#ပိုက်ဆံရှိကြောင်းမကြွားပါနဲ့
ဆေးရုံရောက်ရင် ပိုက်ဆံဟာ
စက္ကူနဲ့ တူသွားတယ်။
အလုပ်ကောင်းကြောင်း မကြွားပါနဲ့
သင်ပြုတ် သွားတာနဲ့
နောက်တစ်ယောက်ချက်ချင်း အစားထိုးတယ်။
ရာထူးကြီးကြောင်း မကြွားပါနဲ့
အသက် ၆၂ ပြည့်ရင် အော်တိုပြုတ်သွားတယ်။
အိမ်ကြီးအိမ်ကောင်းဆိုပြီး မကြွားပါနဲ့
သင်မရှိတော့တာနဲ့
တခြားလူဟာဖြစ်သွားတယ်။
ရွှေ ငွေ လက်ဝတ်ရတနာတွေ
ပေါများပါတယ်လို့ မကြွားလိုက်ပါနဲ့
သေသွားရင် ချက်ချင်း ဖြုတ်ယူကြတယ်။
ကားကောင်းစီးနိုင်ကြောင်း မကြွားပါနဲ့
သင်ထွက်သွားတာနဲ့ ကားသော့က
တခြားလူလက်ထဲ ရောက်သွားတယ်။
သင်ကြွားနိုင်တဲ့ တစ်ခုတည်းသောအရာက
သင့် #ကျန်းမာရေး ပါ။
တခြားလူတွေ ထွက်သွားချိန်မှာ
သင် ရေနွေးကြမ်းသောက် နေပူစာလှုံရင်း
ဘဝကိုခံစား ကုသိုလ်တရားတွေ
လုပ်နေနိုင်ပါတယ်။
ကိုယ့်ကိုကိုယ် ကောင်းကောင်းဆက်ဆံပါ
သင့်ရဲ့ ကိုယ်အင်္ဂါပစ္စည်း အစိတ်အပိုင်းတွေက အဆမတန် စျေးကြီးလို့ပါ။
ပြီးတော့ အပိုပစ္စည်းလည်း မရှိလို့ပါ။
မနက်စာကို ဘုရင်လိုစားတဲ့
ကျန်းမာတဲ့ ခန္ဓာကိုယ်အတွက် အာဟာရရှိတဲ့ အစားအစာတွေကို စားပေးဖို့ကလည်း
အဓိကျပါတယ်။
ကိုယ်ကာယ လေ့ကျင့်ခန်းတခုခုလုပ်ရင်း
ဆီလျှော့ ဆားလျှော့ အချိုလျှော့ စားခြင်းဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြပါစို့...။
-to-Original writer
English with me
to share English
17/08/2023
အလုပ်တွေများပေမယ့် အားတဲ့အချိန်တွေမှာ စာဖတ်လေ့ရှိတဲ့ဆရာသမားက စာအုပ်လေးတစ်အုပ်ပေးရင်းနဲ့ "တပည့်ကျော်ရေ ဒီစာအုပ်လေး ဖတ်လို့မဆိုးဘူး၊ အားတဲ့ချိန်တဲ့ ဖတ်ကြည့်တဲ့".....
စာအုပ်လေးလှမ်းယူရင်း ကြည့်လိုက်တော့ စာအုပ်နာမည်လေး မြင်လိုက်တာနဲ့ စိတ်ဝင်စားမိသွားတယ်😀😀😀
သူရဲ့အမည်ကတော့ "လောင်စာ" တဲ့။ ဘာကိုဆိုလို့တာလဲဆိုတဲ့ အတွေးပေါင်းစုံနဲ့ပေါ့,........
စာရေးသူက လောင်စာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ထားသလဲဆိုတော့.........
"Engine တစ်လုံးဟာ လောင်စာဆီရှိနေမှသာ ပုံမှန်လည်ပတ်နိုင်ပြီး မောင်းနှင်းအားကို ထုတ်ပေးနိုင်ပါတယ်။ အဲဒီမောင်းနှင်းအားက မော်တော်ကားကို ရွေ့လျားစေပါတယ်။ ဘယ်အရပ်ကို ဦးတည်စေမလဲ၊ ခရီးရောက်စေမလဲဆိုတာကတော့ မောင်းနှင်းသူကိုယ်တိုင်သာ စီမံရမှာဖြစ်ပါတယ်။ တကယ်လို့ လောင်စာဆီသာ ပြတ်တောက်သွားမယ်ဆိုရင်တော့ အင်ဂျင်ထိုးရပ်သွားပြီး ခရီးပေါက်အောင် စီမံနိုင်ခွင့်ရှိတော့မှာ မဟုတ်ပါဘူး။
အလားတူပဲ ကျွန်တော်တို့ရဲ့စိတ်ကို အားဖြည့်ပေးမယ့် လောင်စာတွေ ကင်းမဲ့သွားမယ်ဆိုရင်လည်း ကျွန်တော်တို့ဟာ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့တဲ့ အကျိုးရလာဒ်မဲ့သူများ ဖြစ်သွားတတ်ပါတယ်။"
"ဖြစ်သလိုနေလို့ရတယ်။ ဒါပေမယ့် လိုသလိုဖြစ်လာမှာမဟုတ်တော့ဘူး။
ပေါ့ပေါ့ဆဆလုပ်လို့ရတယ်။ ဒါပေမယ့် လေးနက်တဲ့ဘယ်ရလာဒ်မှ ရမှာမဟုတ်တော့ဘူး။
မလိုအပ်တာတွေ ဝယ်လို့ရတယ်။ ဒါပေမယ့် လိုအပ်တာတွေအားလုံး ဝယ်နိုင်မှာ မဟုတ်တော့ဘူး။
စားနိုင်သလောက်တော့ စားလို့ရတယ်။ ဒါပေမယ့် အဆီပိုစုဝေးမှုကို လေ့ကျင့်ခန်းမလုပ်ဘဲ တွန်းလှန်နိုင်မှာ မဟုတ်တော့ဘူး။
မစုမဆောင်းဘဲ နေလို့ရတယ်။ ဒါပေမယ့် အရေးပေါ်တဲ့အခါ ငွေကြေးဒုက္ခပူပန်ရမယ်။
လောင်းစား၊ ပျော်ပါးနေလို့ရတယ်။ ဒါပေမယ့် အချိန်လွန်စုတ်ချာနိမ့်ပါးကာမှ နောင်တရမယ်။
တွေဝေငေးငိုင်နေလို့ရတယ်။ ဒါပေမယ့် ဖြစ်ဖြစ်မြောက်မြောက် ရှေ့ရောက်မှာမဟုတ်တော့ဘူး။"
ပေးဖတ်ခဲ့တဲ့ ဆရာသမားကိုလည်း ကျေးဇူးတင်ပါတယ်🙏🙏🙏
စိတ်ခွန်အားဖြစ်စေတဲ့ စာအုပ်ဖြစ်တဲ့အတွက် အမြဲဆောင်ထားဖို့ ဝယ်ခဲ့တုန်းကလည်း အမှတ်တရပါပဲ၊ သူငယ်ချင်းသုံးယောက် Junction centreရောက်တုန်း စာအုပ်တန်းသွား၊ ကိုယ်က ကျန်တဲ့နှစ်ယောက်ကို ကောင်းကြောင်းပြောပြတော့ ဝယ်ဖတ်ချင်စိတ်ဖြစ်သွားတဲ့သူချင်းတွေ 😀😀😀
Uni တုန်းကလည်း same batch၊ အလုပ်ဝင်ခဲ့တုန်းကလည်း same batch ဖြစ်တဲ့သူငယ်ချင်းသုံးယောက် "လောင်စာ " စာအုပ်တစ်အုပ်စီဝယ်ခဲ့တာ တကယ့်အမှတ်တရပါပဲ ...........
ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ခွန်အားတွေကို ပုံမှန်အားဖြည့်ပေးနိုင်မယ့် အကြောင်းပြချက်တွေ၊ မျှော်လင့်ချက်တွေရှင်သန်စေမယ့် အတွေးတွေကို စုစည်းပြီး လောင်စာအဖြစ် စာရေးသူ ဘယ်လိုတင်ပြရေးသားထားသလဲဆိုတာ စိတ်ဝင်စားရင်တော့ ဝယ်ဖတ်ကြည့်ဖို့ အကြံပြုပါရစေ..........
If you love reading, you shouldn't miss reading this book.
Best regards,
AT
1. Peg out -ပန္နက်
2. Stake /peg -တိုင်ငုတ်ချွန်၊ပန္နက်တိုင်
3. Pole/Column -တိုင်
4. Concrete Pole-ကွန်ကရစ်တိုင်
5. Pillar -ဖောင်းအလှတိုင်
6. Wall -နံရံ
7. Beam -ထုတ်/ယက်မ
8. Floor -ကြမ်းခင်း /ကြမ်းပြင်
9. Balcony Floor -လသာဆောင်ကြမ်းခင်း
10. Toilet Floor - အိမ်သာကြမ်းခင်း
11. Polished Concrete -ချောမွတ်ပြောင်လက်နေသော ကွန်ကရစ်နံရံကြမ်းပြင်
12. Brick - အုတ်
13. Lime -ထုံး
14. Sand lime brick -သဲအုတ်
15. Paving brick -လမ်းခင်းအုတ်
16. Ventilation brick -ပန်းအုတ်
17. Concrete brick -ဘိလပ်မြေအုတ်(ဘောက်အုတ်)
18. Joint -နှာ(အုတ်စီ)
19. Raking back -နောက်ဆုတ်အုတ်စီနည်း
20. Stretcher -အုတ်လျား
21. Plinth level -အုတ်ခုံမျက်နှာ
22. Cement -ဘိလပ်မြေ
23. Water -ရေ
24. Sand -သဲ
25. Sand Coarse-သဲကြမ်း
26 . Sand fine -သဲနု
27. Gravel -ကျောက်စရစ်
28. Stone chipping -ကျောက်ဆန်ကွဲ
29. Marble -စကျင်ကျောက်
30. Shingle -ကျောက်စရစ်
31. Steel bar -၃မူးနှင့်အထက်ကြီးသောသံချောင်းများ
32. Steel Round Bar -ပြောင်ချောသံချောင်း
33. Steel plate -သံပြား
34. Steel flat bar -သံပြားအရှည်
35. Steel wire rod -သွတ်ကြိုး
36. Angle steel bar -ကျင်တွယ်သံချောင်း
37. Welded panels -သံဇကာ
38. Welded net -သံဇကာအသေး
39. Iron nail -သံမှို
40. Concrete nail -စတီးသံမှို
41. Bamboo -ဝါး
42. Timber -သစ်
43. Plastic rope-ပလတ်စတစ်ကြိုး
44. Nylon rope -နိုင်လွန်ကြိုး
45. Hardwood Squares -ပျဥ်(သစ်မာ)
46. Plywood -သစ်သားပြား
47. Lumber -သစ်ပွ
48. Earth -မြေကြီး
49. Dig earth -မြေကြီးတူး
50. Earth leveling construction-မြေကြီးညှိ
51. Cement earth -ဘိလပ်မြေညှိ(မျဥ်းတိုက်)
52. Construction site clearing -နေရာဌာနရှင်းလင်း
53. Hall -ဟောခန်း
54. Bedroom -အိပ်ခန်း
55. Living room -ဧည့်ခန်း
56. Shrine /Buddha room -ဘုရားခန်း
57. Dinning room -ထမင်းစားခန်း
58. Kitchen -မီးဖိူချောင်
59. Pantry -စားနပ်ရိပ်ခါထားရာအခန်း
60. Bathroom -ရေချိုးခန်း
61. Lounge room/sitting room-အပန်းဖြေခန်း
62. Basement -မြေအောက်ခန်း
63. Garage -ကား ထားရန်
64. Study -စာကြည့်ခန်း
65. Balcony -လသာဆောင်
66. Verandah -ဝရန်တာ
67. Path -လျှောက်လမ်း
68.Roof -အမိုး
69. Ceiling -မျက်နှာကျက်
70. Sheds -အဖီများ
71. Gate -ဝိုင်းဝင်တံခါး
72. Fence - ခြံစည်းရိုး
73. Letter box-အိမ်ဝန်းရှေ့စာတိုက်ပုံး
74. Door bell -အိမ်ဝန်းရှေ့ အချက်ပေးဘဲ
75. Ditch - ရေမြောင်း
76. Water tank -ရေလှောင်ကန်
77. Wattle -ဝါးကပ်
78. Metal -သတ်တု
79. Brass -ကြေးဝါ
80.Aggreate -ရောစာ
81. Marble tile -စကျင်ကျောက်ပြား
82. Marble chipping-စကျင်ကျောက်ဆန်ကွဲ
83. Abutment wall -မြေကာနံရံ
84. Chimney -မီးဖိုခေါင်းတိုင်
85. Gypsum - စကျင် သလင်းကျောက်
86. Lodedtone -သံလိုက်ကျောက်
87. Bismuth(cast iron) -သံကြွပ်
88. Chowket /door&window frame -ကျည်းဘောင်
89. Formwork -ကျောက်ပုံး
90. Flooring tile- ကျောက်ပြား
91. Span -ခန်းဖွင့်အကျယ်
92. ridge -ခေါင်ရိုး
93. ridge piece-ခေါင်ချုပ်
94. Folding door -ခေါက်တံခါး
95. Hollw brick -ခေါင်းပွအုတ်
96. Pudlog -ငြမ်းဆင့်
97. Puglog hole-ငြမ်းဆင့်ထိုးပေါက်
98. Scaffolding -ငြမ်းဆင်ခြင်း
99. Binder -ထိန်းချုပ်ဆေး
100. Ledged&battened door-ပျဥ်ထောင်တံခါး
