19/07/2026
Describing a scene picture
ရုပ်ပုံသရုပ်ဖော် ပြောဆိုခြင်း
In this photo I can see a middle-aged woman.
ဒီဓါတ်ပုံထဲမှာ သက်လတ် အမျိုးသမီးတစ်ဦးကို မြင်တွေ့ရတယ်။
She's wearing a reddish brown Myanmar dress with Chin traditional patterns.
သူမက နီညိုရောင် ချင်းအဆင် မြန် မာ ဝတ်စုံကို ဝတ်ဆင် ထား တယ်။
The blouse has long sleeves.
အင်္ကျီက လက်ဆိုက်လေးပါ။
She's also wearing glasses and a lacquer necklace around her neck.
သူမဟာ မျက်မှန်တပ်ထား ပြီး ယွန်းပုတီးလေးတစ်ကုံး လည် မှာ ဆွဲ ထား တယ်။
She has got shoulder-length black hair and fair skin.
ဆံပင်က ပုခုံးထိရှည်ပြီး အသားအရည်က ဖြူပါတယ်။
She isn't thin nor fat, but she looks a bit short.
မပိန်လွန်း မဝလွန်း ပေမယ့် အရပ်ပု ပုံ ပေါက်ပါတယ်။
She is sitting alone on an old wall by the river.
သူမဟာ မြစ်ဘေးက တံတိုင်း အို တစ်ခုပေါ်မှာ တစ်ယောက် တည်း ထိုင်နေပါတယ်။
I can only see her lateral side because she is looking at the river behind her .
သူမကိုဘေးတစောင်းပဲ မြင်ရပါတယ်။ ဘာလို့ လဲ ဆိုတော့ သူမက နောက်ဘက်က မြစ်ကို ကြည့်နေလို့ပါ။
In the background of the photo, I can see a river , mountains, clouds and the trees along the river bank.
ပုံနောက်ခံမှာ ဆို မြစ်တစ်စင်း၊ တောင်တွေရယ် တိမ်တွေရယ် မြစ်ရိုးတစ်လျှောက် သစ်ပင်တွေရယ် ကို မြင်တွေ့ရပါတယ်
I think she is breathing fresh air that comes from the river and enjoying the beauty of nature quietly.
ကျွန်မ အထင်တော့ သူမဟာ မြစ်ဆီကလာတဲ့ လတ်ဆတ် တဲ့ လေကို ရှူရင်း သဘာဝတရား ကြီး ရဲ့ အလှ ကို တိတ်ဆိတ်စွာ ခံစားနေဟန်တူပါတယ်။
for all