いつも ーအမြဲတမ်း
たいてい ーများသောအားဖြင့်
よく ー မကြာခဏ
ときどき ー တစ်ခါတစ်ရံ
めったに ー ကြုံတောင့်ကြုံခဲ
ぜんぜん ー လုံးဝ
かならず ー မပျက်မကွက်
ぜったいに ー ဆက်ဆက်
たぶん ー ဖြစ်ကောင်းဖြစ်နိုင်
ほんとうに ー တကယ်
すっかり ー လုံးဝ
きっと ー ကျိန်းသေ
とくに ー အထူးသဖြင့်
とても ー အလွန်
かなり ー တော်တော်
ちょっと ー ခဏ ၊ နည်းနည်း
やく ー ဝန်းကျင် ၊ လောက် ၊ ခန့်မှန်းခြေ
ずっと ー တစ်လျှောက်လုံး
かつて ー တစ်ကြိမ် ၊ တစ်ခါ
まだ ー သေးဘူး
すぐ ー မကြာမီ
また ー တစ်ဖန်
きゅうに ー ရုတ်တရက်
もう ー ပြီးနှင့်ပြီ
もっと ー ပို၍
はやく ー မြန်မြန်
だんだん ー ဖြည်းဖြည်း
やっと ー နောက်ဆုံးတော့
いっしょに ー အတူတူ
べつべつ ー သပ်သပ်စီ
かわりに ー အစား
なるべく ー အတတ်နိုင်ဆုံး ၊ တတ်နိုင်သလောက်
もっとも ー ~ ဆုံး ( အလှဆုံး ၊ အကျယ်ဆုံး စသဖြင့်)
あまりーသိပ်ပြီးတော့
あるーတစ်ခုသော
いっしょうけんめいーကြိုးကြိုးစားစား
いっぱいーများစွာသော
いつもーအမြဲတမ်း
かならずーမပျက်မကွက်
かわりーအစား
きっとーသေခြာပေါက်/ဧကန်မုချ
きゅうにーရုတ်တရက်
けっこうーထင်တာထက်ပို၍
けっしてーဘယ်တော့မှ
けれど/けれどもーဒါပေမဲ့
さいきんーအခုတေလာ
さき ー အရင်ဦးစွာ
さっき ー စောစောက/ခုနလေးတင်
しっかりーသေသေချာချာ
しばらくーအတန်ကြာ/ခေတ္တ
ずいぶんーတော်တော်လေး
すぐにー ချက်ချင်း
すこしーအနည်းငယ်
すっかりーလုံးဝ
ずっとーဆက်တိုက်
ぜんぜんーလုံးဝ
ぜんぶーအားလုံး
それほどーအဲဒီလောက်
そろそろーဘာလိုလိုနဲ့
だいたいーအကြမ်းဖျင်း
たいていーများသောအားဖြင့်
だいぶーအတော်များများ
たいへんーအရမ်း/အလွန်
たくさんーများစွာ
たしかーမှတ်မိသလောက်/သေချာသလောက်
たぶんーအထင်အားဖြင့်
たまにーတခါတစ်ရံ
だんだんーတဖြည်းဖြည်း
ちかくーအနီးနား
ちっともーနဲနဲမှ
ちょうどーအတိအက်/တိတိ
できるだけーတတ်နိုင်သလောက်
とうとうーနောက်ဆုံးမှာတော့
ときどきーတခါတစ်ရံ
とくにーအထူးသဖြင့်
とてもーအလွန်
なかなかーတော်တော်နဲ့
なるべくーတတ်နိုင်သလောက်
なるほどーအဟုတ်အမှန်ပဲ/ကောင်းပြီ
はじめにーပထမဦးစွာ
はじめてーအစ
はっきりーပြတ်ပြတ်သားသား
ひじょうにーအလွန်
べつにーသီးသန့်အထူး/အထွေအထူး
ほとんどーနီးပါး
まずーပထမဦးဆုံး
またーနောက်ထပ်
まだーမလုပ်သေး/မဖြစ်သေး
まっすぐにーတည့်တည့်
もうひとつーနောက်တစ်ခု
もういちどーနောက်တစ်ကြိမ်
もうすぐーမကြာမှီ
もしーအကယ်၍
もちどんーပြောစရာမလိုလောက်အောင်
もっとーပို၍
やっとーနောက်ဆုံးမှာတော့
やはり/やっぱりーထင်တဲ့အတိုင်း
ゆっくり(と)ーတဖြည်းဖြည်း
よく[よくいく]ーကောင်းကောင်းသွားသည်
よく{よくできるーကောင်းကောင်းလုပ်နိုင်သည်
おどおどー ကြောက်ကြောက်လန့်လန့်
ぎりぎりーသီသီလေး
はらはらーရင်တမမဖြစ်ခြင်း
はきはきーပွင့်ပွင့်လင်းလင်းပြတ်ပြတ်သားသား
はやばやとーစောစောစီးစီး
いらいらーစိတ်တိုလာခြင်း
いよいよーမကြာခင်အတောအတွင်း(まもなく)
まごまごーရစ်သီရစ်သီ
たびたびーမကြာမကြာ
たまたまーမမျှော်လင့်ဘဲ
べつべつにーသက်သက်စီ
にこにこーပြုံးစိပြုံးစိ
ワクワクーရင်ခုန်တယ် စိတ်လှုပ်ရှားတယ်
ごろごろーဟိုဟာလုပ်လိုက်ဒီဟာလုပ်လိုက်
それぞれーအသီးသီး
くれぐれもーထပ်ခါထပ်ခါ
くたくたーမော်ဟိုက်ပင်ပန်းတယ်
ずきずきーတဆစ်ဆစ်
ぞくぞくーခိုက်ခိုက်တုန်
がんがんーအလွန်ခေါင်းကိုက်ခြင်း
むかむかーစိတ်နာတယ် အီတယ်
ひりひりーစပ်သည် ပူစပ်တယ်
からからーလည်ချောင်းခြောက်ခမ်းတယ်
ばらばらーရှုပ်ပွပြီးအစီစဉ်တကျမရှိသော
わざわざーတကူးတက တမင်တကာ
စကားစပ်လေးတွေ ..၁၀၀ တော့်ကျော်မယ်ထင်တယ် !
