ပညာ့အလင်း-Pakokku

ပညာ့အလင်း-Pakokku ပညာလိုလားသော ကျောင်းသူကျောင်းသားများအတွက်

ပညာရေးကို လိုလားတဲ့ ပခုက္ကူမှ ကျောင်းသူ ကျောင်းသားများအတွက်ကိုးတန်း၊ဆယ်တန်း(စနစ်သစ်/စနစ်ဟောင်း)GED ( General Educational...
07/07/2022

ပညာရေးကို လိုလားတဲ့ ပခုက္ကူမှ
ကျောင်းသူ ကျောင်းသားများအတွက်
ကိုးတန်း၊ဆယ်တန်း(စနစ်သစ်/စနစ်ဟောင်း)
GED ( General Educational Development)၊English Speakingတို့ကို အိမ်တိုင်ရာရောက်သင်ကြားပေးနေပါပြီ

သင်ကြားရေးအတွေ့အကြုံရှိ
ဆရာ ဆရာမကြီးများနဲ့
ဂုဏ်ထူးရှင် ဆရာ၀န် အင်ဂျင်နီယာများမှ သင်ကြားပေးမှာဖြစ်လို့
သင်ကြားမှုကို စိတ်ချစွာ အပ်နှံနိုင်ပါတယ်ဗျ။
အသေးစိတ်သိလိုပါက
ဖုန်း 09750833053ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

စနစ်သစ် ဆယ်တန်းလားစနစ်ဟောင်း ဆယ်တန်းလားGEDလားခေတ်မကောင်းလို့ အပြင်မထွက်စေချင်တဲ့မိဘတွေအတွက်ကျွန်တော်တို့ ပညာ့အလင်းအဖွဲ့သ...
29/06/2022

စနစ်သစ် ဆယ်တန်းလား
စနစ်ဟောင်း ဆယ်တန်းလား
GEDလား
ခေတ်မကောင်းလို့ အပြင်မထွက်စေချင်တဲ့မိဘတွေအတွက်
ကျွန်တော်တို့ ပညာ့အလင်းအဖွဲ့သားတွေက
ပခုက္ကူမြို့တွင်း အိမ်တိုင်ရာရောက်သင်ပေးနေပါပြီ။
သင်ကြားရေးအတွေ့အကြုံရှိ
ဆရာဆရာမကြီးများနဲ့ ‌ဘာသာစုံဂုဏ်ထူးရှင်ငါးဘာသာဂုဏ်ထူးရှင် ဆေးကျောင်းသား၊အင်ဂျင်နီယာကျောင်းသားကြီးများမှ သင်ကြားပေးမှာ‌ဖြစ်လို့
ပညာရေးကောင်းဖို့
စိတ်ချလက်ချအပ်နှံနိုင်ပါတယ်။

အသေးစိတ်သိလိုပါက
ဖုန်းနံပါတ် 09-750833053ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

ခုလိုကာလမှာပညာရေးအတွက်စိုးရိမ်နေပါသလားသင်ကြားရေးဆရာ မကောင်းမှာ စိတ်ပူနေပါသလားစိတ်မပူပါနဲ့ ပညာ့အလင်း-pakokkuရှိပါတယ်ဗျာသင...
15/06/2022

ခုလိုကာလမှာ
ပညာရေးအတွက်စိုးရိမ်နေပါသလား
သင်ကြားရေးဆရာ မကောင်းမှာ စိတ်ပူနေပါသလား
စိတ်မပူပါနဲ့ ပညာ့အလင်း-pakokkuရှိပါတယ်ဗျာ
သင်ကြားရေးအ‌‌ေတွ့အကြုံရှိဂုဏ်ထူးရှင်
ဆရာ၀န်အင်ဂျင်နီယာကျောင်းသားများ
ကိုယ်တိုင် အိမ်တိုင်ယာရောက်လာရောက်သင်ကြားပေးမှာဖြစ်ပါတယ်။
တစ်ဘာသာချင်းသင်ချင်လား
ဘာသာစုံယူချင်လား
Study Guideရုံတင်လား
ရပါတယ်ဗျာ

