Japanese Study With Hsu

Japanese Study With Hsu Confidence make you best.

01/10/2024

၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များ ထုတ်ယူခြင်းနှင့်ပတ်သတ်၍

၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များအား အောက်ဖော်ပြပါအတိုင်း ထုတ်ယူ နိုင်မည် ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ လာရောက်ထုတ်ယူရာတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) မူရင်း ယူဆောင်လာရမည်ဖြစ်ပြီး ပျောက်ဆုံး၊ ပျက်စီးပါက မှတ်ပုံတင်မိတ္တူတစ်စောင် နှင့် ခုံနံပါတ် ယူဆောင် လာရပါမည်။

သင်တန်းကျောင်းများအနေဖြင့် မိမိတို့၏ ကျောင်းသားများအတွက် တစုတပေါင်းတည်း ထုတ်ယူမည်ဆိုပါက ကျောင်းသားစာရင်း၊ Test Voucher မူရင်းနှင့် မှတ်ပုံတင်မိတ္တူများကို ပြည့်စုံစွာယူဆောင်လာပြီး ထုတ်ယူနိုင်ပါသည်။

(ရန်ကုန်စာဖြေဌာနတွင်လျှောက်ထားသူများထုတ်ယူရန်)

၅.၁၀.၂၀၂၄ မှ ၁၅.၁၀.၂၀၂၄ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)
နေရာ - ရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub)
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၃း၀၀ နာရီအထိ

၁၅.၁၀.၂၀၂၄ ရက်နေ့နောက်ပိုင်း (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)
နေရာ - JLPT Centre
အမှတ်(၂ဘီ-၃)၊ နှင်းဥယျာဥ်အိမ်ရာ ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ

(မန္တလေးစာဖြေဌာနတွင်လျှောက်ထားသူများထုတ်ယူရန်)

၅.၁၀.၂၀၂၄ မှ ၁၅.၁၀.၂၀၂၄ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)
နေရာ - MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၃း၀၀ နာရီအထိ

၁၅.၁၀.၂၀၂၄ ရက်နေ့နောက်ပိုင်း (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)
နေရာ - MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

ဆက်သွယ်ရန် - 01-757 10 15 (Ext- 1) ရန်ကုန်
09-255 162 533 မန္တလေး

FYI☘️
15/08/2023

FYI☘️

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲ ရလဒ် ကြည့်ရှုနိုင်မည့်ရက် ကြေငြာခြင်း။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ Online Result များအား ၂၀၂၃ ခုနှစ် ဩဂုတ်လ၊ ၂၁ ရက်နေ့ (တနင်္လာနေ့) ဂျပန်စံတော်ချိန် နံနက် ၁၀း၀၀ နာရီ (မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီ) မှ စတင်၍ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Result ကြည့်ရှုရမည့် link - https://www.jlpt.jp/e/guideline/results_online.html

(ဖော်ပြပါလင့်မှတဆင့် > other countries > မိမိ ခုံနံပါတ် နှင့် Password 8 လုံး ရိုက်ထည့်ကြည့်ရှုရပါမည်။)

Password 8 လုံး မပြည့်သူများ၊ လုံး၀ မဖြည့်သွင်းခဲ့သူများ၊ သတ်မှတ်ထားသည့် ဂဏန်းများမဟုတ်ပဲ Alphabet များပါ၀င်နေသည့် Password များ ဖြစ်ပါက Online Result ကြည့်ရှုနိုင်မည် မဟုတ်ပါ။

Online Result များအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ၊ ၃၁ ရက်နေ့ (အင်္ဂါနေ့) ဂျပန်စံတော်ချိန် ညနေ ၅း၀၀ နာရီ (မြန်မာစံတော်ချိန် နေ့လည်၂:၃၀ နာရီ) အထိ ကြည့်ရှုနိုင်ပါသည်။

Certificate များရောက်ရှိပါက ထုတ်ယူနိုင်ရန်ထပ်မံကြေငြာပေးပါမည်။

ဆက်သွယ်ရန်
01-757 10 15

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

09/08/2023
ပုံလေးတွေကို ကြည့်ပြီး くだもの လေးတွေရဲ့ ことば  လေးတွေကို Hsu Myat 🌸 နှင့်အတူတူလေ့လာကြရအောင်✨いっしょうにべんきょうしましょう🌸✨ ✨✨
08/08/2023

ပုံလေးတွေကို ကြည့်ပြီး くだもの လေးတွေရဲ့ ことば လေးတွေကို Hsu Myat 🌸 နှင့်အတူတူလေ့လာကြရအောင်✨
いっしょうにべんきょうしましょう🌸✨ ✨✨

Address

Nyaungdon

Website

Alerts

Be the first to know and let us send you an email when Japanese Study With Hsu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share