は - သည်
が - က/သော်လဲပဲ
も- လဲပဲ / ကော
と - နှင့် / သော် / လျှင် / ဟု
で - မှာ / ဖြင့်
に - မှာ / ထံသို့
の - ၏ / ဟာ / ဥစျစာ
へ - သို့
を - ကို
や - နှင့်
か - လား / လဲ / သို့မဟုတ်
し - သည့်အပြင်
ば/ら - သော် / လျှင်
ね/わ - နော်
よ - ကွဲ / ကွယ် / နော့ / လေ
な - ကွာ / နဲ့
ぞ - ကြ
でも - တောင်မှ / ဖြစ်ဖြစ် / ဒါပေမဲ့
さえ - တောင်မှ /သာ
だの - နှင့်
など - စသည်တို့
きっと - ဧကန်မုချ
から - မှ / သောကြောင့် / ပြီးနောက်
ので - သောကြောင့်
のに - သော်လဲပဲ
まで - အထိ / တောင်
ために - အတွက်ကြောင့်
より - ထက် / မှ / အရ
ほど - လောက် / လောက် ... လေလေ
位kurai - လောက်
ばかり - လောက် / ခါစ / ချည်းပဲ
ばかりでなく - ရုံတွင်မက
ごろ - လောက်
ならびに - ထို့အပြင်
および - နှင့်အတူ
しかし - သို့သော်လဲပဲ
しかしながら - ဒါပေမဲ့
しかるに/それでも/けれども/だが - သို့သော်လဲပဲ
しかれ/ども - သို့သော်ငြားလဲ
しかして - သို့ရာတွင်
ところが - သို့သော်
だから/ですから/そのために/したがって - ထို့ကြောင
それで - ဒါဖြင့် / ဒီတော့ / ထို့ကြောင့်
しかるまい - ထို့အတွက်ကြောင့်
しかれば - ထို့ကြောင့်
それらのせいで - ဒါတွေကြောင့်
どうして - ဘာကြောင့်
なぜならば - အဘယ့်ကြောင့်ဆိုသော်
すると - ဒီလိုနှင့် / ဒီလိုဆို
それとも - ဒါမှမဟုတ်လျှင်
すなわち - တစ်နည်းအားဖြင့်
့်もし(も) - အကယ်၍
しかも - ရုံမက...လည်း
その上/それに - ထို့ပြင်
たつ - ရုံသာမက
たとえば - ဥပမာအားဖြင့်
いわゆる - ဆိုသည်မှာ / အခေါ်အားဖြင့်
ついて - ပက်သက်၍
たとえ - စေကမူ / သော်လည်း
ちょうど - တိတိ
ながら - ရင်း / သော်လဲပဲ / စလုံး
とも - စလုံး
つつ - ရင်း / သော်လဲပဲ
まま - အတိုင်း
だけ - ပဲ/ ရုံပဲ / ရုံသာ / လေလေ/ သလောက်
のみ - ရုံပဲ / ရုံသာ
だけで - ရုံနဲ့
だけでなく - ရုံနဲ့မပြီး
だけではない - ရုံမက
みたい - သကဲ့သို့
それでは - ဒါဖြင့်ရင်
それでこそ - သို့မှသာလျှင်
そこではじめて - ဒီတော့မှ
ここでやっと - ဒီတော့မှ
それよりも - ဒါထက်
ところで - စကားမစပ်
そして/そうして - ရုံသာမက..လည်း/ထို့နောက်
それから - ထို့နောက်
こそ - ...မှသာလျှင်
それこそ - တကယ့်ကို
しか - ...မှလွဲ၍
なり - မဆို/သည်နှင့်/ကတည်းက/သို့မဟုတ်
キリ - ပဲ / ကတည်းက
やら - နှင့် ...နှင့်စသည်တို့
ずつ - စီ
かしら - မည်လား
なお - ထို့ပြင်
あり今、または、もしくは - သို့မဟုတ်
あくる /よく- နောက်
あらわる - အားလုံးသော
きたる - လာမည့်
さる - ပြီးခဲ့သည့်
とんだ - အမှတ်မထင်
ある - တစ်....