အသေးစိတ်သိလိုပါက
‌09750833053ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျာ။

ကျွန်တော်တို့ ပညာ့အလင်းအဖွဲ့ရဲ့ တပည့်တစ်ဦးပါ 2019-2020 ပညာသင်နှစ်မှာ ဂုဏ်ထူးငါးဘာသာနဲ့ထူးချွန်စွာအောင်မြင်ခဲ့ပါတယ်။ပညာတက...
08/06/2022

ကျွန်တော်တို့
ပညာ့အလင်းအဖွဲ့ရဲ့ တပည့်တစ်ဦးပါ
2019-2020 ပညာသင်နှစ်မှာ ဂုဏ်ထူးငါးဘာသာနဲ့ထူးချွန်စွာအောင်မြင်ခဲ့ပါတယ်။

ပညာတကယ်လိုလားတဲ့၊ထူးချွန်ချင်တဲ့တပည့်တိုင်းကို
ပညာ့အလင်းက ကြိုဆိုလျက်ပါ။

ပညာ့အလင်းအဖွဲ့အနေနဲ့
GED၊ဆယ်တန်းသင်ရိုးသစ်၊သင်ရိုးဟောင်း၊Grade8၊Grade9 ကျောင်းသူကျောင်းသားများကို အိမ်ရှယ်ဝိုင်းများ သင်ကြားပေးလျက်ရှိပါသည်။

ဆယ်သွယ်စုံစမ်းရန်
Ph-09750833053

6လပိုင်းကနေစပြီးစနစ်သစ်ဆယ်တန်းကိုးတန်းစနစ်ဟောင်းဆယ်တန်းကျောင်းသားကျောင်းသူတွေနဲ့ GEDသင်ကြားလိုတဲ့‌ကျောင်းသူ‌ေကျာင်းသားမျ...
30/05/2022

6လပိုင်းကနေစပြီး
စနစ်သစ်ဆယ်တန်းကိုးတန်း
စနစ်ဟောင်းဆယ်တန်းကျောင်းသားကျောင်းသူတွေနဲ့ GEDသင်ကြားလိုတဲ့‌
ကျောင်းသူ‌ေကျာင်းသားများအတွက် အိမ်ရှယ်ဝိုင်းများလိုက်လံသင်ကြားပေးနေပါပြီ။

သင်ကြားပေးမဲ့သူတွေကတော့
သင်ကြားရေးဝါရင့်ဆရာဆရာမကြီးတွေနဲ့
သင်ကြားရေးအတွေ့အကြုံလေးနှစ်အထက်ရှိတဲ့ ‌ဘာသာစုံဂုဏ်ထူးရှင်ငါးဘာသာဂုဏ်ထူးရှင်ဆရာ၀န် အင်ဂျင်နီယာဆရာတွေကသင်ကြားပေးမှာဖြစ်ပါတယ်

တစ်ဦးချင်းသင်ကြားလိုလျှင်လည်းကောင်း
အုပ်စုဖွဲ့(အများဆုံးငါးဦး) သင်ကြားလိုလျှင်လည်းကောင်းလက်ခံဆောင်ရွက်ပေးနေပါတယ်။

အသေးစိတ်သိရှိလိုပါက
Page massengerမှတဆင့်သော်လည်းကောင်း၊ဖုန်း 09750833053ကိုလည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

အလယ်တန်း၊အထက်တန်းကျောင်းသားများအတွက် English & Mathematics Specialist Courseအလယ်တန်း၊အထက်တန်းကျောင်းသားများအတွက်ရည်ရွယ်၍...
10/04/2022

