31/01/2021
Causative Verb များနှင့် အသုံးပြုပုံ....
▶ Eng နဲ့ မကင်းသူတိုင်း Causative verb တွေနဲ့ သူတို့ရဲ့ အသုံးပြုပုံကို မဖြစ်မနေ သိထားသင့်ပါတယ်။
▶Causative verb ရဲ့ အသုံးပြုပုံက Eng မှာ စာမျက်နှာ တိုင်းရဲ့ 25% လောက်ပါဝင်ပါတယ်။
▶ ဒါကြောင့် Causative verb တွေဆိုတာ ဘာလည်း သူတို့ကို ဘယ်လို သုံးသလဲ လေ့လာကြရအောင်။
verb (4) မျိုးရှိပါတယ်။ သူတို့က
▶ Let, Make, Have, Get တို့ဖြစ်ကြပါတယ်။
ကဲ ပထမဆုံး "Let" အကြောင်းလေ့လာကြစို့။
"Let" ကို တစ်ယောက်ယောက် က အခြားတစ်ယောက်ယောက်ကို တစ်ခုခု လုပ်ခွင့်ပြုတဲ့ နေရာမှာ သုံးပါတယ်။
Example:
Pattern ▶
Subject + let + person + verb
👉 My friend let me drive his new car. (ကျနော့် သူငယ်ချင်းက ကျနော့်ကို သူ့ကားအသစ်ကြီး မောင်းခိုင်းတယ်)
ရဲ့ နောက်မှာ ပါတဲ့ "drive" ကို "bare infinitive" လို့ခေါ်ပါတယ်။ "to" ထည့်စရာ မလိုပါဘူး။ ဒါပေမဲ့ ဘာသာပြန်ရင် "to" ထည့်ပြီး ဘာသာပြန်ရပါတယ်။
👉ဒီတစ်ခါ "Make" ကို ဆက်ကြရအောင်ပါ။
verb "Make"ကို တစ်ယောက်ယောက်က အခြားတစ်ယောက်ယောက်ကို ခိုင်းတဲ့နေရာမှာ သုံးပါတယ်။
Example:
Pattern ▶
Subject + make + person + verb
👉 My parents always make me do my homework before I go out. (ကျနော့်မိဘတွေက ကျနော် အပြင်မသွားခင် အိမ်စာတွေ အမြဲ အလုပ်ခိုင်းတယ်)
ရဲ့နောက်မှာ ပါတဲ့ "do" က "bare infinitive" ပါ။
ကဲ... ဒီတစ်ခါ "Have" ကို ဆက်ကြရအောင်။
▶Causative verb " have" ကို
ကိုယ်ကိုယ်တိုင်မလုပ်ပဲ၊ ကိုယ်ကိုယ်တိုင် လုပ်လို့မရတဲ့ အလုပ်တွေမှာ သုံးပါတယ်။
Example:
Pattern ▶
Subject + have + object + V3
👉 I have my hair cut. (ကျနော် ဆံပင်ဖြတ်တယ်)
(cut = V3 အနေ့ဖြင့် သုံးသည်)
ကဲ... ဒီတစ်ခါ "get" ရဲ့ အသုံးကို လေ့လာကြစို့။
verb "get" ကို တစ်ယောက်ယောက်ကို တစ်ခုခုလုပ်ဖို့ သိမ်းသွင်းပြောဆိုတဲ့ အခါ သုံးပါတယ်။
Example:
Pattern ▶
Subject + get + person + (to + V1)
👉 The students got the teacher to dismiss class early. (ကျောင်းသားတွေက ဆရာ့ကို အတန်းစောဆင်းဖို့ စည်းရုံးသိမ်းသွင်းခဲ့တယ်)
verb တွေကို negative form အဖြစ်လည်း သုံးသည်။
U Chan (English)