12/01/2024
2023 ကတည်းက ရေးခဲ့တဲ့ Article တစ်ခုပါ။ စိတ်တိုင်းမကျတာနဲ့ 2023 သာ ကုန်သွားတယ် မတင်ဖြစ်ခဲ့ပါဘူး။ ခုလည်း မပြင်ဖြစ်တော့လို့ ဒီအတိုင်း တင်လိုက်ပါပြီ။ အဆင်မပြေတာလေးတွေ ရှိခဲ့ရင်လည်း နားလည်ပေးကြပါဗျ။
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျနော်ရဲ့ မပြီးနိုင်မစီးနိုင် Adjective အကြောင်းလေး ဆက်ချင်ပါတယ်။ ရှေ့က အပိုင်းတွေ လေ့လာပြီးတဲ့သူက adjective ကို အခြေခံလောက်တော့ သုံးတတ်လောက်ပါပြီ။ ခုတစ်ခေါက်မှာ ကျနော်တို့ Noun တစ်ခုအတွက် Adjective နှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုပြီး ဖော်ပြတော့မယ်ဆိုရင် ဘယ်လို လုပ်ရမလဲ ဆိုတာကို လေ့လာသွားမှာဖြစ်ပါတယ်။
Noun တစ်ခုအတွက် Adjective နှစ်လုံး/သုံးလုံး သုံးရတော့မယ်ဆိုရင် Adjective တွေကို အမျိုးအစားအလိုက် ခွဲခြားသက်မှတ်ပြီး စီပေးရပါတယ်။ ဘယ်လိုခွဲလဲဆိုတော့ General အနေနဲ့ Opinion နဲ့ Fact ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Opinion ဆိုတာကတော့ ထင်မြင်ယူဆချက်၊ အမြင်ဖြစ်ပါတယ်။ good, delicious, fantastic တို့က Opinion Adjective တွေ ဖြစ်ပါတယ်။ နောက် fact ဆိုတာကတော့ အချက်အလက်ကို ပြောတာဖြစ်ပါတယ်။ ကျနော်တို့ ဖော်ပြမယ့် Noun ရဲ့ အရောင်၊ အရွယ်အစားစတဲ့ အချက်အလက်တွေကို ဖော်ပြတဲ့ Adjective တွေကို Fact Adjective အဖြစ် သက်မှတ်ပါတယ်။
တကယ်လို့ ကျနော်တို့ သုံးရမယ့် adjective နှစ်လုံးမှာ တစ်လုံးက Opinion ၊ တစ်လုံးက Fact ဖြစ်နေခဲ့ရင် Opinion Adjective ကို Fact Adjective တွေရှေ့မှာထားရပါတယ်။ ဆိုတော့ example မှာ စမ်းသုံးကြည့်ကြရအောင်။
She likes the attractive yellow flowers.
She suggested that I read the critical educational books.
Example တွေကို လေ့လာကြည့်ပါ။ ကိုယ်တိုင်လည်း စမ်းရေးကြည့်ကြပါ။ ရေးကြည့်လို့ အဆင်မပြေရင် လာမေးလို့ ရပါတယ်။
ကဲ... တကယ်လို့ သုံးရမယ့် Adjective တွေက အချက်အလက်အမျိုးအစား (Fact Adj) တွေပဲ ဖြစ်ခဲ့နေမယ်ဆိုရင် ဘယ်လိုခွဲပြီး ရှေ့နောက်ထားရမလဲဆိုတာတော့ နောက်တစ်ပိုင်းမှာ ဆက်ကြတာပေါ့ဗျာ။
အားလုံးပဲ အဆင်ပြေကြပါစေဗျ...