あの/あのね - ဒီမှာ/ ဒီမယ်
ただ - ဒါပေမဲ့
ただし - သို့သော်
さて - ကဲ
もう - ..ခဲ့ပြီး / နောက်ထပ်
また - နောက်ထပ်
まだ - သေးဘူး / တုန်း
よし - တော်ပြီ / ကောင်းပြီ
やあ - ဟာ / ဪ
あい - ဟဲ့ / ဟေး
そら/それ - ဟ/ဟေ့
まあ - အို
おう - ဪ/အေး
ふん - ဟင်
ふむ - အင်း
なあ - ကွာ / ကွယ်
ねえ - နော်
ええと - ကဲ
とも - ပေါ့ /ဟ
やい - ဟ
あら - ဟာ
Crd by Origin🙏🙏🙏
For Life Japanese Language Club
Let's make us better by learning more and new ones.Also japanese is essential!
အားလုံးပဲ မင်္ဂလာပါရှင့်။🌸
For Life Japanese Language Clubမှ N5 အတန်းသစ်များကို Julyလထဲမှာ ပြန်လည်စတင် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်ရှင့်။
သင်တန်းဖွင့်မည့်ရက် - 5.7.2022(Tuesday)
သင်တန်းကာလ - 4 months
သင်တန်းနေရာ - For Life(ရွှေပြည်) ၊ အမှတ် (၁)၊ ရွှေချောင်း တံတားအနီး ၊ ပခုက္ကူမြို့ ။
သင်တန်းကြေး - 6သောင်း +လစဉ်ကြေး တစ်လ တစ်သောင်းကို 4လ သွင်းပေးရပါမယ်။
Total တစ်သိန်းကျပ် (စာအုပ်ဖိုးအပြီးအစီး)
📌သင်တန်းကြေးကို ခွဲသွင်းလို့ ရပါတယ်ရှင့်။
📌N5 level ကို စာမေးပွဲ Formတင်ခြင်း အပါအဝင် စာမေးပွဲဖြေပြီး အောင်လက်မှတ်ထုတ်ပေးတဲ့အထိ သင်ကြားဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
📌လူဦးရေ အရေအတွက် ကန့်သတ်ထားပါတယ်ရှင့်။
📌သင်တန်းနှင့်ပက်သတ်သည့် အသေးစိတ် နှင့် သင်တန်းအပ်နှံမှုများကို ယခု Page ရဲ့ Chat Box (သို့) 09772731870 ကို ဆက်သွယ်စုံစမ်း အပ်နှံနိုင်ပါတယ်ရှင့် ။
5.6.2022 မှာ ဖွင့်ဖို့ ကြေငြာထားတဲ့ အတန်းလေးကို နောက်လထဲမှာ ပြောင်းလဲ ဖွင့်လှစ်ပါမယ်ရှင့်။
အတန်းပြန်ဖွင့်မဲ့ ရက်ကို page မှာပဲ တင်ပေးသွားပါမယ်ရှင် ။
စုံစမ်းမေးမြန်းအပ်နှံမှုများအတွက် ကျေးဇူးပါရှင့် ❣️
26/05/2022
အားလုံးပဲ မင်္ဂလာပါရှင့်။🌸
For Life Japanese Language Clubမှ N5 အတန်းသစ်များကို Juneလထဲမှာ ပြန်လည်စတင် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်ရှင့်။
သင်တန်းဖွင့်မည့်ရက် - 5.6.2022(Sunday)
သင်တန်းကာလ - 4 months
သင်တန်းနေရာ - For Life(ရွှေပြည်) ၊ အမှတ် (၁)၊ ရွှေချောင်း တံတားအနီး ၊ ပခုက္ကူမြို့ ။
သင်တန်းကြေး - တစ်သိန်းကျပ် (စာအုပ်ဖိုးအပြီးအစီး)
📌သင်တန်းကြေးကို ခွဲသွင်းလို့ ရပါတယ်ရှင့်။
📌N5 level ကို စာမေးပွဲ Formတင်ခြင်း အပါအဝင် စာမေးပွဲဖြေပြီး အောင်လက်မှတ်ထုတ်ပေးတဲ့အထိ သင်ကြားဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