အလယ်တန်း၊အထက်တန်းကျောင်းသားများအတွက် English & Mathematics Specialist Course

အလယ်တန်း၊အထက်တန်းကျောင်းသားများအတွက်ရည်ရွယ်၍ ပညာ့အလင်းမှ အင်္ဂလိပ် သင်္ချာ အထူးသင် ဂိုက်ဝိုင်းများကို စတင်သင်ကြားပေး‌ေနပါသည်။သင်ကြားပေးမဲ့သူတွေက သင်ကြားရေးအတွေ့အကြုံရှိ ငါးဘာသာ၊ခြောက်ဘာသာဂုဏ်ထူးရှင်
ဆရာ၀န် အင်ဂျင်နီယာကျောင်းသားတွေမို့ မတတ်မှာစိတ်မပူရပါဘူး။

English
+++++++
Basic Grammar
Vocabulary
Essay Letter Writing
Basic English Speaking

Mathematics
++++++++++
အခြေခံ သင်္ချာသဘောတရားများ
အလယ်တန်း အထက်တန်းသင်္ချာ

ပညာလိုချင်သော၊ကျောင်းပိတ်ချိန် ပညာဆက်လက်လိုချင်သော ကျောင်းသား၊ကျောင်းသူများအနေဖြင့်
09750833053သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

08/04/2022

GED Courseနဲ့ ပညာ့အလင်းအဖွဲ့

GEDဆိုတာဘာလဲ
GEDဆိုတာ နိုင်ငံတကာက လက်ခံတဲ့ 12တန်းနဲ့ညီမျှတဲ့ High School Diploma တစ်ခုပါ။
GED အောင်ရင် နိုင်ငံတကာက တက္ကသိုလ်တွေ ကောလိပ်တွေကို ၀င်ခွင့်လျောက်နိုင်ပါတယ်။
ခုလိုကာလမျိုး
ဘာလုပ်လို့လုပ်ရမယ်မသိတော့တဲ့အနေအထားမှာ၊လမ်းပျောက်နေတဲ့ကာလမှာ GEDက လမ်းတစ်ခုဆိုလည်းမမှားပါဘူး။

GEDမှာ subjectအနေနဲ့
Mathematics
Science
Social Studies
Reasoning Language Art ဆိုပြီးလေးခုသင်ရပါတယ်။တစ်ခုကောင်းတာက ဘာသာစုံတစ်ခါတည်းဖြေစရာမလိုပါဘူး တစ်ဘာသာချင်းစီရွေးချယ်ဖြေလို့ရပါတယ်။အချိန်ပေးပြီး လုပ်နိုင်ရင် အမှတ်ကောင်းကောင်းနဲ့ အောင်နိုင်ပါတယ်။တစ်ဘာသာချင်းအမှတ်က ၂၀၀ဖြစ်ပြီး ၁၄၅မှတ်ရရင် အောင်ပါတယ်။ အမှတ်ကောင်းလေလေ တက္ကသိုလ်ကောင်းကောင်းရဖို့ အခွင့်အရေးများလေပါပဲ။

ဖြေလို့မှ အမှတ်နည်းသွားရင်လည်းအကြာကြီးစောင့်စရာမလိုပါဘူး ပြန်ဖြေလို့ရပါတယ်။အမှတ်စာရင်းကိုလည်း အလျင်အမြန်သိနိုင်တာက GEDရဲ့အားသာချက်ပါပဲ။

GEDကို ဘယ်လိုလူတွေရွေးသင့်သလဲဆိုရင် ပညာရေးကိုလည်း ဆက်ရွေးချယ်ချင်တယ် ‌ဆယ်တန်းကိုလည်းဆက်မတတ်ချင်ဘူးဆိုတဲ့ကျောင်းသူကျောင်းသားတွေရွေးချယ်လို့ရပါတယ်။ တစ်ချက်ပြောချင်တာကတော့ ငွေကုန်ကြေးကျတော့ရှိပါ့မယ်။

