အထက ဗောဓိကုန်း

အထက ဗောဓိကုန်း အပြန်ရထားမီတဲ့နေ့ ပြန်ဆုံကြမယ်လေ

04/11/2023

အရည်အချင်းလား
လူတိုင်းမှာရှိတယ် ယောက်ဖ..

ဝါသနာနဲ့ကင်းကွာတဲ့ အရပ်မှာမလို့
ရွက်ပုန်းသီးတွေ အမှိုက်ဖြစ်နေတာ ။

#ရိုးတံ

နော်😎😎
31/10/2023

နော်😎😎

တကယ်လားမသိ ☺️☺️

page active မဖြစ်ခဲ့လို့အားလုံးကို *တောင်းပန်ပါတယ်* တစ်ယောက်တည်းဖြစ်နေရတာရယ်အထီးကျန်နေတာရယ်ကောင်မလေး မရှိတာရယ်ကြောင့် မဟ...
31/10/2023

page active မဖြစ်ခဲ့လို့

အားလုံးကို *တောင်းပန်ပါတယ်*

တစ်ယောက်တည်းဖြစ်နေရတာရယ်

အထီးကျန်နေတာရယ်

ကောင်မလေး မရှိတာရယ်ကြောင့်

မဟုတ်ပါဘူးလို့(ရှာပေးချင်လည်း ရှာပေးကြပေါ့)

အမြဲ active ဖြစ်အောင်ကြိုးစားပါမယ်လို့

လာပြောတာ😁😁

#ပုံကတော့crdပါ
🤗

04/10/2023

နွားနို့ကို ရေရောလို့ ရပေမယ့်
တဆင့်မြင့်လာတဲ့ ထောပတ်ကိုတော့
ရေရောလို့ မရတော့ပါဘူး

လူတွေဟာ သူတို့ထက်နဲနဲဘဲသာရင် မနာလိုတတ်ကြပေမယ့်
အများကြီးသာတဲ့သူကိုတော့ အားကျကြပါတယ်

ထောပတ်ဖြစ်အောင်လုပ်ပါ
အများကြီး သာအောင်နေပါ



ီ_ဘာ_ဘာ

01/10/2023

ကို့ထက်သာတဲ့ ကောင်တွေအများကြီး

ထင်ရလောက်အောင် ကို့ကိုကိုယ် နိမ့်ချပြီး

နောက်ထပ်မရနိုင်တော့ဘူးထင်ရလောက်တဲ့ထိ

ချစ်တယ်

#

ကဲ ကလောမှာတော့ နှင်းတွေကျပြီး ဆောင်းဝင်လာပြီရည်းစားရှိကြလား.....😂😂(စတာပါ...နောက်တာပါ)  gyee
24/09/2023

ကဲ ကလောမှာတော့

နှင်းတွေကျပြီး ဆောင်းဝင်လာပြီ

ရည်းစားရှိကြလား.....😂😂

(စတာပါ...နောက်တာပါ)

gyee

လာလည်ကြအုံး ကလေးတို့ ကိုကြီးရှိတယ်😁😁
24/09/2023

လာလည်ကြအုံး ကလေးတို့

ကိုကြီးရှိတယ်😁😁

24/09/2023

အားလုံးပဲ အသိပေးထားရအုံးမယ်

၁၁ လပိုင်း အလည်ပြန်လာမလို့နော်😎😎

ထမင်းလည်း ဖိတ်ကျွေးနိုင်သလို😁😁

ဆိုင်မှာလည်း လိုက်ကျွေးနိုင်တယ်😛😛

တစ်ခုပဲ....အဲ့ဒီတုန်းက... ဆိုပြီး

မမေးရ✖✖


အချစ်ဦးဆိုတာ ဘယ်တော့မှ သွားမလည်ဖြစ်တော့မယ့် နယ်မြို့လေးပဲ။ဘယ်ထောင့်ချိုးမှာမှ ဝင်မတိုက်တော့မယ့် လူနှစ်ယောက်ပဲ။စိတ်လိုလက...
23/09/2023

အချစ်ဦးဆိုတာ ဘယ်တော့မှ သွားမလည်ဖြစ်တော့မယ့် နယ်မြို့လေးပဲ။
ဘယ်ထောင့်ချိုးမှာမှ ဝင်မတိုက်တော့မယ့် လူနှစ်ယောက်ပဲ။
စိတ်လိုလက်ရ ငေးခွင့်မရှိတော့တဲ့ တိမ်ဖြူဖြူတွေပဲ။

