DAW SWE SWE TIN Korean Language Center

Call Directions Website

DAW SWE SWE TIN  Korean Language Center Korean language

🛫🇰🇷 5 ရက်နေ့ည လေယာဉ်နဲ့ ကိုရီးယားကို ထွက်ခွါမဲ့ကုန်ထုတ် ပသုတ်အောင်ဝေဖြိုးအောင်ပြည့်စုံဖြိုးအစစရာရာအဆင်ပြေပါစေ
05/10/2026

🛫🇰🇷 5 ရက်နေ့ည လေယာဉ်နဲ့ ကိုရီးယားကို ထွက်ခွါမဲ့
ကုန်ထုတ် ပသုတ်အောင်
ဝေဖြိုး
အောင်ပြည့်စုံဖြိုး
အစစရာရာအဆင်ပြေပါစေ

24/09/2026
24/09/2026

၁၆ ကြိမ် EPS-TOPIK စာမေးပွဲ ၊ ကုန်ထုတ်(ဒုတိယအသုတ်) သက်တမ်းတိုးသူများအနက် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ နှင့် နောက်ပိုင်း သက်တမ်းကုန်မည့်သူများသည် သက်တမ်းကုန်ပြီးနောက်ရက်(ရုံးဖွင့်ရက်)မှ သာ ရုံးသို့လာရောက်သက််တမ်းတိုးရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

23/09/2026

23-9-2026
ဆောက်လုပ်ရေးဖြေဆိုသူ

လရောင် 92.5မှတ်
သိန်းထိုက်အောင် 92.5မှတ်
အောင်ဖြိုးမင်း 85မှတ်
လှိုင်မိုးဦး 80မှတ်

စာမေးပွဲအောင်မြင်ပြီးရည်မှန်းချက်တွေပြည့်ပါစေ

22/09/2026

22-9-2026
ဆောက်လုပ်ရေးဖြေဆိုသူ

မြတ်သူကျော် 92.5မှတ်
ရဲထွဠ် 90မှတ်
မြင့်ဇော်ဌေး 90မှတ်

စာမေးပွဲအောင်မြင်ပြီးရည်မှန်းချက်တွေပြည့်ပါစေ

22/09/2026
21/09/2026

21-9-2026
ဆောက်လုပ်ရေးဖြေဆိုသူ

နိုင်ဝင်းထွန်း 92.5 မှတ်
မြင့်ဇော်လင်း 85မှတ်
ဟိန်းထက် 82.5 မှတ်

စာမေးပွဲအောင်မြင်ပြီးရည်မှန်းချက်တွေပြည့်ပါစေ

18/09/2026

18-9-2026
ဆောက်လုပ်ရေးဖြေဆိုသူ
ရဲသူရဦး 90မှတ်
ရှိုင်းထက်ဇော် 85မှတ်
တင်နိုင်ဝေ 82.5မှတ်
စာမေးပွဲအောင်မြင်ပြီးရည်မှန်းချက်တွေပြည့်ပါစေ

ကိုးရီးယားမှာ ၃ ရက်အတွင်း မြန်မာ ၄ ယောက် ကွယ်လွန်သွားပါတယ်။ပထမတစ်ယောက်က အိပ်နေရင်းနဲ့ ကွယ်လွန်နေခဲ့တာ။အချိန်တန် ထွက်မလာလ...
17/09/2026

ကိုးရီးယားမှာ ၃ ရက်အတွင်း မြန်မာ ၄ ယောက် ကွယ်လွန်သွားပါတယ်။
ပထမတစ်ယောက်က အိပ်နေရင်းနဲ့ ကွယ်လွန်နေခဲ့တာ။
အချိန်တန် ထွက်မလာလို့ အဖော်တွေက သွားနှိုးတော့မှ အသက်မရှိတော့မှန်း သိရတာ။

ဒုတိယတစ်ယောက်ကလည်း အိပ်နေတုန်းပဲ နှလုံးရပ်ပြီး အသက်ပါသွားတယ်လို့ ဖတ်ရတယ်။

တတိယတစ်ယောက်ကတော့ ဘာကြောင့်ဆိုဖော်ပြမထားပေမယ့် သူလည်း ၃၀ တောင် မပြည့်သေးပါဘူး။

ဒီနေ့ စတုတ္ထတစ်ယောက်ကတော့ နှစ်ရှည်လများ အစာအိမ်ရောင်ရောဂါဖြစ်နေတာကနေ ဆွဲကြိုးချအဆုံးစီရင်သွားတယ်လို့ ဖတ်ရပါတယ်။
ဒီ ၄ ဦးစလုံးဟာ ၃၀ ပတ်ခြာလည်တွေသာ ရှိပါသေးတယ်။