GEDကို IGCSE မဖြေချင်တဲ့သူတွေ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် ရှိတဲ့သူတွေ နဲ့ အလယ်တန်းအောင်ပြီးတဲ့သူတိုင်း ဖြေလို့ရပါတယ်။ GED ဖြေမယ်ဆိုရင်တော့ ၁၈နှစ်ပြည့်ထားဖို့လိုပါတယ်။ ဒါပေမဲ့လည်း ၁၈မပြည့်သေးတောင် အသက်၁၆နှစ်ရှိမယ်ဆို မိဘအုပ်ထိန်းသူတွေရဲ့ ထောက်ခံချက် နဲ့ [email protected] ကိုWaiver application အသက်ခြွင်းချက်နဲ့ ဖြေဆိုခွင့်ပေးဖို့လျှောက်ထားလို့ရပါတယ်။

GED ကိုဖြေမယ်ဆိုရင် GED ရဲ့official websiteမှာ
GED accကိုloginဝင်ပြီး onlineကဖြေမလား၊test centerမှာသွားဖြေမလားဆိုတာကိုရွေးရပါမယ် ။ဖြေလို့ရမဲ့centerကိုလဲရွေးရပါမယ်။
ရွေးပြီးပြီဆိုရင်ကိုယ်ဖြေမဲ့ဘာသာကိုရွေးရမှာပါ ။အဲ့တာပြီးရင် ကိုယ်ဖြေမဲ့အချိန်နဲ့ ရက်ကိုရွေးပြီး test feeကcredit or debit cardတစ်ခုခုနဲ့ ပေးချေရမှာပါ။

အသေးစိတ်ကိုထပ်သိချင်ရင်တော့GEDရဲ့official websiteဖြစ်တဲ့ https://ged.com/ မှာဖတ်လို့ရပါတယ်။ GEDဖြေတော့မယ်ဆို ကိုယ်တတ်ချင်တဲ့uniက လက်ခံရဲ့လားဆိုတာလဲ ထပ်ကာတလဲလဲ လေ့လာစူးစမ်းဖို့ အကြံပေးချင်ပါတယ်။ကိုယ်တတ်မယ်လို့ ဆုံးဖြတ်ထားတဲ့ university က GEDကို လက်ခံရဲ့လားဆိုတာကို အောက်မှာပေးထားတဲ့linkလေးကနေ ဝင်စစ်ကြည့်လို့ရပါတယ်။
https://ged.com/en/university-acceptance/

ကျွန်တော်တို့အဖွဲ့ကနေ GEDကို တစ်ဦးချင်း ဒါမှမဟုတ် အုပ်စုဖွဲ့ (သုံးဦးထက်မပိုရ) online‌ေကာ အိမ်တိုင်ရာရောက်ကော သင်ပေးနေပါတယ်။သင်ပေးမဲ့သူတွေက GEDနဲ့ပတ်သက်ပြီးသင်ကြား‌‌ေရးအတွေ့အကြုံရှိပြီး ငါးဘာသာ ခြောက်ဘာသာနဲ့ အောင်မြင်ခဲ့တဲ့ ဆရာ၀န် အင်ဂျင်နီယာ ဆရာတွေက သင်ပေးမှာပါ။

ပိုမို သိရှိလိုသူများအနေနဲ့ Page massenger ဒါမှမဟုတ် ကျွန်တော်တို့ဖုန်း09750833053ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကျောင်းသားဗဟိုပြုသင်ကြားရေး(Student-centered approach)နှင့် ကျွန်တော်တို့ကျောင်းသားဗဟိုပြုသင်ကြားရေးဆိုကတော့ ‌သင်ကြားတဲ့...
23/03/2022

ကျောင်းသားဗဟိုပြုသင်ကြားရေး
(Student-centered approach)နှင့် ကျွန်တော်တို့

ကျောင်းသားဗဟိုပြုသင်ကြားရေးဆိုကတော့ ‌သင်ကြားတဲ့နေရာမှာ ဆရာကချည်း ပြောနေဆိုနေ ရှင်းပြနေတာမျိုးမဟုတ်ဘဲ ကျောင်းသားကိုယ်တိုင်အားထုတ်ကြိုးစားတာဖြစ်အောင် လမ်းညွှန်သင်ကြားခြင်းတစ်ခုပါ။