📌လူဦးရေ အရေအတွက် ကန့်သတ်ထားပါတယ်ရှင့်။
📌သင်တန်းနှင့်ပက်သတ်သည့် အသေးစိတ် နှင့် သင်တန်းအပ်နှံမှုများကို ယခု Page ရဲ့ Chat Box (သို့) 09772731870 ကို ဆက်သွယ်စုံစမ်း အပ်နှံနိုင်ပါတယ်ရှင့် ။
N4 -kanji ၂၀၀ တစ်ရက်တည်းနဲ့ မှတ်မိဖို့
ဒီပိုစ့်လေးက်ို အခေါက်ခေါက် အခါခါ ဖတ်ကြစို့
N4-kanjiအကုန်
မင်း住-(sumu)နေထိုင်တဲ့所(tokoro)"နေရာ"ကိုသာပြောလိုက်ပါ 東京都(とうきょうと)တိုကျို မကလို့ 大阪府(おおさかふ) အိုဆာကာ ဖြစ်နေပါစေ မီးတောင်ကိုကျော်၍ သွေးumiကိုဖြတ်ပြီးကျော်ခဲ့ပါ့မယ့် 県 ခရိုင် တွေ市မြို့တွေ 区ရပ်ကွက်တွေ 町 မြို့တွေ材ရွာတွေပဲဖြစ်ဖြစ်明"လင်းလဲ့"နေတဲ့ မင်းရဲ့ အပြုံးမျက်နှာလေးကို တစ်ရွာထင်ပြီး ဒို့လာခဲ့မှာပါ ဒို့ နှသားလုံးကို暗(အမှောင်)ဖုံးအုပ်သွားအောင်တော့မလုပ်လိုက်ပါနဲ့နော် အနေ 遠 "ဝေး"ရင် သွေးအေးသွားမယ်မဟုတ်လား လာချင်ရင်所 "နီးနီး"လေးပါဆိုတဲ့ 強 "ပြင်းပြ"တဲ့ စိတ်လေးသာရှိမယ်ဆိုရင်ပေါ့လေ 弱"ပျော့ညံ့"တဲ့ စိတ်တွေကြောင့် 重 "လေးလံ"ခဲ့တဲ့ခြေထောက်တွေတောင် တွေ့ချင်တဲ့ စိတ်အစဉ်ကြောင့်軽"သွက်လက်ပေါ့ပါး"သွားပြီး 太 "ဝ"ရင်မကြိုက်ဘူးဆိုလို့ ဝိတ်ချလိုက်တာ 細"သေးသွယ်ပြီး"မော်ဒယ်စတိုင်ဖြစ်နေတာကို မင်းမြင်စေချင်နေပါပြီ特 အထူးသဖြင့် 別 "ခွဲခြား"မှုတွေ有ရှိခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ 便စာလေးပို့လိုက်တဲ့利အကျိုးရလာဒ်ကြောင့် 不မဟုတ်တာတွေ မဖြစ်နိုင်တာတွေကို တွေးနေတဲ့ စိုးရိမ်စိတ်ကို 切 လှီးဖြတ်ကာ 元 အရင်းတုန်းကအတိုင်း ပြန် 好ချစ်သွားဖို့ ပြောချင်တာကြောင့် 急အလျှင်အမြန် ဂျပန်နိုင်ငံကြီးကိုလာချင်နေပါပြီ 低 အရပ်လေးနိမ့်ကာ広 နဖူးလေးကျယ်ပြီး短ဆံပင်တိုတိုလေးနဲ့ 良ကောင်းပါတယ် မင်းဘယ်လောက် 悪 ဆိုးဆိုး မင်း正 မှန်တယ် ညီမလေး 変ပြောင်းလဲသွားတာကတော့ မျက်နှာ 赤 နီနီလေးနဲ့ 青 အပြာရောင်ဆံပင်黒အနက်ရောင် အိကျီးလေးနဲ့ မင်းကိုတွေ့လိုက်ရတာ映 画 ရုပ်ရှင်ကြည့်လိုက်ရသလိုပါပဲ 音 楽 တေးဂီတသံတွေ歌သီချင်းတွေ နားထောင်ရင်း ဟိုအရင်က 写ဓာတ်ပုံလေးကိုပြန်ကြည့်ပြီး လွမ်းနေတာ 真အမှန်တရားပါ မင်းနဲ့အတူတူ 旅ခရီထွက်ပြီး 世 界ကမ္ဘာကြီးကိုပတ်ကာ
仕 事 အလုပ်လုပ်ပြီး 銀 ငွေတွေစုကာ 員အဖွဲ့ တစ်ဖွဲ့ထဲ အလုပ်လုပ်ချင်နေတဲ့ စိတ်တွေကြောင့် 医 者 ဆရာဝန်ထံမှာ ဆေးပြနေရပေမယ့် 働အလုပ်မနားပါဘူး 屋အခန်း ကျဉ်းကျဉ်းလေးထဲမှာ 産 ထုတ်ကုန်တွေ業လုပ်ငန်းဆောင်တာတွေကို ကြိုးစားခဲ့သူပါ林 သစ်ပင်လေးတွေ森သစ်တောကြီးတွေအတွက် 地မြေကြီး ဟာ မရှိမဖြစ်လိုအပ်သလို ညီမဟာ ဒို့အတွက် မရှိမဖြစ်ပါ 池ရေကန်တွေ 