Pan Pyoe Khine Pre-school

Pan Pyoe Khine Pre-school Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pan Pyoe Khine Pre-school, Nursery, ပြည်တော်သာလမ်းနှင့်ငါးကြင်းလမ်းဒေါင့်, Pakokku.

29/12/2021

တိုးတက်လာတဲ့ ခေတ်ကြီးကို လိုက်မီနိုင်ဖို့ အမြဲတမ်း ကြိုးစားနေရတာကြောင့် မိသားစုကို ပေးမယ့်အချိန်တွေက နည်.....

24/12/2021

♥ယနေ့မှစ ကလေးငယ်များကိုဖုန်းဖြတ်မည် မည်သူမှ ဖုန်းမပြရန်တောင်းဆိုချင်ပါသည်♥

📵📱ဖုန်းနဲ့ ငြိမ်တယ်📱📵
☠️📵ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။📵☠️
🖥ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။🖥

📱Phone, 💻Tablet, 🖥Games, 📺TV, ကာတွန်း စသည့်
Screen Time ၏ ဆိုးကျိုးများ
☠️☠️☠️☠️☠️☠️☠️☠️☠️

📵ဦးနှောက်အားရုံကြော ပုံမှန်အလုပ်မလုပ်ခြင်း။
📵လူတွေနဲ့ စကားပြောဆက်သွယ်မှုမလုပ်နိုင်ခြင်း။
📵မှတ်ဥာဏ်သာကောင်းပြီး ပုံမှန်မတွေးခေါ်နိုင်ခြင်း။
📵နေ့စဉ် အီးသေးကိစ္စပင် မတောင်းဆိုတတ်ခြင်း။
📵ထမင်းဟင်းအာဟာရကို ပုံမှန်ကလေးများလို မစားတတ်ခြင်း၊
📵လိုချင်တာ ဖြစ်ချင်တာ မတောင်းတတ်ခြင်း။
📵စိတ်ကစင့်ကလျားဖြစ်နေခြင်း။
📵ကိုယ်ခန္ဓာကို မထိန်းချူပ်နိုင်ခြင်း။
📵ခံစားမှုကို မဖော်ပြတတ်ခြင်း ။
📵အမြဲ ဂဏာမငြိမ်ခြင်း။
📵အိပ်စက်နိုင်မှုမရှိခြင်း၊

ကလေးငယ်စဉ်မှာ မိသားစုများ မအားလပ်လို့ ကလေးအား
Phone, Tablet, Games, TV, ကာတွန်း စသည့်တို့ဖြင့်
ငြိမ်နေအောင် အချိန်ကုန် အဖော်ပြုစေပါက
ကလေးသည် လူမှု့ဘ၀တွင် အခက်အခဲများစွာ ရင်ဆိုင်နိုင်ဖို့ ကလေးမိသားစုများ အဆင်သင့်ပြင်ထားပါ။

ယနေ့ သင်မအားလပ်မှုသည်
သင်ကလေး၏ လူမှု့ဘ၀ကို ပေးဆပ်ရပါလိမ့်မည်။

ကလေးများ ငယ်စဉ်မှာ သင်အားအောင်လုပ်ပါ။
သင့်ကလေးကို အဖေါ်အဖြစ် အုပ်ထိန်းသူအဖြစ်
နေ့စဉ် သင်ကြားကစားပေးပါ။

ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။

မိသားစုအတော်များများထဲက
၅နှစ်အောက် ကလေးတွေ ဒီပြသနာတွေနဲ့
ရင်ဆိုင်နေရပါတယ်။

နေ့စဉ်နဲ့အမျှ ဒီလိုကလေးတွေကို တွေ့ရတာများလာတော့
ရင်ထဲ စိတ်မကောင်းလွန်းလို့ပါ။

ကလေးက စကားသိပ်မပြောဘူး
မိဘက မအားလို့
အဖိုးအဖွားတွေ မရှိလို့ မထိန်းနိုင်လို့
ကလေးထိန်းနဲ့ပဲထားရလို့
ဘယ်သူမှ ကလေးနား နေချိန်မပေးနိုင်လို့
အကြောင်းပြချက်များစွာသည်
ကလေးဘ၀ကို တကယ်ပင် ငြိမ်သွားစေတာပါပဲ။

ကလေးကို ကလေးမိသားစုက ကူညီမှ ဖြစ်မှာပါ။

ကလေးကို ချစ်ရင် ကလေးနဲ့အတူ အချိန်ကုန်လွန်ပါစေ
ကလေးနဲ့အတူ ကလေးလို ဆော့ကစားပါ။
ကလေးနဲ့အတူ ပြေးလွှားခုန်ကစားပါ။
ကလေးနဲ့အတူ ပြောဆိုငြင်ခုံကာ ကစားပါ။
သင်ကလေးသည် ပုံမှန်ထက် ထူးချွန်နေပါလိမ့်မည်။

သင့်ကလေးကို တကယ်ချစ်သလား။
အထပ်ထပ် အခါခါ မိမိကိုယ်ကို မေးကြည့်ပါ။
သင့်ကလေးကို သင်ချစ်ပေးပါ။

လူတိုင်း မိသားစုတိုင်း ဘ၀အခက်အခဲများစွာ ရင်ဆိုင်ရပါတယ်
ဘယ်လောက်ကြီးသော ရည်မှန်းချက် နဲ့ အခက်အခဲရှိရှိ
သင့်ကလေးဘ၀ကို စတေးမခံပါနဲ့။

တကယ်ချစ်ပေးပါ။

Credit

Address

ပြည်တော်သာလမ်းနှင့်ငါးကြင်းလမ်းဒေါင့်
Pakokku
PAKOKKU

Telephone

+959440228115

Website

Alerts

Be the first to know and let us send you an email when Pan Pyoe Khine Pre-school posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category