တစ်နည်းအားဖြင့်ပြောရရင်တော့
ကျောင်းသားတွေရဲ့ ကိုယ်ပိုင်စူးစမ်းလေ့လာလိုစိတ် ၊ သင်ကြားလိုစိတ်ကို အခြေခံပြီး သင်ကြားပေး‌တာပါ။သင်ကြားရတဲ့ ကျောင်းသားလေးတွေရဲ့ အတွေ့အကြုံနဲ့ ဘ၀အခြေအနေကို အခြေအနေပြုပြီး သင်ခန်းစာကို သူတို့စိတ်၀င်စားလာအောင် လေ့လာလိုစိတ်ပြင်းပြလာအောင်သင်ကြားပေးခြင်းပါ။

ဆရာကပဲ အမြဲပြောပြ ရှင်းပြနေတာထက်စာရင် သူတို့လေးတွေရဲ့ ကိုယ်ပိုင်အသိဉာဏ်နဲ့ ကြိုးစားလေ့လာလိုစိတ်ကို မြင့်တင်ပေးတာကောင်းတာပေါ့နော်။👍👍👍👍

ဒါဆို မြန်မာနိုင်ငံမှာ ဘယ်လိုသင်ကြားမှုကိုအသုံးပြုကြသလဲ။
မြန်မာနိုင်ငံကတော့ အရင်ကတော့
Teacher-based Education ပါ။ဆရာ‌ကနေပဲရှင်းပြပြောပြသင်ပြပြီး ကလေးတွေရဲ့ အခြေအနေကို မလေ့လာခဲ့ကြတာများပါတယ်။အက်‌ဆေးတွေစာစီစာကုံးတွေကို အလွတ်ကျက်ခိုင်းခဲ့တာတွေ၊ကလေးတွေရဲ့ စိတ်ကူးနဲ့ ကိုယ်ရည်‌ကိုယ်သွေးတွေကို မတွေးခဲ့ကြတာများပါတယ်။

😊😊😊ကျွန်တော်တို့သင်ကြားမှာက‌ကော ဘယ်လိုလဲ။
ဆရာအခြေပြု သင်ကြားရေးစနစ်နဲ့ ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်ကို တွဲသင်သွားမှာပါ ။ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်နဲ့ မထိတွေ့ခဲ့ရတဲ့ကလေးတွေမှာ ကိုယ်ပိုင်အတွေးအခေါ်နဲ့ လုပ်ဆောင်နိုင်စွမ်းနည်းသေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဓိကက‌ေတာ့ မေးခွန်းမေးရဲတဲ့သတ္တိနဲ့ ကိုယ်ပိုင်လေ့လာနိုင်စွမ်းတွေနည်း‌နေသေးလို့ပါ။ကျွန်တော်တို့အနေနဲ့ ဆရာအခြေပြုသင်ကြားရေးပုံစံနဲ့စသင်ပြီး တဖြည်းဖြည်းခြင်း ကျောင်းသားဗဟိုပြုသင်ကြားရေးပုံစံကိုဆွဲခေါ်သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့သင်ကြားတဲ့ကလေးတိုင်းဟာ အတော်ဆုံးတွေဖြစ်ချင်လည်းဖြစ်ပါလိမ့်မယ် မဖြစ်ချင်လည်းမဖြစ်နိုင်ပါဘူး ဒါပေမဲ့ အညံ့ဆုံး မဖြစ်အောင်တော့ကျွန်တော်တို့တာ၀န်ယူပါတယ်။စိတ်ဓာတ်၊ကိုယ်ရည်ကိုယ်သွေး ၊အတွေးအခေါ် မြင့်မားစေဖို့လည်းအာမခံပါတယ်။