101. Putty -ထေးဆေး
102.Turpentine -ထင်းရူးဆီ
103.Tallow -အမဲဆီ
104.Angle bracket -ထောင့်ချိုးသံပြား
105.Angle -ထောင့်မှန်ချိုး
106.Corner -ထောင့်ချိုး
107.Header-ထိပ်စီကျောက်
108.Lime concrete -ထုံးကွန်ကရစ်
109. Binder/stirrup -ထိန်းကွင်း
110.Collar truss -ဒိုင်းငယ်
111.Truss -ဒိုင်းငယ်
112.Cavity tie -နံရံချုပ်
113.Gutter -ရေတလျှောက်
114.Parapet gutter -နံရံကပ်ရေတလျှောက်
115.Valley -ရေလိမ်
116.Valley rafter -ရေလိမ်ဒိုင်း
117.Valley gutter -ရေလိမ်ရေတံလျှောက်
118.Flat or flush pointing -နှာပြည့်
119.Nosing -နှာစွန်း
120.Coping -နံရံထိပ်စီး
121.Batter -နံရံစောင်း
122.Layout plan - ပန္နက်ရိုက်ပုံစံ
123. Bond - ကွန်ကရစ်သိပ်သည်း
124.Stencil -ပုံဖော်ပြား
125.Eave board -ပန်းဆွဲ
126.Moulding (plaster)-ပြော့ကြောင်းထိုးခြင်း
127.Formwork -ပုံစံခွက်
128.Plastic emulsion paint -ပလပ်စတစ်ဆီဆေး
129.Main rod-ပင်မသံချောင်း
130.Cleat -ဖားတုံး
131.Mixing -ဖျော်စပ်ခြင်း
132.Gable -မြင့်မိုရ်
133.Glazed door -မှန်တံခါး
134.Glazed window -မှန်ကွက်ပြတင်း
135.Centre hung fanlight -မှန်လည်လေဝင်ပြတင်းပေါက်
136.Fixed fanlight -မှန်အသေတပ်ပြတင်းပေါက်
137.Barbed wire -သံဆူးကြိုး
138.Mortar -သရိုး
139.Plaster -သရွတ်
140.Plastering -သရွတ်ကျံခြင်း
141.Metal lath -သံဇကာဘိလပ်မြေ
142. Quick setting cement-အအိပ်မြန်ဘိလပ်မြေ
143.Slow setting cement -အအိပ်နှေးဘိလပ်မြေ
144.Rapid hardening cement -အမာမြန်ဘိလပ်မြေ
145. Reinforcement rod -အားကူသံချောင်း
146.Deformed reinforcement rod- အရစ်ပါသောအားကူသံချောင်း
147.Plywood -အထပ်သား
148. Balancing reservoir -ထိန်းညှိ ရေလှောင်ကန်
149. Balanced cantilever -အစွန်းထွက်ယက်မ
150. ballast - အောက်ခံကျောက်များ
151. base line -အခြေခံမျဥ်း
152. base plate -တိုင်အောင်ခံပြား
153. batten or reeper -အုတ်ကြွပ်တန်း
154. bed of pier -တိုင်ခြေ
155. bedding plate- ခံဆောင်ပြားများ
156. bond -အုတ်စီနည်း
157. bonder -တွဲဆက်ကျောက်
158.cement motar -ဘိလပ်မြေသရွတ်
159. cement sand screed -ဘိလပ်မြေ သဲ သရွတ်ခင်း
160.column footings -တိုင်ဖိနပ်
161. combined footing -တွဲဖိနပ်
162. commode step -ကမုဒ်အနင်း
163. copings -ထိပ်အုပ်
164. corble -အစွန်းထွက်
165. cornices -ပန်းကလပ်
166. corrosive -သတ္တုစားခြင်း
167. cross hair -ကန့်လန့်ဖြတ်အမှတ်
168. cross -section -ကန့်လန့်ဖြတ်အပိုင်း
169. Curved roofs -အမိုးခုံး
170. efflorescence -ဆားပွင့်ခြင်း
171. Filter bed -ရေစစ်ကန်
172. final setting of cement -ဘိလပ်မြေအပြီးသတ်အိပ်ချိန်
173. fine aggregate -ရောစာနု
174. flag stone -ကျောက်ပြား
175. fl**ge -ဖလန်းပြား
176. flat arch -ခုံးပြား
177. flight -လှေကားပြေး
178. Gypsum -ဂျစ်ပဆန်ကျောက်
179. Precast -ကြိုတင်သွန်းလောင်းခြင်း
180. rain water pipe -မိုးရေပိုက်
181.septic tank -မိလ္လာကန်
182. service reservior -ရေဝေကန်
183. setting tank -အနည်ထိုင်ကန်
184. sump -ရေစုကန်
185. spill way -ရေပိုလွှဲ
186. surplus works -ရေပိုလွှဲပိုက်
187. waste pipe -စွန့်ပစ်ရေလွှဲပိုက်
188. waste weir -ရေလွှဲဆည်
189. water seal -ရေခံ
190. wearing course-အပွန်းခံလွှာ
191. vent pipet -လေထွက်ပိုက်
192. filter bed -ရေစစ်ကန်
193.fish plate -ပိုးပြား
194. flag -stone ကျောက်ပြား
195. sun shade -နေကာမိုး
196. super -structure အထက်ပိုင်းအဆောက်အအုံ
197. support beam -ထောက်ရက်မ
198. surveying -မြေတိုင်းပညာ
199. suspended floor -အလွတ်ကြမ်းခင်း
200. suspended span -ဆိုင်းထား ခန်းဖွင့်
Credit to original uploader
25/08/2022
24/08/2022
What are you?