ကိုးရီးယားမှာ ဝင်ငွေကောင်းပါတယ်။
အဲ့ဒီဝင်ငွေရဲ့ နောက်ကွယ်မှာတော့ ငယ်ရွယ်မှု၊ အထီးကျန်မှု၊ စိတ်ဖိစီးမှု၊ ရာသီဥတုနဲ့ စားသောက်နေထိုင်ရတာ အဆင်မပြေမှုတွေရယ်နဲ့ နောက်ဆုံးကတော့ အိမ်အပြန်လမ်းမှာ ရောဂါတစ်ခုမဟုတ် တစ်ခု သယ်ဆောင်သွားကြရတာပါပဲ။

ကျနော်လည်း ၂၀၂၁ ~ ၂၀၂၂ ကစပြီး အစာအိမ်ဖြစ်လာခဲ့တာ အခုထိလည်း အရှင်းပျောက်တယ်ဆိုတာ မရှိပါဘူး။
ပြန်ရောင်လိုက်၊ လေပွလေနာ ထလိုက်၊ စားချဉ့်ပြန်လိုက်နဲ့ စိတ်ကို အခိုင်မာဆုံးဖြစ်အောင် ပြင်ဆင်နေထိုင်နေရပါတယ်။

တခါတလေ အစာအိမ်ရောင်နေတဲ့အပတ်တွေဆို တစ်ယောက်တည်း ဆန်ပြုတ်ကျိုသောက်နေရတဲ့ ဘဝက တောက်တခေါက်ခေါက်နဲ့ကို ကျိတ်မှိတ်ဖြတ်သန်းနေခဲ့ရတာပါ။

အဲ့ဒီလိုအချိန်မျိုး အိမ်မှာ မိသားစုထဲ တစ်ခုခုအဆင်မပြေတာ၊ မိန်းမနဲ့ ကတောက်ကဆဖြစ်တာ၊ အလုပ် (သို့) အဆောင်မှာ အခန့်မသင့်စရာ ဖြစ်လိုက်ပြီဆို စိတ်ကို လွတ်ထွက်မသွားအောင် အတော်ကို ထိန်းချုပ်ထားရပါတယ်။

အဲ့ဒီတော့ တစ်လ သိန်း ၇၀ ~ ၁၀၀ ရတယ်ဆိုတာဟာ အခန့်မသင့်ရင် အသက်ပါ ပေးလိုက်ရတဲ့ အခြေအနေတွေ ရှိပါတယ်။

၂၀၂၃ ခါးမှာ disk ပြားကျွံတုန်းက ဆရာဝန်ကြီးက မေးတယ်။
“ဒီကိုရောက်တာ ဘယ်လောက်ကြာပြီလဲ”တဲ့။
“၆ နှစ်ရှိပါပြီ”လို့ ဆိုတော့...
“ခန္ဓာကိုယ်ကို အတော်ခိုင်းထားပြီးပြီ မပြန်သေးဘူးလား” မေးတယ်။

အဲ့ဒီကျတော့မှ ဆရာဝန်ကြီး ရှင်းပြလို့ သိခဲ့ရတယ်။
ကျနော်တို့ရဲ့ အလုပ်စာချုပ်မှာ ပထမသက်တမ်း​က ၃ နှစ်ပဲ ရှိပါတယ်။

အဲ့ဒါက ဘာလဲဆိုတော့ ကိုးရီးယားရဲ့ အလုပ်ချိန်နဲ့ လုပ်ရတဲ့ အလုပ်တွေကို သေချာသုတေသနပြုလိုက်တဲ့အခါ “ပြည်ပလုပ်သားတစ်ယောက် လုပ်နိုင်စွမ်းသည် ၃ နှစ်တည်း” ပါတဲ့ဗျာ။

