညွှန်ကြား ဆူသွေးခွန်အား ကြိုးစားလမ်းပြဆောင်
တလွှဲမရှောင် မခွဲအရောင် ကျင့်ဆောင်တရား
မွေးကရုဏာ ရှေးရှုကာ
တင့်စွာ ဆင့်ကာဖေးမ သနားရယ်နှင့်လေး။

စံနမူထား မှန်အယူပွား မမှားသွန်သင်ကာ
ငါးဖြာကျင့်ဝတ် ခါးမှာချင့်စွပ် တွယ်ကွပ်မြဲခိုင်ကြာ
ခေါ်အပ်မဟာ တော်မြတ်ဆရာ ကမ္ဘာကိုလွှမ်း
သီတာပမာ ကြည်သာစွာ
နှစ်ပါ မေတ္တာစွမ်းအား မခမ်းသည်နှင့်လေး။

ရော်နွမ်းမကြွေ စမ်းရေအလား မေတ္တာဖြူ။
မျှော်လွမ်းမလေ ပန်းတွေမခြား ချစ်ရှာသူ။ ။
ဉာဏကျော်

07/03/2017

[] ​​နေ့သစ်​တို့၏အ​ရောင်​များ []

ဝေးခြင်း၏ပဉ္စလက်​ဆန်​ခြင်းမှာပင်​လယ်​ဟာပြာခဲ့တယ်​။
တောင်​တန်း​တွေပြာခဲ့တယ်​။
ကြယ်​စင်​သည်​လမင်းထက်​​သေးနုတ်​​ကြောင်းဟန်​​ဆောင်​ပြီးပြုံးခဲ့တယ်​။

လမင်း၏အနုစိတ်​စိုးမိုးခြင်းမှာပင်​လယ်​ဟာ​ခေါင်းမခါနိုင်​ဘူး။
ဒီ​ရေရစ်​သမ်​ကိုအသက်​​အောင့်​ပြီးတီးခတ်​​ပြ ခဲ့တယ်​။

နာရီဒိုင်​ခွက်​တစ်​ခုလုံးကဆုန်​ဆိုင်းခဲ့တာ​တောင်​မှ
ဖိ​တ်​စာ​တွေမှာစက္ကန့်​ဆိုတဲ့နာမည်​မပါခဲ့ဘူး။

ကိုယ်​​တွေက...
ရောင်​နီဦးထက်​မ​နေ့က​တိမ်​​တောက်​ချိန်​ဟာပို
စောခဲ့တယ်​ဆိုတာလက်​ခံလိုက်​ပါ။
သိပ်​​တွေ​ဝေချိန်​မရှိဘူး။
အလင်း​ရောင်​ကိုကီးမြှင့်​ပြီးသီချင်းတစ်​ပုဒ်​ညည်းမလား။
ဒါမှမဟုတ်မာယာညထဲမှာမျက်​စိစုံမှိတ်​ပြီးအိပ်​မက်​ကိုကြိုမလား။

အောင်မျိုး

၂၈၊၂၊၂၀၁၇

05/03/2017

- " စိမ်း "
***************

@ ရောင်စဉ်ရွှန်းလက် မျက်ဝန်းနက်တွင်
သွေကွက်တမင် စိမ်းရိပ်ဆင်၍
ပြစ်မြင်စွဲချက် စိမ်းကားရက်သူ။

@ သူမကြင်နာ တမင်ခွါ၍
တွေ့လာရှောင်ပြေး အနေဝေးအောင်
သွေးအေးရက်စက် တိမ်းသွားရက်သူ။

@ ချစ်ခင်စဉ်က ဘဝင်ကျ၍
ချိုမြနားဝင် သကာထင်လည်း
ခုတွင်,တမာ ခါးသက်လာသူ။

@ ရက်စက်ပါလေ စိမ်းကားလေတော့
ပြစ်ဗွေမဖက် ချစ်မြဲလျှက်မို့
မူပျက်စိမ်းကား သူမုန်းသွားလည်း
မထားပြစ်ချက် ဆက်ချစ်လျှက်။