ရုံးဝန်ထမ်းတိုင်း သိထားသင့်တဲ့E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
လုပ်ငန်းခွင်မှာ e-mail နဲ့ပဲဖြစ်ဖြစ် Instant messaging နဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ပေးပို့တဲ့အခါ အသုံးများလေ့ရှိတဲ့အင်္ဂလိပ်အတိုကောက်စကားလုံးတွေကို ဗဟုသုတရအောင်ဖော်ပြပေးလိုက်ပါတယ်။
1. ASAP – as soon as possible (ကိုယ့်ရဲ့အထက်လူကြီးဆီကနေ “Send me the report ASAP” ဆိုတဲ့ e-mail ကို ရတယ်ဆိုရင်တော့ သူကကိုယ့်ကို ကျန်တဲ့အလုပ်တွေအကုန်ပစ်ချထားပြီးတော့ အဲဒီအစီရင်ခံစာကို ပြီးအောင်လုပ်တော့လို့ ပြောနေတာပဲဖြစ်ပါတယ်။)
2. BTW – by the way (ဥပမာ - “I read that article BTW. Not so great.” တစ်ခါတလေမှာ back to work လို့လည်း ဆိုလိုပါတယ်။ အဲဒါကြောင့် btw ဆိုတဲ့စကားလုံးကို ဘယ်လိုအသုံးပြုထားသလဲဆိုတာကို ဂရုစိုက်ဖို့လိုပါတယ်။)
3. COB – close of business (လုပ်ငန်းတစ်ခုပြီးစီးဖို့အတွက် သတ်မှတ်ထားတဲ့နောက်ဆုံးအချိန်ကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ - “This is just a reminder that the survey is still open and will remain open until COB today”)
4. COD – cash on delivery (ပစ္စည်းရောက်မှငွေချေရတဲ့ ငွေပေးချေမှုအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဥပမာ - We don’t have to pay the printer now. It’s COD.”)
5. EOD – end of day (ယေဘုယျအားဖြင့်တော့ အလုပ်အချိန်ရဲ့နောက်ဆုံးအချိန်ကိုပြောချင်တာပါ။ တစ်ခါတလေမှာလည်း နေ့တစ်နေ့ရဲ့နောက်ဆုံး သန်းခေါင်းယံအချိန်ကိုပြောချင်တာပါ။ ကိုယ့်အလုပ်ရှင်က ဘယ်လိုမျိုးသုံးနှုန်းထားသလဲဆိုတာကိုတော့ သိအောင်လုပ်ရပါ့မယ်။ ဥပမာ - “I’d like to submit it before EOD.”)
6. EOM – end of message (အချိန်တိုတိုအတွင်းမှာ မလိုအပ်ဘဲနဲ့ e-mail ဖွင့်ဖတ်ရတဲ့အခက်အခဲတွေကို မဖြစ်စေဖို့ ဒီစကားလုံးကို e-mail ရဲ့အကြောင်းအရာမှာသုံးလေ့ရှိပါတယ်။ ဥပမာ - e-mail မှာဘာမှမရေးဘဲနဲ့ Subject မှာပဲ “Budget meeting 10/11/2019 at 11am (EOM)” ဆိုပြီးသုံးလို့ရပါတယ်။)
7. F2F – face to face (မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ပြောချင်တဲ့အခါမှာ သုံးပါတယ်။ ဥပမာ - "Let's meet and work it out F2F.")
8. FAQ – frequently asked question(s) (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး အမေးများတဲ့မေးခွန်းတွေကို ဆိုလိုပါတယ်။ ဥပမာ - “What are the FAQs for our new product?”)
9. FYI – for your information (ဒီစကားလုံးကိုတော့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ်မျှဝေပေးပို့လိုက်တဲ့ သတင်းအကြောင်းအရာကို သတိထားမိစေချင်ရင် အဲဒီစကားလုံးကို သုံးနှုန်းပါတယ်။ ဥပမာ - “FYI, this is the update I got from the team.”)
10. F/U – follow up (ကိုယ့်ရဲ့ Client ဆီကို e-mail ပို့ပြီးပြောဆိုဆွေးနွေးထားတဲ့အကြောင်းအရာကို ဖုန်းနဲ့ပဲဖြစ်ဖြစ် လူကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်လက်ဆောင်ရွက်တာကိုပြောတာ ဖြစ်ပါတယ်။ နမူနာစာကြောင်းဆိုရင် “You should f/u your e-mail over phone-call or in person.”)
11. FWD – forward (ကိုယ့်ရဲ့ အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က သူ့ရဲ့e-mail ကို နောက်တစ်ယောက်ဆီ ပေးပို့ပေးစေချင်တဲ့အခါမှာ “Can you FWD my e-mail to # # # as I forgot to loop him/her in the convo?” အဲဒီမှာ Convo ဆိုတာ Conversation ကိုပြောတာပါ။)
12. IOW – in other words (အကြောင်းအရာတစ်ခုကို အရှေ့မှာပြောထားတာထက် ပိုပြီးရှင်းလင်းအောင်ပြောချင်ရင် ဒီစာလုံးနဲ့စပြီးပြောပါတယ်။ ဥပမာ - “The mobile library services have been reorganized – IOW, they visit fewer places.”)
13. LMK – let me know (ကိုယ်ပေးပို့လိုက်တဲ့ e-mail နဲ့ပတ်သက်ပြီး နောက်ဆက်တွဲမေးခွန်းတွေမေးလို့ရအောင် ဖွင့်ပေးတဲ့သဘောနဲ့ အသုံးပါတယ်။ ဥပမာ - “LMK, if you have any questions about this event.”)
14. N/A – not applicable (မေးထားတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကိုက်ညီသင့်တော်တဲ့အဖြေမရှိတဲ့အခါမှာ ဒီစကားလုံးကိုသုံးပါတယ်။ ဥပမာ - “If a question does not apply to you, please put N/A in the box.”)
15. N/B, NB, n/b – nota bene (လက်တင်ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး အင်္ဂလိပ်လို “Note Well” ကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်ပေးပို့လိုက်တဲ့အရေးကြီးအချက်အလက်တွေကို စာဖတ်သူသတိထားမိစေဖို့ အဲဒီအချက်အလက်ရဲ့အရှေ့မှာရေးလေ့ရှိပါတယ်။ E.g. “NB Applications received after the closing date will not be accepted.”)
16. NLT – no later than (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး ကိုယ်လိုချင်တဲ့အဖြေ ဒါမှမဟုတ် အစီရင်ခံစာ ဒါမှမဟုတ် အတည်ပြုချက်တွေကို သတ်မှတ်ထားတဲ့အချိန်ထက် နောက်မကျစေဘဲလိုချင်တယ်ဆိုရင် “Please provide feedback NLT EOD Wednesday.”)
17. NRN – no reply necessary (တစ်ခါတလေမှာ မလိုအပ်ဘဲ reply လုပ်တဲ့ e-mail လုပ်တွေကြောင့် ကိုယ့်ရဲ့ Inbox ထဲမှာ e-mail တွေအများကြီးနဲ့မျက်စီရှုပ်နေတတ်ပါတယ်။ တကယ်လို့မြန်း ကိုယ်ပို့လိုက်တဲ့ e-mail ကို reply မလုပ်လည်းရတယ်ဆိုရင် ဒီစကားလုံးကိုသုံးနိုင်ပါတယ်။)
18. RSVP - Répondez s’il vous plait (ပြင်သစ်စကားလုံးတစ်ခု ဖြစ်ပြီး ယေဘုယျပြောရမယ်ဆိုရင် please respond နဲ့အတူတူပဲဖြစ်ပါတယ်။ ဥပမာ - “RSVP to me by April 20th.”)
