MAY Bakery

MAY Bakery Enliven our lives

12/07/2022
May Bakery ရဲ့ အရောင်းရဆုံး 🧀 Cream cheese buns🍫 Chocolate cakes 🥨 Butter cookies
06/06/2022

May Bakery ရဲ့ အရောင်းရဆုံး
🧀 Cream cheese buns
🍫 Chocolate cakes
🥨 Butter cookies

သတိပြုစရာ ~~~~~Oven မှာပါတဲ့ မှန်တွေဘာကြောင့် အက်ကွဲရတာလဲ ?Oven ကမှန်တွေဘာကြောင့် အက်ကွဲလဲမပြောခင် Oven မှာအသုံးပြုထားတဲ...
08/01/2022

သတိပြုစရာ ~~~~~
Oven မှာပါတဲ့ မှန်တွေဘာကြောင့် အက်ကွဲရတာလဲ ?

Oven ကမှန်တွေဘာကြောင့် အက်ကွဲလဲမပြောခင် Oven မှာအသုံးပြုထားတဲ့ မှန်အမျိုးစားလေးအရင်ပြောပြပေးမယ်နော်

ကျွန်တော်တို့ အသုံးပြုနေတဲ့ Oven တွေမှာပါတဲ့ မှန်သားတွေက တခြားမြင်နေကျမှန်သားတွေနဲ့မတူပါဘူး
Ovenက မှန်တွေက လိုအပ်တဲ့အပူချိန်ကို မြန်မြန်မြှင့်တင်ပေးနိုင်ပြီးတော့ အလွယ်တကူပြန်အေးလွယ်စေတဲ့ Tempered Glass ဆိုတဲ့ မှန်အမျိုးအစားတွေပါ
Tempered Glass မှန်သားတွေက သာမှန်ဖန်သားတွေထက် 4ဆ လောက်ပိုမာကျောပြီးတော့ အသုံးပြုတဲ့လူအတွက်လဲ ပိုပြီးဘေးကင်းစေပါတယ်

Oven Mirror ကိုကွဲစေတဲ့အကြောင်းအရာတွေက

(1) အချက်အနေနဲ့က မုန့်ဖုတ်တဲ့အချိန်မှာ သတိမထားမိဘဲ ကျွန်တော်တို့အသုံးပြုနေတဲ့ Tools တွေနဲ့တိုက်မိတာတွေပါ
Pizza Pan တို့ မုန့်ထည့်တဲ့ ဗန်းတို့ နဲ့ မတော်တဆတိုက်မိတာတွေက Ovenမှန်တွေကိုကွဲတတ်စေပါတယ်
Baking လုပ်ပြီးတဲ့အချိန် Oven ထဲက မုန့်ဗန်းကိုထုတ်ရင်းနဲ့ မှန်ကိုတိုက်မိတာတွေကနေလဲ ဖြစ်တတ်ပါတယ်

(2) အချက်အနေနဲ့ Oven ကိုသန့်ရှင်းရေးလုပ်တဲ့အချိန်တွေပါ
မှန်တွေပေါ်သန့်ရှင်းရေးလုပ်တဲ့အခါ အားစိုက်လွန်မိသွားတာတွေ,မသင့်တော်တဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေသုံးမိတဲ့အခါတွေမှာလဲ Ovenမှန်တွေကို အက်ကွဲစေတတ်ပါတယ်

(3) အချက်အနေနဲ့ အပူချိန်အတက်အကျတွေနဲ့ ဖိအားဒဏ်တွေကြောင့်ပါ
Baking လုပ်တဲ့အချိန် ပေးရတဲ့အပူချိန်ရဲ့ဖိအားတွေတွေက မှန်ပေါ်မှာသက်ရောက်ပါတယ်
အသုံးပြုတဲ့အကြိမ်များလာတော့ အပူချိန်ဖိအားတွေကြောင့် Ovenမှန်တွေပေါ်မှာ သတိမပြုမိတဲ့ အက်ကွဲရာသေးသေးလေးတွေဖြစ်စေပါတယ်
အဲဒီအက်ကွဲရာလေးတွေကနေ Ovenမှန်တွေပေါက်ကွဲတယ်ဆိုတာ ဖြစ်ပေါ်စေတာပါ
နောက်ပြီးတော့ ပူနေတဲ့ Oven မှန်ပေါ်ကို အေးနေတဲ့အရာဝတ္တုတစ်ခုခုနဲ့ ထိတွေ့မိရင်လဲ Oven ရဲ့မှန်တွေကိုကွဲစေတတ်ပါတယ်(ဖန်ခွက်ရဲ့သဘောသဘာဝတွေနဲ့အတူတူပါ)