လင်းရောင်နီ ( စဘေ )

04/03/2017

[] အချစ်ဦး []

ရင်ခုန်ယစ်မူး ၊ အိပ်မက်ဦးမို့
ရူးလောက်အောင်ပင် ချစ်သော်လည်း ။ ။

ကမ်းလင့်လက်ကို ၊ သူမကြိုဘဲ
လွှဲဖယ်ငြိုငြင် ၊ တမင်သက်သက်
သူရက်စက်အား ၊ သနားမညှာ
ဝေဒနာပေး ၊ ရှောင်ခွာပြေးခဲ့ ။ ။

မုန်းမျက်မာန်ဝင် ၊ သူမကြင်လည်း
အစဉ်မြတ်နိုး ၊ နှောင်ကြိုးမပျက်
စုံမက်ရင်နင့် ၊ သခင့်ထံပါး
စေစားလိပ်ပြာ ၊ မမေ့သာသည်
တွယ်တာရင်ထဲ ၊ တမ်းတဆဲပင် ။ ။

မောင်ငြိမ်းချမ်း(ပုဂံ/မြေ)

Youth Magazine
2016 Jan

03/03/2017

Quality Edu journal မှာ ပါတဲ့ ကဗျာ

***သူ့ကိုသတိရပါလေ***

သူငယ်ချင်းရေ……
တို့တွေငယ်ငယ် ကလေးရွယ်က
ခြယ်သပါးထက် ကြားပါးကွက်နှင့်
တွဲဖက်ကြည်ဖြူ ကစားတူမို့
အတူစာအံ အချိန်မှန်ပေါ့
သူ့ထံခိုဝင် မြူးပျော်ရွှင်ခဲ့။

သူ့ထံရောက်လာ များသူငါကို
ပညာပန်းတွေ ဖူးပွင့်ဝေ၍
စမ်းရေပမာ အေးမေတ္တာနှင့်
ကြင်နာမဆုံး လှမဆုံးခဲ့။

လောကနယ်ထဲ လှမ်းဝင်ရဲ၍
ပွဲဘုံလယ်တွင် ဂုဏ်စုံလင်ဖို့
သူ့ရင်ခွင်နွေး မှေးခိုပေးကာ
သိတွေးပညာ ယူပါစေနှင့်။

သူငယ်ချင်းရေ………
ရက်တွေလပြောင်း နှစ်တွေဟောင်းသော်
ကောင်းမွေရိပ်မြုံ အလှဘုံမှ
ကုံလုံပညာ အဖြာဖြာကို
တင့်စွာဆောင်ယူ ဘဝထူရန်
သူနှင့်နှုတ်ဆက် ခွဲခွာထွက်ခဲ့။

သူ့ကိုနှုတ်ဆက် မုန်းမဖက်ဘဲ
တို့ထွက်သွားရာ ငေးမျော်ကာနှင့်
နွမ်းရှာကြွေထိ ဆွေးမချိ၍
လွမ်းမိဟန်ပန် တွေးမှိုင်ကျန်ခဲ့။

သြော် သူငယ်ချင်းရေ……
တို့တွေဘဝ လှပစေသော
မိဘသဖွယ် ဂုဏ်တင့်တယ်သည့်
ရှုဖွယ်မငြီး ကျောင်းတော်ကြီးအား
ထည်ဟီးမေတ္တာ ကရုဏာနှင့်
မှန်းကာမျှော်ကြည့် လွမ်းဆွေးမိရင်း
သတိလေးတော့ရပါလေ။ ။

ဉာဏကျော်

02/03/2017

ပညာတန်​ဆောင် မဂ္ဂဇင်း ပါ ကဗျာ

[] စေတနာ []

ပျိုးပင်ကလေး ရှင်သန်ရေး
မြေဆီသြဇာ မှန်မှန်ပေး။

ခြံလေးခတ်ကာလုံပါစေကြောင်း
ချိုကြည်ရေအေး မှန်မှန်လောင်း။

မြက်ပေါင်းသုတ်သင် ပိုးမွှားမြင်
ချက်ချင်းဖယ်ရှား အဝေးနှင်။

ပန်းဥယျာဉ်တွင် လုံ့လဆောင်း
ပန်းတွေဖူးပွင့်ဝေဆာကြောင်း။

ညီညီလွင် ( ယော )

