ABC Private School

ABC Private School All Basic Care Private School

📣ဖေဖေမေမေတို့ရေ 2025-2026 ပညာသင်နှစ်အတွက် အတန်းများအားလုံးကို ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီနော်။  ကျောင်းအပ် လက်ခံတာကိ...
29/04/2025

📣ဖေဖေမေမေတို့ရေ 2025-2026 ပညာသင်နှစ်အတွက် အတန်းများအားလုံးကို ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီနော်။

ကျောင်းအပ် လက်ခံတာကို(၂၃.၅.၂၀၂၅)မှ စတင်၍ကျောင်းအပ်လက်ခံမှာဖြစ်ပါတယ်။
လူဦးရေကန့်သတ်ထားလို့ ကျောင်းသား/ကျောင်းသူဟောင်းများနှင့် ကျောင်းသားသစ်များအားလုံး အမြန်ဆုံးလာရောက်၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။

ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊
ခေတ်နဲ့အညီ English စကားပြော တိုးတက်မှုရှိစေရန် သာမက လူမှုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန်၊
အသင်းအဖွဲ့နှင့်သော်လည်းကောင်း၊
တစ်ဦးတစ်ယောက်စီ၏ စွမ်းရည်များ
တိုးတက်လာစေရန် ABC Preschool and Private School မှ အရည်အချင်းပြည့်ဝသော ဆရာမများ👩‍🏫နှင့်တာဝန်ယူသင်ကြားပေးနေပါပြီ။

📚 အသက် ၃နှစ်မှ စတင်အပ်နှံနိုင်ပြီး တက်ရောက်နိုင်မည့်အတန်းများမှာ
Nursery
Pre-KG
Kindergarten
Grade 1
Grade 2
Grade 3
Grade 4
Grade 5
အတန်းများ ဖြစ်ပါတယ်ရှင့်။

👨‍🎓👩‍🎓သားသားမီးမီးများအား စိတ်ဓာတ်ကျန်းမာကြံ့ခိုင်၍ ထူးချွန်ထက်မြက်တဲ့ လူတော်လူကောင်းများအဖြစ်ကြီးပြင်းလာစေရန် ABC Preschool and Private School တွင် ယုံကြည်စိတ်ချစွာ အပ်နှံလိုက်ပါ 👨‍👩‍👦ဖေဖေ၊မေမေတို့ရေ.......။

🗓 2.6.2025တွင် စတင်သင်ကြားမှာ ဖြစ်ပါတယ်ရှင့်။

ဆက်သွယ်ရန်
🏛️အမှတ်(၅)၊ သီရိမင်္ဂလာ(၂)လမ်း၊ အုတ်ဖိုမြို့။

☎️Ph- 09254106158 သို့
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်ရှင့်။

28/04/2025

ကလေးများအတွက် မူကြိုကျောင်းထားရခြင်းမှာ
အရေးပါတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အဓိက အကြောင်းရင်းတွေကို ပြောပြရမယ်ဆိုရင်…..

👩‍🏫လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု👩‍🏫

မူကြိုမှာ ကလေးတွေဟာ အခြားကလေးတွေနဲ့ ဆရာ၊ ဆရာမတွေနဲ့ ထိတွေ့ဆက်ဆံရတာကြောင့် လူမှုဆက်ဆံရေး ကျွမ်းကျင်မှုတွေ တိုးတက်လာပါတယ်။ မျှဝေသုံးစွဲခြင်း၊ အလှည့်ကျ စောင့်ဆိုင်းခြင်း၊ စည်းကမ်းလိုက်နာခြင်း စတဲ့ အပြုအမူတွေကို သင်ယူရပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ စိတ်ရှည်သည်းခံမှုနဲ့ စာနာထောက်ထားမှု စတဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အချင်းတွေလည်း ဖွံ့ဖြိုးလာပါတယ်။

👨🏻‍🏫ဘာသာစကားနဲ့ ဆက်သွယ်ရေး ဖွံ့ဖြိုးမှု👨🏻‍🏫

မူကြိုမှာ ကလေးတွေဟာ စကားပြောဆိုခြင်း၊ သီချင်းဆိုခြင်း၊ ပုံပြင်နားထောင်ခြင်းတွေကနေတစ်ဆင့် သူတို့ရဲ့ ဘာသာစကားနဲ့ ဆက်သွယ်ပြောဆိုနိုင်တဲ့ စွမ်းရည်တွေ တိုးတက်လာပါတယ်။ ဝေါဟာရ ကြွယ်ဝလာပြီး အတွေးအမြင်တွေကို ပိုမိုတိကျစွာ ဖော်ပြနိုင်စွမ်း ရှိလာပါတယ်။