(4) အချက်အနေနဲ့ Ovenတံခါးရဲ့ပတ်တာတွေချောင်နေတာကနေလဲ မှန်တွေကို ကွဲစေတတ်စေပါတယ်

Credit to Double B Bake Bakery supply


(5) အချက်အနေနဲ့က ထုတ်လုပ်သည့် brand ရဲ့ သုံးထားသည့် ပစ္စည်း quality ပေါ်မှာလဲ မူတည်ပါတယ်
🤗 ဒါက မင်မင် ထပ်ပေါင်းထားတာပါ

How to calculate selling PRICE ?*************************************ကုန်ကျစရိတ်နှင့် ရောင်းဈေး တွက်ချက်နည်း 1. ပါဝင်ပစ္...
08/01/2022

How to calculate selling PRICE ?
*************************************
ကုန်ကျစရိတ်နှင့် ရောင်းဈေး တွက်ချက်နည်း

1. ပါဝင်ပစ္စည်းရဲ့ 1g တန်ဖိုးကို တွက်ပါ။
E.g; Cream cheese 1kg(1000g) = 16000ks ဆိုရင် 1g = 16ks

2. Recipe မှာ ထည့်ရမယ့် ပမာဏ gram အတိုင်း 1g အတွက် ကျသင့်ငွေနှင့် မြှောက်ပါ။
E.g; Cream cheese 120g x 16 ks = 1920ks

3. ပါဝင် ပစ္စည်း စုစုပေါင်း တန်ဖိုးများကို ပေါင်းပါ။
E.g; စုစုပေါင်း ပါဝင် ပစ္စည်းတန်ဖိုး= 5000ks
အရမ်းတန်ဖိုးနည်းသည့် ပစ္စည်းများကို အထွေထွေဖိုးထဲကို ပေါင်းပါမည်
(ဥပမာ- ရေ၊ ဆား )

4. အထွေထွေဖိုးကို အပေါ်မှာ တွက်လို့ရသည့် စုစုပေါင်း တန်ဖိုးရဲ့ 20% ပေါင်းပေးပါ
အထွေထွေဖိုးတွင် အသုံးပြုသည့် ရေဖိုး၊မီးဖိုး၊ လုပ်အားခ၊ စက်ပစ္စည်းကိရိယာ စသည်ဖြင့် ပါဝင်ပါသည်
E.g; စုစုပေါင်းတန်ဖိုး 5000ks + အထွေထွေဖိုး 1000ks(20%) = 6000ks

5. Accessories (အရုပ်၊ ဘူး၊ ဖယောင်းတိုင် စသည်) သုံးရင် ထပ်ပေါင်းရပါမည်။

6. အရင်းငွေ ရသည့်အခါ ကိုယ်အမြတ်ငွေ ဘယ်လောက်ထားချင်လဲ စဉ်းစားပါ။ 20% လား 30% လား စသည်ဖြင့်
အလားတူ product ရဲ့ဈေးကွက် ပေါက်ဈေးနှင့်လဲ ချင့်ချိန်တွက်ရပါမည်

ဒါဆို ဘယ်လောက်နဲ့ ရောင်းရမလဲ မတွက်တတ်လို့ လာလာမေးကြတဲ့ သူများ အဆင်ပြေမယ် ထင်ပါတယ်နော် 🥰
MHSW Bakery School

