TELECom Computer Training

TELECom Computer Training Computer Delivery Training.
ကွန်ပြူတာအိမ်တိုင်ရာရောက

06/08/2017

Outdoor CPE အသုံးပြု၍ Wireless Router ဖြင့် လွှင့်ထားသော Wifi အား မြန်းနှုန်းမြင့်စွာအသုံးပြုနည်း

သိထားပီးသူများအတွက်ဘာမှမဟုတ်လောက်ပေမဲ့ မသိသေးသူများအတွက်တော့ အသုံးတည့်ရင်တည့်နိုင်ပါတယ် Wireless Router ကလွှင့်ထားတဲ့ Wifi ကို သုံးမယ်ဆိုရင် နီးလေကောင်းလေပါပဲ နည်းနည်းဝေးသွားတာနဲ့ connection ကျသွားတတ်ပါတယ် ။ ခု Outdoor CPE နဲ့ Wireless Router နဲ ချိတ်ဆက် အသုံးပြုမယ်ဆိုရင် တော့ ပိုမိုကောင်းမွန်ပါတယ် Local Network အသုံးပြုရသလိုပါပဲ၊ CPE to CPE ချိတ်ဆက်အသုံးပြုမှသာ အဆင်ပြေနိုင်တယ်လို့တစ်ချို့ကသိထားပါ တယ် ဟုတ်ပါတယ် အရမ်းကွာဝေးတယ်ဆိုရင်တော့ဟုတ်ပါတယ်။ Wireless Router နဲ့ မလှမ်းမကမ်းဖြစ်နေတဲ့အနေအထားမျိုး မိမိစက်နဲ့မမိတမိဖြစ်နေတယ်ဆိုရင်တော့ CPE သုံးပီး လိုင်းကောင်းကောင်းသုံးလို့ရပါတယ် နောက်ပီး Network Switch သုံးပီး Wireless Network Card မရှိတဲ့စက်တွေပါ LAN ကြိုးကို Switch မှာ ထိုးလိုက်ရုံနဲ့ Internet access ရပါပီ စက်တစ်လုံးထက်ပိုပြီးသုံးနိုင်တယ်လို့ပြောတာပါ ခုကျွန်တော်ဆို အဲ့ဒီလိုချိတ်ဆက်ထားပါတယ် Router နဲ့ဆို ပေ ၅၀၀ လောက်ဝေးတဲ့အကွာအဝေးမှာပါ လိုင်းကောင်းတဲ့အချိန်ဆို Download Speed 220kbs ကျော်ကျော်အထိ ရပါတယ် စက် ၂ လုံး သုံးတာပါ ... :D ဒါကကြွားတာနှော် ဘယ်လိုချိတ်ဆက်ရမှာလဲဆိုတာတော့အောက်မှာသာဆက်ဖတ်ကြည့်ပါလွယ်ကူပါတယ် ကိုယ်က Wifi Password သိထားဖို့လိုတာပေါ့နှော် :D

လိုအပ်တဲ့ပစ္စည်းကတော့ Outedoor CPE တစ်ခုပါပဲ Switch တွေဘာတွေကတော့လိုအပ်မှသုံးပေါ့
ပထမဆုံး Wireless Router ရှိတဲ့ဘက်နဲ့ CPE ကို မျက်နှာခြင်းဆိုင်ထားပါ ကြားထဲမှာ သစ်ပင်တွေအများကြီးရှိမနေဖို့တော့သတိထားပါ ဒါကအရေးကြီးပါတယ်