19. TBD – to be determined (အကြောင်းအရာတစ်ခုဟာ ဆုံးဖြတ်ဖို့လိုသေးရင် ဒီစကားလုံးကိုသုံးကြပါတယ်။ ဥပမာ - “No. of participant: TBD”)
20. OOO – out of office (အကြောင်းကိစ္စတစ်ခုခုကြောင့် အချိန်ပိုင်းပဲဖြစ်စေ ရက်တော်တော်ကြာဖြစ်စေ ရုံးမှာမရှိတဲ့အကြောင်းကို ကိုယ့်ရဲ့မက်ဆေ့ခ်ျတွေမှာဖော်ပြချင်ရင် “I will be OOO until Tuesday.”)
21. WFH – work from home (တချို့တချို့သောလူတွေဟာ သူတို့ရဲ့အလုပ်တွေကို ရုံးမှာမဟုတ်ဘဲ အိမ်မှာနေပြီးပြီးအောင်လုပ်နေတယ်ဆိုတာကို သူတို့ရဲ့အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြောပြတဲ့အခါမှာ သုံးလေ့ရှိပြီး အဲဒါဟာ ရုံးမှာဘယ်သူကတော့ရှိတယ် ဘယ်သူကတော့မရှိဘူးဆိုတာကို သိစေဖို့အတွက် အထောက်အကူဖြစ်ပါတယ်။)
22. YTD – year to date (ပြက္ခဒိန်နှစ်ပဲဖြစ်ဖြစ် ဘဏ္ဍာရေးနှစ်ပဲဖြစ်ဖြစ် နှစ်တစ်နှစ်ရဲ့ ကိုယ်ရောက်နေတဲ့လက်ရှိအချိန်ကို ရည်ညွှန်းဖော်ချင်လျှင် သုံးပါတယ်။ ဥပမာ - ကိုယ့်ရဲ့အစီရင်ခံစာမှာ အသားတင်အမြတ်ငွေပမာဏကို ဖော်ပြချင်တဲ့အခါမှာ “We’ve made $800,000 in sales YTD.”)
အခုဖော်ပြထားတဲ့အတိုကောက်စာလုံးတွေက စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာရေးသားနည်းမှာ အသုံးများလေ့ရှိတာတွေပဲဖြစ်ပါတယ်။ အခြားအသုံးများတဲ့စကားလုံးတွေလည်း ကျန်ပါသေးတယ်။ လုပ်ငန်းအတွေ့အကြုံနဲ့ ကိုယ်တိုင်လေ့လာဆည်းပူးမှုတွေကနေ ဆက်လက်သိရှိအောင်လုပ်ရမှာပဲဖြစ်ပါတယ်။ ဒီလိုစကားလုံးတွေဟာ ကိုယ့်ရဲ့ e-mail ကို ကျစ်လစ်သွားအောင် ကူညီပေးနိုင်သလို အချိန်တိုတိုအတွင်းမှာ အလုပ်တွင်ကျယ်အောင်လည်း အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း သူတို့ကိုအသုံးပြုတဲ့အခါမှာ အက္ခရာနဲ့ ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတတွေကို သတိထားရပြီးတော့ သုံးသင့်တဲ့နေရာလား မသုံးသင့်တဲ့နေရာလားဆိုတာကိုလည်း ချိန်ဆရပါလိမ့်မယ်။
Credit to Original Uploader
အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ရာထူးတာဝန်
အခေါ်အဝေါ်များ
(မြန်မာ - အင်္ဂလိပ်)
၁။ ညွှန်ကြားရေးမှူးချုပ် -Director General(DG)
အမြဲတမ်းအတွင်းဝန်-Permanent Secretary
ဘဏ္ဍာတော်မင်းကြီး- Financial Commissioner
ယစ်မျိုးမင်းကြီး - Excise Commissioner
၂။ ဒုတိယညွှန်ကြားရေးမှူးချုပ်- Deputy Director General (DDG)
ဒုတိယအမြဲတမ်းအတွင်းဝန်- Deputy Permanent Secretary
ပြည်နယ် အုပ်ချုပ်ရေးမှူး - State Administrator
တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး - Regional Administrator
ပြည်နယ်/တိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး - Secretary of the State/Regional Government
၃။ ညွှန်ကြားရေးမှူး - Director
ခရိုင်အုပ်ချုပ်ရေးမှူး၊ - District Administrator
ကော်လိတ္တော်အရာရှိ- Collector
ဒုတိယကော်မရှင်နာမင်းကြီး- Deputy Commissioner (DC)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့အတွင်းရေးမှူး-
Secretary of the Leading Body of Self-Administered Division
၄။ ဒုတိယညွှန်ကြားရေးမှူး- Deputy Director
ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး- Deputy District Administrator
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အတွင်းရေးမှူး-
Secretary of the Leading Body of the Self-Administered Zone
၅။ လက်ထောက်ညွှန်ကြားရေးမှူး- Assistant Director (AD)
မြို့နယ်အုပ်ချုပ်ရေးမှူး- Township Administrator
လက်ထောက်ကော်လိတ္တော်အရာရှိ - Assistant Collector
၆။ ဦးစီးအရာရှိ - Staff Officer (SO)
ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး - Deputy Township Administrator
၇။ ဒုတိယဦးစီးမှူး - Deputy Staff Officer
မြို့အုပ်ချုပ်ရေးမှူး- Town Administrator
၈။ ဋ္ဌာနခွဲစာရေး- Branch Clerk BC
၉။ အကြီးတန်းစာရေး- Upper Divisional Clerk UD
၁၀။ လက်ထောက်ကွန်ပြူတာလုပ်ဆောင်ရေးမှူး- Assistant Computer Specialist
၁၁။ စာရင်းကိုင် (၃)- Accountant level (3)
၁၂။ အကြီးတန်းလက်နှိပ်စက်- Upper Divisional Typist
၁၃။ စာရင်းကိုင် (၄)- Accountant level (4)
၁၄။ အငယ်တန်းစာရေး- Lower Divisional Clerk (LD)
ရပ်/ကျေးစာရေး- Ward/Village Tract staff
၁၅။ ဒု-လက်ထောက်ကွန်ပြူတာလုပ်ဆောင်ရေးမှူး- Deputy Assistant Computer Specialist
၁၆။ အငယ်တန်းလက်နှိပ်စက်- Lower Divisional Typist
၁၇။ ယာဉ်မောင်း(၄)- Driver Grade (4)
၁၈။ ယာဉ်မောင်း(၅)- Driver Grade (5)