ပညာတန်ဆောင် မဂ္ဂဇင်း

၂၀၁၆ ဇူလိုင်လ
အတွဲ၆၅ အမှတ် ၇

27/02/2017

***မျှတမှတိုးတက်မယ်***

မျှတမှု မရှိပုံ
ဘက်စုံပညာရေး။
တစ်နေရာ တစ်မူဆန်းတယ်
ကြည့်စမ်းပါလေး။ ။

စနစ်သစ် တီထွင်
စုံလင်သင်ကြား။
မြို့နှင့်ရွာ မညီမျှတော့
ပိုမဖွံ့ထွား။ ။

မြို့ပေါ်က ကျောင်းတော်
စုံသနော်ဆရာများ။
kGသင် အဆောက်ဦးနှင့်
ထူးဂုဏ်ဝင့်ကြွား။

ကျေးတောမှာ စာသင်
ဘာစုံလင်လည်း။
ချိနဲ့နဲ့ တဲသာသာ
မိုးခါမှာ မိုးယိုကျတဲ့
အဆောက်ဦးပဲ။

သင်ကြားမှု စေ့မလုံ
ဖြစ်ပုံဆိုးရွား။
သင်ဆရာ ပြည့်မရှိဘူး
ငဲ့ကြည့်ပါလား။

စနစ်သစ် ကောင်းပါတယ်
သို့ပါကွယ် မဟုတ်သေး။
သာတူညီ ဖြစ်မပေးတော့
တွေးကာရင်လေး။ ။

ဉာဏကျော်




့(ဒွေးချိုးတွဲ )

26/02/2017

အခြေအနေ အရ
့

ဘယ်လောက်အထိ မေ့ထားရမလဲဆိုတဲ့
အစွဲနဲ့ အသေအချာ နှုတ်ဆက်တယ်

နောက်ဖေးက ဗာဒံပင်လေးကို
နောက်ဆုံးအနေနဲ့ မှာတယ်
မင်းလွတ်လွတ်လပ်လပ် ကြီးပြင်းပါ

ငါနေခဲ့တဲ့ ထပ်ခိုးလေးကို
လက်ပြတယ်
တည်တည်ငြိမ်ငြိမ်ပါပဲ သူကတော့

ဘောကန်ဖိနပ်ထားတဲ့
ဖိနပ်စင်လေးကတော့ ငါ့ကိုလွမ်းနေတော့မှာပဲ

ငါ့ဂစ်တာလေးချိတ်ဆွဲရာ
သစ်ရာတိုင်လေးကို နောက်ထပ်ပြန်ဝင်ကြည့်ဖို့
ငါ မရဲတော့ဘူး

တံစက်မြိတ်ကကျနေတဲ့
ရေစက်တွေဟာ ငါ့ကို
ငိုပြီးနှုတ်ဆက်နေတာများလား

လမ်းပေါ်မှာ ခြေထောက်တွေ
အော်ဂလီဆန်လောက်အောင်ရှုပ်ထွေးနေပေမယ့်
ကြံ့ကြံ့ခံထိုင်နေတဲ့ ငါ့အိမ်လေးကို
ငါတစ်ပတ်ပတ် ဦးမယ်
ရွာဆူနေတာကို ငါမေ့ပြီးတော့

တစ်နေ့ ငါပြန်လာမယ်
့အသေအချာပြန်လာမယ် တစ်နေ့

တစ်နေ့
ရွာပြင်က ခွေးအ တွေမအူတော့တဲ့ တစ်နေ့
ရွာထိပ်ကလာတဲ့လေထဲ
ယမ်းနံ့တွေ မပါတော့တဲ့တစ်နေ့
့။ ။

ညီညီလွင်

Want your school to be the top-listed School/college in Pakokku?

Click here to claim your Sponsored Listing.

Location

Website

Address


Pakokku Education College
Pakokku