ကွန်ပျူတာနဲ့ CPE ကို LAN ကြိုးနဲ့ချိတ်ဆက်ထားပါ ပီးတော့ မိမိအသုံးပြုနေတဲ့ Explorer တစ်ခုခုကို ဖွင့်လိုက်ပါ CPE တွေရဲ Default IP ကတော့ 192.168.1.254 ပါ အဲ့ဒါကို address bar မှာရိုက်ထည့်လိုက်ပါ သြော်နဲနဲလောသွားတယ် ပထမဆုံးမိမိစက်မှာ Local Area Connection မှာ IP Address တွေကို Manual နဲ့ ပေးထားတယ်ဆိုရင် အကုန်လုံးကို Obtain တွေပြန်ထားလိုက်ပါ အဲ့ဒါပီးမှ CPE ရဲ့ IP ကို IE မှာ ရိုက်ထည့်လိုက်မှ Log on Box ကျလာမှာပါ ဘာဖြစ်လို့အဲ့ဒီလို IP ကို Obtain ထားရတာလဲဆိုတော့ CPE ရဲ့ IP နဲ့ မိမိပေးထားတဲ့စက်ရဲ့ IP နဲ့ IP Class ချင်းမတူရင် ပွင့်လာမှာမဟုတ်လို့ပါ IP Change တာတော့သိတယ်မဟုတ်လား RUN Box ကနေ ncpa.cpl ခေါ်လိုက်ပေါ့..... ဆက်လိုက်ပါဦးမယ် အဲဒီလို Log on box ကျလာပီဆိုရင် user name နဲ့ Password တောင်းပါလိမ့်မယ် Default User Name & Password ကတော့ " admin " ပါ ရိုက်ထည့်ပီးသွားပီဆိုရင် CPE setting တွေကို ချိန်ညှိလို့ရပါပီ .. ပထမဆုံး Operation Mod မှာ AP ကိုထားပါမယ် Save လိုက်ပါ အောက်ကပုံမှာကြည့်လိုက်ပါ

နောက် Wireless >>> Wireless mod ကိုသွားပါမယ် Survey ကို နှိပ်လိုက်ပါ အနီးအနားဝန်းကျင်မှာ ရှိတဲ့ Wireless Line တွေ ပေါ်လာပါလိပ်မယ့် မိမိချိတ်ဆက်လိုတဲ့ လိုင်းကို Connect လုပ်လိုက်ပါ အရေးကြီးတာတစ်ခုရှိပါတယ် မိမိချိတ်ဆက်မဲ့လိုင်းရဲ Signal မှာ အနည်း 10 or 12 dB လောက်ရှိမှ အဆင်ပြေမှာဖြစ်ပါတယ် အောက်ပါပုံမှာ ကြည့်လိုက်ပါ

Connect လုပ်ပီးပြီးဆိုရင်အောက်ပါပုံအတိုင်း Wireless mod ထဲမှာ Client မှာ Check လုပ်ထားပီး မိမိချိတ်ဆက်ထားတဲ့ SSID နဲ့ MAC Address တွေပေါ်နေတာကိုတွေ့ရမှာ ပါ ဒါပေမယ့် Network access ရရှိခြင်းမဟုတ်သေးပါဘူး Save လုပ်လိုက်ပါ Reload တောင်းပါလိပ်မယ် လုပ်ပေးလိုက်ပါ

Save လုပ်ပီးသွားပီဆိုရင် Security Settings ကို သွားလိုက်ပါ မိမိချိတ်ဆက်လိုက်တဲ့ လိုင်းရဲ့ Security Type (WEP or WPA) နဲ့ Password ကို ထည့်ပေးရမှာပါ ပီးရင် Save လုပ်ပေးလိုက်ပါ
ကွန်ပျူတာရဲ့ IP address ကို obtain ပြောင်းလိုက်ပါ ပြောင်းပီးသားဆိုရင် Connection ကို Disable / Enabled လုပ်ပေးလိုက်ပါ Local area Connection မှာ Inter Access ရလာပါလိပ်မယ်