၁၉။ ရုံးအကူ- Office helper/ Office staff
၂၀။ စာပို့- Postman
၂၁။ သန့်ရှင်းရေးအကူ- Cleaner
၂၂။ အစောင့်- Watchman
၂၃။ အမှုတွဲထိန်း - Case file holder
၂၄။ ရိပ်သာစောင့်- Guesthouse Watchman
မူရင်းရေးသားသူ
တွေ့ရခဲလှတဲ့ အင်္ဂလိပ်လို ဘုရားရှိခိုး
(A) THE COMMON PRAYER အများသုံးဘုရားရှိခိုး
1. May I worship the Buddha. မြတ်စွာဘုရားကို ရှိခိုးပူဇော်ပါ၏
2. May I worship the Dhamma. တရားတော်ကို ရှိခိုးပူဇော်ပါ၏
3. May I worship the Samgha. သံဃာတော်ကို ရှိခိုးပူဇော်ပါ၏
Okasa, Okasa, Okasa
1. For the elimination of all offences committed by deed speech or thought.
သြကာသ သြကာသ သြကာသ ကာယကံ ၀စီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ
2. I respectfully and humbly raise my hands together three times in obeisance, adoration, worship and subdued pride to the Buddha Jewel, the Dhamma Jewel, and the Samgha Jewel ; once, twice, thrice I pray O my Lord, Sir.
ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေအလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား။
3. “ For the meritorious act and will of obeisance .”
ကန်တော့ရသော ကောင်းမှုကံစေတနာတို့ကြောင့်
4. May I ever be liberated from and quenched of the four woeful states, the three epochs of affliction, the eight incongenial locations, the five enemies, the four misfortunes and the five losses.
အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရ်ှပါး ရန်သူမျိုးငါးပါး ဝိပ္ပတ္တိတရားလေးပါး ဗျဿနတရား ငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်င်မြ်းသည်ဖြစ်၍
5. May I attain magga-phala and Nibbana.
မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကို ရရပါလို၏အရှင်ဘုရား။
(B) Requesting The Refuges and Precepts ငါးပါးသီလခံယူဆောက်တည်ပုံ
အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမၸိ............
တတိယမ္ပိ..............
Reverend, I (we) request the Three Refuges and the Five Precepts.
အရှင်ဘုရား တပည့်တော်တော်တို့ သရဏဂုံသုံးပါးနဲ ငါးပါးသီလတော်မြတ်တို့ကို တောင်းခံပါကုန်၏
Reward me (us) by granting the three Refuges and the Five Precepts.
သရဏဂုံသုံးပါးနဲ့ ငါးပါးသီလတော်မြတ်တို့ကို ချီးမြောက်သောအားဖြင့် တပည့်တော်တို့ကို ပေးသနားတော်မူပါဘုရား
Secondly ( Reverend............................. the Five Precepts.)
နှစ်ကြိမ်မြောက်လည်း................ ဘုရား
Thirdly ( Reverend............................. the Five Precepts.)
သုံးကြိမ်မြောက်လည်း .................ဘု ရား
(C) The Adoration “ Namo Tassa” နမော တဿ ဖြင့် ဘုရားရှိခိုးခြင်း
( Namo tassa bhagavato arahato sammasam buddhassa. )3
( I respectfully adore and pay homage to the Exalted One, the Worthy One, and
the All-Enlightened One. ) 3
ဘုန်းတော်ကြီးမားတော်မူသော မြတ်စွာဘုရား၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား၊ အလုံးစုံကို သိတော်မူသော မြတ်စွာဘုရားအား တပည့်တော် ရိုသေမြတ်မြတ်နိုးရှိခိုးပါ၏ဘုရား
(D) Establishing the Three Refuges သရဏဂုသုံးပါး ခံယူဆောက်တည်ခြင်း
1. I recognise and take refuge in the Buddha as shelter.
မြတ်စွားဘုရားကို ခိုကိုး ာအဖြစ် ကိုးကွယ်ဆည်းကပ် သိမှတ်ပါ၏ဘုရား။
2. I recognise and take refuge in the Dhamma as shelter.
တရားတော်ကို ခိုကိုး ာအဖြစ် ကိုးကွယ်ဆည်းကပ် သိမှတ်ပါ၏ဘုရား။
3. I recognise and takte refuge in the Samgha as shelter.
သံဃာတော်ကို ခိုကိုး ာအဖြစ် ကိုးကွယ်ဆည်းကပ် သိမှတ်ပါ၏ဘုရား။
( For a second time, I recognise...................... B/D/S as shelter.)
နှစ်ကြိမ်ျမြာက်လည်း........ဘုရား တရား သံဃာ........
( For a third time, I recognise......................... B/D/S as shelter.)
နှစ်ကြိမ်ျမြာက်လည်း........ဘုရား တရား သံဃာ........
(E) Establishing the Five Precepts ငါးပါးသီလတော်မြတ်တို့ကို ခံယူဆောက်တည်ခြင်း
1. I observe the precept not to kill any sentient beings.
သိမြင်ခံစားတတ်သောသက်ရှိသတ္တဝါ မှန်သမျှကို မသတ်ကြောင်း သိက္ခာပုဒ်ကို စောင့်ထိန်းပါ၏
2. I observe the precept not to steal the ungiven things.
မပေးသော သူတပါး ဥစ္စာပစ္စည်းများကို မခိုးယူကြောင်း သိက္ခာပုဒ်ကို စောင့်ထိန်းပါ၏
3. I observe the precept not to indulge in unnoble sexual
enjoyments.
မှားယွင်းသော ကာမဂုဏ်ခံစားမှုကို မလိုက်စားကြောင်း သိက္ခာပုဒ်ကို စောင့်ထိန်းပါ၏
4. I observe the precept not to tell falsehood.
မဟုတ်မမှန်သောစကားကို မပြောဆိုကြောင်း သိက္ခာပုဒ်ကို စောင့်ထိန်းပါ၏
5. I observe the precept not to be intoxicated with narcotics, drugs and alcoholic drinks which are the causes of forgetfulness of the Dhamma.