👨‍🎓သိမြင်မှု ဖွံ့ဖြိုးမှု👨‍🎓

မူကြိုမှာ ကလေးတွေဟာ အရောင်တွေ၊ ပုံသဏ္ဌာန်တွေ၊ နံပါတ်တွေနဲ့ အက္ခရာတွေကို သင်ယူရပါတယ်။ ပဟေဠိတွေ ဖြေရှင်းခြင်း၊ ပုံဆွဲခြင်း၊ တည်ဆောက်ခြင်း စတဲ့ လှုပ်ရှားမှုတွေကနေတစ်ဆင့် သူတို့ရဲ့ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေ ဖွံ့ဖြိုးလာပါတယ်။

🧑‍🎨ကောင်းမွန်တဲ့ အလေ့အထတွေ ရရှိခြင်း🧑‍🎨

မူကြိုမှာ ကလေးတွေဟာ လက်ဆေးခြင်း၊ သွားတိုက်ခြင်း၊ စားသောက်ပြီးနောက် သန့်ရှင်းရေး လုပ်ခြင်း စတဲ့ ကောင်းမွန်တဲ့ ကျန်းမာရေး အလေ့အထတွေကို သင်ယူရပါတယ်။ ဒါ့အပြင် စည်းစနစ်တကျ နေထိုင်တတ်ဖို့နဲ့ မိမိပစ္စည်းတွေကို တန်ဖိုးထားတတ်ဖို့လည်း လေ့ကျင့်သင်ကြားပေးပါတယ်။

🧑🏻‍🏫မူလတန်းအတွက် အခြေခံကောင်းများ ရရှိခြင်း🧑🏻‍🏫

မူကြိုမှာ သင်ယူခဲ့တဲ့ အရာတွေဟာ မူလတန်းမှာ ဆက်လက်သင်ယူဖို့အတွက် အခြေခံကောင်းတွေ ဖြစ်စေပါတယ်။ စာဖတ်ခြင်း၊ စာရေးခြင်းနဲ့ သင်္ချာဆိုင်ရာ အခြေခံ သဘောတရားတွေကို မူကြိုမှာ စတင်လေ့လာထားခြင်းကြောင့် မူလတန်းရောက်တဲ့အခါ လွယ်ကူချောမွေ့စွာ သင်ယူနိုင်ပါတယ်။

ဒါကြောင့် မူကြိုဟာ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါပြီး ဘက်ပေါင်းစုံကနေ ကြီးထွားလာဖို့ အထောက်အကူပြုတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

😊😊သားသားမီးမီးတို့ကို မူကြိုထားတဲ့အခါ ဒီလို ရလဒ်ကောင်းတွေရလာမှာဖြစ်တဲ့အတွက် 😊😊

😍 😍 ဖေဖေ၊မေမေ တို့ရဲ့ အဖိုးတန်သားသမီး ရတနာလေးများကို ABC Preschool ကို အမြန်ဆုံး အပ်နှံစာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း အကြောင်းကြားလိုက်ရပါတယ်😍😍

📢 📢 သင်ရိုးသစ်နည်းစနစ်အတိုင်း အတွေ့အကြုံရှိသည့်၊အရည်အချင်းပြည့်ဝသည့် ၊စဉ်ဆက်မပြတ်လေ့လာသင်ယူထားသည့် ဆရာ ဆရာမ များကိုယ်တိုင် အကောင်းဆုံး တာဝန်ယူ သင်ကြားပေးမှာဖြစ်လို့ ဖေဖေမေမေတို့ရဲ့ သားသမီးများ အနာဂတ်အတွက် အကောင်းဆုံးသော ပညာ အမွေပေးနိုင်ဖို့ အခုပဲ ABC Preschool မှာကျောင်းအပ်လိုက်တော့နော်