海ပင်လယ်တွေပေါင်းရင် 洋သမုဒ္ဒရာကြီးဖြစ်သလို အချစ်တွေ မေတ္တာတွေ သံယောဇဉ်တွေပေါင်းစပ်ပြီး သာယာလှပတဲ့ မိသားစုဘဝလေးတည်ထောင်ကြရအောင်လား 雪 နှင်းစက်ဖြူဖြူလေးတွေဟာ光လင်းလဲ့နေသလို ဖြူဖွေးနေတဲ့ ညီမရဲ့ ပါးပြင်လေးဟာ ကိုယ့်နှလုံးသားကို လင်းလဲ့စေပါတယ် 台 風တိုင်ဖုန်းမုန်တိုင်းဝင်ဖျက်လို့ ပြိုကျပျက်စီးသွားမှာကိုတော့ ကြောက်မိသားပဲ季 節ရာသီတွေအလီလီပြောင်း 春နွေးဦးကုန်လို့ 夏နွေရာသီ 秋 ဆောင်းဦး ကုန်လို့ဆောင်း冬 ဆောင်း မမဆောင်းလို ခု暑 ပူတယ်ပြော ခု寒 ချမ်းတယ်ပြောတော့မလုပ်နဲ့နော် ညီမရဲ့ 暖နွေးထွေးတဲ့ ရင်ခွင်နဲ့တွေ့မှသာ 涼အေးမြနိုင်မည့် ဒို့ကမ္ဘာလေးမို့ပါ体ခန္ဓာကိုယ်လေးဟာ ဘော်ဘီဆာဆာလို 頭 ဦးခေါင်း顔 မျက်နှာ မအေးသောင်ပမာ 首သမင် လည်ပြန် အိချောပိုဟန် 心 နှလုံးသားထဲက声 အသံတွေပေါ်ထွက်နေလို့病ဆေးရုံကိုသွားကို 薬 ဆေးသောက်ပေမယ့် 科 ကိုယ့်အချစ်မေတ္တာဘာသာရပ်ရဲ့内အတွင်း問 題ပြဿနာ ဆရာဝန်တွေ မသိရှာဘူး 朝 မနက်ခင်းရဲ့ အလင်းဟာ ညီမရှိမှ သာယာနိုင်သလို昼 နေ့လည်နားချိန်မှာလဲ ညီမရဲ့ အပြုံးလေးကိုပဲမြင်ချင်တယ် 夜 ညရောက်ရင် ဖုန်းဆက်ပါလို့夕ညနေကပြောခဲ့ပေမယ့် ဘေးချေး 方 ရမည့် နည်းလမ်းတွေကို ကြိုးစားရင်း ဖုန်းဆက်မလာတာကြောင့်晩 ညရောက်တဲ့အထိ 時計နာရီလေးကို ကြည့်ကာ လွမ်းနေရတာ 曜နေ့ရက်တိုင်းပါ 以来 မင်းဖုန်းမဆက်ကတည်းက今度နောက်တစ်ခါ မျှော်လင့်နေတဲ့စိတ်ကို
止 ရပ်လိုက်ပြီ 歩လမ်းလျှောက်ရင်း လမ်းပျောက် လိုက်လေ 走ပြေးလေ မနက်စောစော起အိပ်ယာထတာနဲ့ သူမကို 持ပိုင်ဆိုင်ချင်စိတ်တွေ ထပ်ပေါ်လာတာကြောင့် အောင့်အီးသည်းခံ 待 စောင့်ရပြန်တယ် 借ချေးယူထားသမျှ အချစ်ကြွေးတွေ貸ပြန်ပေးလိုက်ရင် ကောင်းမယ်လို့ 始စတင်တွေးရင်း သူမနဲ့ 終ပြီးဆုံးသွားခဲ့ပါပြီ။家族မိသားစုထဲမှာ 私ကျွန်တော်ဟာ 自မိမိကိုယ်မိမိ အချောလို့ ထင်ထားတာကို 親両 မိဘ၂ပါးလုံးက ထောက်ခံကြပြန်တယ်兄အကိုဖြစ်တဲ့ ကျွန်တော်ကချောပြီး 弟ညီလေးကမချောတာကိုတော့ 姉 အမကော妹 ညီမလေးကော သိကြပါတယ်။活ဖြတ်လတ်လန်းဆန်းဖို့အတွက် လေ့ကျင့်ခန်းလုပ်ခါ 回 လှည့်လည်ပြီး品ကုန်ပစ္စည်း売ရောင်းတဲ့ ဘဝသမားလေးပါ ဝယ်ကြအုံးမလား သင့်ဘဝအတွက်主ခင်ပွန်းလောင်းလေး 🤣 服အလှပတဲ့အဝတ်လေးကို着るဝတ်ကာ色အရောင်形 ပုံစံလေးက ဘာ民လူမျိုး လိုလိုပေါ့ 漢 字kanjiတွေကို 習လေ့လာသင်ယူရင်း 教သင်ကြားပေးမည့် ဆရာမချောချောလေးလိုအပ်လာတာကို 注သူငယ်ချင်းတစ်ယောက်က သတိပေးလာတယ် ဟုတ်တော့လဲဟုတ်သားပဲ အဲတာမှ勉ကြိုးစားချင်မယ်လို့ 研 究သုတေသနပြုချက်အရသိရပါတယ် 質အရည်အသွေးတွေတက်လာသလို試 験စာမေးပွဲတွေလည်းအောင်လောက်မယ်လို့答ဖြေကြားတဲ့သူတွေရှိသောကြောင့် ဆရာမလေး လာပြီး 説ရှင်းပြပေးရင် ကောင်းမှာပဲလို့考စဉ်းစားရင်း思တွေးတောမိတယ် 合အကြိုက်ချင်း ကိုက်ညီဖို့အတွက်犬ခွေးချစ်တာလေးတော့同တူညီရမယ်နော်