ဒီ ၃ နှစ်သည် အလုပ်ရှင်နဲ့ နှစ်ဦးသဘောတူစာချုပ်ဖြစ်ပြီး ၃ နှစ်နောက်ပိုင်း သက်တမ်းတိုးနေထိုင်သမျှ နှစ်တွေဟာ အလုပ်သမားရဲ့ လုပ်နိုင်စွမ်းနဲ့ သူ့ဆန္ဒသာ ဖြစ်ပါတယ်တဲ့။
ဆရာဝန်ကြီး ရှင်းပြတော့မှ ကျနော် ပြန်စဉ်းစားမိတာ။

ဟုတ်ပါတယ် ပထမ ၃ နှစ်မှာ ရှင်းရှင်းပြောရင် ဖျားတောင် မဖျားခဲ့တာပါ။

၃ နှစ်နောက်ပိုင်းမှာတော့ အစာအိမ်၊ ခါးကြောညှပ်၊ ဇက်ကြောညှပ်၊ အာရုံကြောအားနည်း၊ အမြင်အာရုံ အားနည်း စုံအောင်ကို ဖြစ်လာတော့တာ။
ဒီကြားထဲ ဗီတာမင်ချို့တဲ့လို့ ၆ လ တကြိမ် အမိုင်နိုသွင်းပေးနေခဲ့ရတာပါ။

အဲ့တော့ လုပ်နေတဲ့ ညီနောင်တွေအနေနဲ့လည်း ကိုယ့်အခြေအနေကို အမြဲဆန်းစစ်နေဖို့ လိုသလို၊ နောက်က မိသားစုတွေအနေနဲ့လည်း လစဉ်ပိုက်ဆံပို့ပြီးရော မလုပ်ကြပါနဲ့။
အသက်တွေနဲ့ ရင်းနေရတယ်ဆိုတာ သဘောပေါက်ကြပါ။

ကိုယ့်တူ ကိုယ့်သား ကိုယ့်လင်သားရဲ့ အခြေအနေကို အမြဲစောင့်ကြည့်ပါ။
အားပေးပါ၊ အစားအသောက်ကစလို့ ဗီတာမင်ဆေးဝါးအကူအညီ ယူခိုင်းပါ။
နှုတ်အားဖြင့်လည်း ဘာမှ မစောင့်ရှောက်ပေးနိုင်ရင်တောင် စိတ်ဒုက္ခတော့ လှမ်းလှမ်း မပေးကြစေချင်ပါဘူး။

ဒီမှာ တစ်ယောက်တည်း နေရတဲ့ ဖိအားက မြန်မာပြည်မှာ ရှိနေသလိုမျိုး မဟုတ်ပါဘူး။
အိပ်ရေးတွေပျက်လို့ အာရုံကြော အားနည်းလာတာနဲ့အမျှ လူက ကြောင်တောင်တောင်ဖြစ်လာပြီး အသံတွေကြား၊ အရိပ်တွေမြင်ပြီး တခါတလေ ကိုယ်ဘာပြောနေမိတာလဲဆိုတာတောင် ပြန်မေးယူရတဲ့ အခြေအနေတွေအထိ ရှိပါတယ်။

လောဘဇောတက်ပြီး လစဉ်ငွေအပြည့်မပို့လို့ ပြဿနာရှာတဲ့ မိဘတွေ၊ မိန်းမတွေ။

ချဲထိုး နှစ်လုံးထိုးပြီး ကျွဲဂိမ်းစလော့ဂိမ်း လုပ်နေကြတဲ့ မိန်းမတွေ။

မိဘကို ဘယ်လောက်ပေးတယ်၊ မိန်းမကိုတော့ ဘယ်လောက်ပေးတယ်ဆိုပြီး လှမ်းလှမ်းတိုင် ရန်လုပ်ကြတဲ့သူတွေ။

ယောကျ်ားကတော့ ကျွဲလိုနွားလို ရုန်းနေပြီး နောက်ကနေ ဇိမ်ခံ၊ အဝတ်အထည်၊ အစားအသောက်လော်လည်ရင်း နောက်မီးလင်းချင်ကြသူတွေ။

လစဉ် အထုပ်အထည်နဲ့ ရနေလို့ ငွေချေးချင်ကြသူတွေ၊ မချေးလို့ ဆက်ဆံရေးဖြတ်ကြသူတွေ၊ ပြန်မဆပ်ချင်ကြသူတွေ။
အထူး (အထူး) သတိထားပါ။

Address

Pakokku
1996

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959401509754

Alerts

Be the first to know and let us send you an email when DAW SWE SWE TIN Korean Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category