06/10/2026
AI နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ ဒီနေ့ခေတ်မှာ ကလေးတို့ရဲ့ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုဟာ အနာဂတ်အတွက် လုံးဝ မရှိမဖြစ် ဖြစ်လာခဲ့ပါပြီ 💻✨
ဒါကြောင့် IEA မှာ အတန်းငယ်စဉ်ကတည်းက ကွန်ပျူတာနဲ့ ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးထားသလို၊ အလယ်တန်းအဆင့်မှာတော့ Extra Curriculum အဖြစ် ကွန်ပျူတာသိပ္ပံ (Computer Science) နဲ့ Coding နည်းပညာ တွေကို ထည့်သွင်း သင်ကြားပေးလျက် ရှိပါတယ်။
အခု ပုံရိပ်လေးတွေကတော့ ကွန်ပျူတာသိပ္ပံ သင်ခန်းစာတွေထဲကမှ အရေးပါလှတဲ့ Problem Solving (ပြဿနာများ စနစ်တကျ ဖြေရှင်းနည်း) အတွက် လက်တွေ့ဘဝ ဖြစ်စဉ် (Real-world cases) လေးတွေနဲ့ ယှဉ်ပြီး ပျော်ပျော်ပါးပါး Activities လေးတွေ လုပ်ဆောင်နေကြတဲ့ မြင်ကွင်းလေးတွေပဲ ဖြစ်ပါတယ်။ 💡✨
Problem Solving ဆိုတာ Coding ရေးသားရာမှာတင် မဟုတ်ဘဲ မိမိတို့ရဲ့ နေ့စဉ် ဘဝမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုနဲ့ ပြဿနာတွေကိုပါ စနစ်တကျ၊ ယုတ္တိရှိရှိ ဖြေရှင်းတတ်စေဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အရေးကြီး လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။