13/08/2024
ဒုဿီလရဟန်း၏ အလှူကို စင်ကြယ်စေနိုင်ကြောင်း ၁၀ ပါး
၁။ အပြစ်ကင်းသော ချပ်မိန်ညိုနှင့် တူသော သင်္ကန်းကို ဆောင်ခြင်း၊
၂။ ဘုရားအရိယာတို့နှင့် တူစွာ ဦးပြည်း (ကတုံး) အသွင်ကို ဆောင်ခြင်း၊
၃။ ရဟန်းသံဃာအပေါင်းသို့ သက်ဝင်နိုင်ခြင်း၊
၄။ ဘုရား, တရား, သံဃာကို ကိုးကွယ်ဆီးကပ်ခြင်းသို့ ကပ်ရောက်ခြင်း၊
၅။ ကမ္မဋ္ဌာန်းအလုပ် အားထုတ်သူတို့၏ နေရာ ကျောင်းကန်၌ နေထိုင်ခြင်း၊
၆။ သာသနာတော်၏ တည်တန့်ခြင်းကို ရှာမှီးခြင်း လိုလားခြင်း၊
၇။ မြတ်သော တရားတော်ကို ဟောကြားတတ်ခြင်း၊
၈။ တရားလျှင် မှီခိုရာ လားရာ လဲလျောင်းရာ ရှိခြင်း၊
၉။ မြတ်စွာဘုရားသည်သာလျှင် အမြတ်ဆုံးဟု စင်စစ်ဧကန် ဖြောင့်မှန်သော အယူ ရှိခြင်း၊
၁၀။ တစ်လလျှင် နှစ်ကြိမ် ပါရိသုဒ္ဓိစသော ဥပုသ်ပြုနိုင်ခြင်း။
မှတ်ချက်၊ ၊မိလိန္ဒပဉှာပါဠိတော်မြန်မာပြန် စာအုပ်မှ
ကူးယူဖော်ပြသည်။