"ကျွန်တော်တို့နဲ့ တစ်ပတ်သင်"အစီအစဉ်အရ တစ်ပတ်သာသင်ကြည့်ပါ။သင်ကြားမှု၊တတ်မြောက်မှုကို မ‌ေကျနပ်လျှင် တစ်ပြားတစ်ချပ်မှ မယူဘဲ ကြည်ကြည်ဖြူဖြူ သင်ကြားမှုကိုရပ်သွားမှာဖြစ်ပါတယ်ာ

သင်တန်းများအကြောင်းကို လေ့လာနိုင်ပါတယ်။

#ပခုက္ကူ #ပညာရေး #အထက်တန်း #အလယ်တန်း #အိမ်ရှယ်ဝိုင်း

နွေရာသီ အလယ်တန်းအထက်တန်း အင်္ဂလိပ်စာtraining
https://www.facebook.com/103636255610599/posts/114526627854895/

နွေရာသီ ဆယ်တန်း(သင်ရိုးသစ်၊သင်ရိုးဟောင်း)၊ကိုးတန်း၊ရှစ်တန်း အိမ်ရှယ်ဝိုင်းနှင့် Study Guide
https://www.facebook.com/103636255610599/posts/105109555463269/

ကျွန်တော်တို့အကြောင်း
https://www.facebook.com/103636255610599/posts/114458907861667/

Summer School Time (English For Middle School Students and High School Students)နွေရာသီကာလမှာ တိုးတတ်ရာ‌တိုးတတ်ကြောင်းလု...
21/03/2022

Summer School Time (English For Middle School Students and High School Students)

နွေရာသီကာလမှာ တိုးတတ်ရာ‌တိုးတတ်ကြောင်းလုပ်ဖို့စဉ်းစားနေပါသလား။

အလယ်တန်း၊အထက်တန်းကျောင်းသားတစ်ယောက်အနေနဲ့ အင်္ဂလိပ်စာအားနည်းနေတယ်လို့ ခံစားနေရပါသလား။

Essay & Letter တွေရေးဖို့ကြိုးစားပေမယ့် ဘယ်က စလို့စရမှန်းမသိဖြစ်နေပါသလား။

မပူပါနဲ့ ကျွန်တော်တို့ ရှိပါတယ်။
အခြေခံ အင်္ဂလိပ် သဒ္ဒါကို ကျွမ်းကျင်အောင်သင်ကြားပေးရုံသာမက၊ဝေါဟာရစကားလုံးတွေကြွယ်၀လာအောင်၊
Essay & Letter တွေကို ကိုယ်ပိုင်အသိနဲ့ရေးတတ်လာအောင်သင်ကြားပေးမှာဖြစ်ပါတယ်။

သင်ကြားပေးမဲ့သူတွေကလည်း အင်္ဂလိပ်စာဂုဏ်ထူးရှင်ဆရာတွေဆိုတော့ တတ်မြောက်ဖို့ကို အာမခံပါတယ်။သင်ကြားရေးကာလသုံးလပြီးလို့မှ မတတ်မြောက်ခဲ့ရင် တိုးတတ်တယ်လို့မခံစားရရင် ဆရာတို့အနေနဲ့ ငွေပြန်အမ်းပေးတဲ့အထိ အာမခံပါတယ်။

ကာလအနေနဲ့ သုံးလဖြစ်ပြီး အိမ်တိုင်ရာရောက်လာရောက်သင်ကြားပေးမှာဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက စိတ်ပါ၀င်စားသူများအနေနဲ့ Ph-09789542011ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျာ

"ကျွန်တော်တို့နဲ့ တစ်ပတ်သင်ကြည့်ပါ "
21/03/2022

"ကျွန်တော်တို့နဲ့ တစ်ပတ်သင်ကြည့်ပါ "

Address

Pakokku

Telephone

+959750833053

Website

Alerts

Be the first to know and let us send you an email when ပညာ့အလင်း-Pakokku posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category