米ဆန်တွေ 料ကုန်ကြမ်းတွေဟာ တကယ့် 理 ပင်မအကြောင်းအရာဖြစ်ပေမယ့် 鳥肉ကြက်သားနဲ့ 野 菜 အသီးအရွက်လေးတွေမပါလို့မဖြစ်ပါဘူး茶လဖက်ရည်သောက်ရင်း 飯ထမင်းစားရတဲ့ 味အရသာဟာ ဆရာမလေးရဲ့ အလှအပနဲ့ 代အစားမထိုးနိုင်ပါဘူး 信ယုံတယ်မလား 使 အချစ်တွေကို အသုံးပြုကား作ပြုလုပ် 化 ပြောင်းလဲချင်တာကတော့ ရည်းစားစာ紙စာရွက် ရောင်းချင်တာပဲသိတယ် အဲတာဆိုရင် 進ရှေ့းတိုးတက်ပါ့မလားမသိ 場နေရာ ကိုသာပြောလိုက် 送အရောက်ပို့ပေးမယ် 建物အဆောက်ဦး 院 ဟောခန်းကြီး館ခန်းမကြီး 堂 ခန်းမဆောင်室 အခန်း ကြိုက်တဲ့နေရာပြော 工場စက်ရုံတွေထိပို့ပေးတယ်図 မြေပုံနံ ဖုန်း号နံပါတ်လေးသာချန်ခဲ့ ဆိုပြီး စျေးရောင်းရင်း 発စတင်乗စီးနင်းလိုက်ပါရင်း通ဖြတ်ကျော်သွားတော့မှ 降ဆင်းမယ်လုပ်တော့ 動လုပ်ရှားမှုမရှိပဲ ခြေကျင်နေတဲ့ ခြေအစုံကြောင့် 帰အိမ်အပြန်လမ်းမှာ転တလိမ့်ခေါက်ခွေးလဲကျခဲ့တဲ့သူမကိုကြည့်ရင် 洗လျှော်ဖွတ်ထားတဲ့ လက်ကိုင်ပုဝါလေးကို引ဆွဲထုတ်ခါ用လက်တွေ့အသုံးပြုနိုင်ရန် ပေးခဲ့တာဟာ運ကံကြမ္မာရဲ့ဆုံဆည်းပေးရာလားပေါ့返ပြန်ပေးဖို့မလိုဘူးလို့ 意စိတ်ဆန္ဒထဲမှာပြောရင်း 英အင်္ဂလန်က မော်ဒယ်လေးနဲ့တူတဲ့去ထွက်ခွာသွားတဲ့ သူမကိုကြည့်ရင်း文ရင်ဘတ်ထဲမှာ မညီညာတဲ့ဇာတ်လမ်း စာကြောင်းတွေကိုစာစီနေမှိပြန်တယ်開နှလုံးသားတံခါးကိုဖွင့်ချင်ပေမယ့် 死မသေခြာ မရေရာ သေနေရှာတဲ့ ကိုယ့်ဘဝကို知သိကာ ပြန့်လွင့်နေတဲ့ စိတ်ကို集 ပြန်စုဝေးပြီး နှလုံးသားတံခါးကို閉ပိတ်လိုက်သည်။
credit Akio 😍
10/08/2020
မင်္ဂလာပါရှင်🌸
For Life Japanese Language Club pageရဲ့ ပထမဆုံး giveawayမှာ ကံထူးသွားသူများကို ကြေငြာချင်ပါတယ်။ giveawayဖောက်ပေးတာလဲ အချိန်ကြာသွားလို့ တောင်းပန်ပါတယ်နော် ။ မဲဖောက်တာအတွက် recording videoလေးလဲ ရိုက်ထားပါတယ်။ အငြင်းပွားဖွယ် တစုံတရာ ရှိလာခဲ့ရင် admin teamရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်ရှင်။
Giveaway winnersတွေကတော့
🌸Minna I (N5)အတွက်က
Theingi Soe
🌸Minna II (N4)အတွက်က
Lin Lin
🌸Japanese Dictionary အတွက်က
Thet Hmue Swe
🌸Writing Bookအတွက်က
Nyein Nyein Ei &
Thiri Bo
တို့ ဖြစ်ပါတယ်ရှင်။ အားလုံးကို လဲ Congratulations 🎉ပါနော်။ နောက်ထပ် Giveawayပေးမှာတေလဲ ရှိလို့ pageကို like & follow လုပ်ထားပေးနော် ❤️
21/06/2020
Giveaway time❗
みなさん、こんばんは!