ဟိုးရှေးရှေးတုန်းကလို့ အစချီမိတာနဲ့ ရင်ထဲမှာ စို့နစ်ဆွေးမြေ့သွားရတဲ့ ပုံပြင်လေးတစ်ပုဒ်အကြောင်း နှောင်းလူတွေကို မငိုဘဲ ရှင်းပြချင်သေးတယ်။ ချစ်ဖူးလားဆိုတဲ့ တယောက်ယောက်ရဲ့အမေးကို ချစ်နေသေးတယ်လို့ မှားမှားဖြေမိတာ အခါခါ။ တစ်ယောက်ထဲ နေသွားတော့မှာလားလို့ အမေးခံရရင် ဘယ်ဘတ်ရင်အုံထဲကမင်းကို ထုတ်ထုတ်ပြဖြစ်တယ်။ အရှုံးသမားတွေရဲ့လက်သုံးစကားအရဆို အချစ်က ချစ်နေဖို့ပါပဲ။ ဒါက တစ်ဘဝလုံး ငါတတ်နိုင်တာ ငါလုပ်နိုင်တာ အကုန်ပါပဲ။ သတိရတယ် နင်အပါအဝင် ပြန်မရနိုင်တော့တာတွေ အားလုံးပေါ့ ။

တစ်နေ့နေ့မှာဆိုတဲ့ မျှော်လင့်ချက်မျိုးတောင် မပေးခဲ့တော့ ပြန်ဆုံစရာအကြောင်းတွေ ရှာကြည့်ပေမယ့် ရှာလို့မတွေ့ခဲ့ပါဘူး ။ မနက်ဖြန်ဟာ နောက်ဆုံးနေ့ဆိုရင်တောင် ဒီနေ့မှာ ကိုယ်မင်းကိုတွေ့အောင် မရှာနိုင်တော့ပါဘူး ။ ။

- သျှားညို

ငယ်ငယ်တုန်းကတော့ ရင်ဘတ်နဲ့ပေါင်းတာပဲကြီးတော့မှသာ အလျှိုလျှိုကျဲ ကုန်တာတစ်ချို့က မိဘလက်ငုတ်လက်ရင်းနဲ့တစ်ချို့က ဘွဲ့လက်မှတ...
08/09/2023

ငယ်ငယ်တုန်းကတော့ ရင်ဘတ်နဲ့ပေါင်းတာပဲ
ကြီးတော့မှသာ အလျှိုလျှိုကျဲ ကုန်တာ

တစ်ချို့က မိဘလက်ငုတ်လက်ရင်းနဲ့
တစ်ချို့က ဘွဲ့လက်မှတ်လေးကိုင်
တစ်ချို့က မိသားစုအတွက်ရုန်းကန်ပေးနေတဲ့အချိန်
တစ်ချို့ကတော့ မိဘအိမ်မပြန်နိုင်သေးဘူး

ရှိရင်းစွဲတွေလဲပျောက်တဲ့လူကပျောက်
အဝတ်အစားလေး သန့်သန့်ပြန့်ပြန့်ဝတ်နိုင်သူက ဝတ်
မမြဲတဲ့လောက ကြီးမှာ
တဖြည်းဖြည်း စိမ်းသွားတဲ့သံယောဇဥ်တွေရယ်...

ဖြူစင်မှုကို ပြန်မရတော့ဘူး
ငယ်ရွယ်မှုကို ပြန်မရတော့ဘူး
ဘယ်သူ့မှ ဂရုမစိုက်ပဲသောက်နေရတဲ့ ဆေးပေါ့လိပ်ဟာ
ကျောင်းတုန်းက ခိုးသောက်သလောက် မချိုတော့ဘူး
လမ်းတွေ ပြင်လိုက်ပြီ
တံတားတွေ ထိုးလိုက်ပြီး
သစ်ပင်တွေ ခုတ်လိုက်ကြပြီ
ငါ့တို့အသက်ရှုကြပ်လာတာလဲ အံသြစရာ..