တရားတော်ကိုမေ့လျော့ခြင်းအကြောင်းရင်းများဖြစ်ကြသော မူးယစ်ဆေး ဘိန်း အရက်သေစာတို့နဲ့မမူးယစ်ကြောင်း သိက္ခာပုဒ်ကို စောင့်ထိန်းပါ၏
၃၈ ဖြာ မင်္ဂလာအကျဉ်း(ပါဠိ+မြန်မာ+အင်္ဂလိပ်)
The Summary of 38 Mingala Dhamma
၁။ အသေ၀နာ စ ဗာလာနံ = လူမိုက်တို့နှင့်မပေါင်းသင်း မဆက်ဆံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
1. Asevanaca balanam; Not to associate with the foolish is the highest blessing.
၂။ ပဏ္ဍိတာနဉ္စ သေ၀နံ ပညာရှိသူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းသင်းဆက်ဆံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
2. Panditananca sevana; To associate only with the wise is the highest blessing.
၃။ ပူဇာ စ ပူဇနေယျာနံ = ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြင့်မြတ်သော မင်္ဂလာတစ်ပါးဖြစ်ပါသည်။
3. Pujaca Pujaneyyanam; To honour those who are worthly of honour is the highest blessing.
၄။ ပတိရူပဒေသဝါသော စ= သင့်လျှော်လျှောက်ပတ်သောအရပ်ဒေသမှာ နေထိုင်ခြင်းသည် မြင့်မြတ်သော မင်္ဂလာတစ်ပါးဖြစ်ပါသည်။
4. Patirupadesavaso ca; To dwell in a suitable locality is the
highest blessing.
၅။ ပုဗ္ဗေ စ ကတပုညတာ =ရှေ့အခါက ကြိုတင်ကောင်းမှုပြုလုပ်ထားပြီးခြင်းသည် မြင့်မြတ်သောမင်္ဂလာတစ်ပါးဖြစ်သည်။
5. Pubbe ca Katapunnata; To have done meritorious deeds in the past is the highest blessing.
၆။ အတ်တသမ်မာပဏိဓိ စ=
မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းဆောက်တည်နိုင်ခြင်းသည် မြင့်မြတ်သော မင်္ဂလာတစ်ပါးဖြစ်ပါသည်။
6. Attasamma panidhi ca; To set one self in the right course is the highest blessing.
၇။ ဗာဟုသစ္စဉ္စ = များပြားကျယ်ပြန့်နှံ့စပ်သောလောကီ လောကုတ္တရာ အထွေထွေဗဟုသုတရှိ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
7. Bahusaccanca; To have a wide general knowledge in mundane and supramundane level is the highest blessing.
၈။ သိပ္ပဉ္စ = နည်းပညာနှင့် လက်မှုပညာတတ်ကျွမ်းခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
8. Sippanca; Being skillful in the technology and handicrafts is the highest blessing.
၉။ ဝိနယော စ သုသိက္ခိတော=လူ၀တ်ကြောင် နှင့် ရဟန်းသံဃာများအတွက် မြတ်ဗုဒ္ဓက ချမှတ်ပညတ်ထားသော ကျင့်၀တ်သိက္ခာများကို သင်ယူခြင်း လိုက်နာကျင့်ကြံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
9. Vinayo ca susikkhito; Learning and abiding by the rules of conduct and disciplines laid down by the Buddha for lay devotees and monks is the highest blessing.
၁၀။ သုဘာသိတာ စ ယာ ဝါစာ =မှန်ကန်သော သာယာနာပျော်ဖွယ်ကောင်းသော အများအကျိုးရှိသော စကားကို ပြောဆိုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
10. Subhasita ca yavaca; Speaking what is true, pleasant and beneficial to other is the highest blessing.
၁၁။ မာတာပိတုဥပဋ္ဌာနံ = မိဘနှစ်ပါးကို နီးနီးကပ်ကပ် ပြုစုလုပ်ကျွေးခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
11. Matapitu upalthanam; To attend closely to one’s parents is the highest blessing.
၁၂။ ပုတ္တဒါရဿ သင်္ဂဟော = ဇနီးမယား သမီးသားတို့ကို ကျွေးမွေးပြုစု ယုယခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
12. Puttadarassa Sangaho; To take care of one’s wife and children is a noble blessing.
၁၃။ အနကုလာ စ ကမ္မန္တာ = သင့်လျှော်လျှောက်ပတ်သောအချိန် သင့်လျှော်လျှောက်ပတ်သော အခြေအနေမှာ အပြစ်ကင်းသောအလုပ်ကို ပြုလုပ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
13. Anakulaca Kammanta; To perform a faultless work at a proper time and under proper Circumstances is a noble blessing.
၁၄။ ဒါနဉ္စ =ဒါနကောင်းမှု ပြုလုပ်ခြင်းသည် ( ပေးကမ်းလှူဒါန်းခြင်းသည်) မင်္ဂလာတစ်ပါးဖြစ်ပါသည်။
14. Dananca; Performing acts of charity is the highest blessing.
၁၅။ ဓမ္မစရိယာ စ= ကုသိုလ်ကောင်းမှု ဆယ်မျိုးကို ပြုလုပ်လျက် ရိုးသားဖြောင့်မှန်စွာ နေထိုင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
15. Dhammacariya ca; To live righteously performing the ten kinds of meritorious deeds is a noble blessing.
၁၆။ ဥာတကာနဉ္စ သင်္ဂဟော =ဆွေမျိုးတွေကို ချီးမြှောက်ထောက်ပံ့ခြင်းသည် မင်္ဂလာတစ်ပါးထြစ်ပါသည်။
16. Natakananca Sangaho; To support one’s paternal relatives is a noble blessing.
၁၇။ အန၀ဇ္ဇာနိ ကမ္မာနိ= မိမိအကျိုး သူများအကျိုး ရွယ်သယ်ပိုးခြင်းနဲ့စပ်၍ အပြစ်တင် ကဲ့ရိဖွယ်မရှိသော အလုပ်ကို လုပ်ဆောင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
17. Anavajjani Kammani; To perform a blameless action associated with the welfare of oneself and other is a noble blessing.
၁၈။ အာရတီ ပါပါ= မကောင်းမှု ဒုစရိုက်၏မကောင်းသောအကျိုးဆက်များကို ကောင်းစွာသိလျက် မကောင်းမှုအားလုံးမှ ရှောင်ကြဉ်ရန် စိတ်ပိုင်းဖြတ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
18. Arati pa pa; To resolve mentally to refrain from committing all evils, knowing well the evil consequences of evil conduct is a noble blessing.