🏫 📱 အသေးစိတ်သိရှိလိုပါ ABC Preschool and Private School သို့ လူကိုယ်တိုင်လာရောက်လေ့လာမေးမြန်းနိုင်သလို ဖုန်းနံပါတ် 09254106158 သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်တယ်ဆိုတာ သတင်းကောင်းပေးချင်ပါတယ် 🏫 📱

🚰 🚰 ဒီနေ့မှာတော့ ဖေဖေမေမေ တို့အတွက် သားသားမီးမီးလေးများကို အလေ့အကျင့်ကောင်းတွေရှိလာစေဖို့ ဘယ်လိုပြုစု ပျိုးထောင်ရမလဲဆိုတ...
27/04/2025

🚰 🚰 ဒီနေ့မှာတော့ ဖေဖေမေမေ တို့အတွက် သားသားမီးမီးလေးများကို အလေ့အကျင့်ကောင်းတွေရှိလာစေဖို့ ဘယ်လိုပြုစု ပျိုးထောင်ရမလဲဆိုတာတွေကို ABC Private School မှ မျှဝေပေးချင်ပါတယ်

📌 သင်ကိုယ်တိုင် ကလေးစံနမူနာပြုထိုက်တဲ့ အလေ့အကျင့်ပြုကျင့်ခြင်း ၊၊ ၊၊ ကလေးတွေဟာ သူတို့လေးတွေ ဘေးပတ်ဝန်းကျင်က အမူအကျင့်တွေ အလေ့အထတွေကို စူးစမ်းမှတ်သားပြီးတော့ လိုက်လံပြုလုပ်တတ်တာဖြစ်လို့ ကိုယ်တိုင်က သူတို့လေးတွေ စံနမူနာယူသင့်တဲ့ အလေ့အကျင့် အပြုအမူများကိုပဲ ဂရုစိုက်ပြုမူပြောဆိုဖို့ အရေးကြီးပါတယ်။

📌 ပြတ်သားတဲ့ ဆုံဖြတ်ချက်များပြင်ဆင်ထားခြင်း ။ ။ သင့်ကလေးရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီးတော့ သင့်ရဲ့ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား ကြိုတင်ပြင်ဆင်ထားရပါမယ်။ လိုက်နာရမယ့် လုပ်ဆောင်ချက်တွေကို ရှင်းရှင်းလင်းလင်းပြောပြရှင်းပြထားသင့်သလို မလိုက်နာပါက ရရှိနိုင်မယ့် အကျိုးဆက်များကိုလဲ သူတို့လေးတွေ သဘောပေါက်နားလည်နိုင်တဲ့ အထိ ပြောပြထားသင့်ပါတယ် ။

📌 ရုပ်ပုံသတိပေးချက်များ အသုံးပြုခြင်း ။ ။ ကလေးလေးတွေ ကို အလေ့အကျင့်ကောင်းတွေလေ့ကျင့်နေစဥ်အတွင်းမှာ သူတို့လေးတွေ ပိုမှတ်မိနိုင်ဖို့ လိုက်နာချင်လာဖို့အတွက် အချိန်ဇယားတွေ၊ ရုပ်ပုံ စတစ်ကာတွေနဲ့ ၊ သတိပေးရုပ်ပုံကားချပ်တွေကို အသုံးပြုပေးသင့်ပါတယ် ။

📌 အဖွဲ့လိုက်ကြိုးစားဆောင်ရွက်ခြင်း ။ ။ သူတို့လေးတွေအတွက် အလေ့အကျင့် အပြုအမူကောင်းများ သတ်မှတ်ရွေးချယ်ခြင်းတို့ ၊ ပန်းတိုင်သတ်မှတ်ခြင်းတို့မှာ ကလေးလေးတွေကိုပါ ပါဝင်စေရပါမယ် ။ အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်တဲ့ လုပ်ငန်းစဥ်တစ်ခုလုံးမှာ ကလေးကိုယ်တိုင်ပူးပေါင်းလုပ်ဆောင်မှုတိုးတက်နိုင်သလို ဖေဖေမေမေတို့ ဖြစ်စေချင်တဲ့ အလေ့အကျင့်အပြုအမူကောင်းများကို သူတို့လေးတွေပြုမူလာမှာ အသေအချာပါပဲ ။