အားလုံးပဲ မင်္ဂလာပါရှင်
For Life Japanese Language Clubရဲ့ pageကနေ ကြိုဆိုပါတယ်။
Pageစဖွင့်တဲ့အထိမ်းအမှတ်အနေနဲ့ ဂျပန်စာလေ့လာနေသူများအတွက် အသုံး၀င်ပြီး အကျိုးရှိစေမဲ့ စာအုပ်လေးတွေကို Giveawayလေး ပေးချင်ပါတယ်ရှင်။
ပေးမဲ့ လက်ဆောင်လေးတွေကတော့
1) Minna no nihongo I (For N5)
2) Minna no nihongo II (For N4)
3) Japanese Dictionary (အိတ်ဆောင်)
4) Kanji ရေးစာအုပ် 2အုပ်
5)Kanji ရေးစာအုပ် 2အုပ်
စတဲ့ လက်ဆောင်တွေကို 5မျိုးတိတိ မင်မင်တို့ကနေ လက်ဆောင်ပေးချင်ပါတယ်။
Giveawayလေးမှာ ပါ၀င်ချင်တဲ့သူတွေက
1. For Life Japanese Language Club pageကို Like & follow လုပ်ထားရပါမယ်။
2. Giveawayမှာ ပါ၀င်မဲ့ သူက ဂျပန်စာကို လေ့လာနေသူ (သို့) လေ့လာမယ်လို့ ရည်ရွယ် ထားသူ ဖြစ်ရပါမယ် ။ (ရရှိမဲ့သူတွေအတွက် အကျိုးရှိစေရန် ရည်ရွယ်ပါတယ်ရှင်)
3. ဂျပန်စာလေ့လာနေတဲ့ သူငယ်ချင်း (သို့) ကိုယ့်ရဲ့ ခင်မင်ရတဲ့ သူငယ်ချင်း 3 ယောက်ကို tag တွဲပြီး အခု postလေးကို Publicနဲ့ share ပေးရပါမယ်။
4. Postကို shareတဲ့ အခါ လို့ရေးပြီး shareပေးရပါမယ်
❗Shareထားတဲ့ postကို screenshotရိုက်ပြီး ယခုpostရဲ့ commentမှာ ကိုယ်လိုချင်တဲ့ စာအုပ်ကို ရေးပြီး လာမန့်ပေးရပါမယ်။ နံပါတ်စဉ်တွေကိုတော့ မင်မင်တို့က တပ်ပေးသွားပါ့မယ်နော် ။
❗သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူတွေကိုပဲ လက်ဆောင် ပေးသွားမှာဖြစ်လို့ စည်းကမ်းချက်နဲ့အညီ shareပေးဖို့ တောင်းဆိုပါတယ်ရှင်။
❗သူငယ်ချင်း 3ယောက်ကို tagတွဲတဲ့အခါမှာလည်း ဂျပန်စာလေ့လာနေတဲ့ သူငယ်ချင်းတွေကို ဦးစားပေး tagတွဲဖို့ အကြံပေးချင်ပါတယ်ရှင့်။ ( သူတို့လည်း giveawayမှာ ပါ၀င်နိုင်ရန်အတွက်ပါနော်)
❗Minna စာအုပ် ရရှိတဲ့ ပထမ တစ်ယောက်က မိမိ လိုအပ်တဲ့ level စာအုပ်ကို ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ (ဥပမာ ပထမ တစ်ယောက်က N5စာအုပ် ရွေးချယ်ခဲ့ရင် နောက်တစ်ယောက်က N4စာအုပ်ကို ရမှာပါ (သို့) ပထမတစ်ယောက်က N4စာအုပ်ကို ရွေးချယ်ခဲ့ရင် နောက်တစ်ယောက်က N5 စာအုပ်ကို ရမှာပါ နော်)
အားလုံးပဲ ကံကောင်းကြပါစေနော် ❤️
20/06/2020
မင်္ဂလာပါရှင်
ဒီနေ့ မိတ်ဆက်ပေးမှာကတော့ For Life Japanese Language Club ရဲ့ Co-founder တစ်ယောက်ဖြစ်ပြီး vice-president အနေနဲ့ တာ၀န်ယူထားတဲ့ Admin စိမ်းလဲ့၀င်း နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မစိမ်းလဲ့၀င်း ကတော့ ပခုက္ကူတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ဖြင့် B.A(Hons;) ဘွဲ့ကို ရရှိထားပြီး လက်ရှိတွင် မဟာတန်းပထမနှစ်ကို ပခုက္ကူတက္ကသိုလ်မှာ ဆက်လက်တက်ရောက်နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။
မစိမ်းလဲ့၀င်းဟာ ဆိုရင်လည်း For Life Foreign Language School (Pakokku) ကို တက္ကသိုလ်၀င်တန်းစာမေးပွဲကို ဖြေဆိုပြီးသည့်အချိန် 2014ခုနှစ်မှ စတင်ကာ တက်ရောက်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။
ဂျပန်ဘာသာကို 2015 ခုနှစ်မှ စတင်၍ Founder မရွှန်းလဲ့ရတနာ နှင့်အတူ စတင်တက်ရောက်ခဲ့ပြီး လက်ရှိမှာ ကျန်ရှိနေတဲ့ levelများကိုလည်း ဆက်လက် လေ့လာလျက်ရှိပါတယ် ။
2019 ဇူလှိုင်လက ကျင်းပခဲ့တဲ့ Japanese Language Proficiency Test (JLPT) N4ကို (got a pass with one time)အောင်မြင်ထားပြီး ယခု N3ကို ဆက်လက်လေ့လာနေပါတယ် ။
ကျောင်းတွင်း ကျောင်းပြင် English နှင့် ပက်သတ်တဲ့ ဆုများစွာနှင့် Certificateများကိုလည်း ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။
မစိမ်းလဲ့၀င်း ဟာ For Life Japanese Language Club မှာ Founder မရွှန်းလဲ့ရတနာ နှင့် အတူ 2015 ခုနှစ်ကုန် မှ စတင်ပြီး သင်ကြားပေးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
သူမကတော့ For Life Japanese Language Club ရဲ့ မရှိမဖြစ် The most essential one တစ်ယောက်ပါ။
လက်ရှိမှာတော့ ကျောင်းတက်ရင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်း တက်နေတဲ့ ကလေးတွေကို English Grammar & Speakingတွေကို သင်ကြားပေးနေပါတယ် ။
For Lifeရွှေပြည်သင်တန်းကျောင်းကို တက်ခဲ့ခြင်းဟာ သူမအတွက် English ၊ ဂျပန်စာ ရဲ့ အရေးပါမှု ၊ တတ်မြောက်မှု တွေကို သိရှိခဲ့ရုံသာမက ဘဲ သူမဘ၀ အတွက် တန်ဖိုးအရှိဆုံး စိတ်ဓာတ်ခွန်အားများ ၊ မိမိကိုယ်ကို ယုံကြည်မှု စတဲ့ အရာတွေကို ရရှိစေခဲ့ပါတယ် တဲ့ ။
Admin Acc link
https://www.facebook.com/seim.lae
19/06/2020
အားလုံးဘဲ မင်္ဂလာပါ !