ကောင်းသော ပြောင်းလဲခြင်းများ လူတိုင်းရဲ့ လိုအင်ဆန္ဒများ အားထုတ်မှုများ အကောင်အထည် ပေါ်လာမည့် မင်္ဂလာရှိသည့် နှစ်သစ်ဖြစ်ပ...
31/12/2021

ကောင်းသော ပြောင်းလဲခြင်းများ
လူတိုင်းရဲ့ လိုအင်ဆန္ဒများ
အားထုတ်မှုများ အကောင်အထည် ပေါ်လာမည့် မင်္ဂလာရှိသည့် နှစ်သစ်ဖြစ်ပါစေ

⛄ Christmasကိုမုန့်လေးတွေ လုပ်ရင်း ကြိုကြရအောင် 🥰
25/12/2021

⛄ Christmasကိုမုန့်လေးတွေ လုပ်ရင်း ကြိုကြရအောင် 🥰

သင်တန်းမှာ အမေးအများဆုံး မေးခွန်း❓ကတော့ Baking အတွက် ဘာပစ္စည်းတွေ ရှိရမလဲ ဘာတွေလိုမှန်း မသိလို့ ဆိုတာပါပဲ Bakery အတွက် ဝ...
28/11/2021

သင်တန်းမှာ အမေးအများဆုံး မေးခွန်း❓
ကတော့ Baking အတွက် ဘာပစ္စည်းတွေ ရှိရမလဲ ဘာတွေလိုမှန်း မသိလို့ ဆိုတာပါပဲ

Bakery အတွက် ဝယ်စရာတွေကတော့ ကိုယ်အသုံးပြုသလို လိုအပ်သလို ဘယ်တော့မှ တခါထဲ အပီးဝယ်ထားမယ်ဆိုတာမျိုး မရပါဘူး တနေရာထဲကလဲ အကုန်ရဖို့ဆိုတာ ခဲယဥ်းပါတယ်

ဒါကြောင့် 🤗Beginners လေးတွေအတွက် ဝယ်စရာတွေ အရမ်းများပီး ဘယ်ကစဝယ်ရမှန်းမသိရင် 👇
ဒါလေးတွေက အခြေခံ ရှိသင့်တဲ့ ဝယ်ထားသင့်တဲ့ ပစ္စည်းလေးတွေပါ
1. Bread loaf pan 450g
2. Muffin tray
3. 8"x8" multipurpose square pan
4. 10"X10" swiss roll square pan
5. Cake pan
6. Round pan 6" (bottom အပွင့်)
7. Spring form pan 6" (ဘေး ကလစ်၊ အောက်ပွင့်)
📌 Oven
📌 Hand mixer
📌 Bread mixer
Measuring scale
Measuring spoons
Steel Mixing bowl
Silicon spatula
Silicon brush
Rolling pin
Silicon mat
Wire whisk
Sieve
Gloves
Baking paper
Plastic wrap
Cheese grater
Cooling rack
Dough cutter
Cake decorating tools-
Piping bags
Nozzles
Cake scraper
Cake turn
Straight and offset spatula
Cup cake papers တို့ဖြစ်ပါတယ်
ကျန်တာတွေကတော့ အများကြီးရှိပါသေးတယ် ဒါက အကြမ်းဖျဉ်း အသုံးများမယ့်ပစ္စည်းတွေပါ ကိုယ်ပြုလုပ်ချင်တဲ့ မုန့်ပေါ်မူတည်ပီး လိုအပ်မယ့် ပစ္စည်းတွေ ရှိပါအုံးမယ်
🥰MHSW Bakery school

Gelatin =============================✅ သဘာဝ ပရိုတိန်း (protein) အရေပြား၊ အရွတ်၊ အရိုးများမှ ရရှိပါတယ်အများအားဖြင့် cows ...
16/11/2021