📌 စိတ်ရှည်သည်းခံခြင်း ။ ။ အလေ့အကျင့်ကောင်းတွေ ဖွံဖြိုးလာဖို့အတွက် အချိန်ယူရတာမလို့ ဖေဖေမေမေတို့အနေနဲ့ စိတ်ရှည်ရှည်ထားဖို့လဲ သတိပေးပါရစေ ။ သူတို့လေးတွေအပေါ်မှာ စိတ်ရှည်သည်းခံပြီးတော့ အလေ့အကျင့် အပြုအမူ ကောင်းတွေဖြစ်လာစေဖို့ လေ့ကျင့်ပျိုးထောင်ပေးရပါမယ် ။

🍀 🍀 အလေ့အကျင့်ကောင်းလေးများ ပြုစုပျိုးထောင်ပေးတဲ့အပြင် သင့်ကလေးလေးတွေရဲ့ တိုးတက်မှုနဲ့ အောင်မြင်မှုတွေ ကို ချီးကျူးဂုဏ်ပြုပေးဖို့လဲ မေ့မနေသင့်ပါဘူး ။ ဒီလိုအပြုအမူမျိုးက ကလေးလေးတွေရဲ့ စိတ်အားထက်သန်ဖို့ကို အများကြီး အထောက်အကူဖြစ်သလိုပဲ အလေ့အကျင့်ကောင်းလေးတွေ ထပ်မံလေ့ကျင့်နိုင်ဖို့လဲ အများကြီးအားဖြစ်စေပါတယ် ဆိုတာ မျှဝေ ပေးရင်းနဲ့

ကလေးတွေမှာ အလေ့အကျင့်ကောင်းတွေ ဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ကြပါစေလို့ ABC Private School က ဆန္ဒပြုလိုက်ပါတယ်

😍 😍 ဖေဖေ၊မေမေ တို့ရဲ့ အဖိုးတန်သားသမီး ရတနာလေးများကို ဖွံဖြိုးမှုနယ်ပယ်ငါးရပ်ကို အဓိကထားကာ ကျောင်းသင်ခန်းစာ သင်ရိုးအားလုံးအပြင် အခြား ကာယ၊ဉာဏ၊စာရိတ္တ ဆိုင်ရာများပါ လေ့ကျင့်သင်ကြားပေးမည့် ABC Private School ရှိနေပါပြီ

📢 📢 သင်ရိုးသစ်နည်းစနစ်အတိုင်း အတွေ့အကြုံရှိသည့်၊အရည်အချင်းပြည့်ဝသည့် ၊စဉ်ဆက်မပြတ်လေ့လာသင်ယူထားသည့် ဆရာ ဆရာမ များကိုယ်တိုင် အကောင်းဆုံး တာဝန်ယူ သင်ကြားပေးမှာဖြစ်လို့ ဖေဖေမေမေတို့ရဲ့ သားသမီးများ အနာဂတ်အတွက်
အကောင်းဆုံးသော ပညာ အမွေပေးနိုင်ဖို့ အခုပဲ ABC Private School မှာကျောင်းအပ်လိုက်တော့နော်

🗓 🗓 ABC Private School အနေနဲ့ ၂၀၂၅-၂၀၂၆ပညာသင်နှစ်မှာ မူကြိုတန်း၊ KG တန်း ၊ Grade 1 ၊ Grade 2၊ Grade 3၊ Grade 4၊ Grade 5 အတန်းများကို ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပါတယ်

🎯 အတန်းတစ်ခုချင်းစီ ကို အကောင်းဆုံးလေ့ကျင့်သင်ကြားပေးနိုင်ဖို့အတွက် လူဉီးရေ ကန့်သတ်ထားတာကြောင့် ဖေဖေ၊မေမေ တို့ရဲ့ အဖိုးတန်သားသမီး ရတနာလေးများ အတွက် နောက်ကျမနေရအောင် အမြန်ဆုံးလာရောက်အပ်နှံထားဖို့ သတိပေးချင်ပါတယ် 🎯

🏫 📱 အသေးစိတ်သိရှိလိုပါ ABC Private School သို့ လူကိုယ်တိုင်လာရောက်လေ့လာမေးမြန်းနိုင်သလို ဖုန်းနံပါတ် 09254106158 သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်တယ်ဆိုတာ သတင်းကောင်းပေးချင်ပါတယ် 🏫 📱

Address

No.5, Thiri Mingalar Second Street
Okpo

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 15:00

Website

Alerts

Be the first to know and let us send you an email when ABC Private School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share