ရာသီဥတုမမှန်ဘူး
ဥသြတွေ မျိုးသုဥ်းကုန်သလား
ဓာတုဗေဒတွေ တွင်ကျယ်လာတော့မှ...
လယ်ယာတွေမှာ စပါးဟာ ပိုးအလိပ်လိပ်နဲ့

ရှု့မျှော်ခင်းတွေကိုလွမ်းတယ်
သူငယ်ချင်းတွေကိုလွမ်းတယ်
ငယ်ရွယ်မှုကိုလွမ်းတယ်...
ကျစ်ဆံမြှီးမလေးကို လွမ်းတယ်

ရည်းစားစာရေးဖို့ ခိုးဝယ်ထားတဲ့
မင် မွှေးဘော့ပင်လေး ပျောက်တဲ့နေ့
ကျောင်း​​ပြေးခဲ့တဲ့ သောကြာနေ့
လယ်စောင့်တဲနဲ့ ခြေတံရှည်လဲ ကျန်ခဲ့ပြီ

တမာတွေကိုသတိ့ရတယ်
သောကြာသမီးလေးကို သတိရတယ်
စာအုပ်နောက်ဆုံးက note ဆိုတဲ့နေရာမှာ
အမည်နေရာကို ငါ့နာမည်ရေးပြီး
အသက်နေရာမှာ မင်းနာမည်လေးရေးတာသတိ့ရတယ်

ပြန်တွေးတော့လဲ မျက်ရည်ချည်းလည်ရတယ်
မပေးဖြစ်ခဲ့တဲ့ ၃မျက်နှာပါတဲ့
မေတ္တာ စာတစ်စောင်။

#အနက်ရောင်

06/09/2023

ချယ်ရီပင်အောက် နောက်တစ်ခေါက်
ပြန်မှ တွေ့မလားကွယ်''🎼🎼🎼🎼
""""ဒီသီချင်းလေး လိုပဲ''''''
ဒီရှမ်းတောင်တန်းကြီးတွေ ပေါ်မယ် အမှတ်တမဲ့
ဆုံခဲ့ကြဖူးသူတွေလည်းရှိမယ်'''🌧🌧🌧
အတူ အလည်ရောက်ခဲ့ဖူးသူတွေလဲရှိမယ်''
နောက်ပီး ခွဲခွာခဲ့ကြတာလည်းရှိမယ်
မဝေးချင်ပဲ ဝေးခဲ့ကြတာလည်း ရှိကြမယ်''''🙂🙂
ဘာပဲ ဖြစ်ဖြစ် တွယ်တာစိတ်ရှိနေသေးတဲ့သူတိုင်း
ပြန်ဆုံချင်တဲ့ ဆန္ဒရှိတဲ့သူတိုင်း''
ဒီရှမ်းတောင်တန်းတွေပေါ် အရင်ကအမှတ်တရ
တွေနဲ့အတူ ပြန်ဆုံချင်တဲ့သူနဲ့ နောက်တစ်ခေါက်ပြန်ဆုံကြပါစေကြောင်း''
""

#🤡

ကိုယ်တွေငယ်ငယ်က အတန်းထဲမှာ ဒီသကြားလုံးကျွေးခံရတဲ့သူက အကောင်ပဲ.. 😎"လူတိုင်းအားကျတဲ့ စန်းပွင့်တဲ့ အကောင်ပဲ😅အံမယ်...ကျွေးတဲ...
29/08/2023

ကိုယ်တွေငယ်ငယ်က အတန်းထဲမှာ
ဒီသကြားလုံးကျွေးခံရတဲ့သူက အကောင်ပဲ.. 😎

"လူတိုင်းအားကျတဲ့ စန်းပွင့်တဲ့ အကောင်ပဲ😅

အံမယ်...ကျွေးတဲ့သူကလဲ
သူ့အချစ်တွေ ချိုချဉ်ထဲ အားလုံးပါသလိုလို😅

စားရတဲ့သူကလဲ သူ့ရင်ထဲက အချစ်တွေ အကုန်ရသွားတဲ့အထာတွေနဲ့
မဖောက်ရက် 😅 မစားရက် 😅
အိုက်တင်အမျိုးမျိုးနဲ့ ပြီးရင်လဲစားတာပါပဲ😂😂😂

စားပြီးလို့လဲပြီးမယ်ထင်လား...
အခွံတေစာအုပ်ကြားထဲညှပ်
ရက်ကြာလာရင် စာအုပ်မှာ သကြားလုံးတေ
အရည်ပျော်ပြီး ကပ်ကုန်လို့😅 ပရမ်းပတာတေဖြစ်ရော😂

ခုခေတ်ကလေးတေဒါတွေသိမယ်မထင်...😇.(ငယ်ဘဝတောင်ပြန်လွမ်းမိတယ်😌)

Address

Yangon-Mandalay Highway, (138/3)Miles
Oktwin

Telephone

+959775743230

Website

Alerts

Be the first to know and let us send you an email when အထက ဗောဓိကုန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to အထက ဗောဓိကုန်း:

Shortcuts

Share

Category