၁၉။ ဝိရတီ ပါပါ= ကာယဒုစ္စရိုက် သုံးပါး ၀စီဒုစရိုက် လေးပါးတို့မှ လက်တွေ့ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
19. Virati pa pa; To refrain from committing three bodily evil deeds and four verbal evil deeds is a noble blessing.
၂၀။ မဇ္ဇပါနာ စ သံယမော = မည်သည့်အရက်သေစာ မူးယစ်ဆေးမျိုးကိုမဆို ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
20. Majjapanaca Samyamo; To abstain from any intoxicating drink or drug is a noble blessing.
၂၁။ အပ္ပမာဒေါ စ ဓမ္မေသု = ကောင်းမှုကုသိုလ် ပြုလုပ်ဖို့ မမေ့လျော့ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
21. Appamado ca dhammesu; Not to be negligent in doing good deeds is a noble blessing.
၂၂။ ဂါရဝေါ စ= ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
22. Garavo ca; To pay respect to those who are worthy of respect is a noble blessing.
၂၃။ နိဝါတော စ = မာန်မာန မထားဘဲ မိမိကိုယ်ကို နှိမ်ချပြီး ရိုးသားဖြောင့်မတ်စွာ နေထိုင်ခြင်းသည် မင်္ဂလာဖြစ်ပါသည်။
23. Nivatoca; To be humble and modest without pride and conceit is a noble blessing.
၂၄။ သန္တုဋ္ဌိ စ= ရိုးရိုးသားသားနဲ့ မှန်မှန် ဆက်လက်အစွမ်းကုန်ကြိုးစားရမည်ဖြစ်သော် မိမိလက်ရှိပိုင်ဆိုင်ထားတာနဲ့ တင်းတိမ်ရောင့်ရဲနိုင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
24. Santutthi ca : To be contented with whatever one possesses presently, although one must strive and work hard honestly and steadily is a noble blessing.
၂၅။ ကတညုတ= သူများပြုဖူးတဲ့ကျေးဇူးတရားကို အသိအမှတ်ပြုပြီး ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
25. Katannuta : To acknowledge other’s gratitude and repay one’s debt of gratitude a noble blessing.
၂၆။ ကာလေန ဓမ္မဿ ၀နံ = ပစ္စုပ္ပန်ဘ၀မှာရော နောင်ဘ၀မှာပါ ကောင်းကျိုးချမ်းသာကို ပေးစွမ်းနိုင်သောတရားဓမ္မကို နာကြားခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
26. Kalena dhamma savanam : To listen to the dhamma which can lead one to prosperity in the present life as well as in future lives is a noble blessing.
၂၇။ ခန္တိ စ= ရန်ငြိုးအာဃာတမထားဘဲ သူတပါးတို့ ရန်စစော်ကားမှုကို ခွင့်လွတ်ပြီး သည်းခံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
27. Khantica : To forgive the insult caused by other and be patient without bearing a grudge is a noble blessing.
၂၈။ သော၀စဿတာ= လူကြီး သူမနဲ့ပညာရှိပုဂ္ဂိုလ်များ ပေးသောအကြံဉာဏ်သြဝါဒတွေကို နာခံလွယ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
28. Sovacassata : To obey readily the advice given by elders and learned persons is a noble blessing.
၂၉။ သမဏာနဉ္စ ဒဿနံ = စင်ကြယ်သောစိတ်၊ စင်ကြယ်ကြောင်းအကျင့်ကို ကျင်သုံးနေသော ရဟန်း သူတော်စင်ပုဂ္ဂိုလ်များကို ဖူးမြင်ရခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
29.Samanananca dassanam : To see noble persons who have purified or are trying to purify their minds is a noble blessing.
၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်လျှော်လျှောက်ပတ်သောအချိန်မှာ ပညာရှိပုဂ္ဂိုလ်တိုနှင့် တရားအကြောင်းဆွေးနွေးခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
30. Kalena dhammasakaccha : Discussion of the dhamma with learned persons at the proper time is a noble blessing.
၃၁။ တပေါ စ= ကိလေသာအားလုံး ခန်းခြောက်စေရန် ဣနြေ္ဒကို ထိန်းချုပ်လျက် ခြိုးခြံသောအကျင့်ကို ကျင့်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
31. Tapo ca : To practise austerity by controlling one’s sense faculties in order to scorch all defilements is a noble blessing.
၃၂။ ဗြဟ္မစရိယာ စ= သစ္စာလေးပါးမြတ်တရားကို ထိုးထွင်းသိမြင်ခြင်းအကျိုးငှာ မြတ်မြတ်သောအကျင့်ကို ကျင့်သုံးခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
32. Brahmacariyanca : To undertake the noble practice in order to realize the four noble truths is a noble blessing.
၃၃။ အရိယသစ္စာန ဒဿနံ = တဆင့်ချင်း မဂ်စိတ်လေးပါးဖြင့် သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိမြင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
33. Ariyasaccana dassanam : To realize the four Noble Truths with four Path- consciousnesses stage by stage is a noble blessing.
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ စ= နိဗ္ဗာန်ကို မျက်မှောက်ပြု၍ သန္တိသုခဖြစ်သော အမြင့်ဆုံးချမ်းသာကို ခံစားခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
34. Nibbana sacchikiriya ca : To realize Nibbana and enjoy the highest bliss is a noble blessing.
၃၅။ ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ= လောကဓံ ရှစ်ပါးနဲ့ ကြုံတွေ့ရသော်လည်း မတုန်လှုပ်သောစိတ်နဲ့ ခိုင်မြဲတည်တံ့စွာရပ်တည်နိုင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
35. Phuthssa Lokadhammehi Cittam yassa na Kampati : To stand steadfastly with an unshaken mind associated with eight worldly condition is a noble blessing.
ဒီလောကဓံ တရား ရှစ်ပါး
(၁) လာဘ ... ပစ္စည်းဥစ္စာရခြင်း
(၂) အလာဘ.. ပစ္စည်း ဥစ္စာမရခြင်း
(၃) ယသ ... အခြွေအရံပေါများခြင်း
(၄)အယသ . .အခြွေအရံမရှိခြင်း
(၅)နိန္ဒာ... အကဲ့အရဲ့ခံခြင်း
(၆) ပသံသာ.. အချီးမွမ်းခံရခြင်း
(၇) သုခံ.. ချမ်းသာခြင်း
(၈) ဒုက္ခံ ....... ဆင်းရဲခြင်း ။
The eight worldly condition are;
(1) Labha ....= Gain
(2)Alabha.....= Loss
(3)Yassa..,,,,.= Fame
(4) Ayassa....= Dishonour
(5) Ninda......= Blame
(6) Pasansa...= Praise
(7) Sukha......= Well being
(8) Dukkha...= Misery.
၃၇။ အသောကံ= စိုးရိမ်သောက မှန်သမျှ ကင်းပခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
36. Asokam. : To be free from all worries is a noble blessing.
၃၇။ ဝိရဇံ= ကိလေသာမြူ မှန်သမျှ မှ လွတ်ကင်းသောစိတ်ရှိခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
37. Virajam : To have a mind free from the dust of all defilements is a noble blessing.
၃၈။ ခေမံ = ကိလေသာရန်မှန်သမျှ လွတ်မြောက်သော စိတ်ရှိခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
38. Khemam : To possess a peaceful mind free from all dangers of defilements is a noble blessing.
credit-ဓမ္မဝီရ အရှင်ခမာဝုဓ
Click here to claim your Sponsored Listing.
Location
Category
Website
Address
Pakokku