Gelatin
=============================
✅ သဘာဝ ပရိုတိန်း (protein)
အရေပြား၊ အရွတ်၊ အရိုးများမှ ရရှိပါတယ်
အများအားဖြင့် cows or pigs မှ ရပါတယ်
✅ သက်သက်လွတ် ဆိုရင်တော့ agar agar ကို သုံးလို့ရပါတယ် ရေညှိမှ ရရှိပါတယ် တချို့ဈေးကွက်များမှာ agar agar ကို gelatin အမည်နဲ့ ရောင်းချကြပါတယ်
✅ Gelatin တွင် အရသာ နှင့် အနံ့မရှိပါ၊ ပျစ်ခဲစေခြင်း၊ ဂျယ်ပုံစံ ဖြစ်စေခြင်း ဂုဏ်သတ္တိများ ရှိသည့်အတွက် ကိတ်၊ ခရင်၊ ရေခဲမုန့်၊ အအေး၊ အချိုပွဲများ နှင့် စွပ်များတွင် အသုံးပြုနိုင်ပါတယ်
✅ Gelatin သည် ဆံပင်နှင့်အသားအရေ ကိုကောင်းမွန်စေသည်၊ အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်း သက်သာစေသည်

📌 Gelatin အသုံးပြုပုံ
(Blooming gelatin)
Gelatin မှာ ပေါင်ဒါ နှင့် အရွက် ပုံစံနှစ်မျိုးရှိပါတယ်

1. Powder type: အနက်တိမ်ပီး မျက်နှာပြင်ဧရိယာကျယ်သည့်ခွက်ထဲ ရေ‌ေအးကိုထည့်ထားပါ၊ အပေါ်မှ gelatin ကို ဖြန့်ပီး ဖြူးပေးပါ (အကုန်ရေနှင့်ထိတွေ့စေရန်)
(gelatin တဆ:ရေ‌ေလးဆ)
Gelatin သည်ရေကို စုပ်ယူပီး ခဲလာပါမယ်၊ 5mins ခန့်ထားပေးပါ၊ မသုံးခင်မှာ ရေနွေးခွက်အောက်ခံပီး/double boiling method ဖြင့် ပြန်ပျော်‌ေအာင်‌ေမွှပီးမှ သုံးလို့ရပါမယ် ပီးရင် recipe အတိုင်းဆက်သွားပါ

2. Sheet/leaf type: gelatin အရွက်ကို ရေအေးထည့်ထားသည့်ခွက်ထဲ 2mins စိမ်ပါ (gelatin တဆ:ရေ‌ေြခာက်ဆ)၊ ခွက်နှင့် မကာလျှင် အရွက်ကို ညှပ်နိုင်ပါတယ်၊ အရွက်မျက်နှာပြင်အကုန် ရေနှင့်ထိတွေ့ရပါမည်၊ 2mins ပီးရင် အရွက်များ တရွက်နှင့်တရွက်ကပ်‌မနေစေရန် ခွာပေးပါ၊ နာရီဝက်ထားပီးရင် ရေအကုန်စုပ်ယူသွားပီးမှ double Boiling method နှင့်အရည်ပျော်အောင်လုပ်ပါ၊ အရည်ပျော်နေသည့် အနေအထားမှ recipe အတိုင်း ဆက်အသုံးပြုလို့ရပါမယ်

Gelatin အပေါ် ရေနွေးပူ တိုက်ရိုက်လောင်းမချရပါ၊ အခဲအလုံးတွေ ဖြစ်သွားတတ်ပါတယ်
MHSW Bakery school

✅ Flour Flour ဂျုံအမျိုးအစား များစွာရှိပါတယ် အသုံးအများဆုံး ဂျုံအမျိုးအစားတွေကတော့ 1. All-purpose flour (အထွေထွေသုံးဂျုံ...
13/11/2021

✅ Flour
Flour ဂျုံအမျိုးအစား များစွာရှိပါတယ်
အသုံးအများဆုံး ဂျုံအမျိုးအစားတွေကတော့

1. All-purpose flour (အထွေထွေသုံးဂျုံ)
2. Bread flour (ပေါင်မုန့်ဂျုံ)
3. Cake flour (ကိတ်ဂျုံ)
4. Wholemeal flour (ဂျုံကြမ်း)