အခု For Life Japanese Language Clubရဲ့ Adminများနဲ့ မိတ်ဆက်ပေးသွားပါ့မယ်ရှင့် ။
ပထမဦးဆုံးတစ်ယောက်အနေဖြင့် ယခု For Life Japanese Language Clubရဲ့ Founder and President တစ်ဦးဖြစ်တဲ့ မရွှန်းလဲ့ရတနာ နဲ့ စတင်မိတ်ဆက်ပေးချင်ပါတယ်။
မရွှန်းလဲ့ရတနာဟာ ပခုက္ကူတက္ကသိုလ် ရူပဗေဒ ဘာသာရပ် ဖြင့် B.Sc(Hons;) ဘွဲ့ ရရှိထားပြီး လက်ရှိမှာ ရူပဗေဒ မဟာပထမနှစ်ကို ဆက်လက်တက်ရောက်နေသူတစ်ဦးဖြစ်ပါတယ် ။
For Life Foreign Language School ( Pakokku)ကို တက္ကသိုလ်၀င်တန်းစာမေးပွဲဖြေပြီး 2014ခုနှစ်က စတင်၍ တက်ရောက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
ဂျပန်ဘာသာကို 2015ခုနှစ် For Life ရွှေပြည်သင်တန်းကျောင်းမှာ စတင်လေ့လာခဲ့ပြီး နောက်ထပ် ကျန်ရှိနေတဲ့ levelအသီးသီးကိုလည်း ဆက်လက်လေ့လာလျက်ရှိပါတယ် ။
2019 ဇူလှိုင်လက ကျင်းပခဲ့တဲ့ Japanese Language Proficiency Test (JLPT) N3 ကို (got a pass with one time) အောင်မြင်ထားပြီး လက်ရှိမှာ N2ကို ဆက်လက်လေ့လာနေပါတယ်။
Englishနှင့် ပက်သတ်၍လည်း ကျောင်းတွင်းကျောင်းပြင် ဆုများစွာ ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ် ။
မရွှန်းလဲ့ရတနာ ဟာ ဆိုရင် For Life Foreign Language Schoolရဲ့ Japanese Clubကို 2015 ခုနှစ်မှ စတင်ပြီး ဦးဆောင် သင်ကြားပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ် ။
For Lifeရွှေပြည် Foreign Language Schoolမှာ ဂျပန်ဘာသာကို 5နှစ်နီးပါး အခမဲ့ သင်ကြားပေးခဲ့ပြီး ထူးချွန်တဲ့ တပည့်ပေါင်းများစွာကို အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ် ။
လက်ရှိမှာလည်း ကျောင်းတစ်ဖက်ဖြင့် ဂျပန်သင်တန်းတစ်ခု ဖွင့်လှစ်ထားပြီး
For Lifeရွှေပြည် မှာ လည်း ပရဟိတဂျပန်ဆရာမ တစ်ယောက် အဖြစ် တာ၀န်ယူ သင်ကြားပေးလျက်ရှိပါတယ်။
For Lifeရွှေပြည်ကျောင်းက သူ့ဘ၀ရဲ့ အချိုးအကွေ့တစ်ခုမှာ အကောင်းဆုံးတွေကို ရရှိအောင် လုပ်ဆောင်ပေးခဲ့တဲ့ သင်တန်းကျောင်းတစ်ခုပါတဲ့ ။
Admin acc link
https://www.facebook.com/angle.layy.792
19/06/2020
みなさん、こんにちは!
အားလုံးပဲ မင်္ဂလာပါရှင်
For Life Japanese Language Clubကနေ ကြိုဆိုလိုက်ပါတယ်ရှင်။ပထမဦးဆုံးအနေနဲ့ ဒီpageလေးနဲ့ မိတ်ဆက်ပေးပါရစေ။
အခု pageလေးကတော့ Pakokkuမြို့မာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ For Lifeရွှေပြည် ရဲ့ Foreign language Schoolကနေ ပေါက်ဖွားလာတဲ့ Japanese Language Clubလေး တစ်ခုပဲ ဖြစ်ပါတယ်ရှင့်။
ဒီpageလေးကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်လေးကတော့ ဂျပန်စာလေ့လာနေတဲ့ သူတွေအတွက် သိမှတ်စရာ အချက်လေးတွေ၊ ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေ စသည်ဖြင့် page adminတို့ကနေပြီး သိထားသမျှတွေ အားလုံးကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်ရှင့်။
ဂျပန်စာနဲ့ ပက်သက်တဲ့ အသုံး၀င်မဲ့အမှတ်တရလက်ဆောင်လေးတွေလည်း ပေးသွားဦးမှာဖြစ်လို့ pageကို like & follow လုပ်ထားပေးပါနော်။အာလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Website
Address
Pakokku