ဒါဆိုရင်တော့ ချိတ်ဆက်မှုအားလုံးပြီးပီလို့ဆိုနိုင်ပါတယ် အရေးကြီးတာကတော့ IP Address တွေပဲနှော်
ဟိုဘက်က သုံးထားတဲ့ IP Class ကို CPE မှာ Chain ပီးမှသုံးရမှာနှော် IP Class ခြင်းတူဘို့အရေးကြီးတယ် ဟိုဘက်က Router ရဲ့ IP က ဘာလဲဆိုတာတော့ သိထားဘို့လိုတယ်နှော် ဒါမှ Internet Connection ရမှာနှော် ဟိုဘက် က IP က ဘယ် Class ထဲ ကလဲဆိုတာကိုသိဘို့ကတော့ WireLess Connection သုံးနေတဲ့အချိန်မှာ cmd ကနေပီးတော့
ipconfig /all လို့ ရိုက်ထည့်ပီးတော့ ပေါ်လာတာတွေကိုကြည့်လိုက်ပါ ဘယ် IP လဲဆိုတာသိရပါလိပ်မယ်

နောက်ဆုံးအနေနဲ့ မိမိ Computer ရဲ့ Local area Connection မှာ တော့ IP address ပေးချင်တယ်ဆိုရင် Class တူအောင်ထားပေးပါ မရဘူးဆိုရင်တော့ Obtain သာ ထားလိုက်ပါ အဆင်ပြေသွားပါလိပ်မယ်
ကျွန်တော့ကတော့ Obtain ပဲ ထားတယ်ဗျ ဒါပဲအဆင်ပြေတယ် DHCP က သူ့ဘာသာသူချပေးသွားတာလေ :D
အားလုံးပီး လို့ Local Area Connection Icon လေးမှာ အင်တာနက် access မရသေးဘူးဆိုရင် ncpa.cpl ရိုက်ထည့်ပီး Local Area Connection ကို Disable / Enabled လုပ်ပေးလိုက်ပါ ဒါမှမရရင်တော့ ဟိုဘက် Router ကကို Internet Access မရတာဖြစ်နိုင်ပါတယ်

စာအရေးသားနည်းတာမို့ သိပ်မရေးတတ်ဘူးခင်ဗျ ကျေးဇူးပြုပီးသည်းခံပီးသာဖတ်ပေးပါ :D
Mg Kaung (PKG)

02/08/2017

ComputerကိုအခြေခံမှစAdvanceအထိကိုအိမ်တိုင်ရာရောက်သင်ကြားပေးပါသည်။
၁၀ တန်းစာမေးပွဲဖြေဆိုအောင်မြင်ပြီးသော ကျောင်းသားကျောင်းသူများ....
တက္ကသိုလ်တက်ရောက်နေသော ကျောင်းသားကျောင်းသူများ..
လုပ်ငန်းခွင်ဝင်ရောက်နေသူများ....
လုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်ရန်ပြင်ဆင်နေသူများ...
👌 အနာဂတ် စိတ်ကူးအိမ်မက်များ အကောင်အထည်ဖော်ရန်
ယခုပင် TELECom တွင် ပထမခြေလှမ်းစတင်ပါ....🚩

တက္ကသိုလ်ကျောင်းသားဘ၀ Academic presentation များ၊
လုပ်ငန်းခွင်အသုံးချ computer documentary, စာရင်းဇယား
အခြေခံများ အတွက် လိုအပ်မှန်းသိချိန် နောက်မကျစေရန်
ယခုအချိန်သည်အသုံးချရန် အချိန်ကောင်းဖြစ်ပါသည်။

MS Office ( Basic Course)
- - - - - - - - - - - - - - - - - - -
သင်တန်းကြေး -ks60000MMK


Course Outline
--------------------
Getting to Know the OS
Hardware Basic
Software Basic
Using Paint
Microsoft Word
Microsoft Excel
Microsoft PowerPoint

Address

No. 256, Thiripitsayar(5) . Nyaung U Township
Nyaung-U

Telephone

09449294488

Website

Alerts

Be the first to know and let us send you an email when TELECom Computer Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category