✅ Classification of flour
ဂျုံအမျိုးအစားများကို သူတို့တွင်ပါဝင်သော protein ရာခိုင်နှံုးပေါ်မူတည်၍ ခွဲခြားထားပါတယ်
Protein များရင် gluten များပါတယ်

1. All-purpose flour
protein 9-12%
gluten အား အလယ်အလတ်ရှိပါတယ်
ပေါင်မုန့်နှင့်ကိတ်ဂျုံကြားအလယ်အလတ်အစား ဖြစ်တဲ့အတွက် အထွေထွေ သုံးနိုင်ပါတယ်

2. Bread flour
Protein 12-14%
Protein မြင့်သည့်အတွက် gluten အားလဲ မြင့်ပါတယ်
ဒါကြောင့် ပေါင်မုန့်လုပ်ရာတွင် ပေါင်မုန့်ဂျုံကိုသာ အသုံးပြုသင့်ပါတယ်
gluten အားမြင့်ခြင်းကြောင့် ပေါင်မုန့်ရဲ့ တည်ဆောက်ပုံ structure နှင့် shape ကို ဖြစ်ပေါ်စေပါတယ်

3. Cake flour
Protein 5-8%
Soft flour
Protein နည်းတဲ့အတွက် gluten အားလဲနည်းပါတယ် နူးညံ့ပျော့ပျောင်း‌ေချာ‌ေမွ့တဲ့အတွက် ကိတ်တွေမှာသုံးတာ အသင့်တော်ဆုံးပါ

4. Wholemeal flour
Protein 14-15%
Whole grain (Bran, Endosperm, germ) grain တခုလုံးမှ ရရှိပါတယ်
ကြမ်းတမ်းသည့် texture ရှိပီး အာဟာရဓါတ် အများဆုံးပါဝင်သည်

✅ Anatomy of grain
ဂျုံစေ့မှာ
1. Bran အပြင်ခွံ (fibre part)
2. Endosperm အလယ်သား (protein/starchy part)
3. Germ အတွင်းစေ့ (vitamin rich part)
ဆိုပီး ရှိပါတယ်

White flour များကို Endosperm မှ ရယူထားပီး
Wholemeal flour ကိုတော့ whole grain တခုလုံးမှ ရရှိသည်
MHSW Bakery school

07/11/2021

Online class ဖြစ်လို့ နားမလည်မှာ မပူရဘူးနော်
Practical Video Online class သင်ကြားမှု ပုံစံပါ တဆင့်ချင်းစီ အသေးစိတ် သင်ပေးထားပါတယ်

MHSW Bakery school မှ ဖွင့်လှစ်ထားသော သင်တန်းများ 🍞 MHSW Bread Special Class 🍞ပေါင်မုန့်ကို အခြေခံကနေ ကျွမ်းကျင်သည်အထိ စ...
06/11/2021

MHSW Bakery school မှ ဖွင့်လှစ်ထားသော သင်တန်းများ

🍞 MHSW Bread Special Class 🍞

ပေါင်မုန့်ကို အခြေခံကနေ ကျွမ်းကျင်သည်အထိ စနစ်တကျ သင်ကြားလိုသူများအတွက်

သင်ကြားပေးမည့် ဘာသာရပ်များ
Subjects

1. ပေါင်မုန့်လုပ်နည်း အမျိုးမျိုး
Methods of bread making

2. ပေါင်မုန့် အခြေခံ အချက်များ
Fundamentals of bread

3. ပါဝင်ပစ္စည်းများတွက်ချက်နည်း

4. ကိုယ်ပိုင် Recipe ထုတ်နည်း
Create own recipe

5. ပေါင်မုန့်အကြောင်း သိသင့်သိထိုက်သည့် အချက်များ နှင့် သတိပြုရန်အချက်များ
Bread making tips

Loaf bread အမျိုးမျိုး
6. Petit French Loaf
7. Wholemeal Loaf
8. White Sandwich Loaf
9. Soft & Fluffy Milk Loaf
10. Rainbow Loaf
11. Blueberry Loaf
12. Chocolate Layer Loaf
13. Cranberry Loaf

14. Classic Burger Buns
15. Soft Breads
16. Cheese Bread Rolls
17. Bubble Breads
18. French Baguettes
19. Sausage Breads
20. Custard Buns

Course Fee
Usual price: 45000ks
🎉Promotion price: 30000 ks

သင်တန်းကာလ ကန့်သတ်ချက်မရှိပဲ course ပြီးတဲ့ထိ ကိုယ့်နှုန်းလေးနဲ့ကိုယ် သင်ယူနိုင်မယ့်အပြင် မေးမြန်းလိုသည့် မေးခွန်းများကို အချိန်မရွေး Viber မှ မေးမြန်းနိုင်ပါတယ်

အချိန်မရွေး ပြန်လည်လေ့လာလို့ရအောင် video တွေ notes တွေနဲ့ သင်ပေးထားပါတယ်

🧀 MHSW ရဲ့ Cheesy Everything Class 🧀

Cheese မှ cheese crazy ဖြစ်နေကြသူလေးများအတွက် cheese အမျိုးမျိုးနှင့်ပြုလုပ်ထားသော မုန့်လုပ်နည်းမျိုးစုံ ပါဝင်ပါတယ်

🤗 သင်ကြားရမည့် ဘာသာရပ် 15 subjects တောင်နော်
🧀 🧀 🧀 🧀 🧀 🧀 🧀 🧀 🧀 🧀

1. American Cheesecake (New York Style) &
cheesecake များ အက်ကွဲခြင်းမှ ကာကွယ်ရန် ဆောင်ရန်‌ေရှာင်ရန် နည်းလမ်းများ
2. Cheese Lava cake
3. Tom & Jerry Cheesecake
4. Tiramisu Cheesecake
5. Japanese Cheesecake
6. Oreo Cheesecake ( no bake)
7. Cheddar Cheesecake
8. Cheesy Buns
9. Cheddar Cheese Rolls
10. Cheese Mayo Bread
11. Cheesy Garlic Bread
12. Cream Cheese Muffins
13. Parmesan Sausage Buns
14. Sweet Potato Cheese Buns
15. Cranberry Cream Cheese Buns

Course fee
Usual price: 45000ks
🎉Promotion price: 25000 ks

🍕 Tasty Pizza Class 🍕
ကိုယ်သင်ချင်နေတာလေးတွေနဲ့ ကွက်တိပါလား ကြည့်ကြရအောင်👇👇👇

သင်ကြားရမည့် ဘာသာရပ်များ
🍕 Making Pizza Dough
(Thick & Thin Crust)
🍕 Special pizza sauce
🍕 Homemade pizza sauce
🍕 Step by step preparation/layers
🍕 Hawaii pizza
🍕 Pepperoni pizza
🍕 Tuna pizza
🍕 Seafood pizza
🍕 Spicy chicken pizza
🍕 Grilled BBQ pork pizza
🍕 Durian pizza
🍕 USA thin crust pizza

သင်တန်းကာလ ကန့်သတ်ချက်မရှိပဲ course ပြီးတဲ့ထိ ကိုယ့်နှုန်းလေးနဲ့ကိုယ် သင်ယူနိုင်ပါမယ်

အချိန်မရွေး ပြန်လည်လေ့လာလို့ရအောင် အသေးစိတ် video တွေ notes တွေနဲ့ သင်ပေးထားပါတယ်
Viber မှ တဦးချင်း သင်ချင်လဲ သင်ယူနိုင်ပါတယ်

Course Fee
Usual price: 25000 ks
🎉 Promotion price: 18000 ks

Payment mode:
AYA mobile banking
Kbz pay
Wave pay
POSB saving (Singapore)

Class info နှင့် Payment details ကို Viber ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်
Viber ph : 09783936287
MHSW Bakery school

Address

No. 931 Thazin Myaing Street
North Dagon Township

Telephone

+959783936287

Website

Alerts

Be the first to know and let us send you an email when MAY Bakery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to MAY Bakery:

Shortcuts

Share

Category